
လူသိနည္းေ သာ ေသာၾကာသားသမီးေတြ အေၾကာင္း
ေသာၾကာ ေန႔အတြက္ ေသာၾကာ သားသမီးေတြရဲ႕ စိတ္ေနစိတ္ထား အေၾကာင္းေလးေတြကို ေဖ္ာျပေပးသြားခ်င္ ပါတယ္ ။
သင္ဟာ ေသာၾကာ သားသမီး တစ္ေယာက္ျဖစ္မယ္ ဆိုရင္ေတာ့ ဒီအေၾကာင္းအရာေလးေတြကို ဖတ္ၾကည့္သြားေပးဖို႔ ေမွ်ာ္လင့္ ပါတယ္ ။
ေအာက္မွာ ေဖာ္ျပေပးထားတဲ့ အခ်က္ေတြ ကေတာ့ ေသာၾကာေန႕ ေမြးဖြားသူ အမ်ားစုရဲ႕ စိတ္ေနသေဘာထားေတြပဲ ျဖစ္ပါတယ္ ။ ကိုယ္နဲ႕ ဘယ္အခ်က္ေတြ တူလဲ ဆိုတာ ၾကည့္ၾကည့္ လိုက္ ပါဦး…
ေသာၾကာ သားသမီးေတြဟာ အခ်စ္ ၊ အလွအပ ၊ ျငိမ္းေအးမႈ ၊ ေပ်ာ္ရႊင္မႈတို႔ရဲ႕ ေရွ႕ေျပးနိမိတ္ေလးေတြပါ။ သီခ်င္း ၊ ရုပ္ရွင္ ၊ ပန္းခ်ီ စသျဖင့္ အနုပညာ အလုပ္ေတြကို အရမ္းႏွစ္သက္ ၾကပါ တယ္ ။
ေပ်ာ္ေပ်ာ္ေနတတ္ျပီး အခ်စ္ေရးနွင့္ ပတ္သတ္လာလွ်င္ေတာ့ အထိအခို္က္ မခံနိုင္ၾကတဲ့ သူေတြပါ။ အသည္းကြဲတဲ့ဒဏ္ကို ခံနိုင္ရည္ မရွိၾက သလို တစ္စံုတစ္ေယာက္က ဝမ္းနည္းနာၾကင္ေအာင္ ျပဳလုပ္လွ်င္လည္း သူမ်ားထက္ ပိုျပီး အခ်ိန္ၾကာ ခံစားေနတတ္ ပါတယ္။
မိန္းကေလးဆိုလွ်င္ EQ လို႔ေခၚတဲ့ ခံစားသိျမင္နိုင္တဲ့ နွလံုးစြမ္းရည္ ျမင့္မားတတ္ၾက ပါတယ္ ။ ဒါ့ေၾကာင့္ပဲ အေပါင္းအသင္း သူငယ္ခ်င္း ေပါမ်ားတတ္ ပါတယ္ ။ ဘယ္အရာ မဆို နားလည္လြယ္ျပီး စီးပြါးေရးအျမင္လည္း ၾကြယ္ပါတယ္။
အကယ္၍ ေယာက္်ားေလး ဆိုရင္ေတာ့ ေစတနာ သဒၵါတရား အားေကာင္းကာ မိန္းကေလးေတြၾကားမွာလည္း ေပၚျပဴလာျဖစ္ေန တတ္ ပါတယ္ ။
သို႔ေသာ္လည္း မိသားစုဝင္ေတြ အေပၚ ကိုေတာ့ ေခြ်တာ ပါတယ္ ။ ခရီးသြား ရတာကို ၾကိဳက္နွစ္သက္ျပီး အထူးသျဖင့္ ျပည္ပ ခရီးစဥ္ေတြ ကို ပိုျပီး နွစ္သက္ တတ္ပါတယ္ ။
စိတ္ထိခို္က္ခံစား လြယ္လြန္းသူ မဟုတ္ေသာ္လည္း စိတ္ထိခိုက္ျပီ ဆိုလွ်င္ေတာ့ ျပန္ျပီးကုစားဖို႔ အခ်ိန္ေတာ္ေတာ္ယူျပီးမွ ကုစားလုိ ႔ရတဲ့ သူမ်ိဳးေတြပါ ။ ခပ္လြယ္လြယ္ေျပာရရင္ေတာ့ အစြဲအလမ္းၾကီးတတ္တဲ့ သူမ်ိဳးေတြေပါ့။
တစ္ခါတစ္ရံ ဗဟုသုတၾကြယ္ဝ လြန္းတာေၾကာင့္ အသက္ၾကီးသူေတြ ထက္ေတာင္ အသိဥာဏ္ ပညာနဲ႕ ျပည့္စံုေနတတ္ၾက ပါတယ္ ။
Christina
Unicode
လူသိနည်းသော သောကြာသားသမီးတွေ အကြောင်း
သောကြာ နေ့အတွက် သောကြာ သားသမီးတွေရဲ့ စိတ်နေစိတ်ထား အကြောင်းလေးတွေကို ဖေ်ာပြပေးသွားချင် ပါတယ် ။
သင်ဟာ သောကြာ သားသမီး တစ်ယောက်ဖြစ်မယ် ဆိုရင်တော့ ဒီအကြောင်းအရာလေးတွေကို ဖတ်ကြည့်သွားပေးဖို့ မျှော်လင့် ပါတယ် ။
အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေ ကတော့ သောကြာနေ့ မွေးဖွားသူ အများစုရဲ့ စိတ်နေသဘောထားတွေပဲ ဖြစ်ပါတယ် ။ ကိုယ်နဲ့ ဘယ်အချက်တွေ တူလဲ ဆိုတာ ကြည့်ကြည့် လိုက် ပါဦး…
သောကြာ သားသမီးတွေဟာ အချစ် ၊ အလှအပ ၊ ငြိမ်းအေးမှု ၊ ပျော်ရွှင်မှုတို့ရဲ့ ရှေ့ပြေးနိမိတ်လေးတွေပါ။ သီချင်း ၊ ရုပ်ရှင် ၊ ပန်းချီ စသဖြင့် အနုပညာ အလုပ်တွေကို အရမ်းနှစ်သက် ကြပါ တယ် ။
ပျော်ပျော်နေတတ်ပြီး အချစ်ရေးနှင့် ပတ်သတ်လာလျှင်တော့ အထိအခိုက် မခံနိုင်ကြတဲ့ သူတွေပါ။ အသည်းကွဲတဲ့ဒဏ်ကို ခံနိုင်ရည် မရှိကြ သလို တစ်စုံတစ်ယောက်က ဝမ်းနည်းနာကြင်အောင် ပြုလုပ်လျှင်လည်း သူများထက် ပိုပြီး အချိန်ကြာ ခံစားနေတတ် ပါတယ်။
မိန်းကလေးဆိုလျှင် EQ လို့ခေါ်တဲ့ ခံစားသိမြင်နိုင်တဲ့ နှလုံးစွမ်းရည် မြင့်မားတတ်ကြ ပါတယ် ။ ဒါ့ကြောင့်ပဲ အပေါင်းအသင်း သူငယ်ချင်း ပေါများတတ် ပါတယ် ။ ဘယ်အရာ မဆို နားလည်လွယ်ပြီး စီးပွါးရေးအမြင်လည်း ကြွယ်ပါတယ်။
အကယ်၍ ယောက်ျားလေး ဆိုရင်တော့ စေတနာ သဒ္ဒါတရား အားကောင်းကာ မိန်းကလေးတွေကြားမှာလည်း ပေါ်ပြူလာဖြစ်နေ တတ် ပါတယ် ။
သို့သော်လည်း မိသားစုဝင်တွေ အပေါ် ကိုတော့ ချွေတာ ပါတယ် ။ ခရီးသွား ရတာကို ကြိုက်နှစ်သက်ပြီး အထူးသဖြင့် ပြည်ပ ခရီးစဉ်တွေ ကို ပိုပြီး နှစ်သက် တတ်ပါတယ် ။
စိတ်ထိခိုက်ခံစား လွယ်လွန်းသူ မဟုတ်သော်လည်း စိတ်ထိခိုက်ပြီ ဆိုလျှင်တော့ ပြန်ပြီးကုစားဖို့ အချိန်တော်တော်ယူပြီးမှ ကုစားလို့ရတဲ့ သူမျိုးတွေပါ ။ ခပ်လွယ်လွယ်ပြောရရင်တော့ အစွဲအလမ်းကြီးတတ်တဲ့ သူမျိုးတွေပေါ့။
တစ်ခါတစ်ရံ ဗဟုသုတကြွယ်ဝ လွန်းတာကြောင့် အသက်ကြီးသူတွေ ထက်တောင် အသိဉာဏ် ပညာနဲ့ ပြည့်စုံနေတတ်ကြ ပါတယ် ။
Christina
No Comments