
လူေတြသိပ္မသိေသးတဲ့ ျမန္မာျပည္ကေနရာေလးတစ္ခု
ဒီေနရာေလး ကေတာ့ ေက်ာက္စာေစတီေပါင္း (၁၃၅၀)ဆူ တည္ေဆာက္ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖို႔ႀကိဳးစားေနတဲ့ စစ္ကိုင္းက “ရွင္သီဝလိေတာရေက်ာင္းမွ ဓမၼေစတီမ်ား” ပဲျဖစ္ပါတယ္
ဒီေက်ာက္စာေစတီေတြဟာ ဗုဒၶဘုရားရွင္ရဲ႕သစၥာတရားေတာ္ေတြကို ေက်းဇူးေတာ္ရွင္ မိုးကုတ္ ဆရာေတာ္ဘုရားႀကီးရဲ႕ ဥပနိသယ အတိုင္း အဆုံးအမမ်ား ကိန္းေအာင္းရာ ဓမၼေစတီေတြ ပဲျဖစ္ပါတယ္။
တရားေဒသနာေပါင္း (၁၄၉၁)ပုဒ္ကို ထြင္းထု ပူေဇာ္မွာျဖစ္ၿပီး ၂၀၁၆ သီတင္းကြၽတ္လျပည့္ေက်ာ္ကတည္းက တည္ေဆာက္ေန တာျဖစ္ၿပီး
လက္ရွိ အခ်ိန္မွာေတာ့ ေက်ာက္စာေစတီ (၇၀၂)ဆူ အတြက္အလႉရွင္ရွိေနၿပီး (၄၀၃)ဆူ တည္ေဆာက္ၿပီးစီးေနပါၿပီ။ တည္ေဆာက္ လက္စ ကေတာ့ အဆူတစ္ရာနီးပါး ရွိတယ္လို႔ ဆရာေတာ္ အရွင္ဉာဏိႏၵ ကရွင္းျပပါတယ္
ဘယ္လိုသြားရမလဲ ?
မႏၲေလး ကေန ကား/ဆိုင္ကယ္နဲ႔သြားရင္ ၁ နာရီေလာက္ ပဲၾကာ ပါတယ္ ၊ ရတနာပုံ တံတားႀကီးကိုေက်ာ္ၿပီး စစ္ကိုင္းေတာင္ တက္လမ္း အတိုင္းသြားပါ ဆြမ္းဦး ပုညရွင္ေစတီသို ႔ဆိုတဲ့ မုဒ္ဦးေတြ႕ရင္
အဲ့ဘက္ မလိုက္ပဲ ဆန႔္က်င္ဘက္(ဘယ္ဘက္)မ်က္ႏွာခ်င္းဆိုင္က ရတနာသိဂႌပရဟိတေက်ာင္းေဘး လမ္းထဲဝင္သြားပါ ၊
လမ္းဆုံေရာက္ရင္ ညာဘက္ခ်ိဳးၿပီး တန္းတန္းႀကီး ၁၀ မိနစ္ေလာက္ ဝင္သြား ႐ုံပါပဲ ၊ လမ္းမွာ (သီတဂူဗုဒၶတကၠသိုလ္ တည္ေဆာက္ေနတာေတြ လဲေတြ႕ရ လိမ့္မယ္ )သြားရင္း လမ္းေဘးေက်ာက္ေတာင္နံရံမွာ
“ရွင္သီဝလိေတာရ” ဆိုတဲ့စာလုံးႀကီး လွမ္းျမင္ ရပါ လိမ့္မယ္ ။ လမ္းက တခ်ိဳ႕ေနရာေလးေတြ ေျမလမ္းေပမယ့္ ေကာင္းပါတယ္ ကားေလးေတြ ပါသြားလို ႔ရတယ္
ဘာေတြေတြ႕ႏိုင္မလဲ ?
ရွင္သီဝလိေတာရေက်ာင္းကို ဝင္ၿပီဆိုတာနဲ႔ အရင္ဆုံး လက္ေဆး ရပါတယ္ ၊ ဘုရားရွိခိုးရပါတယ္ ၊ ဧည့္သည္မွတ္တမ္းမွာ အမည္ အဘအမည္ လိပ္စာ ဖုန္းနံပါတ္ေတြျဖည့္ ရပါတယ္ ၿပီးရင္ေတာ့ ဘုန္းဘုန္းက လာသမွ်ဘုရားဖူး ဧည့္သည္ အကုန္လုံးကို ေကာ္ဖီတခြက္နဲ႔ မုန႔္နဲ႔ ကိုယ္တိုင္ ဧည့္ခံ ပါတယ္
ဒီမွာလက္ရွိ တည္ေဆာက္ေပးေနတဲ့ လုပ္သားေတြ အကုန္လုံးကိုလဲ ေန႔တိုင္း ေကာ္ဖီနဲ႔ မုန႔္ေကြၽးတယ္လို႔ သိရ ပါတယ္ ( ဘုရားဖူးဧည္သည္ + လုပ္သား ေကြၽးေမြး ဧည့္ခံဖို႔ တရက္စာ ၃၅၀၀၀ က်ပ္နဲ႔လဲ ကုသိုလ္ျပဳလို႔ရပါတယ္ )ဝင္ေၾကးေကာက္ခံတာ မထည့္မေနရ အလႉေငြေကာက္ခံတာ မ်ိဳးမရွိ ပါဘူး။
ေကာ္ဖီေသာက္ရင္း ဘုန္းဘုန္းမိန႔္ၾကား တာေတြနားေထာ င္ရတာ ဗဟုသုတလဲ ရပါတယ္ ၊ စက်င္ေက်ာက္ျပားခ်ပ္ႀကီးေတြ ကို digital စက္ႀကီးေတြနဲ႔ ဘုရားဝန္းထဲတင္ ထြင္းပါတယ္ ၊ သြားေလ့လာလို႔လဲရပါတယ္
ေက်ာက္စာေစတီ တဆူမွာ မ်က္ႏွာေလးဘက္ပါၿပီး မွန္ကာထားပါတယ္ ေပၚမွာ ထီးပုံအဝိုင္းမိုးထားၿပီး အဲ့အေပၚမွာမွ ေစတီတည္ ထားပါ တယ္ ၊ ေအာက္ေျခမွာေတာ့ အလႉရွင္ နာမည္ေတြ ကဗ်ည္းထိုးေပးထားတာေတြ႕ခဲ့ ရ ပါတယ္ ။
ျမန္မာဘာသာနဲ႔ပဲ ထြင္းထုထားတာ မို႔စိတ္ဝင္ စားရင္ အကုန္လိုက္ဖတ္လို႔ရပါတယ္။ေစတီ (၂၈)ဆူ အတန္းလိုက္ေလးေတြ အဆင့္ဆင့္ တည္ထားတာ အရမ္းၾကည္ညိဳ ဖို႔ေကာင္းပါတယ္
လက္ရွိ ကမာၻ႔အႀကီးဆုံး စာအုပ္ႀကီးအျဖစ္ ဂင္းနစ္စံခ်ိန္ဝင္ ထားတဲ့ ကုသိုလ္ေတာ္ဘုရားက ေက်ာက္စာခ်ပ္ေပါင္း (၇၂၉)ခ်ပ္ပါ (တခ်ပ္ႏွစ္မ်က္ႏွာ) ၊ အခုတည္ေဆာက္ေနတဲ့ ရွင္သီဝလိေတာရကေတာ့
ေက်ာက္စာေစတီေပါင္း (၁၃၅၀) နဲ႔ တဆူမွာ ေလးမ်က္ႏွာနဲ႔ ေက်ာက္စာ မ်က္ႏွာေပါင္း (၅၄၀၀)ဆိုေတာ့ အရည္အတြက္ အားျဖင့္ ပိုမ်ားမွာဖို႔ ဂင္းနစ္စံခ်ိန္ သိပ္တင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ဘုန္းဘုန္းက မိန႔္ၾကားပါတယ္
ေက်ာင္းတိုက္ ဖြင့္ခ်ိန္
မနက္ ၇ နာရီကေန ညေန ၆ နာရီထိ ေန႔စဥ္ဖြင့္ပါတယ္။
ေဆာင္ရန္ ေရွာင္ရန္
မိသားစုနဲ႔ပဲသြားသြား သူငယ္ခ်င္းေတြနဲ႔ပဲ သြားအဆင္ေျပ တဲ့ေနရာေလးပါ ၊ စုံတြဲနဲ ႔သြားမယ္ဆိုရင္ေတာ့ မဖြယ္မရာ မလုပ္ဖို႔ တင္းၾကပ္ ထားပါတယ္ ၊ ေအးခ်မ္းတိတ္ဆိတ္ တဲ့ေနရာမို႔ ဆူညံျခင္းလဲ မျပဳရပါဘူးေနာ္ ။
အလာေရာ အျပန္ပါ ဘုရားႏွစ္ခါ ရွိခိုး ရပါတယ္။ ဧည့္သည္ မွတ္တမ္း စာရင္းျဖည့္ ရပါတယ္။အဂါရဝျဖစ္ေစမယ့္ အတိုအျပတ္ေတြ ဝတ္စားဆင္ယင္ျခင္းလဲ ခြင့္မျပဳ ပါဘူး။
အမႈိက္ပုံးေတြလဲ ခပ္စိပ္စိပ္ ထားေပးထားတာမို႔ စနစ္တက် စြန႔္ပစ္ေပးၾကဖို႔ လိုပါတယ္ဗ်။ ဓါတ္ပုံမ႐ိုက္ခင္ ဘုန္းဘုန္းကို အရင္ခြင့္ေတာင္းဖို႔ လဲလိုပါတယ္
ဒီလိုကမာၻေက်ာ္လာ မယ့္ေနရာတခုမွာ ေက်ာက္စာေစတီတ ဆူလုံးစာလႉဒါန္း ႏိုင္သလို ကိုယ္တတ္ႏိုင္သေလာက္ အလႉေငြေတြ လဲထည့္ဝင္ လႉဒါန္းႏိုင္ ဖို႔နဲ႔ သြားေရာက္ၾကည္ညိဳ သဒၵါပြါးႏိုင္ၾကဖို႔ ကုသိုလ္သတင္းစကားေလးပါး လိုက္ပါတယ္ ဗ်
ေလးစားစြာျဖင့္ခရက္ဒစ္
ယူနီကုတ္
လူတွေသိပ်မသိသေးတဲ့ မြန်မာပြည်ကနေရာလေးတစ်ခု
ဒီနေရာလေး ကတော့ ကျောက်စာစေတီပေါင်း (၁၃၅၀)ဆူ တည်ဆောက်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖို့ကြိုးစားနေတဲ့ စစ်ကိုင်းက “ရှင်သီဝလိတောရကျောင်းမှ ဓမ္မစေတီများ” ပဲဖြစ်ပါတယ်
ဒီကျောက်စာစေတီတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့သစ္စာတရားတော်တွေကို ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရားကြီးရဲ့ ဥပနိသယ အတိုင်း အဆုံးအမများ ကိန်းအောင်းရာ ဓမ္မစေတီတွေ ပဲဖြစ်ပါတယ်။
တရားဒေသနာပေါင်း (၁၄၉၁)ပုဒ်ကို ထွင်းထု ပူဇော်မှာဖြစ်ပြီး ၂၀၁၆ သီတင်းကျွတ်လပြည့်ကျော်ကတည်းက တည်ဆောက်နေ တာဖြစ်ပြီး
လက်ရှိ အချိန်မှာတော့ ကျောက်စာစေတီ (၇၀၂)ဆူ အတွက်အလှူရှင်ရှိနေပြီး (၄၀၃)ဆူ တည်ဆောက်ပြီးစီးနေပါပြီ။ တည်ဆောက် လက်စ ကတော့ အဆူတစ်ရာနီးပါး ရှိတယ်လို့ ဆရာတော် အရှင်ဉာဏိန္ဒ ကရှင်းပြပါတယ်
ဘယ်လိုသွားရမလဲ ?
မန္တလေး ကနေ ကား/ဆိုင်ကယ်နဲ့သွားရင် ၁ နာရီလောက် ပဲကြာ ပါတယ် ၊ ရတနာပုံ တံတားကြီးကိုကျော်ပြီး စစ်ကိုင်းတောင် တက်လမ်း အတိုင်းသွားပါ ဆွမ်းဦး ပုညရှင်စေတီသို့ဆိုတဲ့ မုဒ်ဦးတွေ့ရင်
အဲ့ဘက် မလိုက်ပဲ ဆန့်ကျင်ဘက်(ဘယ်ဘက်)မျက်နှာချင်းဆိုင်က ရတနာသိင်္ဂီပရဟိတကျောင်းဘေး လမ်းထဲဝင်သွားပါ ၊
လမ်းဆုံရောက်ရင် ညာဘက်ချိုးပြီး တန်းတန်းကြီး ၁၀ မိနစ်လောက် ဝင်သွား ရုံပါပဲ ၊ လမ်းမှာ (သီတဂူဗုဒ္ဓတက္ကသိုလ် တည်ဆောက်နေတာတွေ လဲတွေ့ရ လိမ့်မယ် )သွားရင်း လမ်းဘေးကျောက်တောင်နံရံမှာ
“ရှင်သီဝလိတောရ” ဆိုတဲ့စာလုံးကြီး လှမ်းမြင် ရပါ လိမ့်မယ် ။ လမ်းက တချို့နေရာလေးတွေ မြေလမ်းပေမယ့် ကောင်းပါတယ် ကားလေးတွေ ပါသွားလို့ရတယ်
ဘာတွေတွေ့နိုင်မလဲ ?
ရှင်သီဝလိတောရကျောင်းကို ဝင်ပြီဆိုတာနဲ့ အရင်ဆုံး လက်ဆေး ရပါတယ် ၊ ဘုရားရှိခိုးရပါတယ် ၊ ဧည့်သည်မှတ်တမ်းမှာ အမည် အဘအမည် လိပ်စာ ဖုန်းနံပါတ်တွေဖြည့် ရပါတယ် ပြီးရင်တော့ ဘုန်းဘုန်းက လာသမျှဘုရားဖူး ဧည့်သည် အကုန်လုံးကို ကော်ဖီတခွက်နဲ့ မုန့်နဲ့ ကိုယ်တိုင် ဧည့်ခံ ပါတယ်
ဒီမှာလက်ရှိ တည်ဆောက်ပေးနေတဲ့ လုပ်သားတွေ အကုန်လုံးကိုလဲ နေ့တိုင်း ကော်ဖီနဲ့ မုန့်ကျွေးတယ်လို့ သိရ ပါတယ် ( ဘုရားဖူးဧည်သည် + လုပ်သား ကျွေးမွေး ဧည့်ခံဖို့ တရက်စာ ၃၅၀၀၀ ကျပ်နဲ့လဲ ကုသိုလ်ပြုလို့ရပါတယ် )ဝင်ကြေးကောက်ခံတာ မထည့်မနေရ အလှူငွေကောက်ခံတာ မျိုးမရှိ ပါဘူး။
ကော်ဖီသောက်ရင်း ဘုန်းဘုန်းမိန့်ကြား တာတွေနားထော င်ရတာ ဗဟုသုတလဲ ရပါတယ် ၊ စကျင်ကျောက်ပြားချပ်ကြီးတွေ ကို digital စက်ကြီးတွေနဲ့ ဘုရားဝန်းထဲတင် ထွင်းပါတယ် ၊ သွားလေ့လာလို့လဲရပါတယ်
ကျောက်စာစေတီ တဆူမှာ မျက်နှာလေးဘက်ပါပြီး မှန်ကာထားပါတယ် ပေါ်မှာ ထီးပုံအဝိုင်းမိုးထားပြီး အဲ့အပေါ်မှာမှ စေတီတည် ထားပါ တယ် ၊ အောက်ခြေမှာတော့ အလှူရှင် နာမည်တွေ ကဗျည်းထိုးပေးထားတာတွေ့ခဲ့ ရ ပါတယ် ။
မြန်မာဘာသာနဲ့ပဲ ထွင်းထုထားတာ မို့စိတ်ဝင် စားရင် အကုန်လိုက်ဖတ်လို့ရပါတယ်။စေတီ (၂၈)ဆူ အတန်းလိုက်လေးတွေ အဆင့်ဆင့် တည်ထားတာ အရမ်းကြည်ညို ဖို့ကောင်းပါတယ်
လက်ရှိ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် ဂင်းနစ်စံချိန်ဝင် ထားတဲ့ ကုသိုလ်တော်ဘုရားက ကျောက်စာချပ်ပေါင်း (၇၂၉)ချပ်ပါ (တချပ်နှစ်မျက်နှာ) ၊ အခုတည်ဆောက်နေတဲ့ ရှင်သီဝလိတောရကတော့
ကျောက်စာစေတီပေါင်း (၁၃၅၀) နဲ့ တဆူမှာ လေးမျက်နှာနဲ့ ကျောက်စာ မျက်နှာပေါင်း (၅၄၀၀)ဆိုတော့ အရည်အတွက် အားဖြင့် ပိုများမှာဖို့ ဂင်းနစ်စံချိန် သိပ်တင်ဖို့ မျှော်လင့်တယ်လို့ ဘုန်းဘုန်းက မိန့်ကြားပါတယ်
ကျောင်းတိုက် ဖွင့်ချိန်
မနက် ၇ နာရီကနေ ညနေ ၆ နာရီထိ နေ့စဉ်ဖွင့်ပါတယ်။
ဆောင်ရန် ရှောင်ရန်
မိသားစုနဲ့ပဲသွားသွား သူငယ်ချင်းတွေနဲ့ပဲ သွားအဆင်ပြေ တဲ့နေရာလေးပါ ၊ စုံတွဲနဲ့သွားမယ်ဆိုရင်တော့ မဖွယ်မရာ မလုပ်ဖို့ တင်းကြပ် ထားပါတယ် ၊ အေးချမ်းတိတ်ဆိတ် တဲ့နေရာမို့ ဆူညံခြင်းလဲ မပြုရပါဘူးနော် ။
အလာရော အပြန်ပါ ဘုရားနှစ်ခါ ရှိခိုး ရပါတယ်။ ဧည့်သည် မှတ်တမ်း စာရင်းဖြည့် ရပါတယ်။အဂါရဝဖြစ်စေမယ့် အတိုအပြတ်တွေ ဝတ်စားဆင်ယင်ခြင်းလဲ ခွင့်မပြု ပါဘူး။
အမှိုက်ပုံးတွေလဲ ခပ်စိပ်စိပ် ထားပေးထားတာမို့ စနစ်တကျ စွန့်ပစ်ပေးကြဖို့ လိုပါတယ်ဗျ။ ဓါတ်ပုံမရိုက်ခင် ဘုန်းဘုန်းကို အရင်ခွင့်တောင်းဖို့ လဲလိုပါတယ်
ဒီလိုကမ္ဘာကျော်လာ မယ့်နေရာတခုမှာ ကျောက်စာစေတီတ ဆူလုံးစာလှူဒါန်း နိုင်သလို ကိုယ်တတ်နိုင်သလောက် အလှူငွေတွေ လဲထည့်ဝင် လှူဒါန်းနိုင် ဖို့နဲ့ သွားရောက်ကြည်ညို သဒ္ဒါပွါးနိုင်ကြဖို့ ကုသိုလ်သတင်းစကားလေးပါး လိုက်ပါတယ် ဗျ
No Comments