
Credit
Unicode
ယောင်္ကျားလေးတွေ ဘယ်လို အကြောင်းနဲ့မှ မနှစ်မြို့နိုင်တဲ့ မိန်းကလေးပုံစံများ
မိန်းကလေးတွေက မကြိုက် နှစ်သက်တဲ့ အမျိုးသား ပုံစံတွေ ရှိနေ သလိုပါပဲ။ ကောင်လေးတွေမှာလည်း သူတို့ သဘောမကျတဲ့ မိန်းကလေး ပုံစံတွေ ရှိနေ ပါတယ်။ ဒီလိုမျိုး မိန်းကလေးတွေ ဆိုရင် သူတို့က လုံးဝ မနှစ်မြို့တတ် ပါဘူး။ ဘယ်လို မိန်းကလေးတွေလဲ ဆိုရင်
(၁) စရိုက်ကြမ်းတဲ့ မိန်းကလေး
ကောင်လေးတွေ ဆိုတာ နူးညံ့တဲ့ မိန်းကလေးတွေ ကိုသာ ကြိုက်တတ်ကြ တာပါ။ စကား အပြောအဆို ကြမ်းတမ်းပြီး အပြုအမူတွေ ကလည်း မယဉ်ကျေး တာမျိုးကို သဘောမကျ တတ်ပါ ဘူး။ စရိုက်ကြမ်းတဲ့ မိန်းကလေး တစ်ယောက် သူတို့ကို ပိုပြီး သိက္ခာ ကျစေ တယ်လို့ တွေးပြီး သူတို့နဲ့ မအပ်စပ်သူလို့ စဉ်းစားတတ်ကြ ပါတယ်။
(၂) အနိုင်ယူလွန်းသော မိန်းကလေး
ကိုယ်ကသာ ဦးဆောင်တဲ့ သူတွေ ဆိုပြီး ကောင်လေးတွေက စိတ်ထဲ လက်ခံ ထားကြ တာပါ။ ချစ်လို့ အလိုလိုက် ရင်သာ လိုက် မယ်။ သူတို့အပေါ် အာဏာပြပြီး အနိုင်ယူ လွန်းတဲ့ မိန်းကလေးတွေ ကိုတော့ စိတ်ပျက်တတ်ကြ ပါတယ်။ ဒီမိန်းကလေးတွေ နဲ့ဆို ဘဝက စိတ်ချမ်းသာမယ် လို့လည်း သူတို့က ထင်မထားတတ်ကြ ပါဘူး။
(၃) နှုတ်ဖွာလွန်းသော မိန်းကလေး
ကောင်လေးတွေရဲ့ အကျင့်က သူတို့အကြောင်းတွေကို လူတွေကို သိပ်ပြောလေ့ မရှိတာမျိုး ဖြစ်ပါတယ်။ သင့်ကိုသာ သူတို့ ပြောပြချင်တဲ့ အကြောင်းတွေကို ပြောပြ မှာပါ။
ဒါပေမယ့် ဒီအကြောင်းတွေကို တစ်ခြား သူတွေကို ထပ်သိစေ ချင်တတ် ကြတာ မဟုတ်ပါဘူး။ ဒါကြောင့် နှုတ်ဖွာတဲ့ ကောင်မလေးတွေကို သူတို့ကို အလေးမထား သူတွေ အဖြစ်သာ မြင်ကြ ပါတယ်။
(၄) ငွေ အရမ်းမက်တဲ့ မိန်းကလေး
ယောင်္ကျားလေးတွေက စိတ်ဓာတ်မာ တယ်လို့ ထင်ရပေမယ့် သူတို့ ကလည်း နွေးထွေးမှုကို လိုချင်တတ်ကြပါတယ်။
သူတို့ကို ငွေရှိနေ လို့သာ ပတ်သတ်နေ တာမျိုးကို မကြိုက်သလို၊ သူတို့ကို ငွေရှာစက်လို သဘောထားတာ မျိုးကိုလည်း မနှစ်မြို့တတ် ပါဘူး။ သူတို့ကို နွေးထွေးစွာ စိတ်ရင်းနဲ့ ပတ်သတ်သူတွေကပဲ ကောင်းမွန်တယ်လို့ ယူဆထားသူတွေပါ။
(၅) လွယ်တယ်လို့ ထင်ရတဲ့ မိန်းကလေး
ကိုယ့်ကိုယ်ကို တန်ဖိုး ထားတဲ့ သူ ကို လူတိုင်း နှစ်သက်ကြတာ သဘာဝ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ ယောင်္ကျားလေးတွေက မိန်းကလေး တစ်ယောက်ကို လွယ်လိုက် တာလို့ ထင်သွား
တတ်ချိန်မှာတော့ မနှစ်မြို့တတ် ပါဘူး။ စိတ်ကို လွယ်လွယ် အလို လိုက်တာ အန္တရာယ် အရမ်းများ တယ်လို့ တွေးကြတာကြောင့် ဖြစ်ပါ တယ်။
No Comments