
ဇြန္လဖြားတြရဲ႕ ထူးျခားတဲ့ ပင္ကိုယ္စရိုက္လကၡဏာမ်ား
လူတစ္ေယာက္ေမြးဖြားတဲ့ လဟာ ထိုသူ႔ရဲ႕ ပင္ကိုစ႐ိုက္နဲ႔ ဆက္စပ္ေနတတ္ ပါတယ္။ အခ်ိဳ႕ပညာရွိေတြကလည္း ေမြးလေပၚမွာ မူတည္ၿပီး လူတစ္ေယာက္ရဲ႕ အက်င့္သဘာဝ၊ အျပဳအမူနဲ႔ သေဘာထားေတြကို အကဲခတ္ ႏိုင္တယ္လို႔ ဆိုၾက ပါတယ္။
တကယ္လို႔ စာဖတ္သူဟာ ဇြန္လမွာ ေမြးဖြားသူ ဆိုရင္ေတာ့ စာဖတ္သူ ဆီမွာ ထူးျခားတဲ့ ေမြးရာပါဝိေသသလကၡဏာ ရပ္ေတြ ရွိတယ္လို႔ ယူဆ ႏိုင္ပါတယ္။ ဇြန္လဖြားေတြဟာ ႏွစ္လိုဖြယ္ရာ ႐ုပ္ရည္နဲ႔ အဆင္အျပင္ရွိ ၾကပါ တယ္။ သူတို႔ဟာ အၿမဲတမ္း တက္တက္ႂကြႂကြေန တတ္သူေတြျဖစ္ၿပီး
တစ္ပါးသူေတြဟာ ဇြန္လဖြားေတြ နားမွာ ေနရတဲ့ အခါ သက္ေတာင့္သက္သာ ျဖစ္ေန တတ္ၾက ပါတယ္။ ဇြန္လဖြားေတြဟာ ဘယ္သူနဲ ႔မဆို
မိတ္ေဆြဖြဲ႕ႏိုင္ ပါတယ္။ ရန္သူ ကိုေတာင္ ေျပေျပလည္လည္ ဆက္ဆံၿပီး သူငယ္ခ်င္းျဖစ္ေအာင္ လုပ္ႏိုင္တာ ဇြန္လဖြားေတြပဲ ျဖစ္ပါတယ္။
မိတ္ေဆြဖြဲ႕တဲ့ အတတ္မွာေတာ့ ဇြန္လဖြားေတြဟာ အင္မတန္ ပါးနပ္ၾက ပါတယ္။ ဇြန္လဖြားေတြဟာ အျမင္အာ႐ုံစူးရွၿပီး အႀကံအစည္မ်ား သူေတြလည္း ျဖစ္ပါတယ္။ အႀကံအစည္ေကာင္း သလို အႀကံအစည္အတိုင္းလည္း ဘဝကို ပုံေဖာ္လို သူေတြ ျဖစ္ပါတယ္။
သူတို႔ေတြဟာ တန္ဖိုးႀကီး လူ႔အသုံးအေဆာင္ပစၥည္း တံဆိပ္ေတြကို မက္ေမာ သူေတြျဖစ္ပါတယ္။ အဆင့္အတန္းျမင့္ျမင့္ေန လိုတယ္၊ တတ္ႏိုင္တာနဲ႔ ပစၥည္းေကာင္းေကာင္း ဝယ္သုံးမယ္ ဆိုတဲ့ စ႐ိုက္ေတြဟာ သူတို႔ရဲ႕ သဘာဝထဲ မွာကိုက ပါၿပီးသား ျဖစ္ပါတယ္။
ဒါတင္မကေသး ပါဘူး။ ကိုယ္တိုင္လည္း ပစၥည္းေကာင္းဝယ္သုံးတတ္႐ုံတင္မကပဲ သူမ်ားေတြကိုလည္း ဘာပစၥည္းမ်ိဳးသုံးတာ၊ ဘာအမွတ္တံဆိပ္ သုံးတာက အစ လိုက္လံၾကည့္ရႈ တတ္သူေတြ ျဖစ္ပါတယ္။
ဇြန္လဖြားေတြဟာ သူတို႔ရဲ႕ စိတ္ခံစားမႈကို ထုတ္ျပေလ့ မရွိသူေတြ ျဖစ္ပါတယ္။ သူတို ႔ႏွလုံးသားထဲမွာ ဘယ္ေလာက္ပဲ ေျပာစရာ အေၾကာင္းအရာေတြ မ်ားမ်ား ကိုယ့္ခံစားခ်က္ အမွန္ကို အျပင္ကို ဖြင့္ထုတ္ခဲ ပါတယ္။
လူေတြေၾကာင့္ စိတ္ရႈပ္ရတာ၊ ကိုယ့္ခံစားခ်က္ကို လိုက္ၿပီး စီးေမ်ာခံစား ရတာကို မႏွစ္ၿခိဳက္သူေတြ ျဖစ္ပါတယ္။ သူတို႔ေတြဟာ စိတ္အေျပာင္းအလဲ ျမန္သလို ေခ်းမ်ားၾက သူေတြလည္း ျဖစ္ပါတယ္။ ဘယ္အရာပဲျဖစ္ျဖစ္
အရာအားလုံးကို အခ်ိန္မွန္ ေနရာမွန္မွာ သူတို႔ လိုခ်င္တဲ့ ပုံစံအတိုင္း တသေဝ မတိမ္းရွိေနတာကို သေဘာက်ပါတယ္။ ဘဝနဲ႔ ပတ္သက္ လာရင္ေတာ့ အရမ္းကို စိတ္အေျပာင္းအလဲျမန္တဲ့ သူေတြ ျဖစ္ပါတယ္။
ဇြန္လဖြားေတြဟာ ရာသီဥတု အကူးအေျပာင္းကို သိပ္မခံ ႏိုင္ၾက ပါဘူး။ မိုးနည္းနည္းေလး မိတာနဲ႔ ႏွာေခ်တာေတြ စျဖစ္တတ္ ပါၿပီ။ ဇြန္လဖြားေတြဟာ အေအးဓာတ္နဲ႔ မတည့္ သူေတြျဖစ္ၿပီး ဖုန္မႈန႔္၊ မီးခိုးေငြ႕၊ မိုးေရ စတာေတြနဲ႔လည္း ျပႆနာျဖစ္ တတ္ပါတယ္။
ဇြန္လဖြားေတြဟာ ဟာသဉာဏ္႐ႊင္သူေတြလည္း ျဖစ္ပါတယ္။ ဘယ္သူ႔ကိုမဆို ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ေပ်ာ္႐ႊင္အာင္ လုပ္ႏိုင္ပါတယ္။ ေနာက္ေနာက္ေျပာင္ေျပာင္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္တာမို႔ သူငယ္ခ်င္းေတြထဲမွာေတာ့ ပြဲစည္ေစတဲ့ သူတစ္ဦးလည္း ျဖစ္ပါတယ္။
သူတို႔ဟာ ႏူးညံ့စြာ စကားေျပာဆို ဆက္ဆံ တတ္ၿပီး ယဥ္ေက်းသူေတြ လည္း ျဖစ္ပါတယ္။ သူတစ္ပါးကို အကူအညီေပးတတ္တာဟာ ဇြန္လဖြားေတြရဲ႕ ဝိေသသတစ္ခုပဲ ျဖစ္ပါတယ္။ ဇြန္လဖြားေတြနဲ႔ ပတ္သက္ၿပီး ေနာက္ဆုံးေဖာ္ျပေပး လိုတာကေတာ့ သူတို႔ဟာ အျငင္းသန္တယ္ဆိုတာကိုပါ။
အေၾကာင္းအရာတစ္ခုနဲ႔ ပတ္သက္လို႔ အေခ်အတင္ေျပာရၿပီဆိုရင္ အေထာက္အထားခိုင္ခိုင္လုံလုံျပၿပီး တစ္ဖက္သားကို အႏိုင္ယူႏိုင္ သူေတြလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔နဲ႔ စကားမ်ားတဲ့ အခါ ေတာ္တန္႐ုံနဲ႔ အႏိုင္ရဖို႔ ခက္ခဲ ပါတယ္။
အခုေဖာ္ျပေပး ထားတာေတြ ကေတာ့ အြန္ လို င္းဝက္ဒ္ဆိုက္ဒ္ တစ္ခုျဖစ္တဲ့ i d e a h e r a l d ကေန တဆင့္ ဇြန္လဖြားေတြရဲ႕ ဝိေသသလကၡဏာရပ္ေတြကို ကိုးကားေဖာ္ျပေပး ထားပဲ ျဖစ္ပါ တယ္။
Credit
Unicode
ဇွန်လဖွားတွရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်လက္ခဏာများ
လူတစ်ယောက်မွေးဖွားတဲ့ လဟာ ထိုသူ့ရဲ့ ပင်ကိုစရိုက်နဲ့ ဆက်စပ်နေတတ် ပါတယ်။ အချို့ပညာရှိတွေကလည်း မွေးလပေါ်မှာ မူတည်ပြီး လူတစ်ယောက်ရဲ့ အကျင့်သဘာဝ၊ အပြုအမူနဲ့ သဘောထားတွေကို အကဲခတ် နိုင်တယ်လို့ ဆိုကြ ပါတယ်။
တကယ်လို့ စာဖတ်သူဟာ ဇွန်လမှာ မွေးဖွားသူ ဆိုရင်တော့ စာဖတ်သူ ဆီမှာ ထူးခြားတဲ့ မွေးရာပါဝိသေသလက္ခဏာ ရပ်တွေ ရှိတယ်လို့ ယူဆ နိုင်ပါတယ်။ ဇွန်လဖွားတွေဟာ နှစ်လိုဖွယ်ရာ ရုပ်ရည်နဲ့ အဆင်အပြင်ရှိ ကြပါ တယ်။ သူတို့ဟာ အမြဲတမ်း တက်တက်ကြွကြွနေ တတ်သူတွေဖြစ်ပြီး
တစ်ပါးသူတွေဟာ ဇွန်လဖွားတွေ နားမှာ နေရတဲ့ အခါ သက်တောင့်သက်သာ ဖြစ်နေ တတ်ကြ ပါတယ်။ ဇွန်လဖွားတွေဟာ ဘယ်သူနဲ့မဆို မိတ်ဆွေဖွဲ့နိုင် ပါတယ်။ ရန်သူ ကိုတောင် ပြေပြေလည်လည် ဆက်ဆံပြီး သူငယ်ချင်းဖြစ်အောင် လုပ်နိုင်တာ ဇွန်လဖွားတွေပဲ ဖြစ်ပါတယ်။
မိတ်ဆွေဖွဲ့တဲ့ အတတ်မှာတော့ ဇွန်လဖွားတွေဟာ အင်မတန် ပါးနပ်ကြ ပါတယ်။ ဇွန်လဖွားတွေဟာ အမြင်အာရုံစူးရှပြီး အကြံအစည်များ သူတွေလည်း ဖြစ်ပါတယ်။ အကြံအစည်ကောင်း သလို အကြံအစည်အတိုင်းလည်း ဘဝကို ပုံဖော်လို သူတွေ ဖြစ်ပါတယ်။
သူတို့တွေဟာ တန်ဖိုးကြီး လူ့အသုံးအဆောင်ပစ္စည်း တံဆိပ်တွေကို မက်မော သူတွေဖြစ်ပါတယ်။ အဆင့်အတန်းမြင့်မြင့်နေ လိုတယ်၊ တတ်နိုင်တာနဲ့ ပစ္စည်းကောင်းကောင်း ဝယ်သုံးမယ် ဆိုတဲ့ စရိုက်တွေဟာ သူတို့ရဲ့ သဘာဝထဲ မှာကိုက ပါပြီးသား ဖြစ်ပါတယ်။
ဒါတင်မကသေး ပါဘူး။ ကိုယ်တိုင်လည်း ပစ္စည်းကောင်းဝယ်သုံးတတ်ရုံတင်မကပဲ သူများတွေကိုလည်း ဘာပစ္စည်းမျိုးသုံးတာ၊ ဘာအမှတ်တံဆိပ် သုံးတာက အစ လိုက်လံကြည့်ရှု တတ်သူတွေ ဖြစ်ပါတယ်။
ဇွန်လဖွားတွေဟာ သူတို့ရဲ့ စိတ်ခံစားမှုကို ထုတ်ပြလေ့ မရှိသူတွေ ဖြစ်ပါတယ်။ သူတို့နှလုံးသားထဲမှာ ဘယ်လောက်ပဲ ပြောစရာ အကြောင်းအရာတွေ များများ ကိုယ့်ခံစားချက် အမှန်ကို အပြင်ကို ဖွင့်ထုတ်ခဲ ပါတယ်။
လူတွေကြောင့် စိတ်ရှုပ်ရတာ၊ ကိုယ့်ခံစားချက်ကို လိုက်ပြီး စီးမျောခံစား ရတာကို မနှစ်ခြိုက်သူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ စိတ်အပြောင်းအလဲ မြန်သလို ချေးများကြ သူတွေလည်း ဖြစ်ပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ်
အရာအားလုံးကို အချိန်မှန် နေရာမှန်မှာ သူတို့ လိုချင်တဲ့ ပုံစံအတိုင်း တသဝေ မတိမ်းရှိနေတာကို သဘောကျပါတယ်။ ဘဝနဲ့ ပတ်သက် လာရင်တော့ အရမ်းကို စိတ်အပြောင်းအလဲမြန်တဲ့ သူတွေ ဖြစ်ပါတယ်။
ဇွန်လဖွားတွေဟာ ရာသီဥတု အကူးအပြောင်းကို သိပ်မခံ နိုင်ကြ ပါဘူး။ မိုးနည်းနည်းလေး မိတာနဲ့ နှာချေတာတွေ စဖြစ်တတ် ပါပြီ။ ဇွန်လဖွားတွေဟာ အအေးဓာတ်နဲ့ မတည့် သူတွေဖြစ်ပြီး ဖုန်မှုန့်၊ မီးခိုးငွေ့၊ မိုးရေ စတာတွေနဲ့လည်း ပြဿနာဖြစ် တတ်ပါတယ်။
ဇွန်လဖွားတွေဟာ ဟာသဉာဏ်ရွှင်သူတွေလည်း ဖြစ်ပါတယ်။ ဘယ်သူ့ကိုမဆို ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပျော်ရွှင်အာင် လုပ်နိုင်ပါတယ်။ နောက်နောက်ပြောင်ပြောင်နဲ့ ပျော်ပျော်နေတတ်တာမို့ သူငယ်ချင်းတွေထဲမှာတော့ ပွဲစည်စေတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။
သူတို့ဟာ နူးညံ့စွာ စကားပြောဆို ဆက်ဆံ တတ်ပြီး ယဉ်ကျေးသူတွေ လည်း ဖြစ်ပါတယ်။ သူတစ်ပါးကို အကူအညီပေးတတ်တာဟာ ဇွန်လဖွားတွေရဲ့ ဝိသေသတစ်ခုပဲ ဖြစ်ပါတယ်။ ဇွန်လဖွားတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးဖော်ပြပေး လိုတာကတော့ သူတို့ဟာ အငြင်းသန်တယ်ဆိုတာကိုပါ။
အကြောင်းအရာတစ်ခုနဲ့ ပတ်သက်လို့ အချေအတင်ပြောရပြီဆိုရင် အထောက်အထားခိုင်ခိုင်လုံလုံပြပြီး တစ်ဖက်သားကို အနိုင်ယူနိုင် သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ စကားများတဲ့ အခါ တော်တန်ရုံနဲ့ အနိုင်ရဖို့ ခက်ခဲ ပါတယ်။
အခုဖော်ပြပေး ထားတာတွေ ကတော့ အွန် လို င်းဝက်ဒ်ဆိုက်ဒ် တစ်ခုဖြစ်တဲ့ i d e a h e r a l d ကနေ တဆင့် ဇွန်လဖွားတွေရဲ့ ဝိသေသလက္ခဏာရပ်တွေကို ကိုးကားဖော်ပြပေး ထားပဲ ဖြစ်ပါ တယ်။
No Comments