
သင့္ ကို တန္ဖိုး ထား၊ မထား ဆိုတာသိနိုင္ တဲ့ သင့္လက္ တြဲေဖာ္ရဲ့အျပဳအမူမ်ား
ခ်စ္ တယ္လို႔ေျပာတာက တေယာက္ေယာက္ ကိုဂ႐ုစိုက္တယ္ ဆိုတာေျပာျပဖို႔ အလြယ္ဆုံး နည္းျဖစ္ေပမယ့္ အဲဒီ တနည္းပဲ ရွိတာေတာ့ မဟုတ္ပါဘူး။ ခံစားခ်က္ေတြေဖာ္ျပ တာကတေယာက္နဲ႔ တေယာက္မတူ ပါဘူး။
တခ်ိဳ႕က စကားလုံးေတြ သုံးၿပီး တခ်ိဳ႕က အျပဳအမူနဲ႔ျပ ပါတယ္။သင့္ရဲ့လက္တြဲေဖာ္က သင့္ကိုလုပ္ျပတဲ့အျပဳအမူေတြက ေဒါသထြက္စရာ စိတ္ပ်က္စရာေတြ လည္း ျဖစ္နိုင္ ပါတယ္ ။
BrightSideက သင္ခ်စ္ရတဲ့ လူေတြ လုပ္ျပတဲ့ အျပဳအမူေတြက ဘာကိုဆို လိုလဲ ဆိုတာ ေျပာစရာ မလိုေအာင္ သိဖို႔ နည္း ၆ နည္းကို ေဖာ္ျပ ထားပါတယ္ ။
(၁) သင္ေျပာတာေတြကို ကိုယ္ပိုင္ ဒိုင္ယာရီလို နားေထာင္တယ္
သင့္ရဲ႕ လက္တြဲေဖာ္က သင့္ေျပာတဲ့ ေပ်ာ္စရာေကာ၊ ဝမ္းနည္းစရာေကာကို နားေထာင္ၿပီး ႏွစ္သိမ့္ေပးတတ္တယ္ ဆိုရင္၊သူတို႔က နားေထာင္ေပး႐ုံ တင္ မဟုတ္ဘဲ သင့္တို႔ ဆက္ဆံေရးရဲ႕ ယုံၾကည္မႈ ကိုပါ တန္ဖိုးထားေန တယ္လို႔ျပတာပါ။သင့္ရဲ႕ လက္တြဲေဖာ္ ဆက္ဆံေရးကို ပိုခိုင္မာၿပီး ရိုးသားမႈ ရွိလာေအာင္ လုပ္ေနတာပါ။
(၂) သင့္ရဲ႕ အခၽြဲအႏြဲ႕ေတြကို ႀကိဳက္တယ္
သင္ခ်စ္မိသြားတဲ့ အခါမွာ ခၽြဲႏြဲ႕ရတာလည္း ဆက္ဆံေရး တခုမွာ ေပ်ာ္စရာ ပါပဲ။ သင့္လက္တြဲေဖာ္က သင့္ကိုခၽြဲရတာ ႀကိဳက္တယ္ ဆိုရင္ သင္နဲ႔ ရွိေနတဲ့ အခ်ိန္ကို ပိုေကာင္းေစခ်င္ၿပီး တန္ဖိုးထား တယ္ဆိုတဲ့ သေဘာပါ။
အဲဒါ တင္မက ပါဘူး။ နဖူးကို နမ္းျခင္းနဲ႔ အေနာက္က သိုင္းဖက္ျခင္းေတြက စကားလုံးေတြ မပါဘဲ သင္က အေရးႀကီးေၾကာင္းကို ျပေန တာပါ ။
(၃) သင့္ရည္မွန္းခ်က္ေတြ ေအာင္ျမင္ေအာင္ တြန္းအားေပးတယ္
ဆက္ဆံေရးတခု ဆိုတာက သင္တို ႔အခ်ိန္ေတြ ထပ္တူက်တာ မဟုတ္သလို တေနကုန္ စာပို႔ေနလို ႔လည္း မရပါဘူး။ ေန႔တေန႔ ကုန္သြားရင္ မတူတဲ့ ရည္မွန္းခ်က္နဲ႔ အိမ္မက္ေတြ အတြက္ ရွင္သန္ၾက တာပါ။
သင့္လက္တြဲေဖာ္က အိမ္မက္ေတြ ေအာင္ျမင္ဖို႔ တြန္းအားေပးၿပီး သူ႔ကို အာ႐ုံမစိုက္ တာကို အထြန႔္မတက္ဘူးဆိုရင္ေတာ့ သူကသင့္ရဲ့ကိုယ္ပိုင္ အခ်ိန္ကို တန္ဖိုး ထားတာပါ။
သင့္ရဲ႕ လက္တြဲေဖာ္မွာလည္း သူ႔ရဲ့ကိုယ္ပိုင္ အိမ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ အခြင့္အေရး ရွိတာကို နားလည္ျခင္းက ရင့္က်က္မႈနဲ ႔အခ်စ္စစ္ ပါပဲ ။
(၄) သင့္ကိုအိမ္မွာ ကူညီတယ္
သင့္လက္တြဲေဖာ္က အဝတ္ေလၽွာ္တာနဲ႔ တျခားအိမ္ အလုပ္ေတြကို လုပ္ရတာ မညည္းညဴဘူး ဆိုရင္ သင့္ကိုတူညီတဲ့ တန္ဖိုး ရွိတယ္လို႔ သေဘာ ထားၿပီး မၽွေဝ ခံစား တာပါ။ ဆက္ဆံေရး တခုမွာ သာတူညီမၽွစိတ္ရွိတဲ့ သူကိုရွာဖို႔ အရမ္းခက္တဲ့ အတြက္ အဲလို လူကိုေတြ႕ရင္ လက္မလႊတ္ ပါနဲ႔ ။
(၅) သူတို႔ခ်စ္ရတဲ့ တျခားလူေတြကို သင့္အေၾကာင္းေျပာဖို႔ ဝန္မေလးဘူး
အရွင္းဆုံးလကၡဏာ ကေတာ့ သင့္လက္တြဲေဖာ္က မိသားစုနဲ႔ ပတ္ဝန္းက်င္က လူေတြကို သင့္အေၾကာင္း မဖုံးထားတာပါပဲ ။ သင္တို ႔ပတ္သတ္မႈ အေၾကာင္း တျခား သူကိုေျပာဖို႔ ဝန္မေလးဘူး ဆိုရင္ေတာ့ သူတို႔က သင္နဲ႔ထားတဲ့ ကတ္ေတြကို တန္ဖိုးထားတယ္ ဆိုတာနဲ႔ အနာဂတ္ကို သင္နဲ႔ သြားမယ္လို႔ ဆိုလိုတာပါ။
(၆) သင္တို႔ႏွစ္ေယာက္ အျပင္သြားတဲ့အခ်ိန္တိုင္း လက္ခ်ိတ္ထားတယ္
လူၾကားထဲမွာေတာင္ လက္ခ်ိတ္ သြားေနတာ ကလည္း အဆင္ေျပ ပါတယ္။ အဲဒါကို အနီကတ္လို ႔သေဘာထားရင္ ရပါၿပီ။ သင္တို ႔ႏွစ္ေယာက္ ပတ္သတ္ေနတယ္ ဆိုတာ တျခားသူေတြကို ျပေန တာပါ။ အဲဒါေၾကာင့္ လူၾကား ထဲမွာေတာင္ သင္နဲ႔ ခပ္ခြာခြာ မေနနိုင္ ျဖစ္ေနတာပါ ။
Writer -Min Thu ( XYZ News )
Credit
Unicode
သင့် ကို တန်ဖိုး ထား၊ မထား ဆိုတာသိနိုင် တဲ့ သင့်လက် တွဲဖော်ရဲ့အပြုအမူများ
ချစ် တယ်လို့ပြောတာက တယောက်ယောက် ကိုဂရုစိုက်တယ် ဆိုတာပြောပြဖို့ အလွယ်ဆုံး နည်းဖြစ်ပေမယ့် အဲဒီ တနည်းပဲ ရှိတာတော့ မဟုတ်ပါဘူး။ ခံစားချက်တွေဖော်ပြ တာကတယောက်နဲ့ တယောက်မတူ ပါဘူး။
တချို့က စကားလုံးတွေ သုံးပြီး တချို့က အပြုအမူနဲ့ပြ ပါတယ်။သင့်ရဲ့လက်တွဲဖော်က သင့်ကိုလုပ်ပြတဲ့အပြုအမူတွေက ဒေါသထွက်စရာ စိတ်ပျက်စရာတွေ လည်း ဖြစ်နိုင် ပါတယ် ။
BrightSideက သင်ချစ်ရတဲ့ လူတွေ လုပ်ပြတဲ့ အပြုအမူတွေက ဘာကိုဆို လိုလဲ ဆိုတာ ပြောစရာ မလိုအောင် သိဖို့ နည်း ၆ နည်းကို ဖော်ပြ ထားပါတယ် ။
(၁) သင်ပြောတာတွေကို ကိုယ်ပိုင် ဒိုင်ယာရီလို နားထောင်တယ်
သင့်ရဲ့ လက်တွဲဖော်က သင့်ပြောတဲ့ ပျော်စရာကော၊ ဝမ်းနည်းစရာကောကို နားထောင်ပြီး နှစ်သိမ့်ပေးတတ်တယ် ဆိုရင်၊သူတို့က နားထောင်ပေးရုံ တင် မဟုတ်ဘဲ သင့်တို့ ဆက်ဆံရေးရဲ့ ယုံကြည်မှု ကိုပါ တန်ဖိုးထားနေ တယ်လို့ပြတာပါ။သင့်ရဲ့ လက်တွဲဖော် ဆက်ဆံရေးကို ပိုခိုင်မာပြီး ရိုးသားမှု ရှိလာအောင် လုပ်နေတာပါ။
(၂) သင့်ရဲ့ အချွဲအနွဲ့တွေကို ကြိုက်တယ်
သင်ချစ်မိသွားတဲ့ အခါမှာ ချွဲနွဲ့ရတာလည်း ဆက်ဆံရေး တခုမှာ ပျော်စရာ ပါပဲ။ သင့်လက်တွဲဖော်က သင့်ကိုချွဲရတာ ကြိုက်တယ် ဆိုရင် သင်နဲ့ ရှိနေတဲ့ အချိန်ကို ပိုကောင်းစေချင်ပြီး တန်ဖိုးထား တယ်ဆိုတဲ့ သဘောပါ။
အဲဒါ တင်မက ပါဘူး။ နဖူးကို နမ်းခြင်းနဲ့ အနောက်က သိုင်းဖက်ခြင်းတွေက စကားလုံးတွေ မပါဘဲ သင်က အရေးကြီးကြောင်းကို ပြနေ တာပါ ။
(၃) သင့်ရည်မှန်းချက်တွေ အောင်မြင်အောင် တွန်းအားပေးတယ်
ဆက်ဆံရေးတခု ဆိုတာက သင်တို့အချိန်တွေ ထပ်တူကျတာ မဟုတ်သလို တနေကုန် စာပို့နေလို့လည်း မရပါဘူး။ နေ့တနေ့ ကုန်သွားရင် မတူတဲ့ ရည်မှန်းချက်နဲ့ အိမ်မက်တွေ အတွက် ရှင်သန်ကြ တာပါ။
သင့်လက်တွဲဖော်က အိမ်မက်တွေ အောင်မြင်ဖို့ တွန်းအားပေးပြီး သူ့ကို အာရုံမစိုက် တာကို အထွန့်မတက်ဘူးဆိုရင်တော့ သူကသင့်ရဲ့ကိုယ်ပိုင် အချိန်ကို တန်ဖိုး ထားတာပါ။
သင့်ရဲ့ လက်တွဲဖော်မှာလည်း သူ့ရဲ့ကိုယ်ပိုင် အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရှိတာကို နားလည်ခြင်းက ရင့်ကျက်မှုနဲ့အချစ်စစ် ပါပဲ ။
(၄) သင့်ကိုအိမ်မှာ ကူညီတယ်
သင့်လက်တွဲဖော်က အဝတ်လျှော်တာနဲ့ တခြားအိမ် အလုပ်တွေကို လုပ်ရတာ မညည်းညူဘူး ဆိုရင် သင့်ကိုတူညီတဲ့ တန်ဖိုး ရှိတယ်လို့ သဘော ထားပြီး မျှဝေ ခံစား တာပါ။ ဆက်ဆံရေး တခုမှာ သာတူညီမျှစိတ်ရှိတဲ့ သူကိုရှာဖို့ အရမ်းခက်တဲ့ အတွက် အဲလို လူကိုတွေ့ရင် လက်မလွှတ် ပါနဲ့ ။
(၅) သူတို့ချစ်ရတဲ့ တခြားလူတွေကို သင့်အကြောင်းပြောဖို့ ဝန်မလေးဘူး
အရှင်းဆုံးလက္ခဏာ ကတော့ သင့်လက်တွဲဖော်က မိသားစုနဲ့ ပတ်ဝန်းကျင်က လူတွေကို သင့်အကြောင်း မဖုံးထားတာပါပဲ ။ သင်တို့ပတ်သတ်မှု အကြောင်း တခြား သူကိုပြောဖို့ ဝန်မလေးဘူး ဆိုရင်တော့ သူတို့က သင်နဲ့ထားတဲ့ ကတ်တွေကို တန်ဖိုးထားတယ် ဆိုတာနဲ့ အနာဂတ်ကို သင်နဲ့ သွားမယ်လို့ ဆိုလိုတာပါ။
(၆) သင်တို့နှစ်ယောက် အပြင်သွားတဲ့အချိန်တိုင်း လက်ချိတ်ထားတယ်
လူကြားထဲမှာတောင် လက်ချိတ် သွားနေတာ ကလည်း အဆင်ပြေ ပါတယ်။ အဲဒါကို အနီကတ်လို့သဘောထားရင် ရပါပြီ။ သင်တို့နှစ်ယောက် ပတ်သတ်နေတယ် ဆိုတာ တခြားသူတွေကို ပြနေ တာပါ။ အဲဒါကြောင့် လူကြား ထဲမှာတောင် သင်နဲ့ ခပ်ခွာခွာ မနေနိုင် ဖြစ်နေတာပါ ။
Writer -Min Thu ( XYZ News )
No Comments