
မိုးတြင္းကာလမွာ မႈိနံ႔ကင္းတဲ့အဝတ္အစားေတြျဖစ္ေအာင္ ဘာေတြလုပ္ရမလဲ
အဝတ္အစားေတြ မႈိနံ႔စြဲတာဟာ စိတ္အေႏွာင့္အယွက္ျဖစ္စရာတစ္ခုပါ။ မၾကာခင္မွာ မိုးရာသီေရာက္ လာေတာ့မယ္ဆိုေတာ့ မိုးရာသီမွာ အဝတ္အစားေတြ မႈိနံ႔စြဲ တာဟာ စိတ္အေႏွာင့္အယွက္ျဖစ္စရာ တစ္ခုပါ။
လူၾကားထဲ သြားတဲ့အခါ၊ အဲကြန္းခန္းထဲမွာ အလုပ္လုပ္တဲ့အခါ ကိုယ့္အဝတ္အစားက မႈိနံ႔ရေနတာဟာ ရွက္စရာေကာင္းသလို ေဘးမွာရွိေနတဲ့ လူ အတြက္လည္း မေကာင္းပါဘူး။
က်န္းမာေရးကိုလည္း ထိခိုက္ေစႏိုင္ၿပီး အေရျပားေရာဂါျဖစ္ေစတဲ့ အထိကို ဆိုးက်ိဳး သက္ေရာက္ေစႏိုင္ ပါတယ္။ ဒါေၾကာင့္ မိုးရာသီမွာ မိမိတို႔ အဝတ္အစားေတြ မႈိနံ႔ကင္းၿပီး ေမႊးေမႊးေလးျဖစ္ေနေအာင္ ဘယ္လို ထားမလဲေဖာ္ျပေပး မယ္ေနာ္။
မိုးေရထိထားတဲ့ အဝတ္အစားေတြကို ခ်က္ခ်င္းေလွ်ာ္ပါ။ မေလွ်ာ္ခင္ ၁၅ မိနစ္ခန႔္ ဆပ္ျပာမႈန႔္ျဖင့္ စိမ္ပါ။ ၿပီးရင္ေတာ့ ေသခ်ာစြာ Brush နဲ႔ တိုက္ေလွ်ာ္ပါ။
မိုးေရထိ ထားတဲ့ အဝတ္အစားေတြကို ခ်က္ခ်င္းမေလွ်ာ္ဘဲ ထားလိုက္မယ္ ဆိုရင္ မႈိစြဲၿပီး ေလွ်ာ္တဲ့အခါ မွာလည္း မႈိနံ႔က ေတာ္႐ုံနဲ႔ မေပ်ာက္ေစႏို င္ပါဘူး။
ေလွ်ာ္ၿပီးတဲ့ အဝတ္အစားေတြကို အေမႊးဆီျဖင့္ မိနစ္ပိုင္းေလာက္ စိမ္ထားပါ။ သာမာန္ အခ်ိန္မွာ အေမႊးဆီမသုံးတာက မသိသာေပမယ့္ မိုးရာသီမွာ အေမႊးဆီ သုံးေပးျခင္းက အဝတ္အစားေတြ အတြက္ မေကာင္းတဲ့ အနံ႔အသက္ေတြကို သက္သာေစႏို င္ၿပီး ေမႊးပ်ံ႕ပ်ံ႕ေလးျဖစ္ေနေစမွာပါ။
အေမႊးဆီအနံ႔ကိုေ႐ြးခ်ယ္တဲ့ အခါမွာလည္း အနံ႔ျပင္းျပင္းေတြ မဟုတ္ဘဲ ေပ်ာ့ေပ်ာင္းတဲ့ အနံ႔သင္းသင္းေလးေတြ ျဖစ္ဖို႔အေရးႀကီ းပါတယ္ေနာ္။
ေလွ်ာ္ၿပီးအဝတ္ေတြကို လွမ္းတဲ့ အခါမွာလည္း ေနပူပူမွာ အခ်ိန္ေပးၿပီးလွ မ္းပါ။ မိုးရာသီျဖစ္တာေၾကာင့္ ေနပူတဲ့ အခ်ိန္ကို ေစာင့္ဖို႔ေတာ့ လိုအပ္ပါ လိမ့္မယ္။ ဒါမွမဟုတ္ အေျခာက္ခံ စက္ကို အသုံးျပဳႏိုင္ပါတယ္။
အဝတ္အစားေတြ ေျခာက္ေသြ႕ေနတဲ့အခ်ိန္မွသာ မီးပူတိုက္တာက အေကာင္းဆုံးပါ။ မေျခာက္တေျခာက္အဝတ္အစားေတြကို မီးပူတိုက္ၿပီး ေျခာက္ေစတာက အနံ႔အသက္ မေကာင္း သလို ေရရွည္အတြက္လည္း မႈိစြဲေစ တာေၾကာင့္ မလုပ္သင့္ ပါဘူး။
ေနပူပူမွာ ေျခာက္ေသြ႕ေအာင္ ဒါမွမဟုတ္ အေျခာက္ခံစက္ထဲမွာ ေျခာက္ေသြ႕ေအာင္ထားၿပီးမွသာ မီးပူတိုက္သင့္ပါတယ္။
မီးပူတိုက္ၿပီး အဝတ္အစားေတြကို သိမ္းဆည္းတဲ့ အခါမွာ လည္း ကေလး အႏွီးမွ အပ က်န္အဝတ္အစားမ်ားကို ပ႐ုတ္လုံ းထည့္ၿပီး သိမ္းပါ။ မိုးတြင္းကာလမွာေတာ့ အဝတ္ဗီ႐ိုထဲမွာ ပ႐ုပ္လုံးမျပတ္ပါေစနဲ႔။
အျခား အဝတ္အစား ဗီ႐ိုထဲ ထည့္တဲ့ အေမႊးခဲေတြ ထက္ ပ႐ုတ္လုံးက မႈိနံ႔ကို ပိုမိုစုပ္ယူႏိုင္တာေၾကာင့္ပါ။ ပ႐ုတ္လုံးနံ႔ ကလည္း မျပင္းတဲ့ အတြက္ သင့္ကို စိတ္အေႏွာင့္အယွက္ မျဖစ္ေစ ပါဘူး။
ဒါေၾကာင့္ ပ႐ုတ္လုံးနံ႔မႀကိဳက္ဘူး ဆိုရင္ေတာင္ မိုးရာသီ အခ်ိန္ေလးေတာ့ အဝတ္အစားေလးေတြအတြက္ ထည့္ထားေပး ပါေနာ္။
ပရိသတ္ႀကီးေရ ေဖာ္ျပေပး ခဲ့တဲ့ နည္းလမ္းေလးေတြ အတိုင္း မိုးရာသီမွာ အဝတ္အစားေလးေတြကို ဂ႐ုစိုက္ေပးမယ္ ဆိုရင္ေတာ့ မႈိနံ႔ကင္းၿပီး ေမႊးပ်ံ႕တဲ့ အဝတ္အစားသန႔္သန႔္ေလးေတြေၾကာင့္ သင့္ကို ဂုဏ္တက္ေစမွာ အေသအခ်ာ ပါပဲေနာ္။ခရက္ဒစ္
ယူနီကုတ္
မိုးတွင်းကာလမှာ မှိုနံ့ကင်းတဲ့အဝတ်အစားတွေဖြစ်အောင် ဘာတွေလုပ်ရမလဲ
အဝတ်အစားတွေ မှိုနံ့စွဲတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုပါ။ မကြာခင်မှာ မိုးရာသီရောက် လာတော့မယ်ဆိုတော့ မိုးရာသီမှာ အဝတ်အစားတွေ မှိုနံ့စွဲ တာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုပါ။
လူကြားထဲ သွားတဲ့အခါ၊ အဲကွန်းခန်းထဲမှာ အလုပ်လုပ်တဲ့အခါ ကိုယ့်အဝတ်အစားက မှိုနံ့ရနေတာဟာ ရှက်စရာကောင်းသလို ဘေးမှာရှိနေတဲ့ လူ အတွက်လည်း မကောင်းပါဘူး။
ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပြီး အရေပြားရောဂါဖြစ်စေတဲ့ အထိကို ဆိုးကျိုး သက်ရောက်စေနိုင် ပါတယ်။ ဒါကြောင့် မိုးရာသီမှာ မိမိတို့ အဝတ်အစားတွေ မှိုနံ့ကင်းပြီး မွှေးမွှေးလေးဖြစ်နေအောင် ဘယ်လို ထားမလဲဖော်ပြပေး မယ်နော်။
မိုးရေထိထားတဲ့ အဝတ်အစားတွေကို ချက်ချင်းလျှော်ပါ။ မလျှော်ခင် ၁၅ မိနစ်ခန့် ဆပ်ပြာမှုန့်ဖြင့် စိမ်ပါ။ ပြီးရင်တော့ သေချာစွာ Brush နဲ့ တိုက်လျှော်ပါ။
မိုးရေထိ ထားတဲ့ အဝတ်အစားတွေကို ချက်ချင်းမလျှော်ဘဲ ထားလိုက်မယ် ဆိုရင် မှိုစွဲပြီး လျှော်တဲ့အခါ မှာလည်း မှိုနံ့က တော်ရုံနဲ့ မပျောက်စေနို င်ပါဘူး။
လျှော်ပြီးတဲ့ အဝတ်အစားတွေကို အမွှေးဆီဖြင့် မိနစ်ပိုင်းလောက် စိမ်ထားပါ။ သာမာန် အချိန်မှာ အမွှေးဆီမသုံးတာက မသိသာပေမယ့် မိုးရာသီမှာ အမွှေးဆီ သုံးပေးခြင်းက အဝတ်အစားတွေ အတွက် မကောင်းတဲ့ အနံ့အသက်တွေကို သက်သာစေနို င်ပြီး မွှေးပျံ့ပျံ့လေးဖြစ်နေစေမှာပါ။
အမွှေးဆီအနံ့ကိုရွေးချယ်တဲ့ အခါမှာလည်း အနံ့ပြင်းပြင်းတွေ မဟုတ်ဘဲ ပျော့ပျောင်းတဲ့ အနံ့သင်းသင်းလေးတွေ ဖြစ်ဖို့အရေးကြီ းပါတယ်နော်။
လျှော်ပြီးအဝတ်တွေကို လှမ်းတဲ့ အခါမှာလည်း နေပူပူမှာ အချိန်ပေးပြီးလှ မ်းပါ။ မိုးရာသီဖြစ်တာကြောင့် နေပူတဲ့ အချိန်ကို စောင့်ဖို့တော့ လိုအပ်ပါ လိမ့်မယ်။ ဒါမှမဟုတ် အခြောက်ခံ စက်ကို အသုံးပြုနိုင်ပါတယ်။
အဝတ်အစားတွေ ခြောက်သွေ့နေတဲ့အချိန်မှသာ မီးပူတိုက်တာက အကောင်းဆုံးပါ။ မခြောက်တခြောက်အဝတ်အစားတွေကို မီးပူတိုက်ပြီး ခြောက်စေတာက အနံ့အသက် မကောင်း သလို ရေရှည်အတွက်လည်း မှိုစွဲစေ တာကြောင့် မလုပ်သင့် ပါဘူး။
နေပူပူမှာ ခြောက်သွေ့အောင် ဒါမှမဟုတ် အခြောက်ခံစက်ထဲမှာ ခြောက်သွေ့အောင်ထားပြီးမှသာ မီးပူတိုက်သင့်ပါတယ်။
မီးပူတိုက်ပြီး အဝတ်အစားတွေကို သိမ်းဆည်းတဲ့ အခါမှာ လည်း ကလေး အနှီးမှ အပ ကျန်အဝတ်အစားများကို ပရုတ်လုံ းထည့်ပြီး သိမ်းပါ။ မိုးတွင်းကာလမှာတော့ အဝတ်ဗီရိုထဲမှာ ပရုပ်လုံးမပြတ်ပါစေနဲ့။
အခြား အဝတ်အစား ဗီရိုထဲ ထည့်တဲ့ အမွှေးခဲတွေ ထက် ပရုတ်လုံးက မှိုနံ့ကို ပိုမိုစုပ်ယူနိုင်တာကြောင့်ပါ။ ပရုတ်လုံးနံ့ ကလည်း မပြင်းတဲ့ အတွက် သင့်ကို စိတ်အနှောင့်အယှက် မဖြစ်စေ ပါဘူး။
ဒါကြောင့် ပရုတ်လုံးနံ့မကြိုက်ဘူး ဆိုရင်တောင် မိုးရာသီ အချိန်လေးတော့ အဝတ်အစားလေးတွေအတွက် ထည့်ထားပေး ပါနော်။
ပရိသတ်ကြီးရေ ဖော်ပြပေး ခဲ့တဲ့ နည်းလမ်းလေးတွေ အတိုင်း မိုးရာသီမှာ အဝတ်အစားလေးတွေကို ဂရုစိုက်ပေးမယ် ဆိုရင်တော့ မှိုနံ့ကင်းပြီး မွှေးပျံ့တဲ့ အဝတ်အစားသန့်သန့်လေးတွေကြောင့် သင့်ကို ဂုဏ်တက်စေမှာ အသေအချာ ပါပဲနော်။
No Comments