သည္္းခံျခင္း ၏ အက်ိဳးႏွင္႔ ဂုဏ္ရည္ - Amawpyay

သည္္းခံျခင္း ၏ အက်ိဳးႏွင္႔ ဂုဏ္ရည္

သည္္းခံျခင္း ၏ အက်ိဳးႏွင္႔ ဂုဏ္ရည္
Knowledge

သည္္းခံျခင္း ၏ အက်ိဳးႏွင္႔ ဂုဏ္ရည္

သည္္းခံျခင္းဟူေသာ ဂုဏ္ရည္

ေလာကမွာ ေနထိုိင္တာ တစ္ဦး တစ္ေယာက္တည္း ေနထိုင္တာ မဟုတ္သည့္ အတြက္ေၾကာင့္ သည္းခံျခင္းဆိုတဲ့ ဂုဏ္ရည္ဟာ အမ်ားနဲ႔ ဆက္ဆံတဲ့ အခါမွာ အလြန္အေရးၾကီး တဲ့ ဂုဏ္ရည္ တစ္ခုျဖစ္တယ္​

ဒါတင္မကဘူး ” သ​ေ​ဗၺပိိ ကုသလာ ဓမၼာ ခႏၲရာယတၱာဝ ဝ႗​ေဒး ” တဲ့ … ကုသိုလ္ရဖို ့အတြက္ အေရးၾကီးဆံုးက သည္းခံမႈပဲေပါ့

အဲဒီေတာ့ သည္းခံမႈ မရွိရင္ ကုသိုလ္ေတာင္ မရ ႏိုင္ဘူးလို ့ ဒီလို ဆိုိလို ့ရတယ္

သည္းခံ တယ္လိုိ ့ဆိုတဲ့ေနရာမွာ သည္းခံ စရာေတြဟာ ဘာေတြရွိသလဲ ဆိုေတာ့ သည္းခံစရာေတြ လိုက္ၾကည့္မယ္ ဆိုရင္ ကုိယ့္အေပၚမွာ ေစာ္ကားေျပာ ဆိုတဲ့ စကား တစ္မ်ိဳးတည္းတင္ သည္းခံ စရာမဟုတ္ဘူး

ကုိိယ့္ေပၚမွာ ေစာ္ကားေျပာ ဆိုတဲ့ စကားကိုလည္း သည္းခံတယ္ … ​ကုိယ့္သႏၲာန္မွာ ျဖစ္ပ်က္လာတဲ့ ျဖစ္ေပၚလာတဲ့ ေရာဂါေ၀ဒနာေတြ ကိုလည္း သည္းခံတယ္

ရာသီဥတု ဒဏ္ေတြ ကုိိလည္း သည္းခံတယ္ …သည္းခံျပီးေတာ့ လုပ္သင့္ လုပ္ထိုက္တာေတြ ကို ဆက္လုပ္ေနတယ္ ဆိုတဲ့ အဓိပၸါယ္ ကိုေျပာတာေနာ္

မိမိိအေပၚမွာ ဘယ္အရာေတြ ပဲျဖစ္ျဖစ္ သူမ်ားက ေစာ္ကားတဲ့ အရာေတြ လည္း ကုိယ့္အေပၚမွာ တင္ထားလိုက္တယ္ တြန္းဖယ္မခ်ဘူး

ဆင္းရဲဒုကၡေတြ ကိုိလည္း တြန္းဖယ္ မခ်ဘူး လက္ခံ ထားလိုက္တယ္

အဲဒီလိုိ လက္ခံထားႏိုင္တဲ့ စြမ္းရည္ သတၱိေတြနဲ ့ ကုိယ့္စိတ္ဟာ တုန္လႈပ္ေျခာက္ျခားျခင္း မရွိဘဲနဲ ့ အရာရာကုိ ရင္ဆိုင္ျပီးေတာ့ စိတ္အား မပ်က္ဘဲနဲ ့ေနတာ ဒါ သည္းခံတယ္လို ့ေျပာတာ

ခံႏိုင္ရည္ ရွိတယ္ ဆိုတာ ဆန္႔က်င္ဘက္ေတြ လာတဲ့ အခါမွာ ဘယ္လိုပဲ ဆန္ ့က်င္မႈေတြလာလာ ခံႏိုင္ရည္ရွိတယ္

ခံႏိိုင္ရည္ရွိတယ္ ဆိုတဲ့ အဓိပၸါယ္က ဘာကိုေျပာတာ တုန္းဆိုေတာ့ မိိမိအေပၚမွာ ဒုကၡကိုျဖစ္ေပၚေစတတ္တဲ့စိတ္ဓာတ္ကို ေျပာင္းလဲ သြားေစႏို င္တဲ့ မခံႏိုင္ေလာက္တဲ့ အတိုင္းအတာ တစ္ခု ကုိယ့္မွာ ျဖစ္ေပၚလာလို ့ရွိရင္ စိတ္အေျခအေန မေျပာင္းဘဲနဲ ့ခံႏိုင္ရည္ ရွိတာ … အဲဒီခံႏိုင္ရည္ ရွိတာကို ခႏၲီလို ့ေခၚတယ္

ခႏၲီရဲ ့သေဘာကိုိ ေျပာမယ္ ဆိုရင္ ေဒါသမျဖစ္တာလဲ ခႏၲီပဲ … ေမတၱာမပ်က္ေနႏိုင္ တာလည္း ခႏၲီပဲ … အျပံဳးမပ်က္ေနတာ လည္း ခႏၲီ ပဲလို ့ ့ဒီလိုေျပာတယ္

ျပန္မေျပာေပမယ့္လို ့ စိတ္ထဲက ေဒါသထြက္ေနရင္ ခႏၲီမဟုတ္ဘူး … အဓိကက စိတ္ထဲက မည္သို ့မွ် ေျပာင္းလဲျခင္းမရွိဘဲနဲ ့ပင္ကိုယ္စိတ္ အေျခအေနတစ္ခုကို ထိန္းသိမ္း ထားနိုင္တဲ့စိတ္ဓာတ္ အရည္အခ်င္းတစ္မ်ိဳးလို ့ ဒီလိုေခၚ ရမယ္

အဲ့​ေတာ့ လူေတာ္လူေကာင္းျဖစ္ဖို ့ထူးျခားတဲ့ အရည္အခ်င္းေတြနဲ ့ျပည့္စံုဖို႔လို ့ဆိုတဲ့ အခါမွာ ဒီသည္းခံျခင္းဆိုတဲ့ ခႏၲီတရားဟာ အေရးပါတဲ့ တရားျဖစ္တယ္ ​

သည္းခံတယ္ ဆိုတာကို လူေတြက အရႈံးေပးတယ္လို႔ ျမင္ေနၾကတယ္ … သည္းခံတာ ဟာ အရႈံးေပးတာမဟုတ္ဘူး … အႏိုင္ယူတာ သာျဖစ္တယ္​ေပါ့

ေလာက လူသားေတြရဲ ့ရႈံးျခင္းႏိုင္ျခင္းလို ့ဆိုတဲ့ သတ္မွတ္ခ်က္ဟာ ဗုဒၶျမတ္စြာရဲ ့သတ္မွတ္ခ်က္နဲ ့အင္မတန္မွ ကြာျခားတယ္

ေလာကလူေတြက ကုိယ္ကျပန္ မေျပာလိုက္ ရဘူး … ဘာမွမလုပ္ လိုက္ရဘူး ဆိုရင္ ရႈံးတယ္လို ့ထင္ေနတယ္

တကယ္ေတာ့ ကုိိယ္က အႏိုင္ရလိုက္တာ လို႔ … အႏိုင္အရႈံးဆိုတာ ေသေသခ်ာခ်ာ တြက္ခ်က္ၾကည့္တဲ့အခါ သည္းခံမႈက ႏိုင္လိုက္ တယ္ဆိုတာ အင္မတန္မွ ထင္ရွားတယ္

ပါေမာကၡခ်ဳပ္ဆရာေတာ္္

ေဒါက္တာ အရွင္နႏၵမာလာဘိ၀ံသ

Unicode

သည်းခံခြင်း ၏ အကျိုးနှင့် ဂုဏ်ရည်

သည်းခံခြင်းဟူသော ဂုဏ်ရည်

လောကမှာ နေထိုင်တာ တစ်ဦး တစ်ယောက်တည်း နေထိုင်တာ မဟုတ်သည့် အတွက်ကြောင့် သည်းခံခြင်းဆိုတဲ့ ဂုဏ်ရည်ဟာ အများနဲ့ ဆက်ဆံတဲ့ အခါမှာ အလွန်အရေးကြီး တဲ့ ဂုဏ်ရည် တစ်ခုဖြစ်တယ်

ဒါတင်မကဘူး ” သဗ္ဗေပိ ကုသလာ ဓမ္မာ ခန္တရာယတ္တာဝ ဝဋ္ဋဒေး ” တဲ့ … ကုသိုလ်ရဖို့အတွက် အရေးကြီးဆုံးက သည်းခံမှုပဲပေါ့

အဲဒီတော့ သည်းခံမှု မရှိရင် ကုသိုလ်တောင် မရ နိုင်ဘူးလို့ ဒီလို ဆိုလို့ရတယ်

သည်းခံ တယ်လို့ဆိုတဲ့နေရာမှာ သည်းခံ စရာတွေဟာ ဘာတွေရှိသလဲ ဆိုတော့ သည်းခံစရာတွေ လိုက်ကြည့်မယ် ဆိုရင် ကိုယ့်အပေါ်မှာ စော်ကားပြော ဆိုတဲ့ စကား တစ်မျိုးတည်းတင် သည်းခံ စရာမဟုတ်ဘူး

ကိုယ့်ပေါ်မှာ စော်ကားပြော ဆိုတဲ့ စကားကိုလည်း သည်းခံတယ် … ကိုယ့်သန္တာန်မှာ ဖြစ်ပျက်လာတဲ့ ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေ ကိုလည်း သည်းခံတယ်

ရာသီဥတု ဒဏ်တွေ ကိုလည်း သည်းခံတယ် …သည်းခံပြီးတော့ လုပ်သင့် လုပ်ထိုက်တာတွေ ကို ဆက်လုပ်နေတယ် ဆိုတဲ့ အဓိပ္ပါယ် ကိုပြောတာနော်

မိမိအပေါ်မှာ ဘယ်အရာတွေ ပဲဖြစ်ဖြစ် သူများက စော်ကားတဲ့ အရာတွေ လည်း ကိုယ့်အပေါ်မှာ တင်ထားလိုက်တယ် တွန်းဖယ်မချဘူး

ဆင်းရဲဒုက္ခတွေ ကိုလည်း တွန်းဖယ် မချဘူး လက်ခံ ထားလိုက်တယ်

အဲဒီလို လက်ခံထားနိုင်တဲ့ စွမ်းရည် သတ္တိတွေနဲ့ ကိုယ့်စိတ်ဟာ တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲနဲ့ အရာရာကို ရင်ဆိုင်ပြီးတော့ စိတ်အား မပျက်ဘဲနဲ့နေတာ ဒါ သည်းခံတယ်လို့ပြောတာ

ခံနိုင်ရည် ရှိတယ် ဆိုတာ ဆန့်ကျင်ဘက်တွေ လာတဲ့ အခါမှာ ဘယ်လိုပဲ ဆန့်ကျင်မှုတွေလာလာ ခံနိုင်ရည်ရှိတယ်

ခံနိုင်ရည်ရှိတယ် ဆိုတဲ့ အဓိပ္ပါယ်က ဘာကိုပြောတာ တုန်းဆိုတော့ မိမိအပေါ်မှာ ဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့စိတ်ဓာတ်ကို ပြောင်းလဲ သွားစေနို င်တဲ့ မခံနိုင်လောက်တဲ့ အတိုင်းအတာ တစ်ခု ကိုယ့်မှာ ဖြစ်ပေါ်လာလို့ရှိရင် စိတ်အခြေအနေ မပြောင်းဘဲနဲ့ခံနိုင်ရည် ရှိတာ … အဲဒီခံနိုင်ရည် ရှိတာကို ခန္တီလို့ခေါ်တယ်

ခန္တီရဲ့သဘောကို ပြောမယ် ဆိုရင် ဒေါသမဖြစ်တာလဲ ခန္တီပဲ … မေတ္တာမပျက်နေနိုင် တာလည်း ခန္တီပဲ … အပြုံးမပျက်နေတာ လည်း ခန္တီ ပဲလို့ဒီလိုပြောတယ်

ပြန်မပြောပေမယ့်လို့ စိတ်ထဲက ဒေါသထွက်နေရင် ခန္တီမဟုတ်ဘူး … အဓိကက စိတ်ထဲက မည်သို့မျှ ပြောင်းလဲခြင်းမရှိဘဲနဲ့ပင်ကိုယ်စိတ် အခြေအနေတစ်ခုကို ထိန်းသိမ်း ထားနိုင်တဲ့စိတ်ဓာတ် အရည်အချင်းတစ်မျိုးလို့ ဒီလိုခေါ် ရမယ်

အဲ့တော့ လူတော်လူကောင်းဖြစ်ဖို့ထူးခြားတဲ့ အရည်အချင်းတွေနဲ့ပြည့်စုံဖို့လို့ဆိုတဲ့ အခါမှာ ဒီသည်းခံခြင်းဆိုတဲ့ ခန္တီတရားဟာ အရေးပါတဲ့ တရားဖြစ်တယ်

သည်းခံတယ် ဆိုတာကို လူတွေက အရှုံးပေးတယ်လို့ မြင်နေကြတယ် … သည်းခံတာ ဟာ အရှုံးပေးတာမဟုတ်ဘူး … အနိုင်ယူတာ သာဖြစ်တယ်ပေါ့

လောက လူသားတွေရဲ့ရှုံးခြင်းနိုင်ခြင်းလို့ဆိုတဲ့ သတ်မှတ်ချက်ဟာ ဗုဒ္ဓမြတ်စွာရဲ့သတ်မှတ်ချက်နဲ့အင်မတန်မှ ကွာခြားတယ်

လောကလူတွေက ကိုယ်ကပြန် မပြောလိုက် ရဘူး … ဘာမှမလုပ် လိုက်ရဘူး ဆိုရင် ရှုံးတယ်လို့ထင်နေတယ်

တကယ်တော့ ကိုယ်က အနိုင်ရလိုက်တာ လို့ … အနိုင်အရှုံးဆိုတာ သေသေချာချာ တွက်ချက်ကြည့်တဲ့အခါ သည်းခံမှုက နိုင်လိုက် တယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်

ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

 

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …