ရောဂါတစ်ခုခုကြောင့် မဟုတ်ပဲနဲ့လဲ လက်တုန်ခြင်းဖြစ်နိုင်ပါတယ် - Amawpyay


Health






(၂) B12 ချို့တဲ့ခြင်း


(၃) စိတ်ဖိစီးမှုများ










Credit

Unicode

ရောဂါတစ်ခုခုကြောင့် မဟုတ်ပဲနဲ့လဲ လက်တုန်ခြင်းဖြစ်နိုင်ပါတယ်

ကျွန်တော်တို့ဟာ လက်တုန်တယ်ဆိုရင် စိုးရိမ် တတ်ကြ ပါတယ်၊ ငါဟာ အရက်လဲမသောက်ပဲနဲ့ တုန်နေတော့ ဘာရောဂါ များဖြစ်နေပြီ လဲပေါ့လေ။

ဒါပေမယ့် အသက်အရွယ်ကြီးလို့ လက်တုန်တာ မဟုတ်ဘူး ဆိုရင် လက်တုန်ခြင်းက ရောဂါ တစ်ခုဖြစ်နေ တယ်လို့ အမြဲတမ်း မဆို လိုပါဘူး။ ဘာရောဂါမှ ထွေထွေထူးထူးမရှိပဲ လက်တုန်တာလဲ ဖြစ်နိုင်ပါတယ်။

(၁) ပုံမှန်သောက်ဆေးများ

အခုသော ပုံမှန် စွဲသောက် ရတဲ့ ဆေးတွေ (ဥပမာ antidepressive) ဟာ dopamine ဟော်မုန်းlevel ကို ကျဆင်းစေတဲ့ အတွက် ဦးနှောက်တွင်း တစ်နေရာမှ တစ်နေရာ သတင်း ဆက်သွယ်မှု အားနည်းသွ ားပြီး တုန်ရီခြင်း၊ လက်တုန်ခြင်း ဖြစ်နိုင်ပါတယ်။

(၂) B12 ချို့တဲ့ခြင်း

B12 နဲ့ သင့်ဦးနှောက်နဲ့ဟာ မဟာ မိတ်ပါ။ B12 ချို့တဲ့ မယ်ဆိုရင်တော့ သင့်ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေ နှေးသွားပြီး ခြေလက်တုန် ရီခြင်းဖြစ်နိုင် ပါတယ်။ B12 ကို အသားများ၊ ငါးများ၊ ဥအမျိုးမျိုး၊ နွားနို့များမှာ ရှာနိုင် ပါတယ်။ အခြား အကြောင်းအရင်းကြောင့် လက်တုန်တာ မဟုတ်ဘူး ဆိုရင် B12 ထိုးခြင်းဖြင့် တုန်ရီခြင်းကို သက်သာစေ ပါတယ်။

(၃) စိတ်ဖိစီးမှုများ

ငွေရေးကြေးရေး အခက်အခဲများ၊ လုပ်ငန်းခွင် အဆင်မပြေ မှုများ၊ ကျန်းမာရေး ပူပန်မှုများ၊ ဖိစီးမှုများက လက်တုန်ခြင်းကို ပိုမို ဆိုးဝါးစေ ပါတယ်။

အလွန်အမင်း ဒေါသထွက်ခြင်း၊ အလွန်ဆာလောင်ခြင်း၊ အိပ်ရေးပျက်ခြင်းတွေ ကလဲ သင့်ကို လက်တုန်ခြင်းကို ဖြစ်စေနိုင်ပြီး ထိုကဲ့သို့ လက်တုန်ခြင်းကို physiological tremor လို့ခေါ် ပါတယ်။

(၄) သွေးတွင်းအချိုဓာတ်ကျဆင်းခြင်း

Hyopglycaemia လို့ခေါ်တဲ့ သွေးတွင်း အချိုဓာတ် ကျဆင်းတဲ့ အချိန်တွေမှာလဲ ကိုယ်ခန္ဒာ၏ အလို အလျောက်တုံ့ပြန်မှုက လက်တုန်ခြေ တုန်ဖြစ်စေ ပါတယ်။

(၅) ဟိုက်ပါသိုင်းရွိုက်ရောဂါ

ဟိုက်ပါ သိုင်းရွိုက်ရောဂါဖြစ် အခါမှာလဲ ပိုလျှံလာတဲ့ သိုင်းရွိုက်ဟော်မုန်းများ (T3 / T4) များဟာ ဇီဝရုပ် ဖြစ်ပျက်ခြင်းကို မြန်ဆန်စေပြီး နှလုံးခုန်မြန်ခြင်း၊ လက်တုန်ခြင်းတွေကို ဖြစ်စေ ပါတယ်။

(၆) အာရုံကြောများပျက်စီးခြင်း

ထိခိုက်မှုတစ်ခုခုကြောက်ဖြစ်စေ၊ ရောဂါ တစ်ခုခုကြောင့်ဖြစ်စေ သင့်ရဲ့ ဗဟို ဦးနှောက်စနစ်ကို ထိခိုက်စေပြီး ခြေလက်တုန်ရီခြင်း ကိုဖြစ်စေ ပါတယ်။ ဒီလို တုန်ရီခြင်းမျိုးကို Peripheral neuropathy လို့ခေါ်ပါတယ်။

No Comments

Leave a Reply

Your email address will not be published.

အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့
Health
အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့

အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့ လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်ရောဂါ စွဲကပ်လာပါတယ်.. အိပ်ယာထချိန် နံက်အစောပိုင်းဆို အတော်လေးမွှန်ပါသည်.. မနားမနေကိုနှာချေပါသည်။ အင်္ဂလိပ်ဆေး.. { စီထရင်း (သိုမဟုတ်) ဘာမီတွန်} သောက်ရင် ပျောက်ပါသည် ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါတော့သည်။ တကယ်မွှန်တဲ့နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ ၃ ထည်လောက် နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊ တရားမှတ်ချိန်ဆို နှာရည်တွေ တောက်တောက် တောက်တောက်နဲ့ အောက်ကိုစီးကျနေလောက်အောင်ကို မွှန်ပါတယ်… အနံဆိုးများတော့ မထွက်သေးပါ။ လွန်ခဲ့တဲ့ ၃ လခန့်က fbပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်လေးတစ်ခု ဖတ်ရပါသည်။ သူ ၁၄ …

အသက်ရှည်လိုပါက (ဂျင်း) ကို မြိုပါ ” – မှတ်သားဖွယ်ရာ တိဗက်ဆရာေ တာ် တစ်ပါး၏ နည်းလေးပါ
Health
အသက်ရှည်လိုပါက (ဂျင်း) ကို မြိုပါ ” – မှတ်သားဖွယ်ရာ တိဗက်ဆရာေ တာ် တစ်ပါး၏ နည်းလေးပါ

အသက်ရှည်လိုပါက (ဂျင်း) ကို မြိုပါ ” – မှတ်သားဖွယ်ရာ တိဗက်ဆရာေ တာ် တစ်ပါး၏ နည်းလေးပါ မြန်မာနိုင်ငံမှ ဆရာဝန် တစ်ဦး တိဗက် နိုင် ငံကို အလည်အပတ် ရောက် သွားခဲ့ပါတယ်။ မိတ်ဆွေတစ်ယောက်၏ ညွှန်ကြားမှု ဖြင့် တောင် ပေါ်ရွာ လေးတစ် ရွာ၏ဘုန်းတော်ကြီးကျော င်းတစ်ကျောင်းမှာ တည်းခိုခွင့် ရခဲ့ပါတယ်။ ထို ဘုန်းကြီးတော်ကြီး ကျောင်း၏ ကျောင်းထိုင် ဆရာတော် လက်ထောက် ဆရာတော်တို့ မှာ အင်္ဂလိပ်စကားကို အ တော်အသင့်ပြော နိုင်ကြရကား ယင်းဆရာဝန် အတွက်လွန်စွာ အဆင်ြေ ပ ချောမွေ့ လှပေသည် ဧည့်ခံလိုက်သ ည်မှာလည်း …

Health
ခြေဖနောင့်ကွဲတာကို အချိန်တိုတိုနဲ့ သက်သာသွားစေမယ့် သဘာဝနည်းလမ်းများ

ခြေဖနောင့်ကွဲတာကို အချိန်တိုတိုနဲ့ သက်သာသွားစေမယ့် သဘာဝနည်းလမ်းများ ခြေဖနောင့်ကွဲနေပြီ ဆိုရင် ခန္ဓါကိုယ်မှာ ရေဓါတ်ခန်းခြောက် တယ် ဆိုပြီး လူအများစု ထင်ကြ ပါတယ်။ ဒါပေမယ့် တခြားသော အကြောင်းအရင်းတွေ ကြောင့်လည်း ခြေဖနောင့် ကွဲတတ် ပါတယ်။ ၆။ ကိုယ်အလေး ချိန်များခြင်း ကိုယ်အလေးချိန် များလာတဲ့ အခါ ခြေဖနောင့်မှာ ဖိအားတွေ များလာ ပါတယ်။ အဲဒီအခါ ခြေဖနောင့်မှာ အစိုဓါတ် မရှိတော့ဘဲ ခြေဖနောင့်ကွဲ သွားတာပါ။ ကိုယ်အလေးချိန်ကို ထိန်းသိမ်း လိုက်ရင် ခြေဖနောင့်ကွဲ တာလည်း သက်သာ သွားမှာ ပါ။ ၅။ ဗီတာမင်ဓါတ် ချို့တဲ့ခြင်း ခန္ဓါကိုယ်မှာ ဗီတာမင်၊ သတ္ထုဓါတ်နဲ့ …