
“ရဟန္းသံဃာကို ဖိနပ္မခြၽတ္ပဲ လႉရင္ အလႉေျမာက္ပါသလား?”
ရဟန္းသံဃာကို လႉရင္ ဖိနပ္ခြၽတ္ ၿပီးမွ လႉရတယ္လို႔ မိဘဆရာ မ်ားက သင္ခဲ့ၾက ပါတယ္။ ဖိနပ္မခြၽတ္ပဲ လႉခဲ့ရင္ အလႉေျမာက္ ပါသလား?။
အက်ိဳးအပစ္ ရွိပါသလား။
ရဟန္းေတြရဲ႕ ၂၂၇ သြယ္ေသာ သိကၡာပုတ္မွာ ေျခနင္း၊ ဖိနပ္ စီးထာ ေသာ သူကို တရားမေဟာရ ဟု ပါရွိပါ တယ္။
ဒါေၾကာင့္ အကယ္၍ မိမိမွ ဖိနပ္မခြၽတ္ပဲ လႈဒါန္းရင္ အလႈခံ ရဟန္းမွ တရားေဟာေျပာျခင္လွ်င္ေတာင္မွ ေဟာေျပာခြင့္ မရ ျဖစ္ေနမွာ ျဖစ္တဲ့ အတြက္ေၾကာင့္ ဖိနပ္ မစီးသင့္ ပါဘူး။
ဘုန္းႀကီးေက်ာင္းဝင္းအတြင္းဝင္ လွ်င္ ဖိနပ္ခြၽတ္ဝင္ ၾကေသာ သေဘာတရားနဲ႔ အတူတူပါပဲ။ သာသနာေတာ္မွာ သီးသန႔္ သတ္မွတ္ (ဖိနပ္ခြၽတ္ရမည္ဟု) ထားတာ မေတြ႕ရွိပါ။
ဖိနပ္မခြၽတ္လည္း အလႉေတာ့ေျမာက္တယ္ ဒါေပမယ့္ သကၠစၥ မျဖစ္ ပါဘူး။ ဒါနအက်ိဳးရတယ္ သကစၥအက်ိဳး မရပါဘူး။
သကၠစၥဆိုတာ ႐ို႐ိုေသေသလႉတာ ေလးေလးစားစားလႉတာ ကိုေျပာတာပါ။ ဒါန အက်ိဳးေၾကာင့္ႂကြယ္ဝမယ္၊ အေႁခြအရံေပါမယ္။
ဒါေပမယ့္ သကၠစၥ မျဖစ္ေတာ့ အေႁခြအရံကအစ ကိုယ့္ကို မေလးစား ဘူးေပါ့။ လူေလးစား မခံရဘူးေပါ့။
ဘႀကီးေတာ္မင္းနဲ႔ မယ္ႏုတို႔ဟာ အဖိုး၃သိန္းတန္တဲ့ အုတ္ေက်ာင္း ကိုေရစက္ခ် တဲ့ေန႔မွာ ဆရာေတာ္ဦးဗုဓ္ဟာ ကန္ေတာ့ခန္းၿပီး တာေတာင္ သီလ မေပးဘူး တဲ့။
ဘာလို႔လဲ ဆိုေတာ့ ဘႀကီးေတာ္ဟာ ထိျခင္းငါးပါးနဲ႔ မရွိခိုးပဲ ေခါင္းအုံးခံ ထားလို ႔တဲ့။
ေခါင္း အုံး ဖယ္ ၿပီး တာ ေတာင္ ရွိ ခိုး တာ အ ခ်ိဳး က် မွ သီ လ ေပး သ တဲ့ ဗ်ာ။
Credit: မဂၤလာ သတင္းစဥ္ မွ ကူးယူေဖာ္ျပသည္။
Unicode
“ရဟန်းသံဃာကို ဖိနပ်မချွတ်ပဲ လှူရင် အလှူမြောက်ပါသလား?”
ရဟန်းသံဃာကို လှူရင် ဖိနပ်ချွတ် ပြီးမှ လှူရတယ်လို့ မိဘဆရာ များက သင်ခဲ့ကြ ပါတယ်။ ဖိနပ်မချွတ်ပဲ လှူခဲ့ရင် အလှူမြောက် ပါသလား?။
အကျိုးအပစ် ရှိပါသလား။
ရဟန်းတွေရဲ့ ၂၂၇ သွယ်သော သိက္ခာပုတ်မှာ ခြေနင်း၊ ဖိနပ် စီးထာ သော သူကို တရားမဟောရ ဟု ပါရှိပါ တယ်။
ဒါကြောင့် အကယ်၍ မိမိမှ ဖိနပ်မချွတ်ပဲ လှုဒါန်းရင် အလှုခံ ရဟန်းမှ တရားဟောပြောခြင်လျှင်တောင်မှ ဟောပြောခွင့် မရ ဖြစ်နေမှာ ဖြစ်တဲ့ အတွက်ကြောင့် ဖိနပ် မစီးသင့် ပါဘူး။
ဘုန်းကြီးကျောင်းဝင်းအတွင်းဝင် လျှင် ဖိနပ်ချွတ်ဝင် ကြသော သဘောတရားနဲ့ အတူတူပါပဲ။ သာသနာတော်မှာ သီးသန့် သတ်မှတ် (ဖိနပ်ချွတ်ရမည်ဟု) ထားတာ မတွေ့ရှိပါ။
ဖိနပ်မချွတ်လည်း အလှူတော့မြောက်တယ် ဒါပေမယ့် သက္ကစ္စ မဖြစ် ပါဘူး။ ဒါနအကျိုးရတယ် သကစ္စအကျိုး မရပါဘူး။
သက္ကစ္စဆိုတာ ရိုရိုသေသေလှူတာ လေးလေးစားစားလှူတာ ကိုပြောတာပါ။ ဒါန အကျိုးကြောင့်ကြွယ်ဝမယ်၊ အခြွေအရံပေါမယ်။
ဒါပေမယ့် သက္ကစ္စ မဖြစ်တော့ အခြွေအရံကအစ ကိုယ့်ကို မလေးစား ဘူးပေါ့။ လူလေးစား မခံရဘူးပေါ့။
ဘကြီးတော်မင်းနဲ့ မယ်နုတို့ဟာ အဖိုး၃သိန်းတန်တဲ့ အုတ်ကျောင်း ကိုရေစက်ချ တဲ့နေ့မှာ ဆရာတော်ဦးဗုဓ်ဟာ ကန်တော့ခန်းပြီး တာတောင် သီလ မပေးဘူး တဲ့။
ဘာလို့လဲ ဆိုတော့ ဘကြီးတော်ဟာ ထိခြင်းငါးပါးနဲ့ မရှိခိုးပဲ ခေါင်းအုံးခံ ထားလို့တဲ့။
ခေါင်း အုံး ဖယ် ပြီး တာ တောင် ရှိ ခိုး တာ အ ချိုး ကျ မှ သီ လ ပေး သ တဲ့ ဗျာ။
Credit: မင်္ဂလာ သတင်းစဉ် မှ ကူးယူဖော်ပြသည်။
No Comments