
အခ်စ္စစ္ အခ်စ္မွန္နဲ႔ ဆံုေတြ႔ေနၿပီျဖစ္ေၾကာင္း သက္ေသျပေနတဲ့ လကၡဏာရပ္မ်ား
Right time Right person ဆိုၿပီးေျပာေလ့ ရွိၾကေပမယ့္ လြယ္လြယ္ဆံု ဖို႔ေတာ့ ခဲယဥ္း ပါတယ္။ Right Person မေရာက္ခင္ မွာလည္း အခ်စ္ကို မွားယြင္းၿပီး ေတြ႔ဆံုတတ္ ၾကပါေသးတယ္။
ဒီလို ဆိုေပမယ့္္လည္း အခ်စ္ကို တန္းၿပီးေတြ႔ၾကတဲ့ သူေတြနဲ႔ အခ်ိန္တို အတြင္း ေတြ႔ၾကတဲ့သူေတြလည္း ရွိၾက ပါတယ္။ ဒီေတာ့ အခ်စ္စစ္နဲ႔ ႀကံဳေနၿပီလား ဆိုတာကို သိခ်င္ ရင္ေတာ့
(၁) စိတ္ခ်င္းဆက္တယ္
တစ္ေယာက္ကို တစ္ေယာက္ခ်စ္ၾက တဲ့သူေတြက စိတ္ခ်င္း ဆက္ေနၾက တာ မ်ားပါတယ္။ ကိုယ္ တစ္ခုခုကို စားခ်င္ေနတဲ့ အခ်ိန္မွာ သူကလည္း စားခ်င္ေန တာမ်ိဳး၊ အက်ႌအေရာင္ ဆင္တူ ဝတ္ထားတတ္တာမ်ိဳးေတြကို မၾကာခဏ တိုက္ဆိုင္ေန ၾကမွာပါ။
(၂) စကားေျပာစရာ မလုိဘူး
မ်က္ဝန္းခ်င္း စကားေျပာတယ္ ဆိုတာက အခ်စ္ကို ေတြ႔ၾကတဲ့ သူေတြသာ သိတာပါ။ တစ္ေယာက္ကို တစ္ေယာက္ စကားေတြ ေျပာေနစရာမလုိပဲ အၾကည့္နဲ႔တင္ သူဘာကို ေျပာတယ္ဆိုတာ သိတာမ်ိဳးက အခ်စ္္စစ္ အခ်စ္မွန္ေတြ မွာပဲ ရွိၾကပါ။ အဲ့သည့္ စကားေျပာတဲ့ အၾကည့္ေတြမွာပဲ အျပန္အလွန္ ရင္ခုန္ၾကတာပဲ ျဖစ္ပါတယ္။
(၃) တစ္ေယာက္ကို တစ္ေယာက္ သိတယ္
ဘယ္လိုပဲ လူေတြ တစ္ေယာက္ကို တစ္ေယာက္ ရင္းႏွီးတယ္ ဆိုၾကပါေစ တစ္ေယာက္ကို တစ္ေယာက္ သိဖို႔ ခက္ပါ တယ္။ သူ ဘာေတြ ႀကိဳက္တတ္ တယ္။ ဘယ္လိုေတြ မႀကိဳက္ဘူး ဆိုတာေတြကို သတိထားမိေန တတ္တာက အခ်စ္စစ္ အခ်စ္မွန္ကို ခံစား ရေတာ့မွ သိၾကတာပါ။
(၄) အေလွ်ာ့ေပးတယ္
ခ်စ္ၾကတဲ့ သူေတြက စိတ္ဆိုးရင္ေတာင္ ၾကာၾကာစိတ္ဆိုးေလ့ မရွိၾက ပါဘူး။ တစ္ဖက္ဖက္ကေန အေလွ်ာ့ေပးရင္း ျပန္ေျပလည္ သြားၾကတာ မ်ားပါတယ္။ သူ႔ဘက္ ကိုယ့္ဘက္ အေလွ်ာ့ေပးရင္း ဖူးစာဖက္ေတြ ျဖစ္ေနတတ္ တာပါ။
(၅) သူစိမ္းမဆန္ဘူး
ခ်စ္သူေတြ ျဖစ္သြားၾကတိုင္း ရင္းႏွီးသြား ၾကတာမ်ိဳး မဟုတ္ပါဘူး။ လူခ်င္း ရင္းႏွီးရင္ေတာင္မွ စိတ္ခ်င္း မရင္းႏွီ းတာေတြလည္း ရွိပါတယ္။ ဒါေပမယ့္လည္း အခ်စ္စစ္ကို ပိုင္ဆိုင္ထားၾကသူေတြကေတာ့ ႏွစ္ကိုယ့္ တစ္စိတ္လို ရင္းႏွီးေနတတ္ ပါတယ္။ ဒါေၾကာင့္ သူစိမ္းထက္ မိသားစုလို ခံစားေနတတ္ပါတယ္။
Kham
Credit
Unicode
အချစ်စစ် အချစ်မှန်နဲ့ ဆုံတွေ့နေပြီဖြစ်ကြောင်း သက်သေပြနေတဲ့ လက္ခဏာရပ်များ
Right time Right person ဆိုပြီးပြောလေ့ ရှိကြပေမယ့် လွယ်လွယ်ဆုံ ဖို့တော့ ခဲယဉ်း ပါတယ်။ Right Person မရောက်ခင် မှာလည်း အချစ်ကို မှားယွင်းပြီး တွေ့ဆုံတတ် ကြပါသေးတယ်။
ဒီလို ဆိုပေမယ့််လည်း အချစ်ကို တန်းပြီးတွေ့ကြတဲ့ သူတွေနဲ့ အချိန်တို အတွင်း တွေ့ကြတဲ့သူတွေလည်း ရှိကြ ပါတယ်။ ဒီတော့ အချစ်စစ်နဲ့ ကြုံနေပြီလား ဆိုတာကို သိချင် ရင်တော့
(၁) စိတ်ချင်းဆက်တယ်
တစ်ယောက်ကို တစ်ယောက်ချစ်ကြ တဲ့သူတွေက စိတ်ချင်း ဆက်နေကြ တာ များပါတယ်။ ကိုယ် တစ်ခုခုကို စားချင်နေတဲ့ အချိန်မှာ သူကလည်း စားချင်နေ တာမျိုး၊ အင်္ကျီအရောင် ဆင်တူ ဝတ်ထားတတ်တာမျိုးတွေကို မကြာခဏ တိုက်ဆိုင်နေ ကြမှာပါ။
(၂) စကားပြောစရာ မလိုဘူး
မျက်ဝန်းချင်း စကားပြောတယ် ဆိုတာက အချစ်ကို တွေ့ကြတဲ့ သူတွေသာ သိတာပါ။ တစ်ယောက်ကို တစ်ယောက် စကားတွေ ပြောနေစရာမလိုပဲ အကြည့်နဲ့တင် သူဘာကို ပြောတယ်ဆိုတာ သိတာမျိုးက အချစ်စစ် အချစ်မှန်တွေ မှာပဲ ရှိကြပါ။ အဲ့သည့် စကားပြောတဲ့ အကြည့်တွေမှာပဲ အပြန်အလှန် ရင်ခုန်ကြတာပဲ ဖြစ်ပါတယ်။
(၃) တစ်ယောက်ကို တစ်ယောက် သိတယ်
ဘယ်လိုပဲ လူတွေ တစ်ယောက်ကို တစ်ယောက် ရင်းနှီးတယ် ဆိုကြပါစေ တစ်ယောက်ကို တစ်ယောက် သိဖို့ ခက်ပါ တယ်။ သူ ဘာတွေ ကြိုက်တတ် တယ်။ ဘယ်လိုတွေ မကြိုက်ဘူး ဆိုတာတွေကို သတိထားမိနေ တတ်တာက အချစ်စစ် အချစ်မှန်ကို ခံစား ရတော့မှ သိကြတာပါ။
(၄) အလျှော့ပေးတယ်
ချစ်ကြတဲ့ သူတွေက စိတ်ဆိုးရင်တောင် ကြာကြာစိတ်ဆိုးလေ့ မရှိကြ ပါဘူး။ တစ်ဖက်ဖက်ကနေ အလျှော့ပေးရင်း ပြန်ပြေလည် သွားကြတာ များပါတယ်။ သူ့ဘက် ကိုယ့်ဘက် အလျှော့ပေးရင်း ဖူးစာဖက်တွေ ဖြစ်နေတတ် တာပါ။
(၅) သူစိမ်းမဆန်ဘူး
ချစ်သူတွေ ဖြစ်သွားကြတိုင်း ရင်းနှီးသွား ကြတာမျိုး မဟုတ်ပါဘူး။ လူချင်း ရင်းနှီးရင်တောင်မှ စိတ်ချင်း မရင်းနှီ းတာတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း အချစ်စစ်ကို ပိုင်ဆိုင်ထားကြသူတွေကတော့ နှစ်ကိုယ့် တစ်စိတ်လို ရင်းနှီးနေတတ် ပါတယ်။ ဒါကြောင့် သူစိမ်းထက် မိသားစုလို ခံစားနေတတ်ပါတယ်။
Kham
No Comments