သင္ဆီမွာ မေကာင္းျမင္တဲ့စိတ္ ဖံုးလႊမ္းေနတာ ဟုတ္မဟုတ္ ဒီအခ်က္ေလးေတြနဲ႔ ဆန္းစစ္ၾကည့္ပါ - Amawpyay

သင္ဆီမွာ မေကာင္းျမင္တဲ့စိတ္ ဖံုးလႊမ္းေနတာ ဟုတ္မဟုတ္ ဒီအခ်က္ေလးေတြနဲ႔ ဆန္းစစ္ၾကည့္ပါ

သင္ဆီမွာ မေကာင္းျမင္တဲ့စိတ္ ဖံုးလႊမ္းေနတာ ဟုတ္မဟုတ္ ဒီအခ်က္ေလးေတြနဲ႔ ဆန္းစစ္ၾကည့္ပါ
Knowledge

သင္ဆီမွာ မေကာင္းျမင္တဲ့စိတ္ ဖံုးလႊမ္းေနတာ ဟုတ္မဟုတ္ ဒီအခ်က္ေလးေတြနဲ႔ ဆန္းစစ္ၾကည့္ပါ

လူတိုင္းရဲ႕ စိတ္္ထဲမွာ အေမွာင္ျခမ္းနဲ႔ အလင္းျခမ္း ဆိုတာ ႐ွိစၿမဲပါ။ တစ္ခါတစ္ေလ ဘယ္ေလာက္ပဲ ေကာင္းတဲ့သူပဲျဖစ္ျဖစ္ အေမွာင္ျခမ္း ဘက္က အားသာလာတဲ့ အခါမ်ိဳးမွာ ဆိုးသြမ္းတဲ့ စိတ္ကေလးေတာ့ ဝင္ဖူးၾကမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လုိ႔ ဒါက ကိုယ့္ကိုယ္ကို ဆုိးသြမ္း ယုတ္မာတဲ့သူ အျဖစ္ သတ္မွတ္လုိ႔ မရပါဘူး။ ပုထုဇာဥ္လူသားေတြမုိ႔ အေကာင္းနဲ႔အဆုိးေတြဟာ ဒြန္တြဲေနတတ္ ပါတယ္ေနာ္။ ကိုယ့္ရဲ႕ စိတ္ထဲမွာ မေကာင္းျမင္တဲ့စိတ္ေလးေတြ အနည္းငယ္ ဖံုးလႊမ္းေနတာ ဟုတ္မဟုတ္ကို ဒီအခ်က္ေလးေတြနဲ႔ စမ္းသပ္ ႏုိင္္ပါတယ္။

သူတစ္ပါး စိ္တ္မေကာင္းျဖစ္သြားတာကို ႀကိတ္ဝမ္းသာမိတတ္တယ္

တစ္ခါတစ္ေလ ကိုယ္ၾကည့္မရတဲ့၊ ကိုယ္မုန္းတဲ့ တစ္စံုတစ္ေယာက္ စိတ္မေကာင္္းျဖစ္ေနတဲ့ အခ်ိန္္မ်ိဳးမွာ ကိုယ္ကိုယ္တုိင္ သတိမထားမိပဲ လိႈက္ခနဲ ႀကိတ္ဝမ္းသာ မိတဲ့ အခ်ိန္ေတြ ႐ွိဖူးလား။

ဒါက တစ္ဘက္လူ ဒုကၡေရာက္ စိတ္မေကာင္းျဖစ္ေန တာကို ဝမ္းသာလြန္းလို႔ ျဖစ္သြားတာ မဟုတ္ေပမယ့္ ဒါက သူ႔ထိုက္နဲ႔သူ ႔ကံ အက်ိဳးေပးတာလုိ႔ ေတြးဖူးတယ္ ဆုိရင္ေတာ့ သင့္ရဲ႕စိတ္မွာ အနည္းငယ္ေတာ့ စိတ္႐ိုင္းေလး ဝင္ေရာက္ေန လုိ႔ ပါေနာ္။

မ႐ိုးသားတဲ့ စိတ္ကေလးေတြ ႐ွိေနတတ္တယ္

ဘယ္ေလာက္ပဲ ႐ိုးသားပါ တယ္ေျပာေျပာ ကိုယ္အျမင္မၾကည္တဲ့ တစ္စံုတစ္ေယာက္က ကိုယ့္ထက္ သာသြားတဲဲ့ အေျခအေနမ်ိဳး၊ ကိုယ့္ထက္ ပိုေကာင္းတဲ့ အခြင့္အလမ္းမ်ိဳးကို ရသြားတဲဲ့ အခါမွာ အနည္းငယ္ေတာ့ မနာလုိစိတ္ဆုိိတာ ျဖစ္တတ္ စျမဲ ပါေနာ္။

ဒါကို အျပစ္္လုိ႔ ေျပာလုိ ႔မရေပမယ့္ အဲဒီ႔မေကာင္းတဲ့ စိတ္ေလးကို ပိုၿပီး မႀကီးထြား လာေအာင္ေတာ့ ထိန္းသိမ္းတတ္ဖုိ႔ လုိပါတယ္။

ကိုယ္က်ိဳးတစ္ခုပဲ ၾကည့္္တတ္တဲ့ အေျခေနျဖစ္သြားတတ္တယ္

လူတစ္ေယာက္အေပၚ တစ္ခုခု တံုံ႔ျပန္္လုိက္ ၿပီးမွ ကုိယ့္ကိုယ္ကို ေနာင္တရ မိတဲ့ အခုိက္အတန္႔ဆိုတာလည္း ႐ွိဖူးၾကမွာပါ။ တစ္ခါတစ္ေလမွာ ကိုယ့္ရဲ႕အျပဳအမူ တစ္ခ်ိဳ႕ဟာ တစ္ျခားသူ အေပၚ မစာနာသလုိျဖစ္သြားတတ္ၿပီး ကိုယ္က်ိဳး တစ္ခုတည္း ၾကည့္ျဖစ္လုိက္တာ မ်ိဳးေပါ့။

ဒါကလည္း ကိုယ့္ရဲ႕စိတ္ထဲမွာ အေမွာင္ျခမ္းေလးက အားေကာင္းေနတဲ့ အခ်ိန္မ်ိဳးမွာ ျဖစ္ေပၚလာတတ္တဲ့ အခုိက္အတန္႔မ်ိဳး ျဖစ္ပါတယ္ေနာ္။

ဆုိးသြမ္းတဲ့ မိတ္ေဆြ၊ သူငယ္ခ်င္းမ်ိဳး လုပ္မိတတ္တယ္

ကိုယ္စိတ္မၾကည္တဲ့ အခ်ိန္ မ်ိဳးမွာ သူငယ္ခ်င္းကို စိတ္ထင္သလုိ ဆက္ဆံ မိလုိက္ တာမ်ိိဳး၊ သူစိတ္မေကာင္းျဖစ္သြားေအာင္ တမင္တကာ ေျပာလုိက္မိတဲ့ အေျခအေန မ်ိဳးေတြလည္း ႐ွိတတ္ ပါတယ္ေနာ္။

ဒါေတြက ကိုယ့္ရဲ႕ မေကာင္းတဲ့ စိတ္ေလးေၾကာင့္ ျဖစ္ေပၚလာခဲ့ တာျဖစ္ၿပီး မရည္႐ြယ္ေပမယ့္ အေမွာင္ျခမ္းက အားသာေနတဲ့ အတြက္ လုပ္လုိက္မိ သြားတာ ျဖစ္ပါ တယ္။ ဒါေတြက သင့္စိတ္ထဲမွာ မေကာင္းတဲ့စိတ္အနည္္းငယ္ လႊမ္းမိုးေနတယ္ ဆုိတာ ေဖာ္ျပေန ပါတယ္ေနာ္။

ဒီမေကာင္းတဲ့စိတ္ကို ထိန္းခ်ဳပ္ ႏုိင္သြား ရင္ေတာ့ ဒီစိတ္ဓာတ္ေလးက တျဖည္းျဖည္း အေရာင္ေမွးမွိန္လာၿပီး အလင္းဘက္က အားသာလာမွာ ျဖစ္ပါတယ္။

Khin

Credit

Unicode

သင်ဆီမှာ မကောင်းမြင်တဲ့စိတ် ဖုံးလွှမ်းနေတာ ဟုတ်မဟုတ် ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်ပါ

လူတိုင်းရဲ့ စိတ်ထဲမှာ အမှောင်ခြမ်းနဲ့ အလင်းခြမ်း ဆိုတာ ရှိစမြဲပါ။ တစ်ခါတစ်လေ ဘယ်လောက်ပဲ ကောင်းတဲ့သူပဲဖြစ်ဖြစ် အမှောင်ခြမ်း ဘက်က အားသာလာတဲ့ အခါမျိုးမှာ ဆိုးသွမ်းတဲ့ စိတ်ကလေးတော့ ဝင်ဖူးကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဒါက ကိုယ့်ကိုယ်ကို ဆိုးသွမ်း ယုတ်မာတဲ့သူ အဖြစ် သတ်မှတ်လို့ မရပါဘူး။ ပုထုဇာဉ်လူသားတွေမို့ အကောင်းနဲ့အဆိုးတွေဟာ ဒွန်တွဲနေတတ် ပါတယ်နော်။ ကိုယ့်ရဲ့ စိတ်ထဲမှာ မကောင်းမြင်တဲ့စိတ်လေးတွေ အနည်းငယ် ဖုံးလွှမ်းနေတာ ဟုတ်မဟုတ်ကို ဒီအချက်လေးတွေနဲ့ စမ်းသပ် နိုင်ပါတယ်။

သူတစ်ပါး စိတ်မကောင်းဖြစ်သွားတာကို ကြိတ်ဝမ်းသာမိတတ်တယ်

တစ်ခါတစ်လေ ကိုယ်ကြည့်မရတဲ့၊ ကိုယ်မုန်းတဲ့ တစ်စုံတစ်ယောက် စိတ်မကောင်းဖြစ်နေတဲ့ အချိန်မျိုးမှာ ကိုယ်ကိုယ်တိုင် သတိမထားမိပဲ လှိုက်ခနဲ ကြိတ်ဝမ်းသာ မိတဲ့ အချိန်တွေ ရှိဖူးလား။

ဒါက တစ်ဘက်လူ ဒုက္ခရောက် စိတ်မကောင်းဖြစ်နေ တာကို ဝမ်းသာလွန်းလို့ ဖြစ်သွားတာ မဟုတ်ပေမယ့် ဒါက သူ့ထိုက်နဲ့သူ့ကံ အကျိုးပေးတာလို့ တွေးဖူးတယ် ဆိုရင်တော့ သင့်ရဲ့စိတ်မှာ အနည်းငယ်တော့ စိတ်ရိုင်းလေး ဝင်ရောက်နေ လို့ ပါနော်။

မရိုးသားတဲ့ စိတ်ကလေးတွေ ရှိနေတတ်တယ်

ဘယ်လောက်ပဲ ရိုးသားပါ တယ်ပြောပြော ကိုယ်အမြင်မကြည်တဲ့ တစ်စုံတစ်ယောက်က ကိုယ့်ထက် သာသွားတဲ့ အခြေအနေမျိုး၊ ကိုယ့်ထက် ပိုကောင်းတဲ့ အခွင့်အလမ်းမျိုးကို ရသွားတဲ့ အခါမှာ အနည်းငယ်တော့ မနာလိုစိတ်ဆိုတာ ဖြစ်တတ် စမြဲ ပါနော်။

ဒါကို အပြစ်လို့ ပြောလို့မရပေမယ့် အဲဒီ့မကောင်းတဲ့ စိတ်လေးကို ပိုပြီး မကြီးထွား လာအောင်တော့ ထိန်းသိမ်းတတ်ဖို့ လိုပါတယ်။

ကိုယ်ကျိုးတစ်ခုပဲ ကြည့်တတ်တဲ့ အခြေနေဖြစ်သွားတတ်တယ်

လူတစ်ယောက်အပေါ် တစ်ခုခု တုံံ့ပြန်လိုက် ပြီးမှ ကိုယ့်ကိုယ်ကို နောင်တရ မိတဲ့ အခိုက်အတန့်ဆိုတာလည်း ရှိဖူးကြမှာပါ။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့အပြုအမူ တစ်ချို့ဟာ တစ်ခြားသူ အပေါ် မစာနာသလိုဖြစ်သွားတတ်ပြီး ကိုယ်ကျိုး တစ်ခုတည်း ကြည့်ဖြစ်လိုက်တာ မျိုးပေါ့။

ဒါကလည်း ကိုယ့်ရဲ့စိတ်ထဲမှာ အမှောင်ခြမ်းလေးက အားကောင်းနေတဲ့ အချိန်မျိုးမှာ ဖြစ်ပေါ်လာတတ်တဲ့ အခိုက်အတန့်မျိုး ဖြစ်ပါတယ်နော်။

ဆိုးသွမ်းတဲ့ မိတ်ဆွေ၊ သူငယ်ချင်းမျိုး လုပ်မိတတ်တယ်

ကိုယ်စိတ်မကြည်တဲ့ အချိန် မျိုးမှာ သူငယ်ချင်းကို စိတ်ထင်သလို ဆက်ဆံ မိလိုက် တာမျိုး၊ သူစိတ်မကောင်းဖြစ်သွားအောင် တမင်တကာ ပြောလိုက်မိတဲ့ အခြေအနေ မျိုးတွေလည်း ရှိတတ် ပါတယ်နော်။

ဒါတွေက ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်လေးကြောင့် ဖြစ်ပေါ်လာခဲ့ တာဖြစ်ပြီး မရည်ရွယ်ပေမယ့် အမှောင်ခြမ်းက အားသာနေတဲ့ အတွက် လုပ်လိုက်မိ သွားတာ ဖြစ်ပါ တယ်။ ဒါတွေက သင့်စိတ်ထဲမှာ မကောင်းတဲ့စိတ်အနည်းငယ် လွှမ်းမိုးနေတယ် ဆိုတာ ဖော်ပြနေ ပါတယ်နော်။

ဒီမကောင်းတဲ့စိတ်ကို ထိန်းချုပ် နိုင်သွား ရင်တော့ ဒီစိတ်ဓာတ်လေးက တဖြည်းဖြည်း အရောင်မှေးမှိန်လာပြီး အလင်းဘက်က အားသာလာမှာ ဖြစ်ပါတယ်။

Khin

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …