
သင့္ကို ရက္စက္စြာလမ္းခြဲသြားတဲ႔ လူကို ဒီလိုနည္းေတြနဲ႔ ေနာင္တရေအာင္ လုပ္လိုက္ပါ…
ခ်စ္သူ ရည္းစားထားတယ္ ဆိုတဲ႔ေနရာမွာ တစ္ေယာက္တည္း ခ်စ္ေနရံုနဲ႔ မၿပီး ပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ တန္ဖိုးထားမႈ တူညီျပီး အဆင္ေျပမွသာ ေရရွည္လက္တြဲ ႏုိင္တာ ျဖစ္ပါတယ္။
တစ္ခါတစ္ေလမွာ သင့္ဘက္က တန္ဖိိုးထားေပမယ့္ သူ႕ဘက္ကေတာ့ သင့္အေပၚ တန္ဖိုးမထား ပစ္ခ်သြားသူေတြနဲ႔ ႀကံဳႏိုင္ပါတယ္။
ဒီလို ျဖစ္လာတဲ့ အခါ အခ်ိန္အၾကာႀကီး အသည္းကြဲ မေနသင့္ပါဘူး။ သင္နဲ႔ မထိုက္တန္လို႔ သူက သင့္အနားက ထြက္သြား ရတာပါ။ ဒါေၾကာင့္ သင္က အမ်ားႀကီး အဖိုးတန္ေၾကာင္းကို ျပသၿပီး သူေနာင္တရသြားေအာင္ သင့္ကိုယ္သင္ ဂရုစိုက္ၿပီး အခုလိုမ်ိဳး ေနထိုင္သင့္ ပါတယ္ေနာ္။
(၁) တည္ၿငိမ္ျပပါ
လမ္းခြဲၿပီးေနာက္ ျပန္ဆက္သြယ္ျဖစ္ရင္ (သို႔) ျပန္ဆံုျဖစ္ရင္ သင့္အေနနဲ႔ ေပါက္ကြဲေနတာမ်ိဳး၊ ေဒါသထြက္ ဝမ္းနည္းေနမွာမ်ိဳး ထက္ တည္တည္ၿငိမ္ၿငိမ္ ေနတာက အေကာင္းဆံုး နည္းလမ္း တစ္ခု ျဖစ္ပါတယ္။
သင္က သူထင္သလို သူ႔ကို အရမ္းခ်စ္ေနၿပီး သူထားခဲ့ တာမ်ိဳးကို သူ႔ဘက္က ေတြးထင္ေနေစမွာမ်ိဳး မျဖစ္ေအာင္ သင္က တည္တည္ၿငိမ္ၿငိမ္နဲ႔ သူ႔ကို ရင္ဆိုင္ၿပီး သူ႔အေတြးေတြကို ေျပာင္းျပန္ လွန္ပစ္လိုက္ပါ ။
(၂) ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ယံုၾကည္ခ်က္အျပည့္နဲ႔ ရွင္သန္ပါ
သူ ထားခဲ့လို႔ သင္ ဝမ္းနည္းေန ခဲ့ရင္ေတာင္ အခ်ိန္္အၾကာႀကီး ဝမ္းမနည္းေန ပါနဲ႔။ ေရရွည္ အတူရွိရင္ ပိုၿပီး အဆင္မေျပျဖစ္ ႏိုင္တဲ့သူ တစ္ေယာက္ ထြက္သြား တာမို႔ သင့္အတြက္ ပိုလို႔ေတာင္ အဆင္ေျပေနေသး ပါတယ္။
လူေတြ ျမင္လို႔ သင္က ဝမ္းနည္းေနတဲ့ အရိပ္အေယာင္ေတြကို မဖံုးကြယ္ႏုိင္ဘူး မေဖ်ာက္ႏိုင္ဘူးဆိုရင္ သင့္ကို လူေတြက သင္နဲ႔ မတန္တဲ့သူ တစ္ေယာက္ အတြက္ အခ်ိန္ေတြ ျဖဳန္းေနတယ္ ျမင္ႏိုင္ ပါတယ္။
ဒါ့အျပင္ သူ႔ဘက္ကလည္း သင္က အခုထိ သူ႔အေပၚ ခံစားခ်က္ ရွိေနတယ္ထင္ၿပီး သူ႔ကိုယ္သူ ဘဝင္ျမင့္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနပါ။ ယံုၾကည္မႈ ရွိတဲ့သူ တစ္ေယာက္လိုပဲ ျပဳမူပါ။ သူထားခဲ့လည္း သင့္အတြက္ သိပ္မထူးျခားသြား ပါဘူးဆို တာကို ျပသ လိုက္ပါ ။
(၃) မဆက္သြယ္ပါနဲ႔
အေရးႀကီးဆံုး တစ္ခုက လမ္းခြဲၿပီး သြားတဲ့အခါ သင့္ဘက္ကေန လံုးဝ အဆက္အသြယ္ မျပဳလုပ္ဖို႔ပါပဲ။ အဲ့ဒါက သင့္အတြက္ ပိုမို စိတ္အဆင္ေျပေစတဲ့နည္းျဖစ္ေနရံုသာမက သူ႔အေပၚ သင့္ဘက္က အရမ္းတမ္းတမ္းစြဲ ျဖစ္ေနတာ မဟုတ္ဘူး ဆိုတာကို သိေစမယ့္ အခ်က္လည္း ျဖစ္ပါတယ္။
သင္ မရွိလည္း အဆင္ေျပလား ဆိုတာကို သူ႔ဘက္က စိတ္ပူေနေစ တာမ်ိဳးကို ျဖစ္ေပၚေစႏုိ င္ပါတယ္။ သင့္ရဲ႕ အဆင္ေျပေနမႈက သူ ထားခဲ့တာ မွားသြားၿပီလားလို႔ ေတြးေစတဲ့ အထိ ေနာင္တ ရသြားေစႏိုင္ပါတယ္ေနာ္ ။
(၄) ပံုမွန္အတိုင္း ေနပါ
သူနဲ႔ လမ္းခြဲျပတ္္စဲ သြားလို႔ အသဲကြဲၿပီး လူရုပ္သူရုပ္ မေပါက္ေလာက္ေအာင္ ေနတာမ်ိဳး မလုပ္လိုက္ပါနဲ႔။ သင့္ကိုယ္သင္ ခ်စ္သင့္ ပါတယ္။ သင့္ကိုယ္သင္ ဂရုတစိုက္နဲ႔ ျပင္ျပင္ဆင္ဆင္ ေနသင့္ ပါတယ္။
ဆံပင္ပံုစံ၊ ဖက္ရွင္ စသျဖင့္ကို အရင္ကထက္ ပိုၿပီး လိုက္ဖက္ေနေအာင္ ေနလိုက္ပါ။ ဒါက ေယာက်ၤားေလးေတြ အတြက္ ငါ ထားခဲ့ မိတာ မွားမ်ား မွားသြားေစလား ဆိုၿပီး ေနာင္တရေစတဲ့ အခ်က္မ်ိဳးလည္း ျဖစ္ေစ ပါတယ္ ။
(၅) ပံုေတြ တင္ပါ
သင္ ဘာေတြလုပ္ေနလဲ ဆိုတာကို သူ သိေစဖို႔ အသံုးခ်ဖို႔ အေကာင္းဆံုးေနရာ တစ္ခုကေတာ့ လူမႈကြန္ယက္စာမ်က္ႏွာပဲ ျဖစ္ပါတယ္။ သင့္ရဲ႕ အရင္ကထက္ ပိုၿပီး လွေန ေပ်ာ္ေနတာ ကို သူ ျမင္ပါေစ။ သင့္ကို ၾကည့္ၿပီး သူ႔အတြက္ အံ့ၾသေလာက္စရာ အေတြးေတြကိုေတာင္ ေတြးမိေစ မွာပဲ ျဖစ္ပါတယ္ ။
(၆) သူငယ္ခ်င္း၊ မိတ္ေဆြေတြနဲ႔ အခ်ိန္ျဖဳန္းပါ
သူ မရွိလည္း သင့္ဘဝႀကီးကို ေပ်ာ္ေပ်ာ္ေနလို႔ ရပါတယ္။ သူရွိမွ သင့္ဘဝက ရွင္သန္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သူ မရွိလည္း သင္ ေပ်ာ္ရႊင္ေန တယ္။ သူငယ္ခ်င္း မိတ္ေဆြနဲ႔ လည္း အဆင္ေျပေနတယ္ဆိုတာကို သူ ျပန္သိ ရတဲ့အခါ သူ သင့္ကို ထားခဲ့မိတာကို ျပန္ေနာင္တရေနေလာက္ ပါတယ္။
ဘာေၾကာင့္ သင္က အဆင္ေျပေနရက္နဲ႔ ထားခဲ့မိ တာလဲလို႔ သူ႔ကိုယ္သူ ေတြးမိေစတဲ့ အထိ သူ႔ကို ေနာင္တရေလာက္ေအာင္ သင့္ကိုယ္သင္ အမ်ားႀကီး ဂရုစိုက္ လိုက္သင့္ ပါတယ္ေနာ္ ။
Sources from herway.net
By Kham
Unicode
သင့်ကို ရက်စက်စွာလမ်းခွဲသွားတဲ့ လူကို ဒီလိုနည်းတွေနဲ့ နောင်တရအောင် လုပ်လိုက်ပါ…
ချစ်သူ ရည်းစားထားတယ် ဆိုတဲ့နေရာမှာ တစ်ယောက်တည်း ချစ်နေရုံနဲ့ မပြီး ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားမှု တူညီပြီး အဆင်ပြေမှသာ ရေရှည်လက်တွဲ နိုင်တာ ဖြစ်ပါတယ်။
တစ်ခါတစ်လေမှာ သင့်ဘက်က တန်ဖိုးထားပေမယ့် သူ့ဘက်ကတော့ သင့်အပေါ် တန်ဖိုးမထား ပစ်ချသွားသူတွေနဲ့ ကြုံနိုင်ပါတယ်။
ဒီလို ဖြစ်လာတဲ့ အခါ အချိန်အကြာကြီး အသည်းကွဲ မနေသင့်ပါဘူး။ သင်နဲ့ မထိုက်တန်လို့ သူက သင့်အနားက ထွက်သွား ရတာပါ။ ဒါကြောင့် သင်က အများကြီး အဖိုးတန်ကြောင်းကို ပြသပြီး သူနောင်တရသွားအောင် သင့်ကိုယ်သင် ဂရုစိုက်ပြီး အခုလိုမျိုး နေထိုင်သင့် ပါတယ်နော်။
(၁) တည်ငြိမ်ပြပါ
လမ်းခွဲပြီးနောက် ပြန်ဆက်သွယ်ဖြစ်ရင် (သို့) ပြန်ဆုံဖြစ်ရင် သင့်အနေနဲ့ ပေါက်ကွဲနေတာမျိုး၊ ဒေါသထွက် ဝမ်းနည်းနေမှာမျိုး ထက် တည်တည်ငြိမ်ငြိမ် နေတာက အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။
သင်က သူထင်သလို သူ့ကို အရမ်းချစ်နေပြီး သူထားခဲ့ တာမျိုးကို သူ့ဘက်က တွေးထင်နေစေမှာမျိုး မဖြစ်အောင် သင်က တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကို ရင်ဆိုင်ပြီး သူ့အတွေးတွေကို ပြောင်းပြန် လှန်ပစ်လိုက်ပါ ။
(၂) ပျော်ပျော်ရွှင်ရွှင်နဲ့ ယုံကြည်ချက်အပြည့်နဲ့ ရှင်သန်ပါ
သူ ထားခဲ့လို့ သင် ဝမ်းနည်းနေ ခဲ့ရင်တောင် အချိန်အကြာကြီး ဝမ်းမနည်းနေ ပါနဲ့။ ရေရှည် အတူရှိရင် ပိုပြီး အဆင်မပြေဖြစ် နိုင်တဲ့သူ တစ်ယောက် ထွက်သွား တာမို့ သင့်အတွက် ပိုလို့တောင် အဆင်ပြေနေသေး ပါတယ်။
လူတွေ မြင်လို့ သင်က ဝမ်းနည်းနေတဲ့ အရိပ်အယောင်တွေကို မဖုံးကွယ်နိုင်ဘူး မဖျောက်နိုင်ဘူးဆိုရင် သင့်ကို လူတွေက သင်နဲ့ မတန်တဲ့သူ တစ်ယောက် အတွက် အချိန်တွေ ဖြုန်းနေတယ် မြင်နိုင် ပါတယ်။
ဒါ့အပြင် သူ့ဘက်ကလည်း သင်က အခုထိ သူ့အပေါ် ခံစားချက် ရှိနေတယ်ထင်ပြီး သူ့ကိုယ်သူ ဘဝင်မြင့်နေနိုင်ပါတယ်။ ဒါကြောင့် ပျော်ပျော်ရွှင်ရွှင် နေပါ။ ယုံကြည်မှု ရှိတဲ့သူ တစ်ယောက်လိုပဲ ပြုမူပါ။ သူထားခဲ့လည်း သင့်အတွက် သိပ်မထူးခြားသွား ပါဘူးဆို တာကို ပြသ လိုက်ပါ ။
(၃) မဆက်သွယ်ပါနဲ့
အရေးကြီးဆုံး တစ်ခုက လမ်းခွဲပြီး သွားတဲ့အခါ သင့်ဘက်ကနေ လုံးဝ အဆက်အသွယ် မပြုလုပ်ဖို့ပါပဲ။ အဲ့ဒါက သင့်အတွက် ပိုမို စိတ်အဆင်ပြေစေတဲ့နည်းဖြစ်နေရုံသာမက သူ့အပေါ် သင့်ဘက်က အရမ်းတမ်းတမ်းစွဲ ဖြစ်နေတာ မဟုတ်ဘူး ဆိုတာကို သိစေမယ့် အချက်လည်း ဖြစ်ပါတယ်။
သင် မရှိလည်း အဆင်ပြေလား ဆိုတာကို သူ့ဘက်က စိတ်ပူနေစေ တာမျိုးကို ဖြစ်ပေါ်စေနို င်ပါတယ်။ သင့်ရဲ့ အဆင်ပြေနေမှုက သူ ထားခဲ့တာ မှားသွားပြီလားလို့ တွေးစေတဲ့ အထိ နောင်တ ရသွားစေနိုင်ပါတယ်နော် ။
(၄) ပုံမှန်အတိုင်း နေပါ
သူနဲ့ လမ်းခွဲပြတ်စဲ သွားလို့ အသဲကွဲပြီး လူရုပ်သူရုပ် မပေါက်လောက်အောင် နေတာမျိုး မလုပ်လိုက်ပါနဲ့။ သင့်ကိုယ်သင် ချစ်သင့် ပါတယ်။ သင့်ကိုယ်သင် ဂရုတစိုက်နဲ့ ပြင်ပြင်ဆင်ဆင် နေသင့် ပါတယ်။
ဆံပင်ပုံစံ၊ ဖက်ရှင် စသဖြင့်ကို အရင်ကထက် ပိုပြီး လိုက်ဖက်နေအောင် နေလိုက်ပါ။ ဒါက ယောင်္ကျားလေးတွေ အတွက် ငါ ထားခဲ့ မိတာ မှားများ မှားသွားစေလား ဆိုပြီး နောင်တရစေတဲ့ အချက်မျိုးလည်း ဖြစ်စေ ပါတယ် ။
(၅) ပုံတွေ တင်ပါ
သင် ဘာတွေလုပ်နေလဲ ဆိုတာကို သူ သိစေဖို့ အသုံးချဖို့ အကောင်းဆုံးနေရာ တစ်ခုကတော့ လူမှုကွန်ယက်စာမျက်နှာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ အရင်ကထက် ပိုပြီး လှနေ ပျော်နေတာ ကို သူ မြင်ပါစေ။ သင့်ကို ကြည့်ပြီး သူ့အတွက် အံ့သြလောက်စရာ အတွေးတွေကိုတောင် တွေးမိစေ မှာပဲ ဖြစ်ပါတယ် ။
(၆) သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းပါ
သူ မရှိလည်း သင့်ဘဝကြီးကို ပျော်ပျော်နေလို့ ရပါတယ်။ သူရှိမှ သင့်ဘဝက ရှင်သန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူ မရှိလည်း သင် ပျော်ရွှင်နေ တယ်။ သူငယ်ချင်း မိတ်ဆွေနဲ့ လည်း အဆင်ပြေနေတယ်ဆိုတာကို သူ ပြန်သိ ရတဲ့အခါ သူ သင့်ကို ထားခဲ့မိတာကို ပြန်နောင်တရနေလောက် ပါတယ်။
ဘာကြောင့် သင်က အဆင်ပြေနေရက်နဲ့ ထားခဲ့မိ တာလဲလို့ သူ့ကိုယ်သူ တွေးမိစေတဲ့ အထိ သူ့ကို နောင်တရလောက်အောင် သင့်ကိုယ်သင် အများကြီး ဂရုစိုက် လိုက်သင့် ပါတယ်နော် ။
Sources from herway.net
By Kham
No Comments