
မိန္းကေလးေတြလက္ေတြ႕က်က် တကယ္ခ်စ္ၾကၿပီဆိုရင္
တကယ္ခ်စ္ၾကၿပီ ဆိုရင္ ကိုယ့္ရဲ႕အေတြး၊ ကိုယ့္ရဲ႕အခ်ိန္ေတြ အကုန္လုံးကို သူခ်စ္ရတဲ့ သူဆီကို အကုန္ပုံအပ္ လိုက္ၾကတဲ့ မိန္းကေလးေတြ ရွိသလို ခ်စ္ေပမယ့္လည္း ခ်စ္တာကို ထုတ္မျပတတ္တဲ့ မိန္းကေလးေတြလည္း အမ်ားႀကီးပါ။
ဒီလိုပဲ အရမ္းခ်စ္လို ႔ဆိုၿပီး အစြန္းေရာက္တဲ့ စိတ္ပူမႈေတြ၊ သဝန္တို မႈေတြက မလိုလားအပ္တဲ့ျပႆနာေလးေတြကို ျဖစ္ေစတတ္ တာကိုလည္း သတိရပါ။ တကယ္ေတာ့ အခ်စ္စစ္နဲ႔ ခ်စ္ၾကၿပီ ဆိုရင္ သူ႔ဘက္ကိုယ့္ဘက္ ႏွစ္ဖက္လုံး မွ်ေတြး တတ္လာၾက တယ္။
ဘယ္လိုအေျခအေနပဲ ျဖစ္ျဖစ္ ျဖစ္လာသမွ် ကိစၥတိုင္း ကိုလည္း လက္ေတြ႕က်က် စဥ္းစားေပးတတ္လာၾကတယ္။ ဒါေၾကာင့္ မိန္းကေလးေတြေပးဆပ္ျခင္းနဲ႔ လက္ေတြ႕က်က် တကယ္ ခ်စ္တတ္ လာၿပီဆိုရင္ ဘယ္လို အခ်က္ေလးေတြကို လုပ္ေလ့ရွိၾကလဲ ဆိုတာကို ေျပာျပေပးခ်င္ ပါတယ္ေနာ္။
(၁) အခ်ိန္ေပးတယ္
ကိုယ္တစ္ေယာက္တည္း လုပ္ရမယ့္ အလုပ္၊ သင္တန္း၊ မိသားစု အတြက္ အခ်ိန္ေတြကလြဲရင္ က်န္တဲ့အခ်ိန္ေတြ အားလုံးကို သူ႔ခ်စ္သူေကာင္ေလး အတြက္ပဲ အကုန္ခံေလ့ ရွိတယ္။
သူ႔ဘက္ကအခ်ိန္ေပး တယ္ဆို တဲ့ေနရာမွာလည္း သူ႔ခ်စ္သူေကာင္ေလးက လုံေလာက္တဲ့ အေၾကာင္းျပခ်က္ တစ္ခုနဲ႔ အခ်ိန္ျပန္မေပး ႏိုင္ဘူး ဆိုရင္ေတာင္ တစ္ျခား မိန္းကေလးေတြ လို စိတ္ဆိုး၊ စိတ္ေကာက္မလုပ္ဘဲ ခ်စ္သူေကာင္ေလးရဲ႕အေျခအေနကို လက္ခံေပး တတ္ၾကတယ္။
သူလည္းအဆင္ေျပ ကိုယ္လည္းအဆင္ေျပတဲ့ အခ်ိန္ေရာက္မွ ေအးေအးေဆးေဆးေတြ႕ဖို႔ စဥ္းစားေပးတတ္ၾကတယ္။
တကယ္လို႔ ကိုယ့္ကို အေၾကာင္းျပခ်က္ မရွိဘဲ သူကမေတြ႕ခ်င္ဘူး ဆိုရင္ေတာင္ ျပႆနာေတြရွာမေနေတာ့ဘဲ သူေတြ႕ခ်င္တဲ့ အခ်ိန္မွာ ကိုယ့္ဘက္ကေန မရမက အခ်ိန္ေပးၿပီး သြားေတြ႕တာ မ်ိဳးကိုပဲ လုပ္လာၾကေတာ့ တယ္။
ဘာလို႔လဲ ဆိုေတာ့ ေပးဆပ္ျခင္းနဲ ႔ခ်စ္ထားတဲ့ အခါ မလိုလားအပ္ တဲ့ျပႆနာေတြကို ဖန္တီးေနမယ့္အစား ခ်စ္သူနဲ ႔အဆင္ေျပဖို႔ ကိုပဲ ေရွ႕တန္းတင္ၿပီး စဥ္းစား တတ္ၾက လို႔ပါ။ သူနဲ႔ရန္ျဖစ္မယ့္ အခ်ိန္ေတြအစား အဆင္ေျပေျပ ခ်စ္ေနၾကမယ့္ အခ်ိန္ေတြ ကိုပဲ ပိုၿပီးမက္ေမာ တတ္လာၾက လို႔ပါ။
(၂) နားလည္မႈေကာင္းေကာင္းေပးၾကတယ္
နားလည္မႈ ဆိုတာ စကား ၃ လုံးထဲနဲ႔ ကိစၥေတာ္ေတာ္ မ်ားမ်ားကို ေျဖရွင္းရတဲ့ စကားလုံးပါ။ သူရဲ႕အားနည္းခ်က္ေတြ ကိုလည္း ကိုယ္က နားလည္ ရမယ္။ သူဆိုးတာလုပ္လည္း နားလည္ရမယ္။ အခ်ိန္မေပးႏိုင္လည္း နားလည္ရမယ္။
ဒီလိုမ်ိဳးနားလည္ေပးၾကတဲ့ေနရာမွာ တခ်ိဳ႕ ကေျပာၾက တယ္။ တကယ္ခ်စ္လို႔ သူဘာ လုပ္လုပ္နားလည္ေပးတာတဲ့။
ဒါေပမယ့္ လက္ေတြ႕က်က်နဲ႔ တကယ္ ခ်စ္တဲ့ မိန္းကေလးေတြ အတြက္ ကေတာ့ မူးယစ္ေဆးဝါးသုံး စြဲတာ၊ ေကာင္မေလးေတြ တစ္ေယာက္ၿပီး တစ္ေယာက္နဲ႔ အရင္းႏွီး လြန္တာ၊ လက္ပါတာ၊ အေျပာအဆို႐ိုင္းစိုင္းတာေတြကိုေတာ့ နားမလည္ေပး ႏိုင္ပါ ဘူးေနာ္။
အရာရာတိုင္းမွာ အတိုင္းအတာရွိတယ္ဆိုေပမယ့္ တကယ္ခ်စ္တဲ့မိန္းကေလးေတြရဲ႕ သည္းခံႏိုင္တဲ့ အတိုင္းအတာက အားလုံးထက္ ကိုပိုပါတယ္။
(၃) သူအဆင္ေျပဖို႔အတြက္အၿမဲၾကည့္တယ္
ကိုယ့္ဘက္မွာ ဘယ္လိုပဲ အေျခေနေတြ ဆိုးဆိုး သူ႔အတြက္ ဆိုရင္ အေကာင္းဆုံးေတြ လုပ္ေပးဖို႔ အၿမဲတမ္းေတြးတယ္။ ဥပမာ ကိုယ့္မွာေငြေရးေၾကးေရး အခက္ခဲရွိေနေပမယ့္ သူအဆင္မေျပတဲ့ အခါေတြမွာ မရရေအာင္ ကူညီေပး ခ်င္တယ္။
သူ႔အတြက္ ထူးျခားတဲ့ေန႔ေတြမွာ သူေပ်ာ္႐ႊင္ေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ လုပ္ေဆာင္ ေပးခ်င္ၾက တယ္။ သူ႔လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ အၿမဲတမ္းေတြးေနတဲ့ အတြက္ ကိုယ့္အတြက္ ကိုယ္ပါ စဥ္းစားဖို႔ ေမ့လာ တတ္ၾကတဲ့ အထိ ပါပဲ။
(၄) သူ႔ရဲ႕အသိုင္းအဝိုင္း အကုန္လုံးကို ခ်စ္ေပးတယ္
လက္မထပ္ရေသးတဲ့ အေနအထား တစ္ခုမွာေတာင္ သူရဲ႕မိဘေတြကို ကိုယ့္မိဘလို သေဘာထားၿပီး ခ်စ္ေပးတတ္ၾက တယ္။ မိဘတင္ မဟုတ္ဘူး၊ ခ်စ္သူရဲ႕အသိုင္းအဝိုင္း တစ္ခုလုံးနဲ႔ အဆင္ေျပေအာင္ ႀကိဳးစား ၿပီးေနေပးတတ္ ၾကတယ္.။
ေနာက္ဆုံး သူခင္မင္ရတဲ့ ေဘာ္ဒါ အေပါင္းအသင္းေတြ ကအစ အကုန္လုံးကို လိုက္ၿပီးခင္မင္ေပးတယ္။ ဟိုလူနဲ႔မေပါင္းရဘူး ဒီလူနဲ႔မေပါင္းရဘူး ဆိုတာထက္ သူေပါင္းသင္းတဲ့ သူေတြ အကုန္လုံးကို နားလည္ေပးတယ္။
တကယ္လို႔ မေကာင္းတဲ့ အေပါင္းအသင္း ပါလာခဲ့ ရင္ေတာင္ သိပ္မေရာနဲ႔ေနာ္ စိတ္ပူလို႔ဆိုတဲ့စကားလုံးေလာက္နဲ႔ ဟန႔္တားျဖစ္ ၾကတယ္။ ၿခဳံေျပာရရင္ သူ႔ကိုခ်စ္တဲ့ အတြက္ သူနဲ႔ပတ္သက္တဲ့ လူအားလုံးကိုပါ ခ်စ္ေပးၾကတယ္ေပါ့.။
(၅) ေလးစားမႈရွိတယ္
ကိုယ့္ခ်စ္သူက ဘယ္လို လူပဲျဖစ္ေနေန သူ႔ကို Respect ထားတယ္။ အဓိကအားျဖင့္ သူ႔အေပါင္းအသင္းေတြၾကားမွာ သူ႔သိကၡာက်မယ့္ စကားေလးေတြကို ဘယ္ေတာ့မွမသုံးႏႈန္းဘူး။
တကယ္လို႔ တစ္ခုခုမေက်နပ္တာရွိခဲ့ရင္ ႏွစ္ေယာက္ထဲ ရွိတဲ့ အခ်ိန္မွာပဲ ေျဖရွင္း တတ္ၾက တယ္။ အားလုံးအေရွ႕မွာဆိုရင္ ခ်စ္သူကိုဂ႐ုစိုက္တယ္၊ ပိုၿပီး Respect ထားေပးၾက တယ္။
တခ်ိဳ႕ဆို လူၾကားထဲေအာ္တာေတြ၊ မေခ်မငံဆက္ဆံတာေတြရွိၾကတယ္။ ဒါေပမယ့္ တကယ္ခ်စ္တဲ့မိန္းကေလးေတြကေတာ့ ဒီလိုလုပ္ရပ္မ်ိဳးကို ဘယ္ေတာ့မွမလုပ္ပါဘူးေနာ္။
Credit
Unicode
မိန်းကလေးတွေလက်တွေ့ကျကျ တကယ်ချစ်ကြပြီဆိုရင်
တကယ်ချစ်ကြပြီ ဆိုရင် ကိုယ့်ရဲ့အတွေး၊ ကိုယ့်ရဲ့အချိန်တွေ အကုန်လုံးကို သူချစ်ရတဲ့ သူဆီကို အကုန်ပုံအပ် လိုက်ကြတဲ့ မိန်းကလေးတွေ ရှိသလို ချစ်ပေမယ့်လည်း ချစ်တာကို ထုတ်မပြတတ်တဲ့ မိန်းကလေးတွေလည်း အများကြီးပါ။
ဒီလိုပဲ အရမ်းချစ်လို့ဆိုပြီး အစွန်းရောက်တဲ့ စိတ်ပူမှုတွေ၊ သဝန်တို မှုတွေက မလိုလားအပ်တဲ့ပြဿနာလေးတွေကို ဖြစ်စေတတ် တာကိုလည်း သတိရပါ။ တကယ်တော့ အချစ်စစ်နဲ့ ချစ်ကြပြီ ဆိုရင် သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်လုံး မျှတွေး တတ်လာကြ တယ်။
ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဖြစ်လာသမျှ ကိစ္စတိုင်း ကိုလည်း လက်တွေ့ကျကျ စဉ်းစားပေးတတ်လာကြတယ်။ ဒါကြောင့် မိန်းကလေးတွေပေးဆပ်ခြင်းနဲ့ လက်တွေ့ကျကျ တကယ် ချစ်တတ် လာပြီဆိုရင် ဘယ်လို အချက်လေးတွေကို လုပ်လေ့ရှိကြလဲ ဆိုတာကို ပြောပြပေးချင် ပါတယ်နော်။
(၁) အချိန်ပေးတယ်
ကိုယ်တစ်ယောက်တည်း လုပ်ရမယ့် အလုပ်၊ သင်တန်း၊ မိသားစု အတွက် အချိန်တွေကလွဲရင် ကျန်တဲ့အချိန်တွေ အားလုံးကို သူ့ချစ်သူကောင်လေး အတွက်ပဲ အကုန်ခံလေ့ ရှိတယ်။
သူ့ဘက်ကအချိန်ပေး တယ်ဆို တဲ့နေရာမှာလည်း သူ့ချစ်သူကောင်လေးက လုံလောက်တဲ့ အကြောင်းပြချက် တစ်ခုနဲ့ အချိန်ပြန်မပေး နိုင်ဘူး ဆိုရင်တောင် တစ်ခြား မိန်းကလေးတွေ လို စိတ်ဆိုး၊ စိတ်ကောက်မလုပ်ဘဲ ချစ်သူကောင်လေးရဲ့အခြေအနေကို လက်ခံပေး တတ်ကြတယ်။
သူလည်းအဆင်ပြေ ကိုယ်လည်းအဆင်ပြေတဲ့ အချိန်ရောက်မှ အေးအေးဆေးဆေးတွေ့ဖို့ စဉ်းစားပေးတတ်ကြတယ်။
တကယ်လို့ ကိုယ့်ကို အကြောင်းပြချက် မရှိဘဲ သူကမတွေ့ချင်ဘူး ဆိုရင်တောင် ပြဿနာတွေရှာမနေတော့ဘဲ သူတွေ့ချင်တဲ့ အချိန်မှာ ကိုယ့်ဘက်ကနေ မရမက အချိန်ပေးပြီး သွားတွေ့တာ မျိုးကိုပဲ လုပ်လာကြတော့ တယ်။
ဘာလို့လဲ ဆိုတော့ ပေးဆပ်ခြင်းနဲ့ချစ်ထားတဲ့ အခါ မလိုလားအပ် တဲ့ပြဿနာတွေကို ဖန်တီးနေမယ့်အစား ချစ်သူနဲ့အဆင်ပြေဖို့ ကိုပဲ ရှေ့တန်းတင်ပြီး စဉ်းစား တတ်ကြ လို့ပါ။ သူနဲ့ရန်ဖြစ်မယ့် အချိန်တွေအစား အဆင်ပြေပြေ ချစ်နေကြမယ့် အချိန်တွေ ကိုပဲ ပိုပြီးမက်မော တတ်လာကြ လို့ပါ။
(၂) နားလည်မှုကောင်းကောင်းပေးကြတယ်
နားလည်မှု ဆိုတာ စကား ၃ လုံးထဲနဲ့ ကိစ္စတော်တော် များများကို ဖြေရှင်းရတဲ့ စကားလုံးပါ။ သူရဲ့အားနည်းချက်တွေ ကိုလည်း ကိုယ်က နားလည် ရမယ်။ သူဆိုးတာလုပ်လည်း နားလည်ရမယ်။ အချိန်မပေးနိုင်လည်း နားလည်ရမယ်။
ဒီလိုမျိုးနားလည်ပေးကြတဲ့နေရာမှာ တချို့ ကပြောကြ တယ်။ တကယ်ချစ်လို့ သူဘာ လုပ်လုပ်နားလည်ပေးတာတဲ့။
ဒါပေမယ့် လက်တွေ့ကျကျနဲ့ တကယ် ချစ်တဲ့ မိန်းကလေးတွေ အတွက် ကတော့ မူးယစ်ဆေးဝါးသုံး စွဲတာ၊ ကောင်မလေးတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ အရင်းနှီး လွန်တာ၊ လက်ပါတာ၊ အပြောအဆိုရိုင်းစိုင်းတာတွေကိုတော့ နားမလည်ပေး နိုင်ပါ ဘူးနော်။
အရာရာတိုင်းမှာ အတိုင်းအတာရှိတယ်ဆိုပေမယ့် တကယ်ချစ်တဲ့မိန်းကလေးတွေရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာက အားလုံးထက် ကိုပိုပါတယ်။
(၃) သူအဆင်ပြေဖို့အတွက်အမြဲကြည့်တယ်
ကိုယ့်ဘက်မှာ ဘယ်လိုပဲ အခြေနေတွေ ဆိုးဆိုး သူ့အတွက် ဆိုရင် အကောင်းဆုံးတွေ လုပ်ပေးဖို့ အမြဲတမ်းတွေးတယ်။ ဥပမာ ကိုယ့်မှာငွေရေးကြေးရေး အခက်ခဲရှိနေပေမယ့် သူအဆင်မပြေတဲ့ အခါတွေမှာ မရရအောင် ကူညီပေး ချင်တယ်။
သူ့အတွက် ထူးခြားတဲ့နေ့တွေမှာ သူပျော်ရွှင်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင် ပေးချင်ကြ တယ်။ သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အမြဲတမ်းတွေးနေတဲ့ အတွက် ကိုယ့်အတွက် ကိုယ်ပါ စဉ်းစားဖို့ မေ့လာ တတ်ကြတဲ့ အထိ ပါပဲ။
(၄) သူ့ရဲ့အသိုင်းအဝိုင်း အကုန်လုံးကို ချစ်ပေးတယ်
လက်မထပ်ရသေးတဲ့ အနေအထား တစ်ခုမှာတောင် သူရဲ့မိဘတွေကို ကိုယ့်မိဘလို သဘောထားပြီး ချစ်ပေးတတ်ကြ တယ်။ မိဘတင် မဟုတ်ဘူး၊ ချစ်သူရဲ့အသိုင်းအဝိုင်း တစ်ခုလုံးနဲ့ အဆင်ပြေအောင် ကြိုးစား ပြီးနေပေးတတ် ကြတယ်.။
နောက်ဆုံး သူခင်မင်ရတဲ့ ဘော်ဒါ အပေါင်းအသင်းတွေ ကအစ အကုန်လုံးကို လိုက်ပြီးခင်မင်ပေးတယ်။ ဟိုလူနဲ့မပေါင်းရဘူး ဒီလူနဲ့မပေါင်းရဘူး ဆိုတာထက် သူပေါင်းသင်းတဲ့ သူတွေ အကုန်လုံးကို နားလည်ပေးတယ်။
တကယ်လို့ မကောင်းတဲ့ အပေါင်းအသင်း ပါလာခဲ့ ရင်တောင် သိပ်မရောနဲ့နော် စိတ်ပူလို့ဆိုတဲ့စကားလုံးလောက်နဲ့ ဟန့်တားဖြစ် ကြတယ်။ ခြုံပြောရရင် သူ့ကိုချစ်တဲ့ အတွက် သူနဲ့ပတ်သက်တဲ့ လူအားလုံးကိုပါ ချစ်ပေးကြတယ်ပေါ့.။
(၅) လေးစားမှုရှိတယ်
ကိုယ့်ချစ်သူက ဘယ်လို လူပဲဖြစ်နေနေ သူ့ကို Respect ထားတယ်။ အဓိကအားဖြင့် သူ့အပေါင်းအသင်းတွေကြားမှာ သူ့သိက္ခာကျမယ့် စကားလေးတွေကို ဘယ်တော့မှမသုံးနှုန်းဘူး။
တကယ်လို့ တစ်ခုခုမကျေနပ်တာရှိခဲ့ရင် နှစ်ယောက်ထဲ ရှိတဲ့ အချိန်မှာပဲ ဖြေရှင်း တတ်ကြ တယ်။ အားလုံးအရှေ့မှာဆိုရင် ချစ်သူကိုဂရုစိုက်တယ်၊ ပိုပြီး Respect ထားပေးကြ တယ်။
တချို့ဆို လူကြားထဲအော်တာတွေ၊ မချေမငံဆက်ဆံတာတွေရှိကြတယ်။ ဒါပေမယ့် တကယ်ချစ်တဲ့မိန်းကလေးတွေကတော့ ဒီလိုလုပ်ရပ်မျိုးကို ဘယ်တော့မှမလုပ်ပါဘူးနော်။
No Comments