RS တစ္ခု မွာ ေယာက်္ားေလးေတြ လိုခ်င္ေပမယ့္ ဘယ္ေတာ့မွ မဝန္ခံတဲ့ အရာ ၅ ခု - Amawpyay

RS တစ္ခု မွာ ေယာက်္ားေလးေတြ လိုခ်င္ေပမယ့္ ဘယ္ေတာ့မွ မဝန္ခံတဲ့ အရာ ၅ ခု

RS တစ္ခု မွာ ေယာက်္ားေလးေတြ လိုခ်င္ေပမယ့္ ဘယ္ေတာ့မွ မဝန္ခံတဲ့ အရာ ၅ ခု
အခ်စ္ေရး

RS တစ္ခု မွာ ေယာက်္ားေလးေတြ လိုခ်င္ေပမယ့္ ဘယ္ေတာ့မွ မဝန္ခံတဲ့ အရာ ၅ ခု

ဒီေန႔ေခတ္ယဥ္ေက်းမႈအရ RS တစ္ခုမွာ ေယာက်္ားေတြဟာ သန္မာၿပီး ျပည့္စုံေနရမယ္ဆိုတဲ့ အေတြးနဲ႔ခံယူခ်က္ေတြ ျပည့္ႏွက္ေန ပါတယ္။

ေယာက်္ားေတာ္ ေတာ္မ်ားမ်ား ကလည္း သူတို႔ရဲ႕ မျပည့္စုံမႈ အားနည္းခ်က္ေတြကို ေဖာ္ျပျခင္း မရွိပဲ ကမာၻႀကီးကို သူတို႔ပုခုံးနဲ႔ ထမ္းႏိုင္ရမယ္လို႔ ယုံၾကည္ ထားၾကပါတယ္။ ဒီအေတြးအေခၚက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကို မ်ားေစ ႏိုင္ပါ တယ္။

ေျပာရရင္ ေယာက်္ားေတြဟာ လူတစ္ေယာက္ရဲ႕ အထင္ေသးခံ ရမွာစို းတာနဲ႔ သူတို႔အာ းနည္းခ်က္ကို ျပရမွာ ေၾကာက္ၾက ပါတယ္။

ခုေျပာျပခ်င္တာက RSတစ္ခုမွာ ေယာက်္ားေလးေတြ လိုခ်င္ေပမယ့္ ဝန္ခံရမွာေၾကာက္ေနတဲ့ အရာ ၅ခုအေၾကာင္းပါ။ ဘာပဲျဖစ္ျဖစ္ ေယာက်္ားေတြအေၾကာင္း နည္းနည္းေတာ့ နားလည္ထားလို ႔ရတာေပါ့။

ခြန္အား၊ ေထာက္ပံမႈနဲ႔တည္ရွိမႈ

ေယာက်္ား မ်ားစြာက သူတို႔ျပႆနာေတြကို ထုတ္ေျပာၾက မွာမဟုတ္ ပါဘူး။ သူတို႔ေတြက ျပႆနာေတြေျဖရွင္းရတာကို ႀကိဳက္ ႏွစ္သက္ၾက ပါတယ္။

အေျခမအေနကို တိုးတက္ေစမယ့္ နည္းလမ္းတစ္ခုကို သူတို႔ အၿမဲတမ္း ရွာေဖြေနၾက ပါတယ္။ ဒီလိုျပႆာနာေတြနဲ ႔အတူ စိတ္ရႈပ္ေထြးမႈေတြ ကလည္း ျပင္းထန္မ်ားျပားလာႏိုင္ပါတယ္။

အဲ့ဒီလို အခ်ိန္မွာပဲ ျပႆနာဟာ ပိုမို ရႈပ္ေထြးက်ယ္ျပန႔္ လာမယ္ သူတို႔ မကိုင္တြယ္ ႏိုင္ေလာက္တဲ့ အေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္ ရတဲ့ အခါ သူတို႔ပိုၿပီး စိုးရိမ္ လာၾက ပါတယ္။ အဲ့ဒီလို အခါမ်ိဳးမွာ ခ်စ္သူ အိမ္ေထာက္ဖက္ရဲ႕ ေထာက္ခံမႈနဲ႔ ခြန္အားကို အရမ္း လိုခ်င္ၾက ပါတယ္။

သူတို႔ျပႆနာကို ေျဖရွင္းဖို႔ သင့္ရဲ႕ ရပ္တည္မႈက ေတာ္ေတာ္ အေရးႀကီး ပါတယ္။ သူတို႔ကေတာ့ ဒီအေျခအေနေတြကို ေခါင္းမာၿပီး ဝန္ခံခ်င္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ သင္က အလိုက္တသိ သူလိုအပ္ေနတဲ့ စိတ္ခြန္အားနဲ႔ ေထာက္ခံမႈေတြေပးဖို ႔ပါပဲ။ သင္သူ ႔ဘက္က ျပတ္ျပတ္သားသား ရပ္တည္ေပးဖို႔ပါပဲ။

သင့္အတည္ျပဳခ်က္နဲ႔ဆက္လုပ္ခြင့္လိုခ်င္တယ္.

ေယာက်္ားေလးေတြက သူတို႔ခ်စ္သူ အိမ္ေထာင္ဖက္ရဲ႕စိတ္ခံစားမႈကို အရမ္းေတြးၾက ပါတယ္၊ သူတို႔ကိုသူတို႔ အကဲျဖတ္ေန တတ္ၾက ပါတယ္။

ဆိုလိုတာက သူ႔ခ်စ္သူက သူ႔ကို တျခားလူနဲ႔ မ်ားႏႈိင္းယွဥ္ေနသလား? ဘယ္လို သေဘာထားမလဲ ဆိုတာ မ်ိဳးပါ။ သူတို႔ လုပ္ရပ္ တစ္ခုခုကို လုပ္လိုက္ မိလို႔ သူ႔ခ်စ္သူ စိတ္အေႏွာင့္အယွက္ ျဖစ္သြားမလား စိတ္ကြက္ သြားမလားေတြးေနတတ္ ပါတယ္။

အဲ့ဒီလို အခ်ိန္ေတြမွာ ကိစၥေသးေသးေလးကအစ သူတို႔က သင့္အတည္ျပဳခ်က္ကို ခြင့္ျပဳမႈကို လိုေနတာပါ။ ဒါကို သူတို႔က ဝန္မခံေတာ့ သင္ကိုယ္တိုင္ ကလည္း ဘယ္သိႏိုင္ ပါ့မလဲ။

ဒါေၾကာင့္ သူလုပ္တာေတြနဲ ႔ပက္သက္ၿပီး သင့္ဆီက အတည္ျပဳမႈ အျမင္တစ္ခုခုကို လိုခ်င္တဲ့အခါ ေကာင္းလား မေကာင္းလား ၂မ်ိဳးလုံး ကိုေထာက္ျပ ပါ။ အမွားေသးေသးေလးေတြကို ခြင့္လႊတ္ေပးပါ။

မျဖစ္မေန မွားလာႏိုင္တဲ့ အမွားေသးေသးေလးေတြ အတြက္လည္း သူတို႔က ခြင့္လြတ္ေပးၿပီး သူတို႔ကို ေကာင္းမြန္စြာဆက္ဆံတာ ကိုလိုခ်င္ တတ္ၾက ပါတယ္။ သူတို႔ကို ခြင့္လႊတ္ေပးပါ။ ဆက္လုပ္ ခိုင္းပါ။ ေနာက္အခြင့္အေရး တစ္ခုကို ေပးပါ။ သူတို ႔လိုခ်င္တာ အဲ့ဒီ ဆက္ဆံေရးပါ။

သင့္အထိအေတြ႕

အိပ္ခန္းထဲမွာ ထိေတြ႕ေနတာ မ်ိဳးထက္ အျပင္က ႏူးညံသိမ္ေမြ႕တဲ့ ႐ုပ္ပိုင္း စိတ္ပိုင္းဆိုင္ရာ ထိေတြ႕မႈကို သူတို ႔လိုခ်င္ၾက ပါတယ္။ ဆိုလိုတာက သူ႔ရင္ခြင္ထဲ မွီပီးအိ ပ္တာ၊ သူ႔ပုခုံးကို မွီတာ၊ လက္ကေလးကိုလာကိုင္ေပးတာ စတာ မ်ိဳးေတြေပါ့။ ေႏြးေထြးမႈေလးေတြကို မၾကာခန လုပ္ေပးပါ။

သူတို႔မလိုခ်င္ ဟန္သာေဆာင္ေနေပမယ့္ လိုအပ္ေနတဲ့ အရာေတြထဲမွာ သင့္အထိ အေတြ႕ေလးေတြက အေရးႀကီး ပါတယ္ေနာ္..

သင့္သစၥာရွိမႈနဲ႔ယုံၾကည္မႈ

ဒါကေတာ့ေယာက်္ားေရာ မိန္းမေရာ လူတိုင္း လိုလို လိုခ်င္ၾကတဲ့ အရာပါ။ သင့္ရဲ႕ သစၥာရွိမႈနဲ႔ သူတို႔အေပါယုံၾကည္မႈက ေတာ္ေတာ္ အေရးႀကီ းပါတယ္။ သူတို႔က သင့္အခ်စ္နဲ ႔ပက္သက္ၿပီး ဒီစိတ္က အၿမဲလိုလို ကိန္းေအာင္းေနတတ္ ပါတယ္။

ဒါေပမယ့္ ဒါကို သူတို႔မာနေၾကာင့္ ထုတ္ေျပာ မွာေတာ့ မဟုတ္ ပ့ါဘူး။ သင့္ဘက္ကသာ အလိုက္တသိနဲ႔ သစၥာရွိမႈနဲ ႔ယုံၾကည္မႈကို ျပေပးပါ။ ေရွ႕ဆက္ရမယ့္ လမ္းအတြက္ ခြန္အားေတြျဖစ္ေစ မွာျဖစ္ၿပီး သင္တို႔ RSကိုဒီ အခ်က္ေတြက တည္ၿမဲေအာင္ ကူညီေပးပါ လိမ့္မယ္။

သင့္ရဲ႕ မိတ္ေဆြသူငယ္ခ်င္းပုံစံ

ေယာက်္ားေတာ္ေတာ္ မ်ားမ်ားက သမီးရည္းစားခ်စ္သူ ဆက္ဆံေရးထက္ သူငယ္ခ်င္းလို မိတ္ေဆြလို ဆက္ဆံေရးကို သူတို႔ခ်စ္တဲ့ သူဆီက ေမွ်ာ္လင့္ တတ္ၾက ပါတယ္။

ဆိုလိုတာက ပြင့္ပြင့္လင္းလင္ းဆက္ဆံေရး မ်ိဳးေတြပါ။ သင့္တစ္ရက္တာ အေျခအေနေတြ ဘာေတြျဖစ္ခဲ့လဲဆိုတာနဲ႔ သူဘာေတြ ခံစားေန ရလဲ ဘာေတြျဖစ္ေနလဲ ဆိုတာကို ပြင့္ပြင့္လင္းလင္း အေကာင္းဆုံးေျပာဆိုေ ဆြးေႏြးခ်င္ တာမ်ိဳးပါ။

သူတို႔က ဒီလို ဆက္ဆံေရးကို လိုခ်င္ေပမယ့္ မေျပာတတ္ ၾကပါဘူး။ ဒါေၾကာင့္ တစ္ခုခုဆို အထင္ေသးၿငိဳျငင္မွာစိုးလို႔ ဟန္ေဆာင္ေနရတဲ့ ခ်စ္သူ ဆက္ဆံေရးထက္ သူငယ္ခ်င္း မိတ္ေဆြဆက္ဆံေရးကိုလည္း သူတို ႔ကိုေပးပါ။

သူတို႔ေရွ႕ဆက္ရမယ့္လမ္းအတြက္ ဒီဆက္ဆံေရးက အေရးႀကီ းပါတယ္ေနာ္,ကဲဒီေလာက္ ဆိုရင္ ေယာက်္ားေတြ ဝန္မခံ ခ်င္ေပမယ့္ သူတို႔လိုခ်င္တဲ့ အရာေတြကို သိေလာက္ပီ ထင္ပါတယ္။

ဒီေတာ့ သူတို႔ အေျခအေန ကိုၾကည့္ၿပီး သူတို႔လို ခ်င္တာေလးေတြေပးၿပီး ေရရွည္ တည္ၿမဲတဲ့ ေအးခ်မ္းတဲ့ RS တစ္ခုကို တည္ေဆာက္ ႏိုင္ၾက ပါေစေနာ္..

Credit Lifestyle_Myanmar

Unicode

RS တစ်ခု မှာ ယောကျ်ားလေးတွေ လိုချင်ပေမယ့် ဘယ်တော့မှ မဝန်ခံတဲ့ အရာ ၅ ခု

ဒီနေ့ခေတ်ယဉ်ကျေးမှုအရ RS တစ်ခုမှာ ယောကျ်ားတွေဟာ သန်မာပြီး ပြည့်စုံနေရမယ်ဆိုတဲ့ အတွေးနဲ့ခံယူချက်တွေ ပြည့်နှက်နေ ပါတယ်။

ယောကျ်ားတော် တော်များများ ကလည်း သူတို့ရဲ့ မပြည့်စုံမှု အားနည်းချက်တွေကို ဖော်ပြခြင်း မရှိပဲ ကမ္ဘာကြီးကို သူတို့ပုခုံးနဲ့ ထမ်းနိုင်ရမယ်လို့ ယုံကြည် ထားကြပါတယ်။ ဒီအတွေးအခေါ်က ကောင်းကျိုးထက် ဆိုးကျိုးကို များစေ နိုင်ပါ တယ်။

ပြောရရင် ယောကျ်ားတွေဟာ လူတစ်ယောက်ရဲ့ အထင်သေးခံ ရမှာစို းတာနဲ့ သူတို့အာ းနည်းချက်ကို ပြရမှာ ကြောက်ကြ ပါတယ်။

ခုပြောပြချင်တာက RSတစ်ခုမှာ ယောကျ်ားလေးတွေ လိုချင်ပေမယ့် ဝန်ခံရမှာကြောက်နေတဲ့ အရာ ၅ခုအကြောင်းပါ။ ဘာပဲဖြစ်ဖြစ် ယောကျ်ားတွေအကြောင်း နည်းနည်းတော့ နားလည်ထားလို့ရတာပေါ့။

ခွန်အား၊ ထောက်ပံမှုနဲ့တည်ရှိမှု

ယောကျ်ား များစွာက သူတို့ပြဿနာတွေကို ထုတ်ပြောကြ မှာမဟုတ် ပါဘူး။ သူတို့တွေက ပြဿနာတွေဖြေရှင်းရတာကို ကြိုက် နှစ်သက်ကြ ပါတယ်။

အခြေမအနေကို တိုးတက်စေမယ့် နည်းလမ်းတစ်ခုကို သူတို့ အမြဲတမ်း ရှာဖွေနေကြ ပါတယ်။ ဒီလိုပြဿာနာတွေနဲ့အတူ စိတ်ရှုပ်ထွေးမှုတွေ ကလည်း ပြင်းထန်များပြားလာနိုင်ပါတယ်။

အဲ့ဒီလို အချိန်မှာပဲ ပြဿနာဟာ ပိုမို ရှုပ်ထွေးကျယ်ပြန့် လာမယ် သူတို့ မကိုင်တွယ် နိုင်လောက်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင် ရတဲ့ အခါ သူတို့ပိုပြီး စိုးရိမ် လာကြ ပါတယ်။ အဲ့ဒီလို အခါမျိုးမှာ ချစ်သူ အိမ်ထောက်ဖက်ရဲ့ ထောက်ခံမှုနဲ့ ခွန်အားကို အရမ်း လိုချင်ကြ ပါတယ်။

သူတို့ပြဿနာကို ဖြေရှင်းဖို့ သင့်ရဲ့ ရပ်တည်မှုက တော်တော် အရေးကြီး ပါတယ်။ သူတို့ကတော့ ဒီအခြေအနေတွေကို ခေါင်းမာပြီး ဝန်ခံချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်က အလိုက်တသိ သူလိုအပ်နေတဲ့ စိတ်ခွန်အားနဲ့ ထောက်ခံမှုတွေပေးဖို့ပါပဲ။ သင်သူ့ဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့ပါပဲ။

သင့်အတည်ပြုချက်နဲ့ဆက်လုပ်ခွင့်လိုချင်တယ်.

ယောကျ်ားလေးတွေက သူတို့ချစ်သူ အိမ်ထောင်ဖက်ရဲ့စိတ်ခံစားမှုကို အရမ်းတွေးကြ ပါတယ်၊ သူတို့ကိုသူတို့ အကဲဖြတ်နေ တတ်ကြ ပါတယ်။

ဆိုလိုတာက သူ့ချစ်သူက သူ့ကို တခြားလူနဲ့ များနှိုင်းယှဉ်နေသလား? ဘယ်လို သဘောထားမလဲ ဆိုတာ မျိုးပါ။ သူတို့ လုပ်ရပ် တစ်ခုခုကို လုပ်လိုက် မိလို့ သူ့ချစ်သူ စိတ်အနှောင့်အယှက် ဖြစ်သွားမလား စိတ်ကွက် သွားမလားတွေးနေတတ် ပါတယ်။

အဲ့ဒီလို အချိန်တွေမှာ ကိစ္စသေးသေးလေးကအစ သူတို့က သင့်အတည်ပြုချက်ကို ခွင့်ပြုမှုကို လိုနေတာပါ။ ဒါကို သူတို့က ဝန်မခံတော့ သင်ကိုယ်တိုင် ကလည်း ဘယ်သိနိုင် ပါ့မလဲ။

ဒါကြောင့် သူလုပ်တာတွေနဲ့ပက်သက်ပြီး သင့်ဆီက အတည်ပြုမှု အမြင်တစ်ခုခုကို လိုချင်တဲ့အခါ ကောင်းလား မကောင်းလား ၂မျိုးလုံး ကိုထောက်ပြ ပါ။ အမှားသေးသေးလေးတွေကို ခွင့်လွှတ်ပေးပါ။

မဖြစ်မနေ မှားလာနိုင်တဲ့ အမှားသေးသေးလေးတွေ အတွက်လည်း သူတို့က ခွင့်လွတ်ပေးပြီး သူတို့ကို ကောင်းမွန်စွာဆက်ဆံတာ ကိုလိုချင် တတ်ကြ ပါတယ်။ သူတို့ကို ခွင့်လွှတ်ပေးပါ။ ဆက်လုပ် ခိုင်းပါ။ နောက်အခွင့်အရေး တစ်ခုကို ပေးပါ။ သူတို့လိုချင်တာ အဲ့ဒီ ဆက်ဆံရေးပါ။

သင့်အထိအတွေ့

အိပ်ခန်းထဲမှာ ထိတွေ့နေတာ မျိုးထက် အပြင်က နူးညံသိမ်မွေ့တဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို သူတို့လိုချင်ကြ ပါတယ်။ ဆိုလိုတာက သူ့ရင်ခွင်ထဲ မှီပီးအိ ပ်တာ၊ သူ့ပုခုံးကို မှီတာ၊ လက်ကလေးကိုလာကိုင်ပေးတာ စတာ မျိုးတွေပေါ့။ နွေးထွေးမှုလေးတွေကို မကြာခန လုပ်ပေးပါ။

သူတို့မလိုချင် ဟန်သာဆောင်နေပေမယ့် လိုအပ်နေတဲ့ အရာတွေထဲမှာ သင့်အထိ အတွေ့လေးတွေက အရေးကြီး ပါတယ်နော်..

သင့်သစ္စာရှိမှုနဲ့ယုံကြည်မှု

ဒါကတော့ယောကျ်ားရော မိန်းမရော လူတိုင်း လိုလို လိုချင်ကြတဲ့ အရာပါ။ သင့်ရဲ့ သစ္စာရှိမှုနဲ့ သူတို့အပေါယုံကြည်မှုက တော်တော် အရေးကြီ းပါတယ်။ သူတို့က သင့်အချစ်နဲ့ပက်သက်ပြီး ဒီစိတ်က အမြဲလိုလို ကိန်းအောင်းနေတတ် ပါတယ်။

ဒါပေမယ့် ဒါကို သူတို့မာနကြောင့် ထုတ်ပြော မှာတော့ မဟုတ် ပ့ါဘူး။ သင့်ဘက်ကသာ အလိုက်တသိနဲ့ သစ္စာရှိမှုနဲ့ယုံကြည်မှုကို ပြပေးပါ။ ရှေ့ဆက်ရမယ့် လမ်းအတွက် ခွန်အားတွေဖြစ်စေ မှာဖြစ်ပြီး သင်တို့ RSကိုဒီ အချက်တွေက တည်မြဲအောင် ကူညီပေးပါ လိမ့်မယ်။

သင့်ရဲ့ မိတ်ဆွေသူငယ်ချင်းပုံစံ

ယောကျ်ားတော်တော် များများက သမီးရည်းစားချစ်သူ ဆက်ဆံရေးထက် သူငယ်ချင်းလို မိတ်ဆွေလို ဆက်ဆံရေးကို သူတို့ချစ်တဲ့ သူဆီက မျှော်လင့် တတ်ကြ ပါတယ်။

ဆိုလိုတာက ပွင့်ပွင့်လင်းလင် းဆက်ဆံရေး မျိုးတွေပါ။ သင့်တစ်ရက်တာ အခြေအနေတွေ ဘာတွေဖြစ်ခဲ့လဲဆိုတာနဲ့ သူဘာတွေ ခံစားနေ ရလဲ ဘာတွေဖြစ်နေလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း အကောင်းဆုံးပြောဆိုေ ဆွးနွေးချင် တာမျိုးပါ။

သူတို့က ဒီလို ဆက်ဆံရေးကို လိုချင်ပေမယ့် မပြောတတ် ကြပါဘူး။ ဒါကြောင့် တစ်ခုခုဆို အထင်သေးငြိုငြင်မှာစိုးလို့ ဟန်ဆောင်နေရတဲ့ ချစ်သူ ဆက်ဆံရေးထက် သူငယ်ချင်း မိတ်ဆွေဆက်ဆံရေးကိုလည်း သူတို့ကိုပေးပါ။

သူတို့ရှေ့ဆက်ရမယ့်လမ်းအတွက် ဒီဆက်ဆံရေးက အရေးကြီ းပါတယ်နော်,ကဲဒီလောက် ဆိုရင် ယောကျ်ားတွေ ဝန်မခံ ချင်ပေမယ့် သူတို့လိုချင်တဲ့ အရာတွေကို သိလောက်ပီ ထင်ပါတယ်။

ဒီတော့ သူတို့ အခြေအနေ ကိုကြည့်ပြီး သူတို့လို ချင်တာလေးတွေပေးပြီး ရေရှည် တည်မြဲတဲ့ အေးချမ်းတဲ့ RS တစ်ခုကို တည်ဆောက် နိုင်ကြ ပါစေနော်..

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …