
မိသားစုတစ္ခုမွာ အဓိက ‘လူ’ နဲ႔ သာမည ‘လူ’ကို ခြဲျခားတတ္ၾကပါေစ….
ကလင္….ကလင္…ကလင္…🔈 နဲ႔ျမည္လာတဲ့ ဖုန္းသံေၾကာင့္ က်ေတာ္ ဖုန္းကို ေကာက္ကိုင္ၿပီး
ၾကည့္လိုက္ေတာ့ ငယ္သူငယ္ခ်င္းတစ္ေယာက္က ဖုန္းေခၚတယ္ဆိုတာ သိလိုက္တယ္။
က်ေတာ္။ ။ဟလို! ေအး သယ္ရင္းေျပာ။
သူငယ္ခ်င္း။ ။ဟေရာင္ မင္းဘယ္မွာတုန္းကြ။
က်ေတာ္ ။ ။ ငါအိမ္မွာေလ သူငယ္ခ်င္း။
သူငယ္ခ်င္း။ ။မင္းအားလားကြ။
က်ေတာ္။ ။ေအး အားပါတယ္ကြာ ဘာျဖစ္လို႔တုန္း။
သူငယ္ခ်င္း ။ ။ ေအး အဲ့ဒါဆို မင္းအားရင္လာခဲ့လိုက္ကြာ ငါတို႔ ဆိုင္မွာရွိတယ္။ဟိုေကာင္ေတြလည္း ေရာက္ေနၾကတယ္ကြ လူစုံတုန္း
မင္းကို သတိရတာနဲ႔ လွမ္းေခၚလိုက္တာ။
က်ေတာ္ တစ္ခ်က္ေတာ့ ေတြေဝသြားတယ္။ သြားရင္ ေကာင္းမလား စဥ္းစားရင္း က်ေတာ္ဖုန္းေျပာေနတာကို ဂ႐ုမစိုက္ဘဲ
ကိုရီးယား Z ကားကို ၾကည့္ေနတဲ့ က်ေတာ့္ gangster ႀကီးဆီကို မ်က္လုံး အၾကည့္ေရာက္သြားတယ္။ အဲ့ဒီ့ေနာက္ သက္ျပင္းရွည္ႀကီး
မႈတ္ထုတ္လိုက္ၿပီး စိတ္ထဲက ဆုံးျဖတ္ခ်က္တစ္ခုကို ေသခ်ာခ်ကာ ျပန္ေျပာလိုက္တယ္။
က်ေတာ္ ။ ။ ငါမလာေတာ့ပါဘူးကြာ ။
သူငယ္ခ်င္း။ ။ ဟာ ဘာျဖစ္တာတုန္းကြ မင္းပဲခုနကေျပာေတာ့ အားတယ္ဆို။
က်ေတာ္ ။ ။ ေအး အားပါတယ္ကြာ ဒါေပမယ့္ ငါထြက္လာရင္ အိမ္မွာ မိန္းမက တစ္ေယာက္ထဲက်န္ခဲ့မွာဆိုေတာ့ေလ ။
သူငယ္ခ်င္း။ ။ ဒါဆိုလည္း သူ႔ပါေခၚလာခဲ့ေပါ့ကြာ အားလုံးနဲ႔လည္း သိေနတာကို။
က်ေတာ္။ ။ မေခၚေတာ့ပါဘူးကြာ ေတာ္ၾကာ ငါတို႔ေျပာသမွ်နားေထာင္ၿပီး သူပါေခါင္းကိုက္ေနပါဦးမယ္။ ဒီေန႔ေတာ့
ငါေတာင္းပန္တယ္ကြာ မလာႏိုင္ေတာ့ဘူး ဆိုေတာ့ေလ။ ေနာက္တစ္ေခါက္ၾကမွ ေအးေဆးေတြ႕မယ္ သူငယ္ခ်င္း။
သူငယ္ခ်င္း။ ။ ok ok ေကာင္းပါၿပီး မယက ႀကီးရယ္ ။
မိန္းမက ခြင့္မျပဳလည္း မျပဳဘူးပဲေျပာေပါ့ကြာ၊ အေၾကာင္းမသိတာၾကေနတာပဲ ေနာက္မွပဲေတြ႕မယ္ ဟေရာင္ ဒါပဲ ဒါပဲ။
ထိုသို႔ ဖုန္းေျပာၿပီး က်ေတာ္ေရာ က်ေတာ့္သူငယ္ခ်င္းပါ ဖုန္းကို ၿပိဳင္တူခ်မိလိုက္သည္။ တစ္ဖက္မွာေတာ့ က်ေတာ့သူငယ္ခ်င္းေတြၾကားမွ
က်ေတာ့္အေၾကာင္း ဘယ္ေလာက္ေတာင္ အတင္းေျပာေနၾကမည္မသိ။ ေျပာလည္း ကိစၥ မရွိပါ အခ်ိန္တန္ရင္ သူတို႔လည္း နားလည္လာ
သင့္သေလာက္ေတာ့ နားလည္သြားၾကမွာပါ။ အေရးႀကီးတာက က်ေတာ့ အမ်ိဳးသမီး သူ႔ဘက္က က်ေတာ္ ေတြးၾကည့္မိလို႔ပါ။
က်ေတာ္ဆိုတဲ့ေကာင္က အေပါင္းအသင္းအရမ္းမက္တာ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းရမယ္ဆို အိမ္မျပန္ရလဲ က်ေတာ့အတြက္
ေအးေဆးပဲ သြားမယ္ လာမယ္ စားမယ္ ေသာက္မယ္ ဒီလိုေနေနရတာကိုက ဘဝမွာ အဓိပၸာယ္ ရွိေနသလို ခံစားေနရတယ္။ လူပဲေလ
အလုပ္ရဲ႕ပင္ပန္းမႈဒဏ္ေတြက မ်ားေတာ့ သူငယ္ခ်င္းေတြနဲ႔ေတြ႕ရင္ စိတ္မွာေတာ္ေတာ္ေလး ေပါ့ပါးသြားတာ။
အရင္အိမ္ေထာင္က်ခါစကေတာ့ သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းထားရင္ မိန္းမက လိုက္လိုက္လာတတ္တယ္။ ညားခါစဆိုေတာ့ မခြဲႏိုင္
မခြာရက္ေပါ့ဗ်ာ။ က်ေတာ္က ဂီတာတီးရင္း နည္းနည္းပါးပါးေလးလည္း ေသာက္တတ္ေတာ့ သူ႔ခမ်ာ ေဘးနားမွာ ငုတ္တုတ္ေလး
ထိုင္ၿပီး က်ေတာ္ျပန္မယ့္ အခ်ိန္ထိ ေစာင့္ေပးေနတတ္တယ္။ တစ္ခါတစ္ေလၾကရင္ လမ္းေဘးအုတ္ခုံေလးေပၚမွာ ငုတ္တုတ္ထိုင္ရင္း
ေတာင္ အိပ္ေပ်ာ္သြားတတ္လို႔ က်ေတာ္က ေနာက္ဆိုရင္ သူ႔ကိုေခၚမသြားေတာ့ဘူးေလ။ အိပ္ေရးပ်က္မွာ စိုးတာက တစ္ေၾကာင္း
သူပ်င္းေနတာကို သိတာလည္း ပါတာေပါ့။
အဲ့လို သူမပါဘဲ က်ေတာ္ညပိုင္း သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ မနက္ ၂နာရီ ၃နာရီေလာက္မွ ျပန္လာရင္ သူက အိပ္မေနဘဲ ေစာင့္ေန
တတ္တယ္။ တစ္ခါ တစ္ေလ ဆိုရင္ ျပသနာမဟုတ္ေပမယ့္ တစ္ပါတ္မွာ ၃ရက္ ၄ရက္ေလာက္ျဖစ္လာေတာ့ က်ေတာ္လည္းမေနႏိုင္
ေတာ့ဘူးေလ။ ဒီေတာ့ က်ေတာ္လည္းေျပာရေတာ့တာေပါ့ ခ်စ္ေရ မင္း ေမာင္ျပန္မလာေသးရင္မေစာင့္နဲ႔ အိပ္ေပ်ာ္ေအာင္ အိပ္ ေမာင္က
မင္းကို မေခၚသြားဘဲ ထားခဲ့တယ္ ဆိုတာက ေမာင္မဟုတ္တာလုပ္ခ်င္လို႔ မွမဟုတ္တာ အဲ့ဒါ မင္းသိတယ္ ။ အဓိကေတာ့ ခ်စ္အိပ္ေရး
ပ်က္မွာ စိုးလို႔ ထားခဲ့တာ ။ေနာက္ဆိုရင္ ေမာင္ျပန္လာတဲ့အထိ ေစာင့္မေနနဲ႔ အိပ္ေပ်ာ္ေအာင္အိပ္ မင္းက မနက္ဆို အလုပ္ကို အေစာႀကီး
သြားရတာ ေမာင္က ေန႔လည္ ၁၂နာရီမွသြားရတာဆိုေတာ့ မတူဘူး။ က်ေတာ္ အဲ့သလိုေျပာၿပီး အခ်ိန္ သူျပန္ေျပာတဲ့စကားကို
ၾကားေတာ့မွ သူဘာေၾကာင့္ မအိပ္ႏိုင္လဲဆိုတာကို သိလိုက္ရတယ္။
အိပ္မေပ်ာ္တာ မဟုတ္ဘူး ေမာင္ ။ ေမာင္ ျပန္မလာခ်င္း အိပ္ရမွာကို စိတ္မေျဖာင့္တာ။ ေမာင့္ကို မယုံလို႔ မဟုတ္ဘူးဆိုတာ က်မ သိေပ
မယ့္ က်မ တစ္ေရးႏိုးလို႔ ေဘးနားမွာ ေမာင္မရွိရင္ ေရာက္တတ္ရာရာ ေတြးတတ္တဲ့ က်မ အက်င့္ေၾကာင့္ အိပ္လို႔ မရတာပါ။ မင္း
ဘာေတြေတြးေနတာလဲ ခ်စ္။ အကယ္၍ ဒီညမွာ ရွင္ က်မဆီ ျပန္မလာႏိုင္ေတာ့ဘူးဆိုရင္ မနက္ျဖန္ မနက္ကို က်မ ဘယ္လိုအင္အားနဲ႔
ရင္ဆိုင္မလဲ။ ဘာလို႔ က်မ ဒါမ်ိဳးေတြးေနရလဲဆိုေတာ့ လူတိုင္းဟာ အခ်ိန္မေ႐ြး သံသရာခရီးကို ႏႈတ္မဆက္ပဲ ထြက္သြားႏိုင္လို႔ပဲ။
အဲ့ေတာ့ ကိုယ့္မ်က္စိေရွ႕ကေန သူတစ္ခ်ိန္ ေပ်ာက္ကြယ္သြားမွာကို တရားသေဘာနဲ႔ သိေနေပမယ့္ ကိုယ့္မ်က္ကြယ္ကေနမွ ႐ုတ္တရက္
ေပ်ာက္ကြယ္သြားမွာကို က်မ မခံစားႏိုင္ဘူး။ အဲ့ဒါေတြ ေတြးၿပီးေတာ့လည္း က်မအိပ္လို႔မေပ်ာ္တာ။
သူေျပာမွပဲ က်ေတာ္လည္းျပန္ေတြးမိတယ္။ဘာလို႔လဲ ဆိုေတာ့ က်ေတာ္တို႔ လင္မယားကိုယ္ေတြ႕ႀကဳံဖူးတဲ့ ဇာတ္လမ္းတစ္ခုမွာ
အဲ့လိုေၾကကြဲစရာေလးေတြရွိတယ္။ က်ေတာ္သိတဲ့ အစ္ကိုနဲ႔အစ္မ အိမ္ေထာင္ေရးတစ္ခုမွာဆိုရင္ အဲ့အစ္ကိုက အေပါင္းအသင္း
အရမ္းမင္တာ သူ႔ဘဝမွာ မိသားစုထက္ သူငယ္ခ်င္းေတြက ပထမလို႔ ထင္ရေလာက္ေအာင္ သူငယ္ခ်င္းေတြကို အဲ့ေလာက္ခ်စ္တာ။
တစ္ရက္ေပါ့…သူအဲ့လို အေပါင္းအသင္းေတြနဲ႔ အျပင္ကေန အျပန္လမ္းမွာ accident တစ္ခုေၾကာင့္ သူ႐ုတ္တရက္ ဆုံးသြားတယ္။
အဲ့သတင္းကို သြားေျပာတဲ့ က်ေတာ္တို႔ က သူ႔အိမ္ထဲကို ဝင္ဝင္ခ်င္းမွာ ခံစားလိုက္ရတာက ဘာလဲ ဆိုေတာ့ သူ႔အမ်ိ ုးသမီးက ခါတိုင္းလို
ပဲ သူ႔ေယာက်ၤား ေနာက္က်မယ္ဆိုတာ သိလို႔ သူျပန္မယ့္အခ်ိန္အဆင္ေျပေအာင္ တံခါးကို ေသာ့ေတာင္ မခတ္ပဲ ထားတာကိုေတြ႕လိုက္ရ
တယ္ေလ။ လင္ေယာက်ၤားျပန္အလာကို ေမွ်ာ္ေနတဲ့ မိန္းမအတြက္ သူ႔ေယာက်ၤားဆုံးၿပီ ဆိုတဲ့သတင္းကို က်ေတာ္တို႔ ဘယ္လိုအားနဲ႔
ေျပာရမွန္းကို မသိေတာ့ဘူး။ က်ေတာ္ ကိုယ္တိုင္လည္း အဲ့ေန႔က ခံစားရတဲ့ ဝမ္းနည္းမွ ုကို လုံးဝမေမ့ဘူး။ ဆုံးသြားတဲ့ အဲ့ဒီ့ အစ္ကိုရဲ႕
သူငယ္ခ်င္းေတြဆိုလည္း သူမရွိတဲ့ေနာက္ပိုင္း ၁ ႏွစ္ျပည့္ဆြမ္းေတာင္ လူစုံေအာင္မလာၾကဘူး ။ ခုခ်ိန္ထိ တကယ္တမ္း ပူေဆြးၿပီးက်န္ခဲ့ရ
တာဆိုလို႔ သူ႔မိသားစုပဲရွိတယ္။
ဒီေတာ့ အဲ့လိုအျဖစ္အပ်က္ေတြ သူျပန္ေျပာေတာ့မွ က်ေတာ့္မိန္းမရဲ႕ ရင္ထဲကအပူကို နားလည္လာတယ္။ဒီေတာ့ ေနာက္ပိုင္း
သူငယ္ခ်င္းေတြလာေခၚရင္ ဘယ္မွသိပ္မလိုက္ျဖစ္ေတာ့ဘူး။ စိတ္ထဲ ေတြးမိတာတစ္ခုက သူတို႔နဲ႔မေတြ႕ရလည္း အေရးမႀကီးပါဘူးကြာ
ငါ့မိန္းမ စိတ္မပူရရင္ ၿပီးတာပဲ။ ၾကာလာေတာ့ မိန္းမကလည္း လႊတ္ပါတယ္ တစ္ခါတစ္ေလ ရွင့္သူငယ္ခ်င္းေတြေခၚရင္လည္းသြားလိုက္
ပါဦး။ အဲ့အခ်ိန္ က်ေတာ္ျပန္ေျပာတဲ့စကားက တစ္ခြန္းထဲပဲ ငါဒုကၡေရာက္တဲ့အခ်ိန္ ငါ့ဆီ ဆန္ျပဳတ္တစ္ထုပ္နဲ႔ သတင္းလာေမးဖို႔ေတာင္
မေသခ်ာတဲ့ သူေတြနဲ႔ ငါသြားၿပီး ေသာက္ရစားရ ရင္လည္း ငါ့အခ်ိန္ကုန္တာပဲရွိမယ္ မိန္းမ။
မေတာ္လို႔ ငါေသသြားရင္ေတာင္ ဒီေကာင္ေတြငါ့အေၾကာင္းေျပာလဲ လြန္ဆုံးတစ္လေပါ့ ငါ့မိသားစုလို ငါ့ကိုတစ္သက္လုံးလြမ္းဆြတ္ေန
ၾကမွာမွ မဟုတ္ဘဲ ဒီေတာ့ ငါ့အခ်ိန္ကို ေတြ႕ကရာ သူငယ္ခ်င္းေတြနဲ႔ ကုန္မယ့္အစား ငါခ်စ္တဲ့မိသားစုနဲ႔ ငါ့အေပၚတကယ္တန္ဖိုးထားတဲ့
မိတ္ေဆြစစ္စစ္ (သူငယ္ခ်င္းစစ္စစ္)ေတြနဲ႔ပဲ ကုန္ဆုံးေတာ့မယ္။
“ဘဝဆိုတာ တိုတိုေလးပါကြာ အဲ့အထဲကမွ ကိုယ္တကယ္တန္ဖိုးထားၿပီး ခ်စ္ရမယ့္သူေတြအတြက္ေတာင္ အခ်ိန္က ေလာက္ေအာင္
မေပးႏိုင္ဘူးရယ္။””
#Credit#
Unicode
မိသားစုတစ်ခုမှာ အဓိက ‘လူ’ နဲ့သာမည ‘လူ’ကို ခွဲခြားတတ်ကြပါစေ….
🔈ကလင်….ကလင်…ကလင်…🔈 နဲ့မြည်လာတဲ့ ဖုန်းသံကြောင့် ကျတော် ဖုန်းကို ကောက်ကိုင်ပြီး
ကြည့်လိုက်တော့ ငယ်သူငယ်ချင်းတစ်ယောက်က ဖုန်းခေါ်တယ်ဆိုတာ သိလိုက်တယ်။
ကျတော်။ ။ဟလို! အေး သယ်ရင်းပြော။
သူငယ်ချင်း။ ။ဟရောင် မင်းဘယ်မှာတုန်းကွ။
ကျတော် ။ ။ ငါအိမ်မှာလေ သူငယ်ချင်း။
သူငယ်ချင်း။ ။မင်းအားလားကွ။
ကျတော်။ ။အေး အားပါတယ်ကွာ ဘာဖြစ်လို့တုန်း။
သူငယ်ချင်း ။ ။ အေး အဲ့ဒါဆို မင်းအားရင်လာခဲ့လိုက်ကွာ ငါတို့ ဆိုင်မှာရှိတယ်။ဟိုကောင်တွေလည်း ရောက်နေကြတယ်ကွ လူစုံတုန်း
မင်းကို သတိရတာနဲ့ လှမ်းခေါ်လိုက်တာ။
ကျတော် တစ်ချက်တော့ တွေဝေသွားတယ်။ သွားရင် ကောင်းမလား စဉ်းစားရင်း ကျတော်ဖုန်းပြောနေတာကို ဂရုမစိုက်ဘဲ
ကိုရီးယား Z ကားကို ကြည့်နေတဲ့ ကျတော့် gangster ကြီးဆီကို မျက်လုံး အကြည့်ရောက်သွားတယ်။ အဲ့ဒီ့နောက် သက်ပြင်းရှည်ကြီး
မှုတ်ထုတ်လိုက်ပြီး စိတ်ထဲက ဆုံးဖြတ်ချက်တစ်ခုကို သေချာချကာ ပြန်ပြောလိုက်တယ်။
ကျတော် ။ ။ ငါမလာတော့ပါဘူးကွာ ။
သူငယ်ချင်း။ ။ ဟာ ဘာဖြစ်တာတုန်းကွ မင်းပဲခုနကပြောတော့ အားတယ်ဆို။
ကျတော် ။ ။ အေး အားပါတယ်ကွာ ဒါပေမယ့် ငါထွက်လာရင် အိမ်မှာ မိန်းမက တစ်ယောက်ထဲကျန်ခဲ့မှာဆိုတော့လေ ။
သူငယ်ချင်း။ ။ ဒါဆိုလည်း သူ့ပါခေါ်လာခဲ့ပေါ့ကွာ အားလုံးနဲ့လည်း သိနေတာကို။
ကျတော်။ ။ မခေါ်တော့ပါဘူးကွာ တော်ကြာ ငါတို့ပြောသမျှနားထောင်ပြီး သူပါခေါင်းကိုက်နေပါဦးမယ်။ ဒီနေ့တော့
ငါတောင်းပန်တယ်ကွာ မလာနိုင်တော့ဘူး ဆိုတော့လေ။ နောက်တစ်ခေါက်ကြမှ အေးဆေးတွေ့မယ် သူငယ်ချင်း။
သူငယ်ချင်း။ ။ ok ok ကောင်းပါပြီး မယက ကြီးရယ် ။
မိန်းမက ခွင့်မပြုလည်း မပြုဘူးပဲပြောပေါ့ကွာ၊ အကြောင်းမသိတာကြနေတာပဲ နောက်မှပဲတွေ့မယ် ဟရောင် ဒါပဲ ဒါပဲ။
ထိုသို့ ဖုန်းပြောပြီး ကျတော်ရော ကျတော့်သူငယ်ချင်းပါ ဖုန်းကို ပြိုင်တူချမိလိုက်သည်။ တစ်ဖက်မှာတော့ ကျတော့သူငယ်ချင်းတွေကြားမှ
ကျတော့်အကြောင်း ဘယ်လောက်တောင် အတင်းပြောနေကြမည်မသိ။ ပြောလည်း ကိစ္စ မရှိပါ အချိန်တန်ရင် သူတို့လည်း နားလည်လာ
သင့်သလောက်တော့ နားလည်သွားကြမှာပါ။ အရေးကြီးတာက ကျတော့ အမျိုးသမီး သူ့ဘက်က ကျတော် တွေးကြည့်မိလို့ပါ။
ကျတော်ဆိုတဲ့ကောင်က အပေါင်းအသင်းအရမ်းမက်တာ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရမယ်ဆို အိမ်မပြန်ရလဲ ကျတော့အတွက်
အေးဆေးပဲ သွားမယ် လာမယ် စားမယ် သောက်မယ် ဒီလိုနေနေရတာကိုက ဘဝမှာ အဓိပ္ပာယ် ရှိနေသလို ခံစားနေရတယ်။ လူပဲလေ
အလုပ်ရဲ့ပင်ပန်းမှုဒဏ်တွေက များတော့ သူငယ်ချင်းတွေနဲ့တွေ့ရင် စိတ်မှာတော်တော်လေး ပေါ့ပါးသွားတာ။
အရင်အိမ်ထောင်ကျခါစကတော့ သူငယ်ချင်းတွေနဲ့ ချိန်းထားရင် မိန်းမက လိုက်လိုက်လာတတ်တယ်။ ညားခါစဆိုတော့ မခွဲနိုင်
မခွာရက်ပေါ့ဗျာ။ ကျတော်က ဂီတာတီးရင်း နည်းနည်းပါးပါးလေးလည်း သောက်တတ်တော့ သူ့ခမျာ ဘေးနားမှာ ငုတ်တုတ်လေး
ထိုင်ပြီး ကျတော်ပြန်မယ့် အချိန်ထိ စောင့်ပေးနေတတ်တယ်။ တစ်ခါတစ်လေကြရင် လမ်းဘေးအုတ်ခုံလေးပေါ်မှာ ငုတ်တုတ်ထိုင်ရင်း
တောင် အိပ်ပျော်သွားတတ်လို့ ကျတော်က နောက်ဆိုရင် သူ့ကိုခေါ်မသွားတော့ဘူးလေ။ အိပ်ရေးပျက်မှာ စိုးတာက တစ်ကြောင်း
သူပျင်းနေတာကို သိတာလည်း ပါတာပေါ့။
အဲ့လို သူမပါဘဲ ကျတော်ညပိုင်း သူငယ်ချင်းတွေနဲ့ အပြင်ထွက် မနက် ၂နာရီ ၃နာရီလောက်မှ ပြန်လာရင် သူက အိပ်မနေဘဲ စောင့်နေ
တတ်တယ်။ တစ်ခါ တစ်လေ ဆိုရင် ပြသနာမဟုတ်ပေမယ့် တစ်ပါတ်မှာ ၃ရက် ၄ရက်လောက်ဖြစ်လာတော့ ကျတော်လည်းမနေနိုင်
တော့ဘူးလေ။ ဒီတော့ ကျတော်လည်းပြောရတော့တာပေါ့ ချစ်ရေ မင်း မောင်ပြန်မလာသေးရင်မစောင့်နဲ့ အိပ်ပျော်အောင် အိပ် မောင်က
မင်းကို မခေါ်သွားဘဲ ထားခဲ့တယ် ဆိုတာက မောင်မဟုတ်တာလုပ်ချင်လို့ မှမဟုတ်တာ အဲ့ဒါ မင်းသိတယ် ။ အဓိကတော့ ချစ်အိပ်ရေး
ပျက်မှာ စိုးလို့ ထားခဲ့တာ ။နောက်ဆိုရင် မောင်ပြန်လာတဲ့အထိ စောင့်မနေနဲ့ အိပ်ပျော်အောင်အိပ် မင်းက မနက်ဆို အလုပ်ကို အစောကြီး
သွားရတာ မောင်က နေ့လည် ၁၂နာရီမှသွားရတာဆိုတော့ မတူဘူး။ ကျတော် အဲ့သလိုပြောပြီး အချိန် သူပြန်ပြောတဲ့စကားကို
ကြားတော့မှ သူဘာကြောင့် မအိပ်နိုင်လဲဆိုတာကို သိလိုက်ရတယ်။
အိပ်မပျော်တာ မဟုတ်ဘူး မောင် ။ မောင် ပြန်မလာချင်း အိပ်ရမှာကို စိတ်မဖြောင့်တာ။ မောင့်ကို မယုံလို့ မဟုတ်ဘူးဆိုတာ ကျမ သိပေ
မယ့် ကျမ တစ်ရေးနိုးလို့ ဘေးနားမှာ မောင်မရှိရင် ရောက်တတ်ရာရာ တွေးတတ်တဲ့ ကျမ အကျင့်ကြောင့် အိပ်လို့ မရတာပါ။ မင်း
ဘာတွေတွေးနေတာလဲ ချစ်။ အကယ်၍ ဒီညမှာ ရှင် ကျမဆီ ပြန်မလာနိုင်တော့ဘူးဆိုရင် မနက်ဖြန် မနက်ကို ကျမ ဘယ်လိုအင်အားနဲ့
ရင်ဆိုင်မလဲ။ ဘာလို့ ကျမ ဒါမျိုးတွေးနေရလဲဆိုတော့ လူတိုင်းဟာ အချိန်မရွေး သံသရာခရီးကို နှုတ်မဆက်ပဲ ထွက်သွားနိုင်လို့ပဲ။
အဲ့တော့ ကိုယ့်မျက်စိရှေ့ကနေ သူတစ်ချိန် ပျောက်ကွယ်သွားမှာကို တရားသဘောနဲ့ သိနေပေမယ့် ကိုယ့်မျက်ကွယ်ကနေမှ ရုတ်တရက်
ပျောက်ကွယ်သွားမှာကို ကျမ မခံစားနိုင်ဘူး။ အဲ့ဒါတွေ တွေးပြီးတော့လည်း ကျမအိပ်လို့မပျော်တာ။
သူပြောမှပဲ ကျတော်လည်းပြန်တွေးမိတယ်။ဘာလို့လဲ ဆိုတော့ ကျတော်တို့ လင်မယားကိုယ်တွေ့ကြုံဖူးတဲ့ ဇာတ်လမ်းတစ်ခုမှာ
အဲ့လိုကြေကွဲစရာလေးတွေရှိတယ်။ ကျတော်သိတဲ့ အစ်ကိုနဲ့အစ်မ အိမ်ထောင်ရေးတစ်ခုမှာဆိုရင် အဲ့အစ်ကိုက အပေါင်းအသင်း
အရမ်းမင်တာ သူ့ဘဝမှာ မိသားစုထက် သူငယ်ချင်းတွေက ပထမလို့ ထင်ရလောက်အောင် သူငယ်ချင်းတွေကို အဲ့လောက်ချစ်တာ။
တစ်ရက်ပေါ့…သူအဲ့လို အပေါင်းအသင်းတွေနဲ့ အပြင်ကနေ အပြန်လမ်းမှာ accident တစ်ခုကြောင့် သူရုတ်တရက် ဆုံးသွားတယ်။
အဲ့သတင်းကို သွားပြောတဲ့ ကျတော်တို့ က သူ့အိမ်ထဲကို ဝင်ဝင်ချင်းမှာ ခံစားလိုက်ရတာက ဘာလဲ ဆိုတော့ သူ့အမျိ ုးသမီးက ခါတိုင်းလို
ပဲ သူ့ယောင်္ကျား နောက်ကျမယ်ဆိုတာ သိလို့ သူပြန်မယ့်အချိန်အဆင်ပြေအောင် တံခါးကို သော့တောင် မခတ်ပဲ ထားတာကိုတွေ့လိုက်ရ
တယ်လေ။ လင်ယောင်္ကျားပြန်အလာကို မျှော်နေတဲ့ မိန်းမအတွက် သူ့ယောင်္ကျားဆုံးပြီ ဆိုတဲ့သတင်းကို ကျတော်တို့ ဘယ်လိုအားနဲ့
ပြောရမှန်းကို မသိတော့ဘူး။ ကျတော် ကိုယ်တိုင်လည်း အဲ့နေ့က ခံစားရတဲ့ ဝမ်းနည်းမှ ုကို လုံးဝမမေ့ဘူး။ ဆုံးသွားတဲ့ အဲ့ဒီ့ အစ်ကိုရဲ့
သူငယ်ချင်းတွေဆိုလည်း သူမရှိတဲ့နောက်ပိုင်း ၁ နှစ်ပြည့်ဆွမ်းတောင် လူစုံအောင်မလာကြဘူး ။ ခုချိန်ထိ တကယ်တမ်း ပူဆွေးပြီးကျန်ခဲ့ရ
တာဆိုလို့ သူ့မိသားစုပဲရှိတယ်။
ဒီတော့ အဲ့လိုအဖြစ်အပျက်တွေ သူပြန်ပြောတော့မှ ကျတော့်မိန်းမရဲ့ ရင်ထဲကအပူကို နားလညိလာတယ်။ဒီတော့ နောက်ပိုင်း
သူငယ်ချင်းတွေလာခေါ်ရင် ဘယ်မှသိပ်မလိုက်ဖြစ်တော့ဘူး။စိတ်ထဲ တွေးမိတာတစ်ခုက သူတို့နဲ့မတွေ့ရလည်း အရေးမကြီးပါဘူးကွာ
ငါ့မိန်းမစိတ်မပူရရင် ပြီးတာပဲ။ ကြာလာတော့ မိန်းမကလည်း လွှတ်ပါတယ် တစ်ခါတစ်လေ ရှင့်သူငယ်ချင်းတွေခေါ်ရင်လည်းသွားလိုက်
ပါဦး။ အဲ့အချိန် ကျတော်ပြန်ပြောတဲ့စကားက တစ်ခွန်းထဲပဲ ငါဒုက္ခရောက်တဲ့အချိန် ငါ့ဆီ ဆန်ပြုတ်တစ်ထုပ်နဲ့ သတင်းလာမေးဖို့တောင်
မသေချာတဲ့ သူတွေနဲ့ ငါသွားပြီး သောက်ရစားရ ရင်လည်း ငါ့အချိန်ကုန်တာပဲရှိမယ် မိန်းမ။
မတော်လို့ ငါသေသွားရင်တောင် ဒီကောင်တွေငါ့အကြောင်းပြောလဲ လွန်ဆုံးတစ်လပေါ့ ငါ့မိသားစုလို ငါ့ကိုတစ်သက်လုံးလွမ်းဆွတ်နေ
ကြမှာမှ မဟုတ်ဘဲ ဒီတော့ ငါ့အချိန်ကို တွေ့ကရာ သူငယ်ချင်းတွေနဲ့ ကုန်မယ့်အစား ငါချစ်တဲ့မိသားစုနဲ့ ငါ့အပေါ်တကယ်တန်ဖိုးထားတဲ့
မိတ်ဆွေစစ်စစ် (သူငယ်ချင်းစစ်စစ်)တွေနဲ့ပဲ ကုန်ဆုံးတော့မယ်။
“ဘဝဆိုတာ တိုတိုလေးပါကွာ အဲ့အထဲကမှ ကိုယ်တကယ်တန်ဖိုးထားပြီး ချစ်ရမယ့်သူတွေအတွက်တောင် အချိန်က ေ
No Comments