
မခ်စ္မိခင္ ေမးရမယ့္ေမးခြန္းမ်ား
ဒါကေတာ့ လူတစ္ေယာက္ကို ခ်စ္သူ ရည္းစား အဆင့္မေရာက္ခင္ လူတိုင္းေသခ်ာေပါက္ ေတြးၿပီးေမးရမယ့္ ေမးခြန္းျဖစ္ ပါတယ္။
သူရဲ႕ ႐ုပ္ရည္ထက္ စာရင္ အက်င့္စ႐ိုက္ေတြနဲ႔ သူ႔ရဲ႕ ပတ္ဝန္းက်င္က သင့္အတြက္ ပိုအေရးႀကီး ပါတယ္။ အေသးစိတ္အက်င့္ေလးေတြကစၿပီး၊ ႀကီးႀကီးမားမားအခ်က္ေတြထိ သင္ေသေသခ်ာခ်ာ စဥ္းစား သင့္ပါတယ္။
အခုအခ်ိန္မွာ ခ်စ္လို႔ သည္းခံႏိုင္တာေတြ၊ မျမင္မိတာေတြ ရွိေပမယ့္ ေရရွည္အတြက္ ဆိုရင္ေတာ့ သူဘယ္လိုလူလဲ ဆိုတာကို သင့္အေနနဲ႔ အမွန္အတိုင္း ျမင္သင့္ပါတယ္။
.
၂။ သူ႔အခ်ိန္ေတြကို ဘယ္လိုအသုံးခ်သလဲ?
ဒါကလည္း အေရးမႀကီးဘူး ထင္ရေပမယ့္ သင္စဥ္းစားရမယ့္ အေၾကာင္းအခ်က္ ထဲမွာ ပါဝင္ ပါတယ္။ သူဟာ သူ႔အလုပ္ေတြနဲ႔ အခ်ိန္ကုန္ ဆုံးတတ္တဲ့ သူလား၊ သူ႔ေဘးက လူနဲ႔ အရမ္းကို အခ်ိန္ကုန္ဆုံး ခ်င္တဲ့ သူလား ဆိုတာ သင္သိ ရပါမယ္။
သင္ဟာ ေႏြးေႏြးေထြးေထြး ေနရတာ ႀကိဳက္တဲ့ သူဆိုရင္ သူ႔အလုပ္နဲ႔သူ အခ်ိန္ကုန္တတ္တဲ့ သူနဲ႔ဆို အဆင္မေျပ ပါဘူး။ သင္ဟာ ေအးေအးလူလူ ေနတတ္တဲ့ သူဆိုရင္ အခ်ိန္တိုင္း အတူတူသာေနခ်င္ေနတဲ့သူနဲ႔လည္း မကိုက္ ပါဘူး။ ဒီေတာ့ အတူမရွိခင္ ကတည္းက တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္လိုနည္းနဲ႔ အဆင္ေျပႏိုင္မလဲဆိုတာ ႀကိဳေတြးသင့္ပါတယ္။
.
၃။ ရယူတတ္တဲ့သူလား၊ ေပးဆပ္တတ္တဲ့ သူလား?
ရယူခ်င္လို႔ ေပးဆပ္ေန တာလား? တကယ္ပဲ ကိုယ့္ကို ခ်စ္လို႔ ေပးဆပ္ေန တာလား? ကိုယ္သိဖို ႔လိုပါတယ္။
ကိုယ့္ဘက္က စခ်စ္ရတဲ့သူဆိုရင္လည္း သူဟာတကယ္ပဲ ကိုယ္ေပးဆပ္ဖို႔ ထိုက္တန္တဲ့သူလား? ကိုယ္ေတြးရပါမယ္။ စစ္မွန္တဲ့ အခ်စ္မွာ ရယူျခင္း၊ေပးဆပ္ျခင္း ဆိုတာ မရွိ ပါဘူး။ ေဝမွ်ျခင္း၊နားလည္ျခင္း ဆိုတာပဲ ရွိပါတယ္။ ဒါေပမယ့္ လက္ေတြ႕မွာ အမ်ားအားျဖင့္ေတာ့ အေပးအယူဆန္တဲ့ အခ်စ္ေတြသာ မ်ားမ်ားစားစားေတြ႕ရတတ္ ပါတယ္။
.
၄။ ဆန႔္က်င္ဘက္ေတြဟာ ဆြဲေဆာင္မႈရွိတယ္။ ဒါေပမယ့္ ပုံစံတူေတြဟာ ခိုင္ၿမဲတယ္။
ကိုယ္နဲ႔ type မတူတဲ့ သူဆိုရင္ ကိုယ့္စိတ္ကို ပိုၿပီး ဆြဲေဆာင္မႈ ရွိတယ္လို႔ ခံစား ရမွာ ပါပဲ။ ဒါေပမယ့္ ပုံစံခ်င္း၊ အက်င့္စ႐ိုက္ခ်င္း မတူတဲ့ အတြက္ နားလည္မႈေတြ လိုအပ္ လာသလို အၿမဲတမ္း လည္း ညႇိႏႈိင္းေန ရမွာပါ။
နားလည္မႈ ရွိရင္ အဆင္ေျပ ႏိုင္ေပမယ့္ နားလည္မႈ မရွိရင္ေတာ့ ေရရွည္မွာ လက္တြဲၿမဲ ဖို႔ ခက္ခဲ ပါမယ္။ ကိုယ္နဲ႔ အသြင္တူတဲ့ သူကေတာ့ ေျပာစရာ မလိုပါဘူး။ အိမ္သူျဖစ္လို႔ အလားအလာေကာင္းေတြ ရွိပါတယ္။
.
၅။ သူဟာ ကိုယ့္ကို ဘယ္လိုသက္ေရာက္မႈ ရွိႏိုင္လဲ?
ခ်စ္သူေတြ ျဖစ္ၾကၿပီ ဆိုကတည္းက သူစိမ္းေတြလို ေနလို႔မရေတာ့ ပါဘူး။ အခ်ိန္ေတြ၊ ခံစားခ်က္ေတြနဲ႔ ကိုယ္နဲ႔ဆိုင္တဲ့ ေတာ္ေတာ္မ်ားမ်ားကို သူနဲ႔အတူေဝမွ် ရေတာ့ မယ္။ ဒီေတာ့ သူဟာ ကိုယ့္ကို ဘယ္လို သက္ေရာက္မႈ ရွိမလဲ ဆိုတာ ေမးသင့္ပါတယ္။
ရန္ေတြခ်ည္း ပဲျဖစ္၊ စိတ္ညစ္ေအာင္ လုပ္ႏိုင္တဲ့သူ ဆိုရင္ မေကာင္းတဲ့ သက္ေရာက္မႈေတြ ရွိမွာျဖစ္ၿပီ၊ ကိုယ့္ဘဝကို တိုးတက္ေအာင္ တစ္နည္းနည္းနဲ႔ အေထာက္ အပံ့ျဖစ္ေစတဲ့ သူဆိုရင္ ေကာင္းတဲ့ သက္ေရာက္မႈေတြ ရွိပါမယ္။
.
၆။ အသိုင္းအဝိုင္းေတြ
ေနာက္ဆုံးေမးခြန္းကေတာ့ သမီးရည္းစား ဘဝမွာ သိပ္ျပသနာ မရွိေပမယ့္ ေနာက္ပိုင္းမွာ တကယ္ကို အေရးပါလာမယ့္ အေၾကာင္းအရာတစ္ခုျဖစ္ပါတယ္။ အိမ္ေထာင္ျပဳဖို႔ အထိ ရည္႐ြယ္ထားတယ္ ဆိုရင္ေတာ့ ဒီအခ်က္ကို မျဖစ္မေန စဥ္းစားၿပီး ကိုယ့္ကိုယ္ကို ေမးသင့္ပါတယ္။
သူ႔ရဲ႕ မိဘအသိုင္းအဝိုင္း၊ မိတ္ေဆြ အသိုင္းအဝိုင္း၊ က်င္လည္ရာ အသိုင္းအဝိုင္းေတြဟာ ကိုယ္နဲ႔ သဟဇာတျဖစ္ရဲ႕လား။ ဒီအခ်က္ေၾကာင့္ ခ်စ္ပါရက္နဲ႔ ညႇိဳႏႈိင္းလို႔မရတဲ့ အတြက္ ေနာက္ဆုတ္လိုက္ၾကရတဲ့ စုံတြဲေတြ ရွိပါတယ္။
Credit
Unicode
မချစ်မိခင် မေးရမယ့်မေးခွန်းများ
ဒါကတော့ လူတစ်ယောက်ကို ချစ်သူ ရည်းစား အဆင့်မရောက်ခင် လူတိုင်းသေချာပေါက် တွေးပြီးမေးရမယ့် မေးခွန်းဖြစ် ပါတယ်။
သူရဲ့ ရုပ်ရည်ထက် စာရင် အကျင့်စရိုက်တွေနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်က သင့်အတွက် ပိုအရေးကြီး ပါတယ်။ အသေးစိတ်အကျင့်လေးတွေကစပြီး၊ ကြီးကြီးမားမားအချက်တွေထိ သင်သေသေချာချာ စဉ်းစား သင့်ပါတယ်။
အခုအချိန်မှာ ချစ်လို့ သည်းခံနိုင်တာတွေ၊ မမြင်မိတာတွေ ရှိပေမယ့် ရေရှည်အတွက် ဆိုရင်တော့ သူဘယ်လိုလူလဲ ဆိုတာကို သင့်အနေနဲ့ အမှန်အတိုင်း မြင်သင့်ပါတယ်။
.
၂။ သူ့အချိန်တွေကို ဘယ်လိုအသုံးချသလဲ?
ဒါကလည်း အရေးမကြီးဘူး ထင်ရပေမယ့် သင်စဉ်းစားရမယ့် အကြောင်းအချက် ထဲမှာ ပါဝင် ပါတယ်။ သူဟာ သူ့အလုပ်တွေနဲ့ အချိန်ကုန် ဆုံးတတ်တဲ့ သူလား၊ သူ့ဘေးက လူနဲ့ အရမ်းကို အချိန်ကုန်ဆုံး ချင်တဲ့ သူလား ဆိုတာ သင်သိ ရပါမယ်။
သင်ဟာ နွေးနွေးထွေးထွေး နေရတာ ကြိုက်တဲ့ သူဆိုရင် သူ့အလုပ်နဲ့သူ အချိန်ကုန်တတ်တဲ့ သူနဲ့ဆို အဆင်မပြေ ပါဘူး။ သင်ဟာ အေးအေးလူလူ နေတတ်တဲ့ သူဆိုရင် အချိန်တိုင်း အတူတူသာနေချင်နေတဲ့သူနဲ့လည်း မကိုက် ပါဘူး။ ဒီတော့ အတူမရှိခင် ကတည်းက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုနည်းနဲ့ အဆင်ပြေနိုင်မလဲဆိုတာ ကြိုတွေးသင့်ပါတယ်။
.
၃။ ရယူတတ်တဲ့သူလား၊ ပေးဆပ်တတ်တဲ့ သူလား?
ရယူချင်လို့ ပေးဆပ်နေ တာလား? တကယ်ပဲ ကိုယ့်ကို ချစ်လို့ ပေးဆပ်နေ တာလား? ကိုယ်သိဖို့လိုပါတယ်။
ကိုယ့်ဘက်က စချစ်ရတဲ့သူဆိုရင်လည်း သူဟာတကယ်ပဲ ကိုယ်ပေးဆပ်ဖို့ ထိုက်တန်တဲ့သူလား? ကိုယ်တွေးရပါမယ်။ စစ်မှန်တဲ့ အချစ်မှာ ရယူခြင်း၊ပေးဆပ်ခြင်း ဆိုတာ မရှိ ပါဘူး။ ဝေမျှခြင်း၊နားလည်ခြင်း ဆိုတာပဲ ရှိပါတယ်။ဒါပေမယ့် လက်တွေ့မှာ အများအားဖြင့်တော့ အပေးအယူဆန်တဲ့ အချစ်တွေသာ များများစားစားတွေ့ရတတ် ပါတယ်။
.
၄။ ဆန့်ကျင်ဘက်တွေဟာ ဆွဲဆောင်မှုရှိတယ်။ ဒါပေမယ့် ပုံစံတူတွေဟာ ခိုင်မြဲတယ်။
ကိုယ်နဲ့ type မတူတဲ့ သူဆိုရင် ကိုယ့်စိတ်ကို ပိုပြီး ဆွဲဆောင်မှု ရှိတယ်လို့ ခံစား ရမှာ ပါပဲ။ ဒါပေမယ့် ပုံစံချင်း၊ အကျင့်စရိုက်ချင်း မတူတဲ့ အတွက် နားလည်မှုတွေ လိုအပ် လာသလို အမြဲတမ်း လည်း ညှိနှိုင်းနေ ရမှာပါ။
နားလည်မှု ရှိရင် အဆင်ပြေ နိုင်ပေမယ့် နားလည်မှု မရှိရင်တော့ ရေရှည်မှာ လက်တွဲမြဲ ဖို့ ခက်ခဲ ပါမယ်။ ကိုယ်နဲ့ အသွင်တူတဲ့ သူကတော့ ပြောစရာ မလိုပါဘူး။ အိမ်သူဖြစ်လို့ အလားအလာကောင်းတွေ ရှိပါတယ်။
.
၅။ သူဟာ ကိုယ့်ကို ဘယ်လိုသက်ရောက်မှု ရှိနိုင်လဲ?
ချစ်သူတွေ ဖြစ်ကြပြီ ဆိုကတည်းက သူစိမ်းတွေလို နေလို့မရတော့ ပါဘူး။ အချိန်တွေ၊ ခံစားချက်တွေနဲ့ ကိုယ်နဲ့ဆိုင်တဲ့ တော်တော်များများကို သူနဲ့အတူဝေမျှ ရတော့ မယ်။ ဒီတော့ သူဟာ ကိုယ့်ကို ဘယ်လို သက်ရောက်မှု ရှိမလဲ ဆိုတာ မေးသင့်ပါတယ်။
ရန်တွေချည်း ပဲဖြစ်၊ စိတ်ညစ်အောင် လုပ်နိုင်တဲ့သူ ဆိုရင် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိမှာဖြစ်ပြီ၊ ကိုယ့်ဘဝကို တိုးတက်အောင် တစ်နည်းနည်းနဲ့ အထောက် အပံ့ဖြစ်စေတဲ့ သူဆိုရင် ကောင်းတဲ့ သက်ရောက်မှုတွေ ရှိပါမယ်။
.
၆။ အသိုင်းအဝိုင်းတွေ
နောက်ဆုံးမေးခွန်းကတော့ သမီးရည်းစား ဘဝမှာ သိပ်ပြသနာ မရှိပေမယ့် နောက်ပိုင်းမှာ တကယ်ကို အရေးပါလာမယ့် အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ အိမ်ထောင်ပြုဖို့ အထိ ရည်ရွယ်ထားတယ် ဆိုရင်တော့ ဒီအချက်ကို မဖြစ်မနေ စဉ်းစားပြီး ကိုယ့်ကိုယ်ကို မေးသင့်ပါတယ်။
သူ့ရဲ့ မိဘအသိုင်းအဝိုင်း၊ မိတ်ဆွေ အသိုင်းအဝိုင်း၊ ကျင်လည်ရာ အသိုင်းအဝိုင်းတွေဟာ ကိုယ်နဲ့ သဟဇာတဖြစ်ရဲ့လား။ ဒီအချက်ကြောင့် ချစ်ပါရက်နဲ့ ညှိုနှိုင်းလို့မရတဲ့ အတွက် နောက်ဆုတ်လိုက်ကြရတဲ့ စုံတွဲတွေ ရှိပါတယ်။
No Comments