ခရက်ဒစ်
ယူနီကုတ်
Relationship တစ်ခုရဲ့သင်သတိမပြုမိချိန်လေးမှာဒီလိုအမှားမျိုးတွေ လုပ်မိနေပြီလား
ဒီအချက်ကတော့ ချစ်သူ ရည်းစားတိုင်းမှာ ပိုပြီး ဖြစ်လေ့ဖြစ်ထ ရှိကြ ပါတယ်။ အမှားဆိုတာ ဖြစ်လေ့ရှိတဲ့အတွက် မရည်ရွယ်တဲ့ အမှားမျိုး ဆိုရင် ခွင့်လွှတ်ပေး ရင်တော့ နှစ်ဖက် အဆင်ပြေပ ါလိမ့်မယ်။ ခွင့်လွှတ်နိုင်လောက်တဲ့ အမှားလုပ် မိသူကို အပြစ်မဆိုပဲ၊ နောက်မဖြစ်ဖို့ကိုသာ တောင်းဆိုရမှာ ဖြစ်ပါတယ်။
(၁) တစ်ဦးပေါ် တစ်ဦး စိုးရိမ်လွန်ကဲခြင်း
ဒီအချက်ကတော့ အတော်လေး အရေးကြီ းပါတယ်။ သူ ငါမသိအောင် ဘာတွေ မဟုတ်တာ လုပ်နေပြီလဲ၊သူ့ကို မပြောထားတာ ဘာတွေများ ရှိနေပြီ လဲဆိုပြီး တစ်ခါတလေ စိုးရိမ်မှု လွန်ကဲ တတ်ကြ ပါတယ်။
အဲ့ဒါကို အမျိုးသားတွေ ဘက်က နားလည်အောင်သေချာရှင်းပြ ဖို့လို ပါတယ်။ အမျိုးသမီးတွေ ဘက်ကလဲ စိုးရိမ်မှုလွန်ကဲရင် သံသယဖြစ် လာတတ် တာကို သတိပြု ရမှာ ဖြစ်ပါတယ်။
(၂) တစ်ဦးပေါ်တစ်ဦး စကားပြောများခြင်း
စကားများခြင်းက အဆိုးမဟုတ် သလို အမှားလဲ မဟုတ်ပါဘူး ။ သာမန်အားဖြင့်တော့ အမျိုးသမီးတွေက အမျိုးသားတွေ ထက် စကားပိုပြော တတ်ကြတာ သဘာဝလို့ဆိုရမှာပါ။
နားမထောင်ချင်တော့ဘူးဆိုရင် သင်ဆက် တိုက်ပြောဖို့ တစ်ခုခု ရှာကြံစဉ်းစား လိုက်ပါ။ ဒါမှမဟုတ် သူမ မသိတဲ့ အရာတစ်ခုကို ပြောဖို့ စဉ်းစား လိုက်ပါ။ ဘာပဲဖြစ်ဖြစ် စကားများတယ် ဆိုတာလည်း ခွင့်လွှတ်တတ်လို့ ရတဲ့ အရာဖြစ်ပါတယ်။
(၃) တစ်ယောက်ပေါ်တစ်ယောက် ဆရာလုပ်မိခြင်း
အမျိုးသားတွေထဲ မှာလည်း ဆရာလုပ်တတ်သူ ရှိသလို အမျိုးသမီးတွေ ထဲမှာလည်း ဆရာလုပ်တတ်သူတွေရှိပါတယ်။ သူ့မျိုးရိုးနဲ့ သူလာတာဖြစ်ပြီး ယောကျ်ား၊မိန်းမနဲ့ မဆိုင်လှ ပါဘူး။ အများရှေ့မှာ သင့်ကို သိက္ခာကျအောင် မပြောသရွေ့တော့ သူဆရာ လုပ်တာကို သင်ခွင့်လွှတ်ပေးသင့် ပါတယ်။
No Comments