
မိသားစု လက္ဆံု ထမင္းဝိုင္းေတြကေန သင္ သတိမထားမိပဲ ရႏိုင္တဲ့ ေကာင္းက်ိဳးေလးမ်ား
မိသားစု လက္ဆံု ထားတဲ့ ဓေလ့က သိပ္ကို ခ်စ္ဖုိ႔ေကာင္း ပါတယ္။ ခ်စ္ဖို႔ေကာင္းသလို မိသားစုေတြအတြက္ အက်ိဳးေတြ လည္း ရတတ္ တာကို မိသားစုေတြ အတူ လက္ဆံု စားမွသာ သိၾက တာပါ။ မိသားစုေတြရဲ႕ ထမင္းလက္ဆံုဝိုင္းေတြ ဘယ္လို ေကာင္းကြက္ေလးေတြ ျဖစ္သြားေစ သလဲ ဆိုရင္ေတာ့
(၁) ထမင္းပိုစားၿမိန္တယ္
ထမင္း ဆိုတာမ်ိဳးက တစ္ေယာက္တည္း စားတာထက္ အေဖာ္နဲ႔ စားတာက ပိုၿမိန္ ပါတယ္။ မိသားစုေတြ စံုစံုလင္လင္စားတဲ့ အခါ မွာေတာ့ ပိုၿပီး ထမင္းစားလို႔ ၿမိန္္ေနတတ္ ပါတယ္။ ဒါက အစားစားခ်င္စိတ္ကို လံႈ႕ေဆာင္မႈ ျဖစ္ေစလို႔ စားမေကာင္း တာမ်ိဳးကို အျဖစ္နည္းေစတဲ့ အခ်က္ပါပဲ။
(၂) စားစရိတ္ကို သက္သာေစတယ္
အိမ္တစ္အိမ္မွာ မိသားစုေတြ လက္ဆံု စားတယ္ဆိုတာ စားစရိတ္ စီစစ္ဖို႔ အတြက္လည္း ျဖစ္ပါတယ္။ တစ္ေယာက္ တစ္ကြဲ ထမင္းစား တာက ဟင္းေတြကို ပုိကုန္ေစသလို အိမ္စရိတ္ကို ပိုျမင့္မားေစ ပါတယ္။
ဒါ့အျပင္ အေလအလြင့္ေတြလည္း ပိုမ်ား သြားတတ္ ပါတယ္။ မိသားစုအတူ စားမယ္ ဆိုရင္ေတာ့ ဟင္းေတြကို တစ္ေယာက္နဲ႔ တစ္ေယာက္ ေလာက္ငေအာင္ အညီအမွ် စားရ တာေၾကာင့္ အေလအလြင့္ နည္းသြားေစ ပါတယ္။
(၃) ေႏြးေထြးမႈကို ရေစတယ္
ထမင္းလက္ဆံု မစားတဲ့ မိသားစုထက္ ထမင္းလက္ဆံု အျမဲစားတဲ့ မိသားစုေတြက ပိုၿပီး ေႏြးေထြးတတ္ၾကပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ေႏြးေထြးမႈကို ျဖစ္ေစ တာေၾကာင့္ မိသားစု ပိုအဆင္ေျပေျပ ခ်စ္ခ်စ္ခင္ခင္ ရွိေနေစ ပါေသးတယ္။
(၄) အခ်စ္ပိုေစတယ္
ထမင္းစားရင္းနဲ႔ စကား မေျပာ ရဘူးလို႔ ေရွးလူႀကီးေတြက ေျပာေလ့ ရွိၾကေပမယ့္ ထမင္းဝိုင္းမွာ မိသားစုအေရးကို ေျပာေလ့ ရွိတာ ကလည္း ခ်စ္စရာ အေလ့ တစ္ခု ျဖစ္ပါ တယ္ေနာ္။
ဒီလိုမ်ိဳး ထမင္းဝိုင္းမွာ တစ္ေယာက္ကို တစ္ေယာက္ အခ်ိန္ပိုေပးျဖစ္တာေၾကာင့္ အခ်စ္ေတြလည္း ပိုပိုၿပီး တိုးတက္လာေစ ပါေသးတယ္။
(၅) က်န္းမာေစတယ္
ထမင္းအတူ စားရတာ ျဖစ္တဲ့ စားခ်ိန္ တစ္ခုတည္းမွာ ညီတူညာတူ စားေသာက္ ရပါေတာ့ တယ္။ ကိုယ္စားခ်င္တဲ့ အခ်ိန္ စားတာမ်ိဳးက ထမင္းစားခ်ိိန္ မမွန္ ျဖစ္ေစလို႔ က်န္းမာေရးနဲ႔ မကိုက္ညီ ပါဘူး။
လူစံု လက္ဆံုစား တာမ်ိဳး တာကေတာ့ ထမင္းစားခ်ိန္ကို မွန္ေစၿပီး ပံုမွန္ျဖစ္ေစလို႔ က်န္းမာတဲ့ ဘဝက္ို ရရွိေစပါတယ္ေနာ္။
kham
Credit
Unicode
မိသားစု လက်ဆုံ ထမင်းဝိုင်းတွေကနေ သင် သတိမထားမိပဲ ရနိုင်တဲ့ ကောင်းကျိုးလေးများ
မိသားစု လက်ဆုံ ထားတဲ့ ဓလေ့က သိပ်ကို ချစ်ဖို့ကောင်း ပါတယ်။ ချစ်ဖို့ကောင်းသလို မိသားစုတွေအတွက် အကျိုးတွေ လည်း ရတတ် တာကို မိသားစုတွေ အတူ လက်ဆုံ စားမှသာ သိကြ တာပါ။ မိသားစုတွေရဲ့ ထမင်းလက်ဆုံဝိုင်းတွေ ဘယ်လို ကောင်းကွက်လေးတွေ ဖြစ်သွားစေ သလဲ ဆိုရင်တော့
(၁) ထမင်းပိုစားမြိန်တယ်
ထမင်း ဆိုတာမျိုးက တစ်ယောက်တည်း စားတာထက် အဖော်နဲ့ စားတာက ပိုမြိန် ပါတယ်။ မိသားစုတွေ စုံစုံလင်လင်စားတဲ့ အခါ မှာတော့ ပိုပြီး ထမင်းစားလို့ မြိန်နေတတ် ပါတယ်။ ဒါက အစားစားချင်စိတ်ကို လှုံ့ဆောင်မှု ဖြစ်စေလို့ စားမကောင်း တာမျိုးကို အဖြစ်နည်းစေတဲ့ အချက်ပါပဲ။
(၂) စားစရိတ်ကို သက်သာစေတယ်
အိမ်တစ်အိမ်မှာ မိသားစုတွေ လက်ဆုံ စားတယ်ဆိုတာ စားစရိတ် စီစစ်ဖို့ အတွက်လည်း ဖြစ်ပါတယ်။ တစ်ယောက် တစ်ကွဲ ထမင်းစား တာက ဟင်းတွေကို ပိုကုန်စေသလို အိမ်စရိတ်ကို ပိုမြင့်မားစေ ပါတယ်။
ဒါ့အပြင် အလေအလွင့်တွေလည်း ပိုများ သွားတတ် ပါတယ်။ မိသားစုအတူ စားမယ် ဆိုရင်တော့ ဟင်းတွေကို တစ်ယောက်နဲ့ တစ်ယောက် လောက်ငအောင် အညီအမျှ စားရ တာကြောင့် အလေအလွင့် နည်းသွားစေ ပါတယ်။
(၃) နွေးထွေးမှုကို ရစေတယ်
ထမင်းလက်ဆုံ မစားတဲ့ မိသားစုထက် ထမင်းလက်ဆုံ အမြဲစားတဲ့ မိသားစုတွေက ပိုပြီး နွေးထွေးတတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးမှုကို ဖြစ်စေ တာကြောင့် မိသားစု ပိုအဆင်ပြေပြေ ချစ်ချစ်ခင်ခင် ရှိနေစေ ပါသေးတယ်။
(၄) အချစ်ပိုစေတယ်
ထမင်းစားရင်းနဲ့ စကား မပြော ရဘူးလို့ ရှေးလူကြီးတွေက ပြောလေ့ ရှိကြပေမယ့် ထမင်းဝိုင်းမှာ မိသားစုအရေးကို ပြောလေ့ ရှိတာ ကလည်း ချစ်စရာ အလေ့ တစ်ခု ဖြစ်ပါ တယ်နော်။
ဒီလိုမျိုး ထမင်းဝိုင်းမှာ တစ်ယောက်ကို တစ်ယောက် အချိန်ပိုပေးဖြစ်တာကြောင့် အချစ်တွေလည်း ပိုပိုပြီး တိုးတက်လာစေ ပါသေးတယ်။
(၅) ကျန်းမာစေတယ်
ထမင်းအတူ စားရတာ ဖြစ်တဲ့ စားချိန် တစ်ခုတည်းမှာ ညီတူညာတူ စားသောက် ရပါတော့ တယ်။ ကိုယ်စားချင်တဲ့ အချိန် စားတာမျိုးက ထမင်းစားချိန် မမှန် ဖြစ်စေလို့ ကျန်းမာရေးနဲ့ မကိုက်ညီ ပါဘူး။
လူစုံ လက်ဆုံစား တာမျိုး တာကတော့ ထမင်းစားချိန်ကို မှန်စေပြီး ပုံမှန်ဖြစ်စေလို့ ကျန်းမာတဲ့ ဘဝကို ရရှိစေပါတယ်နော်။
kham
No Comments