
ကိုယ့္အနားမွာေနရတာမေပ်ာ္ေတာ့တဲ့လူတစ္ေယာက္ကို ထြက္သြားဖို႕ခြင့္ျပုလိုက္ပါ
ကြ်န္မတို႕ေတြဟာ ကိုယ္ခ်စ္တဲ့လူ တစ္ေယာက္ကို ဆံုးရံႈး ရမွာေၾကာက္ၾကတဲ့ သူေတြ ခ်ည္းပါပဲ။ ကိုယ္ခ်စ္တဲ့ သူေတြကို ကိုယ့္ဘဝ ထဲမွာ အျမဲတမ္း ရွိေစခ်င္ တာပါပဲ ၊
အထူးသျဖင့္ ကိုယ့္ဘဝ အတြက္ လက္တြဲေဖာ္ျဖစ္ တဲ့သူ၊ ကိုယ္ခ်စ္ရတဲ့ ခ်စ္သူ၊ အိမ္ေထာင္ဖက္ စတဲ့သူေတြ ကိုယ့္ဘဝထဲက ထြက္သြား မွာကို လူတိုင္းေၾကာက္ ပါတယ္ ။
ဒါေပမယ့္ ကိုယ္က ဘယ္ေလာက္ပဲ ေၾကာက္ေနေပမယ့္ သူတို႕ေတြ ကိုယ့္အနားက ထြက္သြားမယ္ ဆိုရင္လည္း တားဖို႕မျဖစ္နိုင္ ပါဘူး ။
ဒါေၾကာင့္ ကိုယ္ခ်စ္တဲ့ သူေတြ အနားက ထြက္သြားမွာကို အရမ္းေၾကာက္လြန္းေနတဲ့ သူေတြဟာ ဒီအခ်က္ေတြကို မျဖစ္မေန သိထားသင့္ ပါတယ္ ။
(၁) ကိုယ့္ကိုယ္ကို ပထမဦးစားေပးေနရာ မွာထားပါ။
သင့္အေနနဲ႕သူ႕ကို ဘယ္ေလာက္ခ်စ္ခ်စ္ သင့္ကိုယ္သင္ ထက္သူ႕ကို ဦးစားမေပး လိုက္ပါနဲ႕။ သင့္ကိုယ္သင္သာ ပထမ ဦးစားေပးေနရာ မွာထားပါ ။
ကိုယ့္ကိုယ္ကိုထက္ တျခားသူကို ပိုခ်စ္ လိုက္ရင္ ေနာက္ဆံုးမွာ ကိုယ္ပဲ နာက်င္ရတယ္ ဆိုတာကို အျမဲမွတ္ထားပါ။ ျပီးေတာ့ ကိုယ့္ကိုယ္ကို ပထမ ဦးစားေပးေနရာ မွာထားတာက ကိုယ့္ကိုယ္ကို ယံုၾကည္မႈပိုရွိေစပါ တယ္ ။
သင္ခ်စ္ရတဲ့သူက ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ရွိတဲ့ သင့္အနားကေန လြယ္လြယ္နဲ႕ထြက္မသြား နိုင္ပါဘူး..။
(၂) အခ်ိန္ေတာ္ေတာ္မ်ားမ်ား တစ္ေယာက္တည္းေနတတ္ ေအာင္ေနၾကည့္ပါ။
လူတိုင္းကေတာ့ ကိုယ္ခ်စ္တဲ့သူနဲ႕ အျမဲမခြဲ အတူ ရွိခ်င္ၾက မွာပါပဲ။ ဒါေပမယ့္ အခ်ိန္တိုင္းသူနဲ႕အတူတူရွိေနတဲ့အခါ သူ႕ကိုတြယ္ကပ္ လြန္းတယ္လို႕ယူဆျပီး စိတ္ကုန္ သြားနိုင္ ပါတယ္ ။
ဒါေၾကာင့္ အခ်ိန္ေတာ္ေတာ္ မ်ားမ်ား တစ္ေယာက္တည္းေန တတ္ေအာင္ ေနၾကည့္ပါ။ သူမရွိရင္ မျဖစ္တဲ့ပံုစံမ်ိဳး မလုပ္ ပါနဲ႕ ၊
(၃) ဒီလိုအျဖစ္မ်ိဳးေတြၾကံုရတာ ကိုယ္တစ္ေယာက္တည္း မဟုတ္ဘူး ဆိုတာ သတိရပါ..။
တကယ္လို႕ ကိုယ့္ဘက္က အေကာင္းဆံုးၾကိဳးစားျပီးေနေပမယ့္ သူက ကိုယ့္အနားက ထြက္သြားတယ္ဆိုရင္လည္း ဒါကို ထိန္းခ်ုပ္လို႕မရ ပါဘူး ။
အနားက ထြက္သြားခ်င္တဲ့ သူကို ခ်က္ခ်င္းၾကီး လက္လႊတ္ဖို႕ခက္ခဲေပမယ့္လည္း ဒီလိုအျဖစ္မ်ိဳးၾကံုရတာဟာ ကိုယ့္တစ္ေယာက္တည္း မဟုတ္ဘူး ဆိုတာ သတိရပါ။
(၄) သင္ကသင့္ကို တကယ္ခ်စ္တဲ့ သူနဲ႕ထိုက္တန္ တယ္လို႕မွတ္ထားပါ။
ကိုယ့္အနားက ထြက္သြား ခ်င္တယ္ဆိုတာ ကိုယ့္ကိုတကယ္ မခ်စ္လို႕ပါ။ ကိုယ့္အနားမွာ အျမဲတမ္းေနရေလာက္ေအာင္ ကိုယ့္ကို ခ်စ္တယ္ ဆိုရင္ သူထြက္မသြားပါဘူး..။
ဒါကို သိနားလည္လက္ခံျပီး ထြက္သြားခ်င္တဲ့ သူကို ထြက္သြား ခြင့္ေပး လိုက္ပါ။ သင္ဟာ သင့္ကိုတကယ္ခ်စ္တဲ့သူ တစ္ေယာက္နဲ႕ထပ္မံ ေတြ႕ဆံုဖို႕၊ သင့္ကို တကယ္ခ်စ္တဲ့ သူကို ပိုင္ဆိုင္ ရဖို႕ထိုက္တန္ပါတယ္..။
written by PP
Unicode
ကိုယ့်အနားမှာနေရတာမပျော်တော့တဲ့လူတစ်ယောက်ကို ထွက်သွားဖို့ခွင့်ပြုလိုက်ပါ
ကျွန်မတို့တွေဟာ ကိုယ်ချစ်တဲ့လူ တစ်ယောက်ကို ဆုံးရှုံး ရမှာကြောက်ကြတဲ့ သူတွေ ချည်းပါပဲ။ ကိုယ်ချစ်တဲ့ သူတွေကို ကိုယ့်ဘဝ ထဲမှာ အမြဲတမ်း ရှိစေချင် တာပါပဲ ၊
အထူးသဖြင့် ကိုယ့်ဘဝ အတွက် လက်တွဲဖော်ဖြစ် တဲ့သူ၊ ကိုယ်ချစ်ရတဲ့ ချစ်သူ၊ အိမ်ထောင်ဖက် စတဲ့သူတွေ ကိုယ့်ဘဝထဲက ထွက်သွား မှာကို လူတိုင်းကြောက် ပါတယ် ။
ဒါပေမယ့် ကိုယ်က ဘယ်လောက်ပဲ ကြောက်နေပေမယ့် သူတို့တွေ ကိုယ့်အနားက ထွက်သွားမယ် ဆိုရင်လည်း တားဖို့မဖြစ်နိုင် ပါဘူး ။
ဒါကြောင့် ကိုယ်ချစ်တဲ့ သူတွေ အနားက ထွက်သွားမှာကို အရမ်းကြောက်လွန်းနေတဲ့ သူတွေဟာ ဒီအချက်တွေကို မဖြစ်မနေ သိထားသင့် ပါတယ် ။
(၁) ကိုယ့်ကိုယ်ကို ပထမဦးစားပေးနေရာ မှာထားပါ။
သင့်အနေနဲ့သူ့ကို ဘယ်လောက်ချစ်ချစ် သင့်ကိုယ်သင် ထက်သူ့ကို ဦးစားမပေး လိုက်ပါနဲ့။ သင့်ကိုယ်သင်သာ ပထမ ဦးစားပေးနေရာ မှာထားပါ ။
ကိုယ့်ကိုယ်ကိုထက် တခြားသူကို ပိုချစ် လိုက်ရင် နောက်ဆုံးမှာ ကိုယ်ပဲ နာကျင်ရတယ် ဆိုတာကို အမြဲမှတ်ထားပါ။ ပြီးတော့ ကိုယ့်ကိုယ်ကို ပထမ ဦးစားပေးနေရာ မှာထားတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေပါ တယ် ။
သင်ချစ်ရတဲ့သူက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ သင့်အနားကနေ လွယ်လွယ်နဲ့ထွက်မသွား နိုင်ပါဘူး..။
(၂) အချိန်တော်တော်များများ တစ်ယောက်တည်းနေတတ် အောင်နေကြည့်ပါ။
လူတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ အမြဲမခွဲ အတူ ရှိချင်ကြ မှာပါပဲ။ ဒါပေမယ့် အချိန်တိုင်းသူနဲ့အတူတူရှိနေတဲ့အခါ သူ့ကိုတွယ်ကပ် လွန်းတယ်လို့ယူဆပြီး စိတ်ကုန် သွားနိုင် ပါတယ် ။
ဒါကြောင့် အချိန်တော်တော် များများ တစ်ယောက်တည်းနေ တတ်အောင် နေကြည့်ပါ။ သူမရှိရင် မဖြစ်တဲ့ပုံစံမျိုး မလုပ် ပါနဲ့ ၊
(၃) ဒီလိုအဖြစ်မျိုးတွေကြုံရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ သတိရပါ..။
တကယ်လို့ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားပြီးနေပေမယ့် သူက ကိုယ့်အနားက ထွက်သွားတယ်ဆိုရင်လည်း ဒါကို ထိန်းချုပ်လို့မရ ပါဘူး ။
အနားက ထွက်သွားချင်တဲ့ သူကို ချက်ချင်းကြီး လက်လွှတ်ဖို့ခက်ခဲပေမယ့်လည်း ဒီလိုအဖြစ်မျိုးကြုံရတာဟာ ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ သတိရပါ။
(၄) သင်ကသင့်ကို တကယ်ချစ်တဲ့ သူနဲ့ထိုက်တန် တယ်လို့မှတ်ထားပါ။
ကိုယ့်အနားက ထွက်သွား ချင်တယ်ဆိုတာ ကိုယ့်ကိုတကယ် မချစ်လို့ပါ။ ကိုယ့်အနားမှာ အမြဲတမ်းနေရလောက်အောင် ကိုယ့်ကို ချစ်တယ် ဆိုရင် သူထွက်မသွားပါဘူး..။
ဒါကို သိနားလည်လက်ခံပြီး ထွက်သွားချင်တဲ့ သူကို ထွက်သွား ခွင့်ပေး လိုက်ပါ။ သင်ဟာ သင့်ကိုတကယ်ချစ်တဲ့သူ တစ်ယောက်နဲ့ထပ်မံ တွေ့ဆုံဖို့၊ သင့်ကို တကယ်ချစ်တဲ့ သူကို ပိုင်ဆိုင် ရဖို့ထိုက်တန်ပါတယ်..။
No Comments