
ႀကိဳးမဲ့အင္တာနက္စနစ္ကို ႀကံဆခဲ့ဖူးတဲ့ Tesla အေၾကာင္း
ကမာၻေပၚမွာေသာမတ္စ္အက္ဒီဆင္နဲ ႔အၿပိဳင္ နီကိုလာတက္စလာကို အႀကီးက်ယ္ဆုံး တီထြင္သူ တစ္ေယာက္အျဖစ္ သတ္မွတ္ ႏိုင္ပါ တယ္။
တက္စလာဆိုတာက ဆာဘီးယား အႏြယ္ဖြား အေမရိကန္လူမ်ိဳး တီထြင္သူ တစ္ဦးျဖစ္ၿပီးေတာ့ လွ်ပ္စစ္ အင္ဂ်င္နီယာ၊ စက္မႈအင္ဂ်င္နီယာ၊ ႐ူပေဗဒပညာရွင္နဲ႔ ပန္းခ်ီေရးဆြဲတဲ့ အလုပ္မ်ားကို လုပ္ခဲ့သူ တစ္ဦးပါ။
သူ႔ရဲ႕အေက်ာ္ၾကားဆုံး တီထြင္မႈ ကေတာ့ ယေန႔ေခတ္ ကြၽန္ေတာ္တို႔ တစ္ကမာၻလုံး အသုံးျပဳေနတဲ့ ေအစီလွ်ပ္စီးစနစ္ (Alternating Current – AC) ျဖစ္ပါတယ္။
သူ႔ကို ၁၈၅၆ခုႏွစ္ ဇူလိုင္လ ၁၀ ရက္ေန႔မွာ Smiljan (ယခု ခ႐ိုေအးရွား) မွာေမြးဖြားခဲ့ၿပီး ၁၉၄၃ ဇန္နဝါရီလ ၇ ရက္ေန႔မွာ ေတာ့ သနားစရာ တက္စလာဟာ ဆင္းဆင္းရဲရဲေသဆုံး ခဲ့ပါတယ္။
သူအသက္ရွင္ေနစဥ္ မွာတုန္းက သူ႔ရဲ႕ၿပိဳင္ဖက္လည္းျဖစ္၊ ဆရာလည္းျဖစ္ ခဲ့ဖူးတဲ့ အက္ဒီဆင္ေၾကာင့္ သူ႔ရဲ႕တီထြင္မႈေတြကို ဘယ္သူကမွ အသိမွတ္ မျပဳခဲ့ ပါဘူး။ သူကြယ္လြန္ၿပီးေနာက္ပိုင္း မွသာ သူ႔ရဲ႕တီထြင္မႈေတြက ထင္ရွာ းလာခဲ့ ပါတယ္။
၁၉၆၀ ခုႏွစ္မွာေတာ့ ကမာၻ႔အေလးခ်ိန္နဲ႔ အတိုင္းအတာ အေထြေထြ ညႇိႏႈိင္း ေဆြးေႏြးပြဲ (General Conference on Weights and Measures) မွာ လွ်ပ္စစ္ျပင္းအား ယူနစ္ (Magnetic Field Strength) ရဲ႕အမည္ကို Telsaျဖစ္ တစ္ကမာၻလုံး တရားဝင္ သုံးစြဲဖို႔ သေဘာတူညီ ခဲ့ၾက ပါတယ္။
အခုေဖာ္ျပေပးမွာ ကေတာ့ လူေတာ္ေတာ္ မ်ားမ်ားမသိ ၾကေသးတဲ့ တက္စလာရဲ႕အေၾကာင္း အခ်ိဳ႕ျဖစ္ပါတယ္။
(၁) တက္စလာကိုမိုးႀကိဳးမုန္တိုင္းတိုက္တဲ့အခ်ိန္မွာ ေမြးဖြားခဲ့ပါတယ္။
တက္စလာ ကိုေမြးဖြားတဲ့ အခ်ိန္တုန္းက Smiljan (ယခုခ႐ိုေအးရွား) မွာ မိုးႀကိဳးမုန္တိုင္းေတြ တိုက္ေနခဲ့ပါတယ္။
သူ႔ကို မီးဖြားတဲ့ အခ်ိန္တုန္းက သူ႔ရဲ႕အေမဟာ ေတာ္ေတာ္ ကိုေအာ္ဟစ္ ႐ုန္းကန္ ခဲ့ၿပီးေတာ့ အဲ့ဒီ အခ်ိန္မွာ လွ်ပ္စီးေၾကာင္းႀကီးေတြ ကလည္း တလွ်ပ္လွ်ပ္ျဖစ္ေန တယ္လို႔ သူ႔ကိုေ မြးဖြားခဲ့တဲ့ ဝမ္းဆြဲလက္သည္ႀကီး ကေျပာ ပါတယ္။
(၂) ၁၉၀၁ ခုႏွစ္ကတည္းက ႀကိဳးမဲ့အင္တာနက္စနစ္ကို တက္စ္လာကတီထြင္ႀကံဆ ခဲ့ပါတယ္။
တက္စ္လာဟာတီထြင္မႈ အမ်ားအျပား လုပ္ခဲ့ေပမယ့္ သူ႔ရဲ႕အေတြးအေခၚေတြ အားလုံးကို တစ္ခုတည္းအျဖစ္ မေပါင္းစပ္ ႏိုင္ခဲ့ ပါဘူး။ အဲ့ဒီ အထဲမွာ ႀကိဳးမဲ့အင္တာနက္စနစ္ (Wireless Internet) လည္း ပါဝင္ပါတယ္။
အတၱလန္တိတ္ သမုဒၵရာကို ျဖတ္ၿပီးေတာ့ ေရဒီယို လႈိင္းလြင့္ ႏိုင္ဖို႔ ႀကိဳးစား လုပ္ေဆာင္ရင္းနဲ႔ သတင္းအခ်က္ အလက္ေတြကို တစ္ေနရာ ကန တစ္ေနရာ လြင့္ႏိုင္မယ့္ စနစ္တစ္ခုကို စဥ္းစား မိခဲ့ပါတယ္။
(၃) အက္ဒီဆင္နဲ႔တက္စ္စလာက နည္းပညာၿပိဳင္ဖက္ေတြမဟုတ္ပါဘူး။
သိပၸံအသိုင္းအဝိုင္းၾကားမွာ ေတာ္ေတာ္မ်ားမ်ား လြဲမွားေနတဲ့ အခ်က္က သူတို႔ႏွစ္ေယာက္ကိုခါးသီးတဲ့ နည္းပညာၿပိဳင္ဖက္ေတြလို႔ ထင္ေန တာပါ။
ေအစီအင္ဒက္ရွင္းေမာ္တာ (AC Induction Motor) လုပ္ဖို႔အတြက္ တက္စလာ အက္ဒီဆင္ဆီကေန အလုပ္မထြက္ခင္ အထိ သူတို႔ဟာ ဒီစီလွ်ပ္စစ္ ထုတ္စက္ကို အတူတကြ ဒီဇိုင္း ထုတ္ခဲ့ၾက တဲ့သူေတြပါ။
(၄) တက္စလာရဲ႕ပိုင္ဆိုင္မႈအကုန္လုံးကို အေမရိကန္အစိုးရက သိမ္းယူခဲ့ပါတယ္။
တက္စလာေသဆုံးတဲ့ အခ်ိန္မွာေတာ့ ျပည္ပရန္ ကာကြယ္ေရး အက္ဥပေဒနဲ႔ သူ႔ရဲ႕ပိုင္ဆိုင္မႈေတြကို သိမ္းယူခဲ့ ပါတယ္။
ဒါဟာ သူ႔ရဲ႕ၿပိဳင္ဖက္ အက္ဒီဆင္ရဲ႕တြန္းအားေပးမႈေၾကာင့္ျဖစ္ သလို သူ႔ရဲ႕စမ္းသပ္မႈစာ႐ြက္စာတမ္ းအခ်ိဳ႕က ဆိုဗီယက္ယူနီယံဆီကို ေပါက္ၾကား ခဲ့လို႔လည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အစိုးရက သူ႔ရဲ႕ပိုင္ဆိုင္မႈေတြကို သူူ႔ရဲ႕မိသားစုဆီလႊဲေျပာင္းေပးခဲ့ပါတယ္။
(၅) သူ႔မွာအစြဲအလန္းႀကီးတဲ့ေရာဂါနဲ႔ အိပ္မေပ်ာ္တဲ့ေရာဂါရွိပါတယ္။
တက္စလာမွာ အိပ္မေပ်ာ္တဲ့ေရာဂါ ရွိတဲ့ အတြက္ တစ္ညကို ႏွစ္နာရီအိပ္ရင္ သူ႔အတြက္ လုံေလာက္ပါတယ္။ အိမ္မက္ဆိုးေတြ လည္း မၾကာခဏ မက္တတ္ တာမို႔ တစ္ခါတေလ စမ္းသပ္ခန္း ထဲမွာ မအိပ္ဘဲ အလုပ္လုပ္ေလ့ ရွိပါ တယ္။
သူဟာနံပါတ္ ၃ ဂဏန္းကို အလြန္အမင္း စြဲလမ္းတဲ့ သူျဖစ္တာမို႔ ထမင္းစား ခ်ိန္တိုင္း လက္သုတ္ပဝါ ၁၈ ခု (၃နဲ႔ စားလို႔ျပတ္) ကိုသုံး ပါတယ္။ ေနာက္ထပ္ ထူးဆန္းတာ တစ္ခုက လုံးဝန္းတဲ့ အရာေတြ၊ ေက်ာက္မ်က္ ရတနာနဲ႔ ဆံပင္ကို ကိုင္တာကို တက္စလာက လုံးဝ မႀကိဳက္ ပါဘူး။
(၆) တက္စ္စလာက စာေရးဆရာမတ္တြိဳင္းကို စိန္ေခၚခဲ့ဖူးပါတယ္။
ႀကိမ္ႏႈန္းျမင့္ တုန္ခါစက္ကို အသုံးျပဳထားတဲ့ ငလ်င္တုလုပ္တဲ့ စက္ကို တက္စလာ တီထြင္ ခဲ့ဖူးပါတယ္။
သူတီထြင္ထားတဲ့ စက္နဲ႔ ပတ္သက္ၿပီးေတာ့ စာေရးဆရာမတ္တြိဳင္းကို အနည္းငယ္ေဝဖန္ တာမို႔ စိန္ေခၚခဲ့ဖူး ပါတယ္။ မတ္တြိဳင္းဟာ စက္ေပၚမွာ စကၠန႔္ကိုးဆယ္ထက္ ပိုမေနႏိုင္ဘဲ ဆင္းေျပးခဲ့ ရပါတယ္။
(၇) အခုဆိုရင္ေတာ့ တက္စလာဆီကေန ဝိုင္ဖိုင္အလကားသုံးလို႔ ရပါၿပီ။
ကယ္လီဖိုးနီးယားျပည္နယ္မွာ ခုႏွစ္ေပရွည္တဲ့ တက္စလာရဲ႕ ႐ုပ္ထုႀကီးရွိပါတယ္။ အဲ့ဒီေနရာမွာ လူတိုင္းအခမဲ့ဝိုင္ဖိုင္ သုံးလို႔ရပါတယ္။
(၈) တက္စလာက ပတ္ဝန္းက်င္ထိန္းသိမ္းကာကြယ္ေရးသမားပါ။
တက္စလာက အၿမဲတမ္း ကမာၻႀကီးကို စိမ္းလန္းေနေစဖို႔ လိုလား သူတစ္ဦးပါ။ ႐ုပ္ႂကြင္းေလာင္စာေတြမမွီခိုဘဲ ေရ၊ ေလစတဲ့ သဘာဝ စြမ္းအင္ေတြကို အသုံးျပဳတဲ့ နည္းပညာေတြကို
တစ္စိုက္မတ္မတ္ သုေတသနလုပ္ ခဲ့ပါ တယ္။ ကမာၻေျမကို အက်ိဳးျပဳ ႏိုင္ဖို႔ လွ်ပ္စီး တုကိုလည္း သူ႔ရဲ႕ဓာတ္ခြဲခန္းထဲ မွာစမ္းသပ္ခဲ့ ပါေသးတယ္။
(၉) စာနာေထာက္ထားတတ္တဲ့တစ္ဦးပါ။
လူသားခ်င္းစာနာေထာက္ ထားမႈက အေရးအႀကီးဆုံးလို႔ တက္စလာက ယူဆ ပါတယ္။ အဲ့ဒီ အခ်ိန္တုန္းက အေမရိကန္မွာ လူမ်ိဳးေရး ခြဲျခားမႈေတြ ရွိေနေပမယ့္ လူတိုင္းမွာ တူညီတဲ့ အခြင့္အေရး ရွိတယ္လို႔ လက္ခံ ထားပါ တယ္။
(၁၀) မွတ္ဉာဏ္ထက္သန္တဲ့သူတစ္ေယာက္ပါ။
တက္စလာဟာ သူဖတ္ခဲ့တဲ့ စာအုပ္ေတြ အားလုံးကို အေသးစိတ္ တစ္မ်က္ႏွာခ်င္းစီ ဓာတ္ပုံ ႐ိုက္ထားသလိုမ်ိဳး မွတ္မိ ပါတယ္။ ခရက္ဒစ္
ယူနီကုတ္
ကြိုးမဲ့အင်တာနက်စနစ်ကို ကြံဆခဲ့ဖူးတဲ့ Tesla အကြောင်း
ကမ္ဘာပေါ်မှာသောမတ်စ်အက်ဒီဆင်နဲ့အပြိုင် နီကိုလာတက်စလာကို အကြီးကျယ်ဆုံး တီထွင်သူ တစ်ယောက်အဖြစ် သတ်မှတ် နိုင်ပါ တယ်။
တက်စလာဆိုတာက ဆာဘီးယား အနွယ်ဖွား အမေရိကန်လူမျိုး တီထွင်သူ တစ်ဦးဖြစ်ပြီးတော့ လျှပ်စစ် အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ ရူပဗေဒပညာရှင်နဲ့ ပန်းချီရေးဆွဲတဲ့ အလုပ်များကို လုပ်ခဲ့သူ တစ်ဦးပါ။
သူ့ရဲ့အကျော်ကြားဆုံး တီထွင်မှု ကတော့ ယနေ့ခေတ် ကျွန်တော်တို့ တစ်ကမ္ဘာလုံး အသုံးပြုနေတဲ့ အေစီလျှပ်စီးစနစ် (Alternating Current – AC) ဖြစ်ပါတယ်။
သူ့ကို ၁၈၅၆ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ Smiljan (ယခု ခရိုအေးရှား) မှာမွေးဖွားခဲ့ပြီး ၁၉၄၃ ဇန်နဝါရီလ ၇ ရက်နေ့မှာ တော့ သနားစရာ တက်စလာဟာ ဆင်းဆင်းရဲရဲသေဆုံး ခဲ့ပါတယ်။
သူအသက်ရှင်နေစဉ် မှာတုန်းက သူ့ရဲ့ပြိုင်ဖက်လည်းဖြစ်၊ ဆရာလည်းဖြစ် ခဲ့ဖူးတဲ့ အက်ဒီဆင်ကြောင့် သူ့ရဲ့တီထွင်မှုတွေကို ဘယ်သူကမှ အသိမှတ် မပြုခဲ့ ပါဘူး။ သူကွယ်လွန်ပြီးနောက်ပိုင်း မှသာ သူ့ရဲ့တီထွင်မှုတွေက ထင်ရှာ းလာခဲ့ ပါတယ်။
၁၉၆၀ ခုနှစ်မှာတော့ ကမ္ဘာ့အလေးချိန်နဲ့ အတိုင်းအတာ အထွေထွေ ညှိနှိုင်း ဆွေးနွေးပွဲ (General Conference on Weights and Measures) မှာ လျှပ်စစ်ပြင်းအား ယူနစ် (Magnetic Field Strength) ရဲ့အမည်ကို Telsaဖြစ် တစ်ကမ္ဘာလုံး တရားဝင် သုံးစွဲဖို့ သဘောတူညီ ခဲ့ကြ ပါတယ်။
အခုဖော်ပြပေးမှာ ကတော့ လူတော်တော် များများမသိ ကြသေးတဲ့ တက်စလာရဲ့အကြောင်း အချို့ဖြစ်ပါတယ်။
(၁) တက်စလာကိုမိုးကြိုးမုန်တိုင်းတိုက်တဲ့အချိန်မှာ မွေးဖွားခဲ့ပါတယ်။
တက်စလာ ကိုမွေးဖွားတဲ့ အချိန်တုန်းက Smiljan (ယခုခရိုအေးရှား) မှာ မိုးကြိုးမုန်တိုင်းတွေ တိုက်နေခဲ့ပါတယ်။
သူ့ကို မီးဖွားတဲ့ အချိန်တုန်းက သူ့ရဲ့အမေဟာ တော်တော် ကိုအော်ဟစ် ရုန်းကန် ခဲ့ပြီးတော့ အဲ့ဒီ အချိန်မှာ လျှပ်စီးကြောင်းကြီးတွေ ကလည်း တလျှပ်လျှပ်ဖြစ်နေ တယ်လို့ သူ့ကိုေ မွးဖွားခဲ့တဲ့ ဝမ်းဆွဲလက်သည်ကြီး ကပြော ပါတယ်။
(၂) ၁၉၀၁ ခုနှစ်ကတည်းက ကြိုးမဲ့အင်တာနက်စနစ်ကို တက်စ်လာကတီထွင်ကြံဆ ခဲ့ပါတယ်။
တက်စ်လာဟာတီထွင်မှု အများအပြား လုပ်ခဲ့ပေမယ့် သူ့ရဲ့အတွေးအခေါ်တွေ အားလုံးကို တစ်ခုတည်းအဖြစ် မပေါင်းစပ် နိုင်ခဲ့ ပါဘူး။ အဲ့ဒီ အထဲမှာ ကြိုးမဲ့အင်တာနက်စနစ် (Wireless Internet) လည်း ပါဝင်ပါတယ်။
အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ပြီးတော့ ရေဒီယို လှိုင်းလွင့် နိုင်ဖို့ ကြိုးစား လုပ်ဆောင်ရင်းနဲ့ သတင်းအချက် အလက်တွေကို တစ်နေရာ ကန တစ်နေရာ လွင့်နိုင်မယ့် စနစ်တစ်ခုကို စဉ်းစား မိခဲ့ပါတယ်။
(၃) အက်ဒီဆင်နဲ့တက်စ်စလာက နည်းပညာပြိုင်ဖက်တွေမဟုတ်ပါဘူး။
သိပ္ပံအသိုင်းအဝိုင်းကြားမှာ တော်တော်များများ လွဲမှားနေတဲ့ အချက်က သူတို့နှစ်ယောက်ကိုခါးသီးတဲ့ နည်းပညာပြိုင်ဖက်တွေလို့ ထင်နေ တာပါ။
အေစီအင်ဒက်ရှင်းမော်တာ (AC Induction Motor) လုပ်ဖို့အတွက် တက်စလာ အက်ဒီဆင်ဆီကနေ အလုပ်မထွက်ခင် အထိ သူတို့ဟာ ဒီစီလျှပ်စစ် ထုတ်စက်ကို အတူတကွ ဒီဇိုင်း ထုတ်ခဲ့ကြ တဲ့သူတွေပါ။
(၄) တက်စလာရဲ့ပိုင်ဆိုင်မှုအကုန်လုံးကို အမေရိကန်အစိုးရက သိမ်းယူခဲ့ပါတယ်။
တက်စလာသေဆုံးတဲ့ အချိန်မှာတော့ ပြည်ပရန် ကာကွယ်ရေး အက်ဥပဒေနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့ ပါတယ်။
ဒါဟာ သူ့ရဲ့ပြိုင်ဖက် အက်ဒီဆင်ရဲ့တွန်းအားပေးမှုကြောင့်ဖြစ် သလို သူ့ရဲ့စမ်းသပ်မှုစာရွက်စာတမ် းအချို့က ဆိုဗီယက်ယူနီယံဆီကို ပေါက်ကြား ခဲ့လို့လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရက သူ့ရဲ့ပိုင်ဆိုင်မှုတွေကို သူူ့ရဲ့မိသားစုဆီလွှဲပြောင်းပေးခဲ့ပါတယ်။
(၅) သူ့မှာအစွဲအလန်းကြီးတဲ့ရောဂါနဲ့ အိပ်မပျော်တဲ့ရောဂါရှိပါတယ်။
တက်စလာမှာ အိပ်မပျော်တဲ့ရောဂါ ရှိတဲ့ အတွက် တစ်ညကို နှစ်နာရီအိပ်ရင် သူ့အတွက် လုံလောက်ပါတယ်။ အိမ်မက်ဆိုးတွေ လည်း မကြာခဏ မက်တတ် တာမို့ တစ်ခါတလေ စမ်းသပ်ခန်း ထဲမှာ မအိပ်ဘဲ အလုပ်လုပ်လေ့ ရှိပါ တယ်။
သူဟာနံပါတ် ၃ ဂဏန်းကို အလွန်အမင်း စွဲလမ်းတဲ့ သူဖြစ်တာမို့ ထမင်းစား ချိန်တိုင်း လက်သုတ်ပဝါ ၁၈ ခု (၃နဲ့ စားလို့ပြတ်) ကိုသုံး ပါတယ်။ နောက်ထပ် ထူးဆန်းတာ တစ်ခုက လုံးဝန်းတဲ့ အရာတွေ၊ ကျောက်မျက် ရတနာနဲ့ ဆံပင်ကို ကိုင်တာကို တက်စလာက လုံးဝ မကြိုက် ပါဘူး။
(၆) တက်စ်စလာက စာရေးဆရာမတ်တွိုင်းကို စိန်ခေါ်ခဲ့ဖူးပါတယ်။
ကြိမ်နှုန်းမြင့် တုန်ခါစက်ကို အသုံးပြုထားတဲ့ ငလျင်တုလုပ်တဲ့ စက်ကို တက်စလာ တီထွင် ခဲ့ဖူးပါတယ်။
သူတီထွင်ထားတဲ့ စက်နဲ့ ပတ်သက်ပြီးတော့ စာရေးဆရာမတ်တွိုင်းကို အနည်းငယ်ဝေဖန် တာမို့ စိန်ခေါ်ခဲ့ဖူး ပါတယ်။ မတ်တွိုင်းဟာ စက်ပေါ်မှာ စက္ကန့်ကိုးဆယ်ထက် ပိုမနေနိုင်ဘဲ ဆင်းပြေးခဲ့ ရပါတယ်။
(၇) အခုဆိုရင်တော့ တက်စလာဆီကနေ ဝိုင်ဖိုင်အလကားသုံးလို့ ရပါပြီ။
ကယ်လီဖိုးနီးယားပြည်နယ်မှာ ခုနှစ်ပေရှည်တဲ့ တက်စလာရဲ့ ရုပ်ထုကြီးရှိပါတယ်။ အဲ့ဒီနေရာမှာ လူတိုင်းအခမဲ့ဝိုင်ဖိုင် သုံးလို့ရပါတယ်။
(၈) တက်စလာက ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးသမားပါ။
တက်စလာက အမြဲတမ်း ကမ္ဘာကြီးကို စိမ်းလန်းနေစေဖို့ လိုလား သူတစ်ဦးပါ။ ရုပ်ကြွင်းလောင်စာတွေမမှီခိုဘဲ ရေ၊ လေစတဲ့ သဘာဝ စွမ်းအင်တွေကို အသုံးပြုတဲ့ နည်းပညာတွေကို
တစ်စိုက်မတ်မတ် သုတေသနလုပ် ခဲ့ပါ တယ်။ ကမ္ဘာမြေကို အကျိုးပြု နိုင်ဖို့ လျှပ်စီး တုကိုလည်း သူ့ရဲ့ဓာတ်ခွဲခန်းထဲ မှာစမ်းသပ်ခဲ့ ပါသေးတယ်။
(၉) စာနာထောက်ထားတတ်တဲ့တစ်ဦးပါ။
လူသားချင်းစာနာထောက် ထားမှုက အရေးအကြီးဆုံးလို့ တက်စလာက ယူဆ ပါတယ်။ အဲ့ဒီ အချိန်တုန်းက အမေရိကန်မှာ လူမျိုးရေး ခွဲခြားမှုတွေ ရှိနေပေမယ့် လူတိုင်းမှာ တူညီတဲ့ အခွင့်အရေး ရှိတယ်လို့ လက်ခံ ထားပါ တယ်။
(၁၀) မှတ်ဉာဏ်ထက်သန်တဲ့သူတစ်ယောက်ပါ။
တက်စလာဟာ သူဖတ်ခဲ့တဲ့ စာအုပ်တွေ အားလုံးကို အသေးစိတ် တစ်မျက်နှာချင်းစီ ဓာတ်ပုံ ရိုက်ထားသလိုမျိုး မှတ်မိ ပါတယ်။
No Comments