
ခ်စ္ရသူနဲ႔ ခရီးထြက္လိုက္တာနဲ႔ ရရွိလာမယ့္ အက်ိဳးေက်းဇူးမ်ား
တေယာက္တည္း ခရီးေတြ ထြက္ၿပီး ပ်င္းရိေနရတာ ထက္စာရင္ သင့္ခ်စ္သူနဲ႔ အတူ ခရီးထြက္ၾကည့္ပါ။ ေနရာ အသစ္မွာ စကားေျပာေဖာ္၊ အားကိုးေဖာ္ အားကိုးဖက္နဲ႔ အမွတ္တရေတြ အတူေဝမွ်ဖို ႔အတြက္ ခ်စ္သူနဲ႔ ခရီးထြက္ သင့္ပါ တယ္။
(၁) အတူေဝမွ်လို႔ ရတယ္
သင္တို႔ နဂိုလူမႈ ဘဝထဲ ျပန္ေရာက္လို႔ ၿငီးေငြ႕လာတဲ့ အခ်ိန္ ခရီးထြက္တုန္းက အေၾကာင္းအရာေတြ ျပန္ေျပာၿပီး ေပ်ာ္႐ႊင္စရာေတြ ေဝမွ်လို ႔လည္း ရပါ တယ္။
(၂) ႏွလုံးသား တည္ရွိတဲ့ေနရာက အိမ္ပါ
ဘယ္ေနရာပဲ ေရာက္ေရာက္ သင္ခ်စ္သူနဲ ႔အတူရွိေနတယ္ ဆိုရင္ သင့္အတြက္က အိမ္မွာ ရွိေနသလိုပဲ ခံစားရမွာပါ။ ဒီအခ်က္နဲ႔ သင္သူ႔ကို တကယ္ခ်စ္ မခ်စ္ ဆန္းစစ္ၾကည့္ လို႔ရ တယ္ေနာ္။
(၃) ခ်စ္ျခင္းေတြ ပိုင္ခိုင္ၿမဲေစတယ္
သင့္ခ်စ္သူနဲ႔ ခရီးထြက္တဲ့ အတြက္ တေယာက္နဲ႔ တေယာက္ အေၾကာင္းပို သိၿပီး အမွတ္တရေတြ၊ ေပ်ာ္႐ႊင္စရာေတြ အတူ ဖန္တီ းႏိုင္မွာပါ။ ေနရာတခုမွာ အခက္အခဲေတြ႕လို႔ ေက်ာ္လႊား ခဲ့တာနဲ႔ စိတ္လႈပ္ရွားစရာ အေတြ႕အႀကဳံေတြကို အတူႀကဳံေတြ႕ရျခင္းဟာ သင္တို႔ရဲ႕သံေယာဇဥ္ကို ပိုခိုင္ၿမဲေစ ပါလိမ့္မယ္။
(၄) မၿငီးေငြ႕ဘူး
တေန႔တေန႔ ေတြ႕လိုက္၊ မုန႔္စားလိုက္နဲ႔ ဘယ္သြားလို႔ သြားရမွန္း မသိတဲ့ စုံတြဲေတြ အတြက္ ခရီးထြက္ျခင္းက အေကာင္းဆုံး နည္းလမ္းပါ။ ဒါ့အျပင္ ႐ိုမန္တစ္ ဆန္တဲ့ အခိုက္အတန႔္ေတြလည္း အတူဖန္တီး ႏိုင္တဲ့အတြက္ သမ႐ိုးက် ဒိတ္လုပ္တာ ထက္စာရင္ ေပ်ာ္စရာေကာင္းမွာ အမွန္ပါပဲ။
(၅) သင့္ခ်စ္သူအေၾကာင္း ေလ့လာႏိုင္တယ္
သူနဲ႔ ခရီးထြက္တဲ့အခါ သူက ဘယ္လို လူစားမ်ိဳးလဲ ဆိုတာ သိႏိုင္ဖို႔ အေကာင္းဆုံး အခြင့္အေရး ပါပဲ။ သူဟာ ေငြေရးေၾကးေရးနဲ႔ ပတ္သက္ၿပီး ဘယ္လို သေဘာထားတယ္၊ ဒုကၡေရာက္တဲ့ အခ်ိန္ သင့္ကို ဘယ္လို ဆက္ဆံတယ္ ဆိုတာ မ်ိဳးကို ေလ့လာ ႏိုင္မွာပါ။
ခရီးထြက္ၿပီးတဲ့ စုံတြဲတိုင္း တေယာက္အေၾကာင္း တေယာက္နားလည္ လာၿပီး တြဲလက္ေတြ ပိုခိုင္ၿမဲတယ္ဆိုတာ ျငင္းလို႔ မရပါဘူး။
Credit to original writer
Unicode
ချစ်ရသူနဲ့ ခရီးထွက်လိုက်တာနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးများ
တယောက်တည်း ခရီးတွေ ထွက်ပြီး ပျင်းရိနေရတာ ထက်စာရင် သင့်ချစ်သူနဲ့ အတူ ခရီးထွက်ကြည့်ပါ။ နေရာ အသစ်မှာ စကားပြောဖော်၊ အားကိုးဖော် အားကိုးဖက်နဲ့ အမှတ်တရတွေ အတူဝေမျှဖို့အတွက် ချစ်သူနဲ့ ခရီးထွက် သင့်ပါ တယ်။
(၁) အတူဝေမျှလို့ ရတယ်
သင်တို့ နဂိုလူမှု ဘဝထဲ ပြန်ရောက်လို့ ငြီးငွေ့လာတဲ့ အချိန် ခရီးထွက်တုန်းက အကြောင်းအရာတွေ ပြန်ပြောပြီး ပျော်ရွှင်စရာတွေ ဝေမျှလို့လည်း ရပါ တယ်။
(၂) နှလုံးသား တည်ရှိတဲ့နေရာက အိမ်ပါ
ဘယ်နေရာပဲ ရောက်ရောက် သင်ချစ်သူနဲ့အတူရှိနေတယ် ဆိုရင် သင့်အတွက်က အိမ်မှာ ရှိနေသလိုပဲ ခံစားရမှာပါ။ ဒီအချက်နဲ့ သင်သူ့ကို တကယ်ချစ် မချစ် ဆန်းစစ်ကြည့် လို့ရ တယ်နော်။
(၃) ချစ်ခြင်းတွေ ပိုင်ခိုင်မြဲစေတယ်
သင့်ချစ်သူနဲ့ ခရီးထွက်တဲ့ အတွက် တယောက်နဲ့ တယောက် အကြောင်းပို သိပြီး အမှတ်တရတွေ၊ ပျော်ရွှင်စရာတွေ အတူ ဖန်တီ းနိုင်မှာပါ။ နေရာတခုမှာ အခက်အခဲတွေ့လို့ ကျော်လွှား ခဲ့တာနဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေကို အတူကြုံတွေ့ရခြင်းဟာ သင်တို့ရဲ့သံယောဇဉ်ကို ပိုခိုင်မြဲစေ ပါလိမ့်မယ်။
(၄) မငြီးငွေ့ဘူး
တနေ့တနေ့ တွေ့လိုက်၊ မုန့်စားလိုက်နဲ့ ဘယ်သွားလို့ သွားရမှန်း မသိတဲ့ စုံတွဲတွေ အတွက် ခရီးထွက်ခြင်းက အကောင်းဆုံး နည်းလမ်းပါ။ ဒါ့အပြင် ရိုမန်တစ် ဆန်တဲ့ အခိုက်အတန့်တွေလည်း အတူဖန်တီး နိုင်တဲ့အတွက် သမရိုးကျ ဒိတ်လုပ်တာ ထက်စာရင် ပျော်စရာကောင်းမှာ အမှန်ပါပဲ။
(၅) သင့်ချစ်သူအကြောင်း လေ့လာနိုင်တယ်
သူနဲ့ ခရီးထွက်တဲ့အခါ သူက ဘယ်လို လူစားမျိုးလဲ ဆိုတာ သိနိုင်ဖို့ အကောင်းဆုံး အခွင့်အရေး ပါပဲ။ သူဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားတယ်၊ ဒုက္ခရောက်တဲ့ အချိန် သင့်ကို ဘယ်လို ဆက်ဆံတယ် ဆိုတာ မျိုးကို လေ့လာ နိုင်မှာပါ။
ခရီးထွက်ပြီးတဲ့ စုံတွဲတိုင်း တယောက်အကြောင်း တယောက်နားလည် လာပြီး တွဲလက်တွေ ပိုခိုင်မြဲတယ်ဆိုတာ ငြင်းလို့ မရပါဘူး။
No Comments