ထိုင္မသိမ္္း ဆိုတဲ႔ ေရွးအေခၚကို မတိမ္းပါးေစလိုပါ - Amawpyay

ထိုင္မသိမ္္း ဆိုတဲ႔ ေရွးအေခၚကို မတိမ္းပါးေစလိုပါ

ထိုင္မသိမ္္း ဆိုတဲ႔ ေရွးအေခၚကို မတိမ္းပါးေစလိုပါ
Knowledge

ထိုင္မသိမ္္း ဆိုတဲ႔ ေရွးအေခၚကို မတိမ္းပါးေစလိုပါ

တစ္ခါက. TV Channel တစ္ခု မွာ နံမည္ေက်ာ္ ဒီဇိုင္နာ တစ္ေယာက္ရဲ့ Interview တစ္ခုၾကည့္ လိုက္ရတယ္ ~~ သူက. သူဖန္တီး တဲ့ မဂ္လာဝတ္စုံ ေတြ အေၾကာင္း အားတက္သေရာ ရွင္းျပေန တာပါ… အဲ့မွာ ဘာေတြ႕လိုက္ ရလဲ ဆိုေတာ့

သတို႔သမီး ျဗန္႔ထဘီႀကီး ကိုကိုင္၊ကိုင္ၿပီး ဒီ ထိုင္မသိမ္းကို စီးကြင့္ေတြ နဲ႔ ဘယ္လို ထိုးထားတာ ၊ တန္ဖိုးႀကီး စိန္ပြင့္ေတြ အလုံးေရ ဘယ္ေလာက္စီ ထားတာ ဆိုၿပီး ရွင္းျပေနေလရဲ့!

ကိုယ့္မွာ စိတ္စနိုးစေနာင့္ျဖစ္ မိတယ္ ျမန္မာ့ရိုးရာ ဝတ္စုံ တစ္ထည္ရဲ့ အေခၚအေဝၚ တစ္ခု ကို အထက္နဲ႔ ေအာက္ အႀကိမ္ႀကိမ္မွားၿပီး ေျပာေန၊ေခၚေနတာ ကိုပါ။

ထိုင္မသိမ္္း ဆိုတဲ႔ ေရွးအေခၚကို မတိမ္းပါးေစလိုပါ

သူ႔ ကို အျပစ္တင္လို ႔လဲ မရပါဘူး ၊ အခု အေတာ္မ်ားမ်ား ကကို သတို႔သမီး ဝတ္စုံ ၊ မဂ္လာဝတ္စုံကိုထိုင္မသိမ္း ဝတ္မွာေလ၊ထိုင္မသိမ္း ဝတ္ၿပီး ေဆာင္မွာ! စသည့္ျဖင့္ တြင္တြင္က်ယ္က်ယ္ အမွားႀကီး က တစ္ျပည္လုံး လိုလိုပါ

ဒါ ဆို ဘာအေရးႀကီး လို႔လဲ ၊ ဒီ အေခၚအေဝၚ ေလး အတြက္နဲ႔ ဘာျဖစ္သြားမွာ မို႔လို႔လဲ ေတြးၾက ၊ ေျပာၾကရင္ေတာ့ ျမန္မာတို႔ရဲ့ ရိုးရာယဥ္ေက်းမွု နဲ႔ ထုံးဓေလ့ အေခၚအေဝၚ ​ေပ်ာက္ၿပီး ေနာက္ဆုံး အမွားႀကီး ကို အမွန္ထင္ သြားတယ္မွာ ၊

ထိုင္မသိမ္္း ဆိုတဲ႔ ေရွးအေခၚကို မတိမ္းပါးေစလိုပါ

မ​​ေပ်ာက္ကြယ္ သင့္တဲ့ အမ်ိဳးသားေရး လကၡဏာ ရပ္ေတြ မသိလိုက္ဖာသာ ​ေပ်ာက္ကြယ္သြားရေတာ့မွာပါ~~ နံမည္ေက်ာ္ ဒီဇိုင္နာ ေတြ အေနနဲ႔လဲ ရိုးရာ ဝတ္စား ဆင္ယင္မွု ေဝါဟာရ မွန္ကန္ေစေရး အထူးဂ႐ုျပဳေပးၾက ပါလို႔ ေမတၱာ ရပ္ခံ ပါရေစ

ထိုင္မသိမ္္း ဆိုတဲ႔ ေရွးအေခၚကို မတိမ္းပါးေစလိုပါ

ကဲ … ထိုင္မသိမ္း အေၾကာင္းေလး ျပန္ဆက္ၾကရေအာင္

ထိုိင္မသိမ္း ဆိုတာ မင္းသမီး ၊ ယခုေခတ္ သတို႔သမီး ေတြ အေပၚဝတ္ ရတဲ့ အက်ီ္ကို ေခၚဆို တာပါ ၊ ရတနာပုံေခတ္ မတိုင္မီ ကုန္းေဘာင္ေခတ္ဦး ေနာက္ အမရပူရ ေခတ္ အထိ အမ်ိဳးသမီး ေတြ ရဲ့ အေပၚ ဝတ္အက်ီ ေတြဟာ သိုရင္း ၊ သင္တိုင္း သ႑န္ တင္ပါးထိ ဖုံးလို႔ ရွည္လ်ားၾက ပါတယ္ ၊

ဒီ အခါ အဲ့အ မ်ိဳးသမီးဟာ ထိုင္ လိုက္ေတာ့မယ္ ဆိုရင္ ရွည္က်ေနတဲ့ အက်ီ္ ေအာက္နားစ. ကို အဝိုင္းအဝိုင္းညီေအာင္ သိမ္းၿပီး ၊ ျပဳျပင္ၿပီးမွ ထိုင္ရ ပါတယ္

ရတနာ ပုံေခတ္ေလာက္ ေရာက္တဲ့ အခါမွာ အေပၚဝတ္ သိုရင္းရွည္ လို အက်ီ္ ကို ခါးအနီးနားတစ္ဝိုက္ထိ တိုေအာင္ ၊ တင္ပါး အထက္ထိ တိုေအာင္ ျပဳျပင္ခ်ဳပ္လုပ္ ဝတ္ဆင္ ခဲ့ၾက ပါတယ္ ၊

အဲ့ အေပၚဝတ္ အက်ီ္ဟာ ထိုင္လိုက္တဲ့ အခါ မွာ အနားစ သိမ္းစရာ မလိုပဲ ၊ ကိုယ္နဲ႔ ခ်ပ္ခ်ပ္ရပ္ရပ္ ရွိေနလို႔ ထိုင္မသိမ္း အက်ီၤလို႔ ေခၚပါ တယ္တဲ့

ရတနာပုံေခတ္ က အမ်ိဳးသမီးေတြ ဟာ ရင္စည္း ၊ ရင္ခံ အရင္ပတ္ၿပီး အေပၚက ထိုင္မသိမ္း အက်ီ္ ကို ထပ္မံ ဝတ္ဆင္ ရေလ့ ရွိပါတယ္ ။

ေရႊနန္းေတာ္ အတြင္းက. မိဘုရား ၊ မင္းသမီး မ်ား ကတာ့ ခါးေသး ၊ ရင္ခ်ီေအာင္ ဂ႐ုစိုက္ၿပီး ကိုယ္က်ပ္ အက်ီ္ ကို အေနာက္တြင္ ႀကိဳးႏွစ္ဆယ့္ေလးေခ်ာင္း ယွက္သိုင္း ထိုး ကာ ဝတ္ဆင္ၿပီး ထိုင္မသိမ္း အက်ီ္ကို အေပၚက. ထပ္ဝတ္ ပါတယ္။

အဲ့ ထိုိင္မသိမ္း အက်ီ္ မွာ ေရွ႕ ႏွစ္ခု စိတဲ့ ေနရာ ၊ ဗိုက္ျပင္ အနီးနား မွာ ယေန႔ေခတ္ အလြယ္ေခၚေနတဲ့ ေၾကးစည္ ( အမွန္က. ကရနို႔ ၊ အနို႔ ) ႏွစ္ဖက္ခ် ခ်ဳပ္လုပ္ တပ္ဆင္ ရပါတယ္။

ေအာက္က ဝတ္တာ ေတာ့ ျဗန္႔ထဘီီ ေပါ့ ၊အနက္ေရာင္ အထက္ဆင္ အျပားႀကီး ႏွစ္ထြာခန္႔ ၊” အကိုယ္ “ဆိုတဲ့ ခ်ိတ္သား က တစ္ေတာင္ေလာက္သာ ရွိပါတယ္ ၊ ထို ကိုယ္ထည္သား ေအာက္က မွ ကန္လန္႔စင္း အေၾကာင္းေလးမ်ားကို “သာလိကာ မ်က္လုံး ” ေခၚျပ​ီး ေအာက္ဆုံးကမွ ေရသီနား ဆက္ရ ပါတယ္ ။

ဒါဟာ ေရွးျမန္မာအမ်ိဳးသမီးတို႔ရဲ့ ဝတ္စားဆင္ယင္ မွု ထိုင္မသိမ္း ၊ ျဗန္္႔ထဘီ တို႔ပါ

ဒါဆိုိ အဲ့ေခတ္က. အမ်ိဳးသမီး ေတြ ဘယ္ ေပါ့ေပါ့ပါးပါးရွိပါလဲ ၊ အိမ္ေနရင္း ဘယ္လိုမ်ား ေနၾကပါလိမ့္ ဆိုရင္… ပြဲလမ္းသဘင္ မရွိလို႔ အိမ္ေနရင္း အခါ ၊ ညဘက္ အိပ္ရာဝင္ တဲ့ အခါေတြ မွာေတာ့ ယေန႔ ေခတ္အေခၚ ကြင္းထမီ ၊ အဲ့ေခတ္ အေခၚ ဒုံးထဘီ ေတြ ဝတ္ၿပီးအိပ္ၾကေနၾက ပါတယ္၊

အေပၚအက်ီ္ ကေတာ့ ရင္ဖုံးလက္ရွည္၊ တ႐ုတ္ပြ ရင္ဖုံးအက်ီ္မ်ား နဲ႔ ေနၾက ၊ အိပ္ၾကရပါတယ္။

ဒီအေၾကာင္းအရာ မ်ားဟာ ျမတ္ သိမွီလိုက္တဲ့ သက္ေတာ္ႀကီး ေဆြေတာ္မ်ိဳးေတာ္ မ်ား ၊ ပညာရွင္မ်ား ကို လက္လွမ္းမွီသေလာက္ ေမးျမန္း ထားတာေလးေတြ ပါ၊

ဒီထက္ ပိုမို ျပည့္စုံေအာင္ အသိပညာရွင္ ၊ အတတ္ပညာ ရွင္ တို႔ိက ျဖည့္စြက္ေရးသားေဆြးေႏြးေပးၾကပါ

ျမန္မာ့ယဥ္ေက်းမွု ထုံးဓေလ့ ေဝါဟာရ အမွန္မ်ား ရွင္သန္ မွန္ကန္ေစလိုမွု ဆႏၵ အမွန္ျဖင့္

ျမတ္သခ္ငယ္( ခတၱိယရိပ္ၿငိမ္ )

ဆရာတင့္ Tint HtooAung

Unicode

ထိုင်မသိမ်း ဆိုတဲ့ ရှေးအခေါ်ကို မတိမ်းပါးစေလိုပါ

တစ်ခါက. TV Channel တစ်ခု မှာ နံမည်ကျော် ဒီဇိုင်နာ တစ်ယောက်ရဲ့ Interview တစ်ခုကြည့် လိုက်ရတယ် ~~ သူက. သူဖန်တီး တဲ့ မဂ်လာဝတ်စုံ တွေ အကြောင်း အားတက်သရော ရှင်းပြနေ တာပါ… အဲ့မှာ ဘာတွေ့လိုက် ရလဲ ဆိုတော့

သတို့သမီး ဗြန့်ထဘီကြီး ကိုကိုင်၊ကိုင်ပြီး ဒီ ထိုင်မသိမ်းကို စီးကွင့်တွေ နဲ့ ဘယ်လို ထိုးထားတာ ၊ တန်ဖိုးကြီး စိန်ပွင့်တွေ အလုံးရေ ဘယ်လောက်စီ ထားတာ ဆိုပြီး ရှင်းပြနေလေရဲ့!

ကိုယ့်မှာ စိတ်စနိုးစနောင့်ဖြစ် မိတယ် မြန်မာ့ရိုးရာ ဝတ်စုံ တစ်ထည်ရဲ့ အခေါ်အဝေါ် တစ်ခု ကို အထက်နဲ့ အောက် အကြိမ်ကြိမ်မှားပြီး ပြောနေ၊ခေါ်နေတာ ကိုပါ။

သူ့ ကို အပြစ်တင်လို့လဲ မရပါဘူး ၊ အခု အတော်များများ ကကို သတို့သမီး ဝတ်စုံ ၊ မဂ်လာဝတ်စုံကိုထိုင်မသိမ်း ဝတ်မှာလေ၊ထိုင်မသိမ်း ဝတ်ပြီး ဆောင်မှာ! စသည့်ဖြင့် တွင်တွင်ကျယ်ကျယ် အမှားကြီး က တစ်ပြည်လုံး လိုလိုပါ

ဒါ ဆို ဘာအရေးကြီး လို့လဲ ၊ ဒီ အခေါ်အဝေါ် လေး အတွက်နဲ့ ဘာဖြစ်သွားမှာ မို့လို့လဲ တွေးကြ ၊ ပြောကြရင်တော့ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု နဲ့ ထုံးဓလေ့ အခေါ်အဝေါ် ပျောက်ပြီး နောက်ဆုံး အမှားကြီး ကို အမှန်ထင် သွားတယ်မှာ ၊

မပျောက်ကွယ် သင့်တဲ့ အမျိုးသားရေး လက္ခဏာ ရပ်တွေ မသိလိုက်ဖာသာ ပျောက်ကွယ်သွားရတော့မှာပါ~~ နံမည်ကျော် ဒီဇိုင်နာ တွေ အနေနဲ့လဲ ရိုးရာ ဝတ်စား ဆင်ယင်မှု ဝေါဟာရ မှန်ကန်စေရေး အထူးဂရုပြုပေးကြ ပါလို့ မေတ္တာ ရပ်ခံ ပါရစေ

ကဲ … ထိုင်မသိမ်း အကြောင်းလေး ပြန်ဆက်ကြရအောင်

ထိုင်မသိမ်း ဆိုတာ မင်းသမီး ၊ ယခုခေတ် သတို့သမီး တွေ အပေါ်ဝတ် ရတဲ့ အကျီ်ကို ခေါ်ဆို တာပါ ၊ ရတနာပုံခေတ် မတိုင်မီ ကုန်းဘောင်ခေတ်ဦး နောက် အမရပူရ ခေတ် အထိ အမျိုးသမီး တွေ ရဲ့ အပေါ် ဝတ်အကျီ တွေဟာ သိုရင်း ၊ သင်တိုင်း သဏ္ဍန် တင်ပါးထိ ဖုံးလို့ ရှည်လျားကြ ပါတယ် ၊

ဒီ အခါ အဲ့အ မျိုးသမီးဟာ ထိုင် လိုက်တော့မယ် ဆိုရင် ရှည်ကျနေတဲ့ အကျီ် အောက်နားစ. ကို အဝိုင်းအဝိုင်းညီအောင် သိမ်းပြီး ၊ ပြုပြင်ပြီးမှ ထိုင်ရ ပါတယ်

ရတနာ ပုံခေတ်လောက် ရောက်တဲ့ အခါမှာ အပေါ်ဝတ် သိုရင်းရှည် လို အကျီ် ကို ခါးအနီးနားတစ်ဝိုက်ထိ တိုအောင် ၊ တင်ပါး အထက်ထိ တိုအောင် ပြုပြင်ချုပ်လုပ် ဝတ်ဆင် ခဲ့ကြ ပါတယ် ၊

အဲ့ အပေါ်ဝတ် အကျီ်ဟာ ထိုင်လိုက်တဲ့ အခါ မှာ အနားစ သိမ်းစရာ မလိုပဲ ၊ ကိုယ်နဲ့ ချပ်ချပ်ရပ်ရပ် ရှိနေလို့ ထိုင်မသိမ်း အကျီၤလို့ ခေါ်ပါ တယ်တဲ့

ရတနာပုံခေတ် က အမျိုးသမီးတွေ ဟာ ရင်စည်း ၊ ရင်ခံ အရင်ပတ်ပြီး အပေါ်က ထိုင်မသိမ်း အကျီ် ကို ထပ်မံ ဝတ်ဆင် ရလေ့ ရှိပါတယ် ။

ရွှေနန်းတော် အတွင်းက. မိဘုရား ၊ မင်းသမီး များ ကတာ့ ခါးသေး ၊ ရင်ချီအောင် ဂရုစိုက်ပြီး ကိုယ်ကျပ် အကျီ် ကို အနောက်တွင် ကြိုးနှစ်ဆယ့်လေးချောင်း ယှက်သိုင်း ထိုး ကာ ဝတ်ဆင်ပြီး ထိုင်မသိမ်း အကျီ်ကို အပေါ်က. ထပ်ဝတ် ပါတယ်။

အဲ့ ထိုင်မသိမ်း အကျီ် မှာ ရှေ့ နှစ်ခု စိတဲ့ နေရာ ၊ ဗိုက်ပြင် အနီးနား မှာ ယနေ့ခေတ် အလွယ်ခေါ်နေတဲ့ ကြေးစည် ( အမှန်က. ကရနို့ ၊ အနို့ ) နှစ်ဖက်ချ ချုပ်လုပ် တပ်ဆင် ရပါတယ်။

အောက်က ဝတ်တာ တော့ ဗြန့်ထဘီ ပေါ့ ၊အနက်ရောင် အထက်ဆင် အပြားကြီး နှစ်ထွာခန့် ၊” အကိုယ် “ဆိုတဲ့ ချိတ်သား က တစ်တောင်လောက်သာ ရှိပါတယ် ၊ ထို ကိုယ်ထည်သား အောက်က မှ ကန်လန့်စင်း အကြောင်းလေးများကို “သာလိကာ မျက်လုံး ” ခေါ်ပြီး အောက်ဆုံးကမှ ရေသီနား ဆက်ရ ပါတယ် ။

ဒါဟာ ရှေးမြန်မာအမျိုးသမီးတို့ရဲ့ ဝတ်စားဆင်ယင် မှု ထိုင်မသိမ်း ၊ ဗြန့််ထဘီ တို့ပါ

ဒါဆို အဲ့ခေတ်က. အမျိုးသမီး တွေ ဘယ် ပေါ့ပေါ့ပါးပါးရှိပါလဲ ၊ အိမ်နေရင်း ဘယ်လိုများ နေကြပါလိမ့် ဆိုရင်… ပွဲလမ်းသဘင် မရှိလို့ အိမ်နေရင်း အခါ ၊ ညဘက် အိပ်ရာဝင် တဲ့ အခါတွေ မှာတော့ ယနေ့ ခေတ်အခေါ် ကွင်းထမီ ၊ အဲ့ခေတ် အခေါ် ဒုံးထဘီ တွေ ဝတ်ပြီးအိပ်ကြနေကြ ပါတယ်၊

အပေါ်အကျီ် ကတော့ ရင်ဖုံးလက်ရှည်၊ တရုတ်ပွ ရင်ဖုံးအကျီ်များ နဲ့ နေကြ ၊ အိပ်ကြရပါတယ်။

ဒီအကြောင်းအရာ များဟာ မြတ် သိမှီလိုက်တဲ့ သက်တော်ကြီး ဆွေတော်မျိုးတော် များ ၊ ပညာရှင်များ ကို လက်လှမ်းမှီသလောက် မေးမြန်း ထားတာလေးတွေ ပါ၊

ဒီထက် ပိုမို ပြည့်စုံအောင် အသိပညာရှင် ၊ အတတ်ပညာ ရှင် တို့ိက ဖြည့်စွက်ရေးသားဆွေးနွေးပေးကြပါ

မြန်မာ့ယဉ်ကျေးမှု ထုံးဓလေ့ ဝေါဟာရ အမှန်များ ရှင်သန် မှန်ကန်စေလိုမှု ဆန္ဒ အမှန်ဖြင့်

မြတ်သခ်ငယ်( ခတ္တိယရိပ်ငြိမ် )

ဆရာတင့် Tint HtooAung

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …