
လမ္းခြဲျပတ္စဲသြားၿပီးေနာက္ သင္ရ႐ွိလာမယ့္ ေကာင္းမြန္တဲ့ အခြင့္အေရး ၅ ခု
တစ္ေယာက္နဲ႔ တစ္ေယာက္ သေဘာထား မတိုက္ဆိုင္တဲ့ အခါမွာ လမ္းခြဲျပတ္စဲျခင္းဆိုတဲ့ အရာကို မျဖစ္မေန လုပ္ဖို႔ လုိအပ္ လာတတ္ ပါတယ္။ ကိုယ္ဘယ္ေလာက္ ခ်စ္တဲ့ သူပဲျဖစ္ျဖစ္ သူဟာ ကိုယ့္အတြက္ မဟုတ္ဘူး ဆိုရင္ေတာ့ လက္လြတ္ေပး လိုက္ရတာ ထံုးစံ ပါပဲ။
လမ္းခြဲစမွာ နာက်င္ခံစားၾက ရတတ္ေပမယ့္ လမ္းခြဲျပတ္ စဲျခင္းက သင့္အတြက္ ရ႐ွိ လာမယ့္ ေကာင္းတဲ့ အရာေတြ ႐ွိေနပါတယ္။
သင့္ရဲ႕ ဘဝမွန္ကို ျပန္ရလာမယ္္
သူုနဲ႔ ခ်စ္ႀကိဳက္ခ်ိိန္ တုန္းကလိုမ်ိဳး သူ႔သေဘာက် ေနရ၊ သြားရတာမ်ိဳး မဟုတ္ပဲ ကိုယ့္သေဘာ ကိုယ့္ဆႏၵအတိုင္း ဘယ္သူ႔ရဲ႕ ခြင့္ျပဳခ်က္မွ မလုိပဲ ေနထိုင္ မွာပါ။
ဒါဟာ သင့္ရဲ႕ အရင္ပံုစံကို ျပန္္လည္ ရ႐ွိလာတဲ့ ျဖစ္ၿပီးေတာ့ ဆက္ဆံေရး အဆင္မေျပ တာေတြေၾကာင့္ စိတ္ညစ္၊ စိတ္္႐ႈပ္ ရတာေတြ လည္း မ႐ွိတဲ့ အခ်ိန္္ကို ျပန္္ေရာက္ သြားမွာပါ။
ကိုယ့္္ကိုယ္ကို ပိုခ်စ္တတ္လာမယ္
ဟိုအရင္က ကိုယ့္္ကိုယ္ကို ခ်စ္ဖို႔ကို ေမ႔ေနခဲ႔ၿပီး သူမ်ားကိုပဲ ခ်စ္ဖို႔၊ သူမ်ားက ကိုယ့္ကိုယ္ခ်စ္လာဖို႔ကိုပဲ အားစိုက္ေနခဲ႔လမိမွာပါ။ ဒါဟာ မွားယြင္းတဲ့ ဆံု းျဖတ္ခ်က္ျဖစ္ၿပီး အဓိကက ကိုယ့္ကိုယ္ကို ခ်စ္္တတ္လာဖို႔က အေရးႀကီး ပါတယ္္။
ကိုယ့္္ကိိုယ္ကို တန္ဖိုးထား ခ်စ္တတ္ လာတဲ့ အခါ သူမ်ားကလည္း ကိုယ့္ကို တန္ဖိုးထား ခ်စ္ခင္လာႏုိင္္တယ္ဆိုတာ ေကာင္းေကာင္း သေဘာေပါက္ နားလည္ လာမွာ ပါ။ ဘယ္သူ ခ်စ္ခ်စ္္၊ မခ်စ္ခ်စ္ ကိုယ့္ကိုယ္ကို ခ်စ္္ေနရင္ ဘဝႀကီးကို ပိုၿပီးေနေပ်ာ္ လာပါ လိမ့္မယ္္။
အခ်ိန္ပိုရလာမယ္
အရင္တုန္း ကလိုမ်ိဳး သူနဲ႔ေတြ႕ဖို႔ အခ်ိန္ေပးရတာနဲ႔၊ အဆင္္မေျပလို႔ စိတ္႐ႈပ္ရတဲ့ အခ်ိန္ေတြ မ႐ွိေတာ့ပဲ ကိုယ့္အတြက္ အခ်ိန္္ေတြ ပိုထြက္ လာတတ္ ပါတယ္။ ဒီလိုမ်ိဳး ပိုေနတဲ့ အခ်ိန္မွာ ဘယ္သူ႔ ကိုမွ အခ်ိန္္ေပးေနစရာမ လုိပဲ ကိုယ္ဝါသနာ ပါရာတစ္ခုခု၊ ကိုယ္လုပ္ခ်င္တဲ့ အရာေတြကို လုပ္လာ ႏုိင္ပါ တယ္။
လြတ္လပ္မႈကို ပိုခံစားမိလာမယ္
တစ္ခါတစ္ေလ ကိုယ္သြား ခ်င္တဲ့ ခရီးတစ္ခုကို သူမလုိက္ေစ ခ်င္လို႔ မသြားလိုက္ရတဲ့ အခ်ိန္္ေတြလည္း ႐ွိဖူးမွာပါ။ ဒါေတြဟာ ျပသနာႀကီးႀကီးမားမား မဟုတ္ေပမယ့္ ကိုယ့္ရဲ႕ လြတ္လပ္ခြင့္ကို ဆံု႐ံႈးသလိုေတာ့ ခံစား ရပါ တယ္။
လမ္းခြဲၿပီးေနာက္ ကိုယ္သူငယ္ခ်င္္းေတြနဲ႔ လြတ္လြတ္လပ္လပ္ ခရီးေတြ ထြက္လာႏုိင္ သလုိ တစ္ေယာက္တည္းေနရတဲ့ အားသာ ခ်က္ေတြ ကိုလည္း ခံစားမိ လာမွာပါ။
အခြင့္အလမ္းအသစ္ေတြ
ဒီတစ္္ေယာက္နဲ႔ ျပတ္္ၿပီးသြားရင္ ေနာက္လူေကာင္း တစ္ေယာက္ ကိုယ့္ဆီ မေရာက္လာ ႏုိင္ဘူးလို႔ ထင္မွတ္ထားရင္ အႀကီးႀကီး မွားသြားပါ လိမ္႔မယ္။ တစ္ခါတစ္ေလမွာ ကိုယ့္ဆီ ပိုေကာင္းတဲ့ အရာေတြ ေရာက္လာဖို႔ ေသးေသးေလးေတြကို လြတ္ခ် လိုက္ရ တတ္ပါ။
ကိုယ္နဲ႔ စိတ္္သေဘာထား ကိုက္ညီတဲ့၊ ကိုယ့္အေပၚ နားလည္မႈ အျပည့္အဝေပး ႏုိင္တဲ့ ပိုေကာင္းတဲ့ သူမ်ိဳးကို ေတြ႔ဖို႔ အခြင့္အေရးေကာင္း ျဖစ္ေန တတ္ပါ တယ္။
Khin
Credit:Em Em(Auntymay)
Unicode
လမ်းခွဲပြတ်စဲသွားပြီးနောက် သင်ရရှိလာမယ့် ကောင်းမွန်တဲ့ အခွင့်အရေး ၅ ခု
တစ်ယောက်နဲ့ တစ်ယောက် သဘောထား မတိုက်ဆိုင်တဲ့ အခါမှာ လမ်းခွဲပြတ်စဲခြင်းဆိုတဲ့ အရာကို မဖြစ်မနေ လုပ်ဖို့ လိုအပ် လာတတ် ပါတယ်။ ကိုယ်ဘယ်လောက် ချစ်တဲ့ သူပဲဖြစ်ဖြစ် သူဟာ ကိုယ့်အတွက် မဟုတ်ဘူး ဆိုရင်တော့ လက်လွတ်ပေး လိုက်ရတာ ထုံးစံ ပါပဲ။
လမ်းခွဲစမှာ နာကျင်ခံစားကြ ရတတ်ပေမယ့် လမ်းခွဲပြတ် စဲခြင်းက သင့်အတွက် ရရှိ လာမယ့် ကောင်းတဲ့ အရာတွေ ရှိနေပါတယ်။
သင့်ရဲ့ ဘဝမှန်ကို ပြန်ရလာမယ်
သူုနဲ့ ချစ်ကြိုက်ချိန် တုန်းကလိုမျိုး သူ့သဘောကျ နေရ၊ သွားရတာမျိုး မဟုတ်ပဲ ကိုယ့်သဘော ကိုယ့်ဆန္ဒအတိုင်း ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ မလိုပဲ နေထိုင် မှာပါ။
ဒါဟာ သင့်ရဲ့ အရင်ပုံစံကို ပြန်လည် ရရှိလာတဲ့ ဖြစ်ပြီးတော့ ဆက်ဆံရေး အဆင်မပြေ တာတွေကြောင့် စိတ်ညစ်၊ စိတ်ရှုပ် ရတာတွေ လည်း မရှိတဲ့ အချိန်ကို ပြန်ရောက် သွားမှာပါ။
ကိုယ့််ကိုယ်ကို ပိုချစ်တတ်လာမယ်
ဟိုအရင်က ကိုယ့််ကိုယ်ကို ချစ်ဖို့ကို မေ့နေခဲ့ပြီး သူများကိုပဲ ချစ်ဖို့၊ သူများက ကိုယ့်ကိုယ်ချစ်လာဖို့ကိုပဲ အားစိုက်နေခဲ့လမိမှာပါ။ ဒါဟာ မှားယွင်းတဲ့ ဆုံ းဖြတ်ချက်ဖြစ်ပြီး အဓိကက ကိုယ့်ကိုယ်ကို ချစ်တတ်လာဖို့က အရေးကြီး ပါတယ်။
ကိုယ့််ကိုယ်ကို တန်ဖိုးထား ချစ်တတ် လာတဲ့ အခါ သူများကလည်း ကိုယ့်ကို တန်ဖိုးထား ချစ်ခင်လာနိုင်တယ်ဆိုတာ ကောင်းကောင်း သဘောပေါက် နားလည် လာမှာ ပါ။ ဘယ်သူ ချစ်ချစ်၊ မချစ်ချစ် ကိုယ့်ကိုယ်ကို ချစ်နေရင် ဘဝကြီးကို ပိုပြီးနေပျော် လာပါ လိမ့်မယ်။
အချိန်ပိုရလာမယ်
အရင်တုန်း ကလိုမျိုး သူနဲ့တွေ့ဖို့ အချိန်ပေးရတာနဲ့၊ အဆင်မပြေလို့ စိတ်ရှုပ်ရတဲ့ အချိန်တွေ မရှိတော့ပဲ ကိုယ့်အတွက် အချိန်တွေ ပိုထွက် လာတတ် ပါတယ်။ ဒီလိုမျိုး ပိုနေတဲ့ အချိန်မှာ ဘယ်သူ့ ကိုမှ အချိန်ပေးနေစရာမ လိုပဲ ကိုယ်ဝါသနာ ပါရာတစ်ခုခု၊ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်လာ နိုင်ပါ တယ်။
လွတ်လပ်မှုကို ပိုခံစားမိလာမယ်
တစ်ခါတစ်လေ ကိုယ်သွား ချင်တဲ့ ခရီးတစ်ခုကို သူမလိုက်စေ ချင်လို့ မသွားလိုက်ရတဲ့ အချိန်တွေလည်း ရှိဖူးမှာပါ။ ဒါတွေဟာ ပြသနာကြီးကြီးမားမား မဟုတ်ပေမယ့် ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို ဆုံရှုံးသလိုတော့ ခံစား ရပါ တယ်။
လမ်းခွဲပြီးနောက် ကိုယ်သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ခရီးတွေ ထွက်လာနိုင် သလို တစ်ယောက်တည်းနေရတဲ့ အားသာ ချက်တွေ ကိုလည်း ခံစားမိ လာမှာပါ။
အခွင့်အလမ်းအသစ်တွေ
ဒီတစ်ယောက်နဲ့ ပြတ်ပြီးသွားရင် နောက်လူကောင်း တစ်ယောက် ကိုယ့်ဆီ မရောက်လာ နိုင်ဘူးလို့ ထင်မှတ်ထားရင် အကြီးကြီး မှားသွားပါ လိမ့်မယ်။ တစ်ခါတစ်လေမှာ ကိုယ့်ဆီ ပိုကောင်းတဲ့ အရာတွေ ရောက်လာဖို့ သေးသေးလေးတွေကို လွတ်ချ လိုက်ရ တတ်ပါ။
ကိုယ်နဲ့ စိတ်သဘောထား ကိုက်ညီတဲ့၊ ကိုယ့်အပေါ် နားလည်မှု အပြည့်အဝပေး နိုင်တဲ့ ပိုကောင်းတဲ့ သူမျိုးကို တွေ့ဖို့ အခွင့်အရေးကောင်း ဖြစ်နေ တတ်ပါ တယ်။
Khin
No Comments