
Credit
Unicode
ရည်းစားဟောင်းကို မြန်မြန်ဆန်ဆန်မေ့သွားအောင်ဘယ်လိုလုပ်မလဲ
မိန်းကလေးတွေက ရည်းစားဖြစ်ပြီး ကြာလာလေလေ ကောင်လေးတွေကို သံယောဇဉ်တွယ်ပြီး စွဲလမ်းလေလေပဲ။ အဲ့ဒါကြောင့်ပဲ ကိုယ့်ရည်းစားကို မကောင်းတော့ ရင်တောင် မဖြတ်နိုင်ဘဲ အနစ်နာခံဆက်တွဲကြ တယ်။
ဖြတ်ရင်လည်း မပြတ်နိုင်လို့ ပြန်ပြန်တွဲကြ တယ်။ မကောင်းတဲ့ သူကို ပြတ်ပြတ်သားသားနဲ့ စိတ်ထဲက ထုတ်နိုင်ဖို့ အတွက် နည်းလမ်းကောင်းလေးတွေကို ပြောပြ လိုက်မယ်နော်။
(၁) ကိုယ့်သူ့ကို စွဲလမ်းရတဲ့အကြောင်းကိုပြန်မေးပါ။
ကိုယ်သူ့ကို စွဲလမ်းရတဲ့ အကြောင်းကို သိသွားပြီဆိုရင် ဖြေရှင်းဖို့နည်းလမ်းကိုလည်း စဉ်းစားနိုင် ပါလိမ့်မယ်။ စွဲလမ်းတာက အနာကိုပိုရင်းစေလို့ ဒီပြသနာကို အရင်ဆုံးဖြေရှင်းသင့် ပါတယ်။
(၂) စိတ်ဖိစီးမှုကို လျော့ချပါ။
စိတ်ဖိစီးမှုတွေ အရမ်းများနေမယ် ဆိုရင် ထင်ယောင် ထင်မှားဖြစ်တတ် ပါတယ်…မှန်တဲ့အရာကို မှားသယောင် မှားတဲ့ အရာကို မှန်သယောင် ထင်တတ်တယ်။
စိတ်လိုက်မှန်ပါတွေ လုပ်မိနိုင်လို့ စိတ်ဖိစီးမှုကိုလျော့ချဖို့အရေးကြီးတယ်။ တရားထိုင်တာတွေ၊ အိပ်ရေးဝအောင်အိပ်တာတွေနဲ့ အစားအသောက်ေ ကာင်းကောင်းစားတာတွေ ကလည်း စိတ်ဖိစီးမှုကို သက်သာစေ တယ်။
(၃) သူ့ကို အမှတ်ရစေမယ့်နေရာတွေ၊ အလုပ်တွေကိုရှောင်ပါ။
သူနဲ့တူတူ ပျော်ခဲ့ဖူးတဲ့နေရာတွေဆို မသွားပါနဲ့။ သူနဲ့ အတူ နားထောင်ခဲ့ဖူးတဲ့ သီချင်းတွေ ၊ ကိုယ့်ခံစားချက်နဲ့တိုက်ဆိုင်တဲ့ သီချင်းတွေဆို နားမထောင် ပါနဲ့…မြန်မြန်မေ့နိုင် ပါလိမ့်မယ်။
(၄) အသစ်တစ်ခုခုကို လေ့လာပါ၊
ရည်းစားနဲ့ ပျက်သွားတဲ့ အချိန်ဟာ ကိုယ့်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုကို လေ့လာဖို့အချိန်ကောင်းပဲ။ ကိုယ်က အကြောင်းအရာသစ်တွေနဲ့ အလုပ်ရှုပ်နေတော့ သူ့အကြောင်းလည်း မတွေးဖြစ်တော့ဘူး။
သူ့ကိုလည်း မြန်မြန်မေ့နိုင်မယ်၊ ကိုယ်လည်း ပညာရပ်အသစ်တစ်ကိုခု တတ်သွားမယ်။ ဘယ်လောက်ကောင်းလိုက်သလဲ။
(၅) မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေပါ။
ကိုယ်က အဝေးရောက်နေရင်တောင် ကိုယ်ချစ်တဲ့ မိသားစု ဆီပြန်ပါ။ သူတို့နဲ့ ပျော်စရာတွေလုပ်၊ ရယ်မောရင်းအချိန်တွေ ကုန်ဆုံးသွားရင် ရည်းစားကို လွယ်လွယ်မေ့ သွားမှာပါ၊
No Comments