
အထီးက်န္ခ်ိန္ကို ဒီလိုအက်ိဳးရွိရွိေက်ာ္ျဖတ္လိုက္ပါ
သင္အထီးက်န္တဲ့ ခံစားခ်က္ မ်ိဳး ျဖစ္ဖူးလား? ဘယ္လိုအခ်ိန္မွာ အထီးက်န္ေလ့ ရွိလဲ? Single ျဖစ္ေနလုိ႔ အထီးက်န္သလို ခံစားရ တတ္သလို၊ ခ်စ္သူ ရွိေနပါ လ်က္နဲ႔ happy relationship မျဖစ္လုိ႔ အထီးက်န္တဲ့ ခံစားမႈမ်ိဳး ကိုလည္း ခံစား ရတတ္ ပါတယ္။
အထီးက်န္ေနတဲ့ အခ်ိန္ေတြကို အလြယ္တကူ ေက်ာ္ျဖတ္ဖို႔ ဆိုတာ တကယ့္ကို ခက္ခဲ လွပါတယ္။ ဒါ့ေၾကာင့္ ဒီလို အခ်ိန္ကာလကို အက်ိဳးရွိရွိနဲ႔ ေပ်ာ္ရႊင္စြာ ဘယ္လို ကုန္ဆံုးသင့္လဲ ဆိုတဲ့ အေၾကာင္းကို စာဖတ္ပရိသတ္မ်ား အတြက္ အႀကံေပးခ်င္ ပါတယ္။
(၁) Plan ဆြဲပါ
အထီးက်န္စိတ္ကို ေျပေလ်ာ့ေစၿပီး စိတ္ေပ်ာ္ရႊင္ေစမယ့္ အရာမ်ားကို Plan ဆြဲထားပါ။ မနက္ခင္းထေျပးတာ၊ စက္ဘီးစီးတာ၊ ေခြးကေလးေတြနဲ႔ ေဆာ့တာ၊ ေဟာေျပာပြဲေတြ သြားတာ၊ ျပတိုက္ သြားေလ့လာတာ၊
ၿမိဳ႕ပတ္ၿပီးေလွ်ာက္လည္ တာမ်ိဳး စတာေတြကို အခ်ိန္ဇယား ဆြဲထား လိုက္ပါ။ သင့္ရဲ႕တစ္ေန႔တာ အခ်ိန္ဇယားျပည့္ေနတယ္ ဆိုရင္ အထီးက်န္ေနတဲ့ အခ်ိန္ကိုေတာင္ ေမ့ေလ်ာ့ သြားပါ လိမ့္မယ္။
(၂) သီခ်င္းနားေထာင္ပါ
စိတ္ကို အေကာင္းဆံုးေျဖေလ်ာ့ေပးႏိုင္တဲ့ အေကာင္းဆံုး နည္းလမ္းေတြထဲမွာ သီခ်င္းနားေထာင္တာကလည္း တစ္ခုအပါ အဝင္ပဲ။ စိတ္က်န္းမာေရး ဆရာဝန္ေတြက လူနာေတြရဲ႕ စိတ္ကို ေျဖေလ်ာ့ေပးႏိုင္ဖုိ႔အတြက္ သီခ်င္း နားေထာင္ခိုင္း တယ္လို႔ ဆုိ ပါတယ္။
စိတ္ကုိ ေပ်ာ္ရႊင္တက္ၾကြေစမယ့္၊ ခြန္အားျဖစ္ေစမယ့္ သီခ်င္းမ်ိဳးကို ေရြးခ်ယ္ၿပီး နားေထာင္မယ္ ဆုိရင္ သင့္ရဲ႕စိတ္ေတြေပါပါး လန္းဆန္း လာမွာပါ။
(၃) ပရဟိတလုပ္ငန္းမ်ားကို လုပ္ေဆာင္ပါ
အရာရာကို အဆိုးျပင္တာက ကိုယ့္စိတ္ကို ဒုကၡေပးသလို အထီးက်န္ျခင္းကို ျဖစ္ေပၚေစႏုိင္တာကို သတိျပဳဖုိ႔ လို ပါတယ္။ ဒါ့ေၾကာင့္ အေကာင္းျမင္ စိတ္ေမြးၿပီး လူသားေတြ အေပၚကို ခ်စ္ျခင္းေမတၱာမွ်ေဝလိုက္ပါ။
အထီးက်န္မႈ၊ ဝမ္းနည္းမႈေတြကို ေဝမွ်မယ့္အစား ေမတၱာတရားကို ေဝမွ်တာက ႏွစ္ဦးႏွစ္ဖက္အတြက္ စိတ္ခ်မ္းသာေစမယ့္ ကိစၥရပ္ ပါပဲ။ ဒါ့ေၾကာင့္ ပရဟိတ လုပ္ငန္းမ်ားကို လုပ္ေဆာင္ရင္း အထီးက်န္တဲ့အခ်ိန္ေတြကို အက်ိဳးရွိရွိ ကုန္ဆံုး လိုက္ပါ။
(၄) အလုပ္တစ္ခုေပၚကို စိတ္စုစည္းထားလုိက္ပါ
ကိုယ့္ရဲ႕အထီးက်န္ေနတဲ့ စိတ္ကို ေမ့ေဖ်ာက္ဖို႔အတြက္ အရာဝတၳဳတစ္ခုခု ဒါမွမဟုတ္ ကိစၥရပ္တစ္ခုအေပၚကို အာရံုစိုက္ ထားလုိ႔ လိုပါမယ္။
ပန္းခ်ီဆြဲတာ၊ ကဗ်ာေရးတာ၊ သီခ်င္းစပ္တာ စတာေတြက သင့္ရဲ႕စိတ္ေတြကို ဟိုေရာက္ ဒီေရာက္ ပ်ံ႕လႊင့္ျခင္း မရွိေစဘဲ အလုပ္တစ္ခုေပၚမွာ အာရံုစိုက္ေန ရတဲ့အတြက္ အထီးက်န္ေန တာကိုေတာင္ ေမ့ေလ်ာ့သြား ပါလိ မ့္မယ္။ ဒါဟာလည္း အထီးက်န္ ခ်ိန္မွာ သင့္အတြက္ အေဖာ္မြန္ေကာင္းပါပဲ။
(၅) တရားထုိင္ပါ၊ ေယာဂက်င့္ပါ
တိတ္ဆိတ္ၿငိမ္သက္ တဲ့ေနရာမွာ တရားထိုင္တာ၊ ေယာဂက်င့္တာ မ်ိဳးလည္း ျပဳလုပ္ေပးႏုိင္ ပါတယ္။ တရားထိုင္ျခင္းနဲ႔ ေယာဂက်င့္ျခင္းက စိတ္တည္ၿငိမ္ဖို႔နဲ႔ အထီးက်န္ျခင္းကို ကုသဖို ႔အတြက္ အေကာင္းဆံုးအားျဖည့္ေဆးတစ္ခြက္လို႔ ဆိုႏိုင္ ပါတယ္။ ခရက္ဒစ္
ယူနီကုတ္
အထီးကျန်ချိန်ကို ဒီလိုအကျိုးရှိရှိကျော်ဖြတ်လိုက်ပါ
သင်အထီးကျန်တဲ့ ခံစားချက် မျိုး ဖြစ်ဖူးလား? ဘယ်လိုအချိန်မှာ အထီးကျန်လေ့ ရှိလဲ? Single ဖြစ်နေလို့ အထီးကျန်သလို ခံစားရ တတ်သလို၊ ချစ်သူ ရှိနေပါ လျက်နဲ့ happy relationship မဖြစ်လို့ အထီးကျန်တဲ့ ခံစားမှုမျိုး ကိုလည်း ခံစား ရတတ် ပါတယ်။
အထီးကျန်နေတဲ့ အချိန်တွေကို အလွယ်တကူ ကျော်ဖြတ်ဖို့ ဆိုတာ တကယ့်ကို ခက်ခဲ လှပါတယ်။ ဒါ့ကြောင့် ဒီလို အချိန်ကာလကို အကျိုးရှိရှိနဲ့ ပျော်ရွှင်စွာ ဘယ်လို ကုန်ဆုံးသင့်လဲ ဆိုတဲ့ အကြောင်းကို စာဖတ်ပရိသတ်များ အတွက် အကြံပေးချင် ပါတယ်။
(၁) Plan ဆွဲပါ
အထီးကျန်စိတ်ကို ပြေလျော့စေပြီး စိတ်ပျော်ရွှင်စေမယ့် အရာများကို Plan ဆွဲထားပါ။ မနက်ခင်းထပြေးတာ၊ စက်ဘီးစီးတာ၊ ခွေးကလေးတွေနဲ့ ဆော့တာ၊ ဟောပြောပွဲတွေ သွားတာ၊ ပြတိုက် သွားလေ့လာတာ၊ မြို့ပတ်ပြီးလျှောက်လည် တာမျိုး စတာတွေကို အချိန်ဇယား ဆွဲထား လိုက်ပါ။ သင့်ရဲ့တစ်နေ့တာ အချိန်ဇယားပြည့်နေတယ် ဆိုရင် အထီးကျန်နေတဲ့ အချိန်ကိုတောင် မေ့လျော့ သွားပါ လိမ့်မယ်။
(၂) သီချင်းနားထောင်ပါ
စိတ်ကို အကောင်းဆုံးဖြေလျော့ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေထဲမှာ သီချင်းနားထောင်တာကလည်း တစ်ခုအပါ အဝင်ပဲ။ စိတ်ကျန်းမာရေး ဆရာဝန်တွေက လူနာတွေရဲ့ စိတ်ကို ဖြေလျော့ပေးနိုင်ဖို့အတွက် သီချင်း နားထောင်ခိုင်း တယ်လို့ ဆို ပါတယ်။
စိတ်ကို ပျော်ရွှင်တက်ကြွစေမယ့်၊ ခွန်အားဖြစ်စေမယ့် သီချင်းမျိုးကို ရွေးချယ်ပြီး နားထောင်မယ် ဆိုရင် သင့်ရဲ့စိတ်တွေပေါပါး လန်းဆန်း လာမှာပါ။
(၃) ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ပါ
အရာရာကို အဆိုးပြင်တာက ကိုယ့်စိတ်ကို ဒုက္ခပေးသလို အထီးကျန်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကို သတိပြုဖို့ လို ပါတယ်။ ဒါ့ကြောင့် အကောင်းမြင် စိတ်မွေးပြီး လူသားတွေ အပေါ်ကို ချစ်ခြင်းမေတ္တာမျှဝေလိုက်ပါ။
အထီးကျန်မှု၊ ဝမ်းနည်းမှုတွေကို ဝေမျှမယ့်အစား မေတ္တာတရားကို ဝေမျှတာက နှစ်ဦးနှစ်ဖက်အတွက် စိတ်ချမ်းသာစေမယ့် ကိစ္စရပ် ပါပဲ။ ဒါ့ကြောင့် ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်ရင်း အထီးကျန်တဲ့အချိန်တွေကို အကျိုးရှိရှိ ကုန်ဆုံး လိုက်ပါ။
(၄) အလုပ်တစ်ခုပေါ်ကို စိတ်စုစည်းထားလိုက်ပါ
ကိုယ့်ရဲ့အထီးကျန်နေတဲ့ စိတ်ကို မေ့ဖျောက်ဖို့အတွက် အရာဝတ္ထုတစ်ခုခု ဒါမှမဟုတ် ကိစ္စရပ်တစ်ခုအပေါ်ကို အာရုံစိုက် ထားလို့ လိုပါမယ်။
ပန်းချီဆွဲတာ၊ ကဗျာရေးတာ၊ သီချင်းစပ်တာ စတာတွေက သင့်ရဲ့စိတ်တွေကို ဟိုရောက် ဒီရောက် ပျံ့လွှင့်ခြင်း မရှိစေဘဲ အလုပ်တစ်ခုပေါ်မှာ အာရုံစိုက်နေ ရတဲ့အတွက် အထီးကျန်နေ တာ ကိုတောင် မေ့လျော့သွား ပါလိ မ့်မယ်။ ဒါဟာလည်း အထီးကျန် ချိန်မှာ သင့်အတွက် အဖော်မွန်ကောင်းပါပဲ။
(၅) တရားထိုင်ပါ၊ ယောဂကျင့်ပါ
တိတ်ဆိတ်ငြိမ်သက် တဲ့နေရာမှာ တရားထိုင်တာ၊ ယောဂကျင့်တာ မျိုးလည်း ပြုလုပ်ပေးနိုင် ပါတယ်။ တရားထိုင်ခြင်းနဲ့ ယောဂကျင့်ခြင်းက စိတ်တည်ငြိမ်ဖို့နဲ့ အထီးကျန်ခြင်းကို ကုသဖို့အတွက် အကောင်းဆုံးအားဖြည့်ဆေးတစ်ခွက်လို့ ဆိုနိုင် ပါတယ်။
No Comments