
အပ်ိဳႀကီး လုပ္မယ္လို႔ ရည္ရြယ္ထားသူေတြရဲ႕ ခိုင္လံုတဲ့ အေၾကာင္းျပခ်က္(၅)ခ်က္
လူတိုင္းကေတာ့ သူ႔ဖူးစာဖက္နဲ႔ ဆံုတဲ့အခါမွာ လက္ထပ္ျဖစ္ၿပီး မိသားစုအျဖစ္ ထူေထာင္တတ္ၾကတာ သဘာဝပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဖူးစာဖက္နဲ႔ မဆံုတဲ့ သူေတြ လည္း ရွိတတ္သလုိ ဖူးစာဖက္နဲ႔ မဆံုခ်င္တဲ့ သူေတြလည္း ေလာကမွာ ရွိေနတတ္ ပါတယ္။
ဒီအတြက္ လူအမ်ားစုရဲ႕ မၾကာခဏ ျပစ္တင္ေျပာဆိုကဲ့ရဲ႕ ခံရေပမယ့္လည္း သူတို႔မွာေတာ့ အခုလို ခိုင္လံုတဲ့ အခုလို အေၾကာင္းျပခ်က္ေတြ ရွိေန ပါတယ္။
(၁) မေသခ်ာမေရရာဘူး
လူေတြရဲ႕ ေျပာင္းလဲတတ္တဲ့ သေဘာကို နားလည္ေနတဲ့ အတြက္ သူတို႔မွာ အျမဲ စိုးရိမ္ေနတတ္္ပါတယ္။ ဘယ္ေလာက္ပဲ ကိုယ္က ခ်စ္ရတဲ့ သူျဖစ္ေစ၊ အိမ္ေထာင္ျပဳၿပီးမွ အခ်စ္ေတြ ေျပာင္းလဲ
သြားခဲ့ရင္ ရင္ဆိုင္ရမယ့္ အရာေတြကို မ်ားတာမို႔ အေစာတည္းက တစ္ေယာက္တည္း ေနတာက စိတ္ဆင္းရဲမႈေတြ သက္သာေစမယ့္ အေသခ်ာဆံုး အခ်က္ျဖစ္ေၾကာင္းကို ေတြးထားၾက ပါတယ္။
(၂) ကံမစမ္းခ်င္ဘူး
အိမ္ေထာင္ျပဳတယ္ ဆိုတာ ထီထိုး သလိုပဲ ဆိုတဲ့ စကားကို လက္ခံ ယံုၾကည္ ထားၾက ပါတယ္။ အိမ္ေထာင္ျပဳၿပီးေနာက္ ျဖစ္လာမယ့္ အရာေတြက ကံေကာင္းမလား ကံဆိုးမလား ဆိုတာကို
မသိႏိုင္တဲ့အတြက္ ကံစမ္းရတဲ့ အိမ္ေထာင္ျပဳျခင္းကို မလုပ္ခ်င္ တတ္ၾက ပါဘူး။ အိမ္ေထာင္ျပဳျခင္းမွာ ကံဆိုးရင္ တစ္ဘဝလံုး ခံစားရမွာ ျဖစ္တဲ့အတြက္ ႀကိဳေရွာင္တဲ့ ဆႏၵရွိ ၾက တာပါ။
(၃) စိတ္ခ်မ္းသာဖို႔က အဓိကပဲ
သူတို႔က စိတ္ဆင္းရဲရတဲ့ အေျခအေနေတြ အားလံုးထဲမွာမွ သံေယာဇဥ္ေၾကာင့္ ျဖစ္ရတဲ့ စိတ္ဆင္းရဲမႈက ရင္အနာရဆံုး ဆိုတာကို သူတို႔က နားလည္ၾက ပါတယ္။
ဒါေၾကာင့္လည္း ဒီလိုမ်ိဳး ရင္မနာခ်င္ရင္ ရင္နာရႏိုင္တဲ့ အျဖစ္မ်ိဳးကို ႀကိဳေရွာင္တာက အေကာင္းဆံုးလို႔ ေတြးၿပီး အိမ္ေထာင္ မျပဳဖုိ႔ စဥ္းစားတာက သူတို႔ပဲ ျဖစ္ပါ တယ္။
(၄) အေတြ႔အႀကံဳေတြကို သိေနလို႔
ငယ္စဥ္ ကတည္းကေန ႀကီးလာတဲ့ တစ္ေလွ်ာက္ အိမ္ေထာင္ ရွိသူေတြရဲ႕ စိတ္ဆင္းရဲမႈေတြ အခက္အခဲေတြကို ျမင္ၿပီး အိမ္ေထာင္ျပဳရမွာကို အယံုအၾကည္ မရွိေတာ့ တာပါ။
ကိုယ္ အိမ္ေထာင္ျပဳရင္ ဒီလိုေတြ ျဖစ္ေနရင္ ဒုကၡပဲလို႔ ေတြးၿပီး အိမ္ေထာင္မျပဳခ်င္ တတ္ၾက ပါဘူး။ ဒါေၾကာင့္လည္း သာယာတဲ့ အိမ္ေထာင္ေရး ဆိုတာလည္း အရမ္းရွားတယ္လို႔ ေတြးၿပီး အိမ္ေထာင္ မျပဳတာပဲ ေကာင္းပါတယ္ လို႔ ေတြးၾကတာ ျဖစ္ပါတယ္။
(၅) ကိုယ့္ကိုယ္ကို ခ်စ္လြန္းလို႔
အိမ္ေထာင္ျပဳတဲ့ အခါ မိသားစုနဲ႔ ေပ်ာ္ရတယ္ ဆိုတာမ်ိဳး ရွိတာကို သိၾကေပမယ့္ လည္း သူတို႔ကေတာ့ ဝန္ေလးပါတယ္။
သူတို႔ကို သူတို႔ေလာက္ ခ်စ္ႏိုင္ တဲ့သူ ရွိမွာ မဟုတ္သလို ဒီလိုမ်ိဳး ရင္ဆိုင္ေပးလိုက္ရေအာင္ ကိုယ္နဲ႔ အဖိုးမတန္တဲ့ သူတစ္ေယာက္ မဟုတ္ဘူးလို႔ ထင္တဲ့ ထင္ျမင္ခ်က္ေတြ လည္း သူတို႔မွာ ရွိပါတယ္။
ကိုယ့္ကိုယ္ကို ခ်စ္လြန္းလို႔ အိမ္ေထာင္ျပဳၿပီး ပင္ပန္းမႈေတြကို ရင္မဆိုင္ေစ ခ်င္တာလည္း သူတို႔ပဲ ျဖစ္ပါတယ္။
Kham
Credit
Unicode
အပျိုကြီး လုပ်မယ်လို့ ရည်ရွယ်ထားသူတွေရဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်(၅)ချက်
လူတိုင်းကတော့ သူ့ဖူးစာဖက်နဲ့ ဆုံတဲ့အခါမှာ လက်ထပ်ဖြစ်ပြီး မိသားစုအဖြစ် ထူထောင်တတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖူးစာဖက်နဲ့ မဆုံတဲ့ သူတွေ လည်း ရှိတတ်သလို ဖူးစာဖက်နဲ့ မဆုံချင်တဲ့ သူတွေလည်း လောကမှာ ရှိနေတတ် ပါတယ်။
ဒီအတွက် လူအများစုရဲ့ မကြာခဏ ပြစ်တင်ပြောဆိုကဲ့ရဲ့ ခံရပေမယ့်လည်း သူတို့မှာတော့ အခုလို ခိုင်လုံတဲ့ အခုလို အကြောင်းပြချက်တွေ ရှိနေ ပါတယ်။
(၁) မသေချာမရေရာဘူး
လူတွေရဲ့ ပြောင်းလဲတတ်တဲ့ သဘောကို နားလည်နေတဲ့ အတွက် သူတို့မှာ အမြဲ စိုးရိမ်နေတတ်ပါတယ်။ ဘယ်လောက်ပဲ ကိုယ်က ချစ်ရတဲ့ သူဖြစ်စေ၊ အိမ်ထောင်ပြုပြီးမှ အချစ်တွေ ပြောင်းလဲ
သွားခဲ့ရင် ရင်ဆိုင်ရမယ့် အရာတွေကို များတာမို့ အစောတည်းက တစ်ယောက်တည်း နေတာက စိတ်ဆင်းရဲမှုတွေ သက်သာစေမယ့် အသေချာဆုံး အချက်ဖြစ်ကြောင်းကို တွေးထားကြ ပါတယ်။
(၂) ကံမစမ်းချင်ဘူး
အိမ်ထောင်ပြုတယ် ဆိုတာ ထီထိုး သလိုပဲ ဆိုတဲ့ စကားကို လက်ခံ ယုံကြည် ထားကြ ပါတယ်။ အိမ်ထောင်ပြုပြီးနောက် ဖြစ်လာမယ့် အရာတွေက ကံကောင်းမလား ကံဆိုးမလား ဆိုတာကို
မသိနိုင်တဲ့အတွက် ကံစမ်းရတဲ့ အိမ်ထောင်ပြုခြင်းကို မလုပ်ချင် တတ်ကြ ပါဘူး။ အိမ်ထောင်ပြုခြင်းမှာ ကံဆိုးရင် တစ်ဘဝလုံး ခံစားရမှာ ဖြစ်တဲ့အတွက် ကြိုရှောင်တဲ့ ဆန္ဒရှိ ကြ တာပါ။
(၃) စိတ်ချမ်းသာဖို့က အဓိကပဲ
သူတို့က စိတ်ဆင်းရဲရတဲ့ အခြေအနေတွေ အားလုံးထဲမှာမှ သံယောဇဉ်ကြောင့် ဖြစ်ရတဲ့ စိတ်ဆင်းရဲမှုက ရင်အနာရဆုံး ဆိုတာကို သူတို့က နားလည်ကြ ပါတယ်။
ဒါကြောင့်လည်း ဒီလိုမျိုး ရင်မနာချင်ရင် ရင်နာရနိုင်တဲ့ အဖြစ်မျိုးကို ကြိုရှောင်တာက အကောင်းဆုံးလို့ တွေးပြီး အိမ်ထောင် မပြုဖို့ စဉ်းစားတာက သူတို့ပဲ ဖြစ်ပါ တယ်။
(၄) အတွေ့အကြုံတွေကို သိနေလို့
ငယ်စဉ် ကတည်းကနေ ကြီးလာတဲ့ တစ်လျှောက် အိမ်ထောင် ရှိသူတွေရဲ့ စိတ်ဆင်းရဲမှုတွေ အခက်အခဲတွေကို မြင်ပြီး အိမ်ထောင်ပြုရမှာကို အယုံအကြည် မရှိတော့ တာပါ။
ကိုယ် အိမ်ထောင်ပြုရင် ဒီလိုတွေ ဖြစ်နေရင် ဒုက္ခပဲလို့ တွေးပြီး အိမ်ထောင်မပြုချင် တတ်ကြ ပါဘူး။ ဒါကြောင့်လည်း သာယာတဲ့ အိမ်ထောင်ရေး ဆိုတာလည်း အရမ်းရှားတယ်လို့ တွေးပြီး အိမ်ထောင် မပြုတာပဲ ကောင်းပါတယ် လို့ တွေးကြတာ ဖြစ်ပါတယ်။
(၅) ကိုယ့်ကိုယ်ကို ချစ်လွန်းလို့
အိမ်ထောင်ပြုတဲ့ အခါ မိသားစုနဲ့ ပျော်ရတယ် ဆိုတာမျိုး ရှိတာကို သိကြပေမယ့် လည်း သူတို့ကတော့ ဝန်လေးပါတယ်။
သူတို့ကို သူတို့လောက် ချစ်နိုင် တဲ့သူ ရှိမှာ မဟုတ်သလို ဒီလိုမျိုး ရင်ဆိုင်ပေးလိုက်ရအောင် ကိုယ်နဲ့ အဖိုးမတန်တဲ့ သူတစ်ယောက် မဟုတ်ဘူးလို့ ထင်တဲ့ ထင်မြင်ချက်တွေ လည်း သူတို့မှာ ရှိပါတယ်။
ကိုယ့်ကိုယ်ကို ချစ်လွန်းလို့ အိမ်ထောင်ပြုပြီး ပင်ပန်းမှုတွေကို ရင်မဆိုင်စေ ချင်တာလည်း သူတို့ပဲ ဖြစ်ပါတယ်။
Kham
No Comments