ယောက်ျားတွေရဲ့ ကလေးနဲ့တူတဲ့ အပြုအမူများ - Amawpyay


Knowledge















Credit: trend

Unicode

ယောက်ျားတွေရဲ့ ကလေးနဲ့တူတဲ့ အပြုအမူများ

ချစ်ဇနီးတွေရဲ့ ခင်ပွန်းအများစုက အပြင်ပန်း လူပုံအလယ်မှာ အားကိုးရတဲ့ ခန့်ညားပြည့်စုံတဲ့ ယောက်ျားတွေ ဖြစ်နေပေမဲ့ အိမ်ပြန်ရောက် လာပြီ ဆိုတာနဲ့ ကလေး ၃ ယောက်လောက်ပေါင်း ထားတဲ့ ကလေးဆိုးကြီးတွေနဲ့ တူနေတယ် ဆိုတာ မိန်းမတွေ အားလုံး လက်ခံကြမယ် ထင်ပါတယ်။

လုပ်ငန်းကြီးတစ်ခုလုံး အိမ်ထောင်တစ်ခုလုံးကို ဦးဆောင်နေသူ တစ်ဦးနဲ့ မတူဘဲ ကလေးတွေပုံစံနဲ့ တူသွားတတ်တဲ့ ယောက်ျားတွေရဲ့ အပြုအမူလေးတွေကို ဖော်ပြပေးချင် ပါတယ်။

(၁) အစားအသောက် ချေးများတဲ့ ကလေး တစ်ယောက်လို စားစရာ အသစ်အဆန်း တစ်ခုကို မြည်းမကြည့်ရသေးဘဲ မကြိုက်ဘူးလို့ အမြဲ ပြောတတ်လေ့ ရှိပါ တယ်။ စားကြည့်လို့ ကြိုက်သွားပြီ ဆိုရင်လည်း အလွန်အကျွံ စားတတ်တာ သူတို့ အကျင့်ပဲ ဖြစ်ပါတယ်။

(၂)သူတို့ခေါ်တဲ့ဖုန်းကို မကိုင်မိ တာမျိုး ၊ ၁၅ မိနစ်လောက်နေမှ သူတို့ပို့ထားတဲ့ စာကိုပြန်ပို့မိ တာမျိုးဆိုရင် ရှူးရှူးရှဲရှဲနဲ့ ဒေါသတွေဖြစ်နေ တတ်တာတွေ။

(၃)အရေးကြီးတဲ့ ပွဲတစ်ခုခုသွားခါနီးပြီ ဆိုရင် ဘာဝတ်ရမလဲ မရွေးတတ် တာကြောင့် မိန်းမလုပ်သူကပဲ ရွေးချယ်ဆုံးဖြတ်ပေး ရတတ်တာ။

(၄)မနက်အိပ်ယာထ တဲ့အချိန်မှာ လည်ချောင်းနာတာ နှာစေးတာလောက်ဖြစ်ရင် သူတို့ကို သူတို့ ဖျားပြီလို့ ထင်တတ်ပြီး တကယ်ဖျားပြီ ဆိုရင်တော့ အချိန်မရွေး သေသွားနိုင်တဲ့ သူတစ်ယောက်လို ဖြစ်နေတတ်တာ။ ဒါပေမဲ့ ဆေးခန်းသွားဖို့ကိုတော့ အကြိမ်ကြိမ်ငြင်းဆန်ပြီးမှ သွားတတ်တဲ့ ကလေးဆိုးကြီးတွေ ဖြစ်ပါတယ်။

(၅)တစ်ခုခုလိုအပ်လို့ ဈေးအတူ သွားဝယ်ကြတဲ့ အခါ အချိန်ကြာလာရင် စိတ်ကောက် သလို မျက်နှာကြီး ရှုံမဲ့လာ တတ်တာ။

(၆)သူတို့လုပ်ထားတဲ့ အလုပ်တစ် ခုအောင်မြင် သွားတဲ့ အချိန်မှာ မူလတန်း ကလေးငယ် တစ်ယောက်လို မိန်းမဆီကနေ ချီးကျူးစကားကို ကြားချင်တတ်ကြတဲ့ သူမျိုးတွေ လည်း ဖြစ်ပါတယ်။

(၇)ကစားစရာ အသစ်လိုမျိုး ဖုန်းအသစ် ဂိမ်းအသစ် တစ်ခုခု ရသွားတဲ့ အခါမှာ ကျန်တဲ့အရာ အားလုံးကို မေ့ပြီး သတိပေးမှ ရပ်တတ် တာ။

(၈)ဗိုက်ဆာပြီဆိုရင် ချက်ချင်းဆာတတ်ပြီး မစားရရင် အလိုလို ဒေါသကြီးလာတတ်တာ။

(၉)ပစ္စည်းတွေကို စနစ်တကျ မသိမ်းတတ် သလို ဘယ်နေရာမှာ ဘာပစ္စည်းထား သလဲ ဆိုတာကို မိန်းမကို မေးပြီးမှ ရှာတတ်တာ။

(၁၀)သူတို့ အမေချက်ကျွေးတဲ့ ဟင်းမျိုးကို ချက်နည် းမသိပေမဲ့ ကိုယ်ချက်တာနဲ့ မတူဘူးလို့ ချေးများတတ်တာ။

(၁၁)ကလေးတစ်ယောက် ကစားစရာတွေ ရှုပ်ပွထား သလိုမျိုး သူတို့ရဲ့ အဝတ်တွေ ၊စာရွက်စာတမ်းတွေ၊ အသုံးအဆောင်တွေကို အမြဲနောက်က လိုက်ပြီး သိမ်းဆည်းပေးနေ ရတာတွေ။

Credit: trend

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …