အခု လက်ရှိ လုပ်ရမှာက ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် လေ့လာ သင်ယူပါ…. သင့်မှာ တကယ်လို့ ဘွဲ့ ဒီဂရီ တခု ရှိထားတယ် ဆိုရင် သင်သိထားတဲ့ သဘောတရား သီအိုရီ တွေကို လက်တွေ့ ဘ၀မှာ အသုံးချ ဖို့ကြိုးစားပါ။
သင်ပေးပါ လိမ့်မယ်
မတတ် နိုင်ရင်တောင် အနည်းဆုံးတော့ ဖုန်းဆက်တာ၊ လက်ဆောင်လေးတွေ ပေးတာ တွေက သူတို့ကို စိတ်ချမ်းသာစေ ပါတယ် ၊ သူတို့ စိတ်ပျော်၇ွင်ရင် သင့်မှာလဲ ကောင်းတာတွေ ရရှိ လာပါ လိမ့်မယ်။
ဒါဟာ ယောက်ျားလေးတွေ ထက်မိန်းခလေးတွေက ပိုပြီး ပူပန်တတ်ကြ ပါတယ်။ အသက် (၃၀) အရွယ်ယောက်ျား တယောက်ဟာ တက်သစ်စ ပန်းတပွင့်နဲ့ တူပါတယ်၊ကြွေကျဖို့ထက် ပွင့်လန်းဖို့ ပိုပြီး အားသန်နေပါတယ်
၁၀။ တာဝန်ယူ စိတ် ၇ှိပါစေ
အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ၊ လုပ်ခဲလုပ်ခဲ့ အခုအချိန်က စပြီးမှန်ကန် ယုံကြည်ရတဲ့ လူဖြစ်အောင် ကြိုးစားပါ…. ယောက်ျားလေးတွေဟာ အလုပ်မှာပဲ ဖြစ်ဖြစ် ဘ၀မှာပဲ ဖြစ်ဖြစ်၊ တာဝန် ယူတတ်တဲ့ စိတ်ရှိ ဖို့လို ပါတယ်
ခရက်ဒစ်
ယူနီကုတ်
ယောက်ျားလေးများအတွက် အသက် (၃၀) မတိုင်ခင် သိသင့်သော အရာများ
၁ ။ စီးပွားရေးကို အလေးထားပါ
တချို့လူတွေက ပြောကြတယ် ပိုက်ဆံရှိတိုင်း အကုန်လုပ်လို့ မရနိုင် ဘူးတဲ့၊ဒါပေမဲ့ ပိုက်ဆံ မရှိရင်ရော ဘဝဟာ ကျေနပ်စရာ တွေနဲ့ ပြည့်စုံ ပါ့မလား ။ ဒါကြောင့် အသက် (၃၀) မတိုင်ခင် သင့်ရဲ့ အားအင် အများစုကို သင့်ဘဝရဲ့အလုပ်မှာ မြုှပ်နှံပါ။ အလုပ်မှာ ဘဝတိုးတက် ဖို့အတွက် ကြံဆနေပါ။
၂။ ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့
အလုပ်မှာ လစာ နည်းတယ် ဆိုပြီး စောဒက မတက် ပါနဲ့။ ဘဏ်ထဲမှာ ပိုက်ဆံ ပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ ရှိပါလား ဆိုပြီးသောကရောက် မနေပါနဲ့။ အနာဂတ်ကို ကြိုပြီး စိတ်ပူမနေပါနဲ့….ပင်ပန်းပါတယ်။
အခု လက်ရှိ လုပ်ရမှာက ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် လေ့လာ သင်ယူပါ…. သင့်မှာ တကယ်လို့ ဘွဲ့ ဒီဂရီ တခု ရှိထားတယ် ဆိုရင် သင်သိထားတဲ့ သဘောတရား သီအိုရီ တွေကို လက်တွေ့ ဘဝမှာ အသုံးချ ဖို့ကြိုးစားပါ။
ရေရှည် စီမံကိန်းနဲ့ လေ့လာ သင်ယူပါ…. အလုပ်ဟာ တကယ်တော့ အခမ်းနားဆုံး ကျောင်းတော်ကြီး ပါပဲ။ အဲဒီ အလုပ်ကပဲ သင်လေ့လာခဲ့ တာထက် ပိုပြီးတော့ အတွေ့အကြုံတွေ အတွေးအခေါ်တွေကို
သင်ပေးပါ လိမ့်မယ်
ပညာမပြည့်စုံသေးရင် စိတ်မပူပါနဲ့ ဆက်တိုက် သင်ယူနေပါ ပိုက်ဆံ မျက်နှာ တခု ထဲကို မကြည့်နေ ပါနဲ့။ အသက်၃၀ မတိုင်ခင် ကိုယ်ပိုင် တိုက်တွေ ကားတွေ ဝယ်နိုင်တဲ့ သူဆိုတာ ရှားပါ တယ၊်။
၃။ မိဘတွေကို စာနာ နားလည်ဖို့ကြိုးစားပါ
မိဘတွေ ဆုံးမတဲ့ အရာတွေကို စိတ်မဆိုး ပါနဲ့ သူတို့ကို စာနာ နားလည်ပေးပါ… သင်ဟာ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် သူတို့ရဲ့မျက်လုံး ထဲမှာ သင်ဟာ ကလေးပါပဲ… သူတို့ကို ပျော်ရွင်အောင် ထားပါ။
မတတ် နိုင်ရင်တောင် အနည်းဆုံးတော့ ဖုန်းဆက်တာ၊ လက်ဆောင်လေးတွေ ပေးတာ တွေက သူတို့ကို စိတ်ချမ်းသာစေ ပါတယ် ၊ သူတို့ စိတ်ပျော်ရွင်ရင် သင့်မှာလဲ ကောင်းတာတွေ ရရှိ လာပါ လိမ့်မယ်။
၄။ မိတ်ဆွေကောင်းတွေကို ပေါင်းသင်းဆက်ဆံပါ
မိတ်ဆွေ သူငယ်ချင်း ဆိုတာ ဘဝမှာ အရေးပါပါတယ်….ကိုယ်ကောင်းတဲ့ အချိန်မှာပဲ ပေါင်းတဲ့ မိတ်ဆွေ မျိုးတွေ ချည်းနဲ့ပဲ သင့်အချိန်ကို မကုန်ပါစေနဲ့…. အနည်းဆုံးတော့ ကိုယ်အခက်အခဲ ရှိတဲ့ အချိန်မှာ ကူညီနိုင် မှသာ မိတ်ဆွေစစ်ဖြစ်တယ် ။ မိတ်ဆွေကောင်းတွေကို ကောင်းကောင်းဆက်ဆံပါ…. သူတို့တွေ ဆင်းရဲ သည်ဖြစ်စေ…ချမ်းသာ သည်ဖြစ်စေ မိတ်ဆွေကောင်းဖြစ်ရင် ပေါင်းသင်းပါ၊
၅။ အချစ်ကို မကိုးကွယ်ပါနဲ့
အချစ်တွေ သင့်ရင်ထဲမှာ ဖြစ်လာရင် ရင်ထဲမှာပဲ သိမ်းထားပါ။ ချစ်တယ် ဆိုတာ ကောင်းပါတယ် လောကမှာ အချစ်အရေးကြီးဆုံး ဆိုတဲ့ သူတွေ ပြောစကားကို နားမယောင်ပါနဲ့ တကယ်က တာဝန်ယူနိုင် စွမ်းကသာ အရေးပါ တာပါ။
မိန်းကလေးတွေရဲ့ စိတ်ကို နားလည်ဖို့ ခက်ပါတယ် သင်လုပ်ရမယ့် အလုပ်က လက်တွဲ ချိန်တွဲ လက်တွဲ ဖြုတ်သင့်ရင် ဖြုတ်ဖို့ပါပဲ။ အသက်၃၀ မတိုင်ခင် အချစ်ဟာ အတုအယောင်တော့ မဟုတ်ပါဘူး ။
ဒါပေမဲ့ များသော အားဖြင့် သူတို့ဟာ ကောင်းကောင်း မွန်မွန်မှန်ကန်စွာ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေ ချို့တဲ့နေ ပါတယ်၊ အရင်ဆုံ းလေ့လာ သင်ယူသင့် ပါတယ် မျက်စိမှိတ်ပီး မယုံသင့်ပါဘူး။
၆။ အနမ်းတော့ ရှိနိုင်ပါတယ် စိတ်မပူပါနဲ့
အချစ်ဆိုတာ အရေးအကြီး ဆုံး မဟုတ်ပေမယ့် အရေးတော့ ပါပါ တယ် ။လူအများစုက အသက် (၂၀) ကျော်လို့မှ ချစ်သူ ရည်းစား မရှိတော့ဘူးဆိုရင် တဘဝလုံးပဲ လူပျိုကြီး ဘဝနဲ့ အရိုးထုတ် ရချည် ဆိုပြီး ကြောက်လန့်နေ တတ်ကြ ပါတယ်။
ဒါဟာ ယောကျ်ားလေးတွေ ထက်မိန်းခလေးတွေက ပိုပြီး ပူပန်တတ်ကြ ပါတယ်။ အသက် (၃၀) အရွယ်ယောကျ်ား တယောက်ဟာ တက်သစ်စ ပန်းတပွင့်နဲ့ တူပါတယ်၊ကြွေကျဖို့ထက် ပွင့်လန်းဖို့ ပိုပြီး အားသန်နေပါတယ်
ရင့်ကျက်တဲ့ယောကျ်ား တယောက်မှသာ အချစ်ဆိုတာကို ရေရှည် တန်ဖိုး ထားတတ် မှာပါ။ .. ဒါကြောင့် မိန်းကလေးတွေကို ရယူဖို့အတွက်ရူးရူးမူးမူး ကြိုးစားနေမယ့် အစား အသက် (၃၀)မတိုင်ခင်မှာ တယောက်တည်း နေခြင်းရဲ့ အရသာကို ခံစားပါ။
၇၊ အကုန်လုံးကို မလုပ်ချင်ပါနဲ့
သင့်မှာ အွန်လိုင်း ဂိမ်း ကစား တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ …ဓာတ်ပုံရိုက်တာ စသဖြင့် ဝါသနာတွေ ရှိနိုင်ပါတယ်။ ဒါတွေဟာ ကျောင်းမပြီးခင် အချိန်အထိတော့ အချိန်ပေး လုပ်ခဲ့ နိုင်ပါတယ် ဒါပေမယ့်ကျောင်းပြီးလို့ အခုလို အလုပ်ထဲ ဝင်တဲ့ အချိန်မှာတော့ အဲလို ဝါသနာတွေ အတွက် အချိန်နဲ့ စွမ်းအင်တွေ အားစိုက်မှုတွေ လုပ်ဖို့ မတတ်နိုင်တော့ ပါဘူး စိ်တ်ဝင်စားမှု ဝါသနာဆိုတာ လူတိုင်းမှာရှိပါတယ်
ဒါပေမယ့် အရေးကြီးတာ မကြီးတာကို ခွဲခြားနိုင်ဖို့ ကြိုးစားပါ …အကုန်လုံးကို လုပ်ဖို့ မလွယ်ပါဘူး…
၈။ လူငယ်ဆိုတာ မဆုံးရှုံးပါဘူး
ကျွန်တော်တို့ဟာ စိတ်ပူပန် စရာတွေနဲ့ ကြုံလာရင် စိတ်ပျက်အားငယ် သွားတတ် ကြပါ တယ်။ အဲလို အချိန် လူငယ်တွေမှာ အကောင်းမြင် သဘောထားရှိဖို့ လိုပါတယ်။ ဆုံးရှုံးသွားရင် အစက ပြန်စပါ မှားယွင်းသွားရင် နောက်တခါ ထပ်မဖြစ်အောင် ကြိုးစားပါ…အရှုံးပေးတာဟာ ကလေးဆန်တဲ့ အပြုအမူပါ။ အစွန်ဆုံးထိ အရှုံး မပေးပါနဲ့။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ.. အမှားတခုဖြစ်ပြီး ရင် ကိုယ့်ကိုယ်ကို အတိတ်မှာပဲ အဆုံးမသတ် လိုက်ပါနဲ့ ထပ် ကြိုးစားလို့ အောင်မြင်ရင် အတိုင်းမသိ ဝမ်းသာ ဖို့ကောင်းပါတယ်
၉။ လူတွေကို အားကျပါ ဒါပေမဲ့ အတုမခိုး ပါနဲ့၊ ကိုယ်နဲ့တွေ့တဲ့ သူတွေကို မေတ္တာထား ဆက်ဆံပါ လူတွေမှာ အားကျစရာ လူတွေရှိပါတယ်… ဒါပေမယ့် ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ…သူတို့ကို အတုခိုးပြီးလိုက်လုပ်တာ ပင်ပန်းပါတယ် ဘာလို့လဲ ဆိုတော့ သင်ဟာ သင်ပါပဲ ကိုယ်မကြိုက်တဲ့ လူနဲ့ေ တွ့ရင် လဲ မဝေဖန် ပါနဲ့လူတွေမှာ သူတန်ဖိုးနဲ့ သူရှိကြ ပါတယ်… သူတို့ကို နားမလည်နိုင်ဘူး ဆိုရင် လက်ခံနိုင် ဖို့ အားထုတ်ပါ၊
၁၀။ တာဝန်ယူ စိတ် ရှိပါစေ
အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ၊ လုပ်ခဲလုပ်ခဲ့ အခုအချိန်က စပြီးမှန်ကန် ယုံကြည်ရတဲ့ လူဖြစ်အောင် ကြိုးစားပါ…. ယောက်ျားလေးတွေဟာ အလုပ်မှာပဲ ဖြစ်ဖြစ် ဘဝမှာပဲ ဖြစ်ဖြစ်၊ တာဝန် ယူတတ်တဲ့ စိ်တ်ရှိ ဖို့လို ပါတယ်
ဒါမှ လူတွေက သင့်ကို ယုံကြည်ကြမှာပေါ့ နောက်ဆုံး အိမ်ထောင်ဖက် ရွေးတဲ့ နေရာမှာတောင် မိန်းကလေးတွေဟာ တာဝန်ယူ ရဲတဲ့ ယောကျာ်းလေးတွေပဲ ရွေးချယ်ကြ တယ် မဟုတ်လား။
၁၁။ ယောကျာ်းလေးတွေမှာ အဆင်းက အရေးမပါပါဘူး
ရုပ်ရည် ချောမောမှုကို ဦးစားမပေး ပါနဲ့ ။ ကြင်နာတဲ့ နှလုံးသား၊ သန့်ရှင်းတဲ့စိတ်.. ရိုးသားတဲ့ ဂုဏ်အင်တွေက ပိုပြီး အရေးပါ ပါတယ်..လူတွေက ရုပ်ချောတဲ့ လူထက် မညစ်ပတ်တဲ့ သူကို ပိုသဘောကျ ပါတယ်။ တကယ်လို့ ရုပ်ချောတာမှ ကြိုက်တယ် ဆိုတဲ့ သူတွေနဲ့ တွေ့ခဲ့ရင် အလေးမထားပါနဲ့…ဒီလိုလူမျိုးတွေက အမြင်ကျဉ်းမြောင်းတဲ့ သူတွေ ဖြစ်နေလို့ပါပဲ၊
၁၂။ ကိုယ်ကိုယ်ကို ကာကွယ်ဖို့ သင်ယူထားပါ
ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ညဘက် နောက်ကျမှ အိပ်တာတွေက အခု အချိန်မှာတော့ အရေးမကြီးဘူ းဆိုပြီး ဆက်လုပ်ဖို့ မကြိုးစားပါနဲ့… အခုအချိန်မှာ မသိသာပေမယ့် ၃၀ ကျော်လာတဲ့အခါမှာ သိသာကွာခြားသွားပါတယ်
ဘဝမှာ ရှင်သန်ဖို့ အတွက် ကျန်းမာဖို့ လိုပါတယ်… မကျန်းမာရင် ဘာမှ မလုပ်နိုင် ပါဘူး။ ဒါကြောင့် ပုံမှန် ကျန်းမာဖို့ ကြိုးစားပါ ကိုယ့်ကိုယ်ကို ကာကွယ်ပါ။
၁၃။ မအောင်မြင်မှာကို မစိုးရိမ်ပါနဲ့
အခု အချိန်အထိ သင်ဟာ အောင်မြင်တဲ့သူ တစ်ယောက် မဖြစ်သေး ဘူးဆို ပြီးစိုးရိမ် မနေပါနဲ့ အလုပ်ကို ပုံမှန်လုပ်ပြီး အသိပညာ ကိုသာ လေ့လာပါ သင်နဲ့ အသင့်တော်ဆုံ းအလုပ်ကို လုပ်ပြီး သင့်ရဲ့ အောင်မြင်မှု ကိုလှမ်းယူပါ
၁၄။ အလုပ်ကို ဂရုတစိုက်လုပ်ပါ
အခုလက်ရှိ အလုပ်ဟာ ပျင်းစရာ ဘယ်လောက်ပဲ ကောင်းကောင်း ဘယ်လောက်ပဲ နိမ့်တဲ့ အလုပ်ဖြစ်ပါစေ အစွမ်းကုန်အား ထုတ်လုပ်ဆောင်ပါ အောင်မြင်တဲ့ လူဆိုတာ အသေးအဖွဲ အလုပ်တွေက စခဲ့ကြ တာပါ၊
အဓိကက အလုပ်မှာ ထားတဲ့စိတ်ထားနဲ့ အလုပ် သဘောတရားလေးတွေ ကို နားလည်ဖို့ကသာ အနာဂတ် အတွက် အရေးကြီး ပါတယ်။
၁၅။ စစ်မှန်တဲ့ ခံစားမှု တွေကိုပဲ အလေးပေးပါ
မိန်းကလေးတွေကို ဖိနပ်လဲ စီးပေးနိုင်တဲ့ ၊ အဝတ်အစားလှလှလေးတွေ ဝယ်ပေးနိုင်တဲ့ သူတွေကို မနာလို မဖြစ်ပါနဲ့ သင့်အတွက် အချိန်ကုန် ပါတယ်… မိန်းကလေး တွေ အစိုးရိမ်ဆုံး က ချစ်သူရှာမတွေမှာ မဟုတ်ဘူး
ကိုယ့်ချစ်သူ ကိုယ့်အပေါ် အချစ်တွေ ကုန်ခမ်းသွားမှာကို ပဲ။ ချစ်တယ်ဆိုတဲ့ စကားလုံးလေး တစ်လုံးက သာ သင့်ချစ်သူကို ပျော်ရွင်မှုတွေ အမှန်တကယ် ရရှိစေ ပါတယ် လောကမှာ တခြားသူထက် ပိုပေးနိုင် တာထက် စစ်မှန်တဲ့ ခံစားမှု အကြင်နာကသာ အောင်မြင်ခြင်းကို ပို့ဆောင်ပေးပါတယ်…
၁၆။ အပြစ်ကင်းတဲ့ကလေးလိုစိတ်မျိုး နည်းနည်းတော့ထားပါ
တခါတလေမှာ ကလေးဆန်တဲ့ ရိုးရှင်းတဲ့ စိတ်သဘော ထားလေးကို ထားတတ်ဖို့ လိုပါတယ် အပြစ်ကင်းတာ တုံးအတာ မဟုတ်ပါဘူး ဖြူစင်တာပါ… စိတ်ထား ဖြူစင်မှသာ တကယ်ပျော်ရွင်မှုကို သင်ရရှိမှာပါ
ဘဝမှာ အောင်မြင်တာ ကျရှုံး တာ မပြည့်စုံတာ အစရှိတဲ့ လောကဓံတွေ ကိုဖြူစင်တဲ့ စိတ်ထားလေးနဲ့ ကြည့်ပြီး ပျော်ရွင်နိုင်ဖို့ ကြိုးစားကြည့် ပါ။
No Comments