
BABY ေလးေတြ ေမြးဖြားရလြယ္ကူေစဖို႔ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ လုပ္သင့္တဲ့ ေလ့က်င့္ခန္းမ်ား
ဘယ္လို ေလ့က်င့္ခန္းေတြက ေမေမတို႔ အတြက္ အေထာက္အကူျပဳလဲ ဆိုတာ ၾကည့္လိုက္ ၾကရေအာင္ေနာ္။
ကိုယ္ဝန္ေဆာင္ ေမေမတို႔ အတြက္ အဓိက လိုအပ္တာ ကေတာ့ က်န္းမာဖို႔ပါ။ ေမေမတို႔ က်န္းမာမွသာ သားသားမီးမီ းေလးေတြကို ေမြးဖြား ရလြယ္ကူေစ မွာပါ။
ဒီလို က်န္းမာဖို ႔ကလည္း ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္ေတြ အျပင္ ေမေမတို ႔ကိုယ္တိုင္ရဲ႕ အစားအေသာက္ အေနအထိုင္ ဂ႐ုစိုက္ ဖို႔လည္း လိုအပ္ပါတယ္။
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ က်န္းမာေရးနဲ႔ ညီၫႊတ္တဲ့ အစားအစာေတြကို စားသုံးေပး ရသလို ေမြးဖြားရလြယ္ကူေစဖို႔ အတြက္ ကိုလည္း သိပ္မျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြ လုပ္ေပးႏိုင္ ပါတယ္။ ဘယ္လို ေလ့က်င့္ခန္းေတြက ေမေမတို ႔အတြက္ အေထာက္အကူျပဳလဲ ဆိုတာ ၾကည့္လိုက္ၾက ရေအာင္ေနာ္။
သြက္သြက္လက္လက္လမ္းေလွ်ာက္ျခင္း
လမ္းေလွ်ာက္ျခင္းဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ သာမက ဘဲ ပုံမွန္ အခ်ိန္ေတြ မွာပါ က်န္းမာေရးကို အေထာက္အကူျပဳေစ တဲ့ အမူအက်င့္ တစ္ခုပါ။ ကိုယ္ဝန္ေဆာင္ ခ်ိန္မွာ လမ္းကို ပုံမွန္ေလွ်ာက္ေပးျခင္းက ေမြးဖြား ရလြယ္ကူေစ ႐ုံသာမက မိခင္ကို လည္း က်န္းမာေစ ပါတယ္။
လမ္းေလွ်ာက္တဲ့ အခါမွာလည္း ေခ်ာေမြ႕တဲ့ လမ္းနဲ႔ သက္ေသာင့္ သက္သာျဖစ္ေစမယ့္ ဖိနပ္ကို ေ႐ြးခ်ယ္ေပးဖို႔ လိုအပ္ ပါတယ္ေနာ္။
ေယာဂျပဳလုပ္ပါ။
ကိုယ္ဝန္ေဆာင္ ခ်ိန္မွာ ေမေမတို႔ဟာ ပုံမွန္ထက္ ပိုၿပီး စိုးရိမ္မႈေတြ မ်ားေနတတ္ ပါတယ္။ ဒီလို စိုးရိမ္မႈေတြေၾကာင့္ ရင္ေသြးေတြကို မထိခိုက္ ရေအာင္ ပုံမွန္ေလး ေယာဂျပဳလုပ္ေပး ပါ။
ေယာဂျပဳလုပ္ျခင္းက စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစၿပီး စိတ္ကိုလည္း လန္းဆန္းေစ တာေၾကာင့္ ေမေမတို႔ မျဖစ္မေနျပဳလုပ္ေပးဖို ႔လိုအပ္ ပါတယ္ေနာ္။
ေရကူးျခင္း
ကိုယ္ဝန္ေဆာင္ ခ်ိန္မွာ ေရကူးျခင္းဟာ အႏၲရာယ္ မျဖစ္ေစ ႏိုင္ပါဘူး။ ေရကူးျခင္းဟာ ကိုယ္လက္ေညာင္းညာ မႈကို ေလ်ာ့က်ေစ တာေၾကာင့္ ေရကူးၿပီးခ်ိန္ မွာေတာ့ ေမေမတို ႔အတြက္ သက္ေသာင့္သက္သာျဖစ္ေစ မွာပါ။
အသက္ရႈေလ့က်င့္ခန္းပုံမွန္လုပ္ပါ။
မနက္ေစာေစာ အသက္ရႈေလ့က်င့္ခန္း ကို ပုံမွန္ လုပ္ေပးျခင္းက ေမေမတို ႔အတြက္ ေနထိုင္ရတာ သက္ေသာင့္သက္သာ ရွိေစမွာပါ။
ကိုယ္ဝန္ေဆာင္ မႈေၾကာင့္ ေမာပန္းႏြမ္းနယ္ျခင္း ၊ အသက္ရႈမဝျဖစ္ျခင္းေတြကို ဒီေလ့က်င့္ ခန္းက အေထာက္အကူျပဳ ႏိုင္ပါ တယ္။ မနက္ေစာေစာေလ က ေလေကာင္းေလသန႔္ကို ရေစႏိုင္ တာေၾကာင့္လည္း စိတ္ကို လန္းဆန္းေစ မွာပါ။
ေအ႐ိုးဗစ္ကစားျခင္း
ေအ႐ိုးဗစ္ ကစားျခင္းဟာ ေသြးလည္ပတ္ မႈကို အားေကာင္းေစၿပီး က်န္းမာျခင္းကို အေထာက္အကူျပဳေစႏိုင္တာမို႔ ကိုယ္ဝန္ေဆာင္ေမေမ တို႔ ျပဳလုပ္ေပး သင့္တဲ့ ေလ့က်င့္ခန္းေတြ ထဲက တစ္ခုအပါအဝင္ပါပဲ။
ေမေမတို႔ေရ သားသားမီးမီးတို႔ကို ေမြးဖြားရ လြယ္ကူေစဖို ႔အတြက္ ျပဳလုပ္ရမယ့္ ေလ့က်င့္ခန္းေတြကို သိၿပီဆိုေတာ့ မျပင္းထန္တဲ့ ေလ့က်င့္ခန္းေလးေတြကို ပုံမွန္လုပ္ေပးဖို ႔လိုအပ္ ပါတယ္ေနာ္။
တစ္ခုသတိျပဳ ရမွာ ကေတာ့ ႏွလုံးေရာဂါ ရွိျခင္း ၊ ရင္ဘတ္နာက်င္ျခင္း ၊ေျခဆစ္ လက္ဆစ္ မ်ားနာက်င္ျခင္း၊ အသက္ရႈ ရတာ ခက္ခဲျခင္း၊ ႂကြက္သား အားနည္းျခင္း၊ ေခါင္းမူးျခင္း၊
ပန္းနာရင္က်ပ္ေရာဂါရွိျခင္း၊ လိင္အဂၤါမွေသြး ထြက္ျခင္း၊ အခ်င္းေအာက္ေရာက္ေနျခင္း၊ ကိုယ္ဝန္ပ်က္က်ထားဖူးျခင္းနဲ႔၊ အိမ္ေခါင္း အားနည္းျခင္း စတာေတြကို ႀကဳံေတြ႕ေနရတယ္ ဆိုရင္ေတာ့ ေမေမေလာင္းတို႔ အေနနဲ႔ ကေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွသာ ေလ့က်င့္ခန္းေတြကို ျပဳလုပ္သင့္ ပါတယ္ေနာ္။
Credit to original writer
Unicode
BABY လေးတွေ မွေးဖွားရလွယ်ကူစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်သင့်တဲ့ လေ့ကျင့်ခန်းများ
ဘယ်လို လေ့ကျင့်ခန်းတွေက မေမေတို့ အတွက် အထောက်အကူပြုလဲ ဆိုတာ ကြည့်လိုက် ကြရအောင်နော်။
ကိုယ်ဝန်ဆောင် မေမေတို့ အတွက် အဓိက လိုအပ်တာ ကတော့ ကျန်းမာဖို့ပါ။ မေမေတို့ ကျန်းမာမှသာ သားသားမီးမီ းလေးတွေကို မွေးဖွား ရလွယ်ကူစေ မှာပါ။
ဒီလို ကျန်းမာဖို့ကလည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေ အပြင် မေမေတို့ကိုယ်တိုင်ရဲ့ အစားအသောက် အနေအထိုင် ဂရုစိုက် ဖို့လည်း လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို စားသုံးပေး ရသလို မွေးဖွားရလွယ်ကူစေဖို့ အတွက် ကိုလည်း သိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင် ပါတယ်။ ဘယ်လို လေ့ကျင့်ခန်းတွေက မေမေတို့အတွက် အထောက်အကူပြုလဲ ဆိုတာ ကြည့်လိုက်ကြ ရအောင်နော်။
သွက်သွက်လက်လက်လမ်းလျှောက်ခြင်း
လမ်းလျှောက်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သာမက ဘဲ ပုံမှန် အချိန်တွေ မှာပါ ကျန်းမာရေးကို အထောက်အကူပြုစေ တဲ့ အမူအကျင့် တစ်ခုပါ။ ကိုယ်ဝန်ဆောင် ချိန်မှာ လမ်းကို ပုံမှန်လျှောက်ပေးခြင်းက မွေးဖွား ရလွယ်ကူစေ ရုံသာမက မိခင်ကို လည်း ကျန်းမာစေ ပါတယ်။
လမ်းလျှောက်တဲ့ အခါမှာလည်း ချောမွေ့တဲ့ လမ်းနဲ့ သက်သောင့် သက်သာဖြစ်စေမယ့် ဖိနပ်ကို ရွေးချယ်ပေးဖို့ လိုအပ် ပါတယ်နော်။
ယောဂပြုလုပ်ပါ။
ကိုယ်ဝန်ဆောင် ချိန်မှာ မေမေတို့ဟာ ပုံမှန်ထက် ပိုပြီး စိုးရိမ်မှုတွေ များနေတတ် ပါတယ်။ ဒီလို စိုးရိမ်မှုတွေကြောင့် ရင်သွေးတွေကို မထိခိုက် ရအောင် ပုံမှန်လေး ယောဂပြုလုပ်ပေး ပါ။
ယောဂပြုလုပ်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ကိုလည်း လန်းဆန်းစေ တာကြောင့် မေမေတို့ မဖြစ်မနေပြုလုပ်ပေးဖို့လိုအပ် ပါတယ်နော်။
ရေကူးခြင်း
ကိုယ်ဝန်ဆောင် ချိန်မှာ ရေကူးခြင်းဟာ အန္တရာယ် မဖြစ်စေ နိုင်ပါဘူး။ ရေကူးခြင်းဟာ ကိုယ်လက်ညောင်းညာ မှုကို လျော့ကျစေ တာကြောင့် ရေကူးပြီးချိန် မှာတော့ မေမေတို့အတွက် သက်သောင့်သက်သာဖြစ်စေ မှာပါ။
အသက်ရှုလေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
မနက်စောစော အသက်ရှုလေ့ကျင့်ခန်း ကို ပုံမှန် လုပ်ပေးခြင်းက မေမေတို့အတွက် နေထိုင်ရတာ သက်သောင့်သက်သာ ရှိစေမှာပါ။
ကိုယ်ဝန်ဆောင် မှုကြောင့် မောပန်းနွမ်းနယ်ခြင်း ၊ အသက်ရှုမဝဖြစ်ခြင်းတွေကို ဒီလေ့ကျင့် ခန်းက အထောက်အကူပြု နိုင်ပါ တယ်။ မနက်စောစောလေ က လေကောင်းလေသန့်ကို ရစေနိုင် တာကြောင့်လည်း စိတ်ကို လန်းဆန်းစေ မှာပါ။
အေရိုးဗစ်ကစားခြင်း
အေရိုးဗစ် ကစားခြင်းဟာ သွေးလည်ပတ် မှုကို အားကောင်းစေပြီး ကျန်းမာခြင်းကို အထောက်အကူပြုစေနိုင်တာမို့ ကိုယ်ဝန်ဆောင်မေမေ တို့ ပြုလုပ်ပေး သင့်တဲ့ လေ့ကျင့်ခန်းတွေ ထဲက တစ်ခုအပါအဝင်ပါပဲ။
မေမေတို့ရေ သားသားမီးမီးတို့ကို မွေးဖွားရ လွယ်ကူစေဖို့အတွက် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတွေကို သိပြီဆိုတော့ မပြင်းထန်တဲ့ လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးဖို့လိုအပ် ပါတယ်နော်။
တစ်ခုသတိပြု ရမှာ ကတော့ နှလုံးရောဂါ ရှိခြင်း ၊ ရင်ဘတ်နာကျင်ခြင်း ၊ခြေဆစ် လက်ဆစ် များနာကျင်ခြင်း၊ အသက်ရှု ရတာ ခက်ခဲခြင်း၊ ကြွက်သား အားနည်းခြင်း၊ ခေါင်းမူးခြင်း၊
ပန်းနာရင်ကျပ်ရောဂါရှိခြင်း၊ လိင်အင်္ဂါမှသွေး ထွက်ခြင်း၊ အချင်းအောက်ရောက်နေခြင်း၊ ကိုယ်ဝန်ပျက်ကျထားဖူးခြင်းနဲ့၊ အိမ်ခေါင်း အားနည်းခြင်း စတာတွေကို ကြုံတွေ့နေရတယ် ဆိုရင်တော့ မေမေလောင်းတို့ အနေနဲ့ ကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့် ပါတယ်နော်။
No Comments