
သူတစ္ပါးအိိမ္ေထာင္ကို ၿဖိဳခြဲတဲ့ သူေတြ ခံစားရမယ့္္ အျပစ္မ်ား
သူတစ္ပါးအိိမ္ေထာင္ကို ၿဖိဳခြဲတဲ့သူေတြ ခံစား ရမယ့္ အရာ(၅)မ်ိဳး
ေလာကမွာ…ေၾကာက္စရာ အေကာင္းဆံုးနဲ ႔အယုတ္ညံ့ဆံုး လုပ္ရပ္ေတြထဲမွာ သူတစ္ပါး အိမ္ေထာင္ကိုိ ၿဖိဳခြဲတာလည္း တစ္ခု အပါအဝင္ ျဖစ္ပါတယ္။
ဒီလိုိ လူေတြက ယာယီေတာ့ ေပ်ာ္ရႊင္ ရမယ္။
ဒါေပမဲ႔…ဘယ္ေတာ့မွ ၿငိမ္းခ်မ္းမႈ ေပ်ာ္ရႊင္မႈ ကို ရရွိိမွာ မဟုတ္ ပါဘူး။
သူတစ္ပါး မိိသားစုကို ၿဖိဳခြဲတဲ့ သူေတြ၊ေဖာက္ျပန္တဲ့ သူေတြ ခံစားရမယ့္ အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
အားလံုးလည္း…သတိထား ဆင္ျခင္ႏိုင္ၾကပါေစ။
၁။ပူေလာင္ျခင္း။
သူတစ္ပါး အိမ္ေထာင္ကို ၿဖိဳခြဲတဲ့ သူေတြနဲ ႔ေဖာက္ျပန္တဲ့ သူေတြ အၿမဲ တမ္းခံစားေန ရမယ့္ အရာကေတာ့ ပူေလာင္ျခင္းပ ါပဲ။
သူတို႔ရင္ထဲမွာ…ေနာင္တရသလိုလို ေက်နပ္သလိုလို မွားေနသလိုလို မွန္ေနျပန္ သလိုလုိ မေသခ်ာမေရရာတဲ့ ခံစားခ်က္ေတြ အမ်ိဳးမ်ိဳးျဖစ္ေနၿပီး ဘယ္ေတာ့မွ ေအးခ်မ္းရမွာ မဟုတ္ပါဘူး။
တစ္ခါတစ္ေလ အလုိလုိေနရင္း ေဒါသေတြထြက္ ရွဴးရွဴးရွားရွားေတြျဖစ္ၿပီး ဘာေတြကိုေ ဒါသထြက္လို႔ ထြက္မွန္း မသိေအာင္ကိုိ ပူေလာင္ၿပီး အရူး တစ္ေယာက္လို ျဖစ္ေနမွာ ပါ။
၂။စိုးရိမ္ထိတ္လန္႔ျခင္း။
ဒီလိုလူမ်ိဳးေတြရဲ႕ပတ္သက္မႈ ဟာမတရားသျဖင့္ ရရွိထားတဲ့ ပတ္သက္မႈ မ်ိဳးျဖစ္တာေၾကာင့္ အၿမဲတမ္းပူပင္ေသာက ေရာက္ေနရ မွာပါ။
ဒါ့အျပင္ ဘယ္ေတာ့ဝဋ္ျပန္လည္ မလဲ၊ဘယ္ေတာ့မ်ား တျခားသူေနာက္ ျပန္ပါ သြားမလဲ၊ ကိုယ့္ကိုယ္ ဘယ္ေတာ့ ထားသြားမလဲ ဆိုၿပီး တစ္ခ်ိန္လံုး စိုးရိမ္္ေသာက ေရာက္ေန ရမွာပါ။
ဒါ့အျပင္ ၾကာလာတဲ့ အခါ သူတို႔ၾကားမွာ နည္းနည္းေလး ျပႆနာ ရွိလာတာနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္အျပစ္တင္ၿပီး စိိတ္ညစ္ၿပီးရင္း ညစ္လာ ရမွာပါ။
၃။ဝဋ္လည္ျခင္း။
ဝဋ္ဆိုတာက…တကယ္ကိုလည္ပါတယ္။
ခုေခတ္မွာဝဋ္ လည္တာ ပိုေတာင္ ျမန္ပါေသးတယ္။
ဒါေၾကာင့္ ဒီလိုလူေတြဟာ သူတစ္ပါးကို မ်က္ရည္က်ေအာင္ ရင္ကြဲေအာင္ နာက်င္ေအာင္ လုပ္ခဲ့သမ်ွသူတို႔ျပန္ခံစားရမွာပါ။
သူတစ္ပါးမ်က္ရည္နဲ ႔တည္ေဆာက္ ထားတဲ့ သူတို႔ေတြရဲ႕ပတ္သက္မႈဟာ ဘယ္ေတာ့မွ ေပ်ာ္စရာေကာင္းလာမွာ မဟုတ္သလိုိ တစ္ခ်ိန္မွာ က်ိန္းေသေပါက္ ဝဋ္ျပန္လည္လာ တဲ့အခါ က်ရင္ သူတို႔ကို ကူညီမယ့္သူ၊သနားမယ့္ သူတစ္္ေယာက္ မွေတာင္ ရိွမွာ မဟုတ္ ပါဘူး။
၄။လူေတြရဲ႕အထင္အျမင္ေသးျခင္းကိုခံရျခင္း။
သူတစ္ပါး အိမ္ေထာင္ကို ၿဖိဳခြဲတဲ့သူ၊ေဖာက္ျပန္တဲဲ့ သူေတြဟာ ဘယ္ေလာက္ပဲ စည္းစိမ္ဥစၥာေတြ ရွိရွိဘယ္ေလာက္ဘဲ ပညာ အရည္အခ်င္း ျမင့္ျမင့္ဘယ္သူ ကမွသူတို႔ိကို
ေလးစားေတာ့မွာ မဟုတ္သလိုဘယ္သူကမွလည္းသူတို႔ကို ယံုၾကည္ေတာ့မွာ မဟုတ္ပါဘူး။
သူတို႔ရဲ႕ စည္းစိမ္ ဥစၥာနာမည္ ဂုဏ္ေၾကာင့္သာ အေပၚယံ ေပါင္းခ်င္ေပါင္းမယ္။ဒါေပမဲ႔…စိတ္ထဲမွာေတာ့သူတို႔ကို အထင္အျမင္ အရမ္းေသးေနမွာ ျဖစ္ပါတယ္။
ဒုကၡေရာက္တဲ့ အခ်ိန္ေတြမွာေတာင္ ကူညီမယ့္သူ တစ္ေယာက္မွ ရွိမွာ မဟုတ္ပါဘူး။
၅။ေနာင္တတရား။
သူတစ္ပါးရဲ႕အိမ္ေထာင္ကို ၿဖိဳခြဲတဲ့ သူေတြနဲ႔ ေဖာက္ျပန္တဲ႕ သူေတြဟာေနာင္တ တရားနဲ ႔အဆံုးသတ္ရေလ့ ရိွပါတယ္။
သူတုိ႔ေတြဟာ သားသမီးေတြရဲ႕ နာက်ည္းျခင္းကို ခံရတဲ့ အခါ အရာအားလံုးကို ေနာင္တရၿပီး စစ္မွန္တဲ့ ေမတၱာတရားကို ေတာင့္တလာတဲ့ အခါမွာ ဘယ္သူမွ သူတို႔အနားမွာ ရွိေတာ့မွာ မဟုတ္ပါဘူး။
အရင္အခ်ိန္ေတြအရင္တုန္းက ျဖဴစင္ခဲ့တဲ့ အတိတ္ေတြကို ဘယ္ေလာက္ပဲ ျပန္လုိခ်င္လို ခ်င္သူ တိုိ႔ကိုယ္တိုင္က အမဲစက္ျဖစ္ေန တဲ့ အတြက္္ ဘယ္ေတာ့မွျပန္ၿပီး မျဖဴစင္ႏိုင္ေတာ့ပါဘူး။
ေမတၱာျဖင့္…
အ႐ွင္ဇဝနဉာဏ
Unicode
သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့ သူတွေ ခံစားရမယ့် အပြစ်များ
သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေ ခံစား ရမယ့် အရာ(၅)မျိုး
လောကမှာ…ကြောက်စရာ အကောင်းဆုံးနဲ့အယုတ်ညံ့ဆုံး လုပ်ရပ်တွေထဲမှာ သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။
ဒီလို လူတွေက ယာယီတော့ ပျော်ရွှင် ရမယ်။
ဒါပေမဲ့…ဘယ်တော့မှ ငြိမ်းချမ်းမှု ပျော်ရွှင်မှု ကို ရရှိမှာ မဟုတ် ပါဘူး။
သူတစ်ပါး မိသားစုကို ဖြိုခွဲတဲ့ သူတွေ၊ဖောက်ပြန်တဲ့ သူတွေ ခံစားရမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
အားလုံးလည်း…သတိထား ဆင်ခြင်နိုင်ကြပါစေ။
၁။ပူလောင်ခြင်း။
သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတဲ့ သူတွေနဲ့ဖောက်ပြန်တဲ့ သူတွေ အမြဲ တမ်းခံစားနေ ရမယ့် အရာကတော့ ပူလောင်ခြင်းပ ါပဲ။
သူတို့ရင်ထဲမှာ…နောင်တရသလိုလို ကျေနပ်သလိုလို မှားနေသလိုလို မှန်နေပြန် သလိုလို မသေချာမရေရာတဲ့ ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ အေးချမ်းရမှာ မဟုတ်ပါဘူး။
တစ်ခါတစ်လေ အလိုလိုနေရင်း ဒေါသတွေထွက် ရှူးရှူးရှားရှားတွေဖြစ်ပြီး ဘာတွေကိုေ ဒါသထွက်လို့ ထွက်မှန်း မသိအောင်ကို ပူလောင်ပြီး အရူး တစ်ယောက်လို ဖြစ်နေမှာ ပါ။
၂။စိုးရိမ်ထိတ်လန့်ခြင်း။
ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှု ဟာမတရားသဖြင့် ရရှိထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်းပူပင်သောက ရောက်နေရ မှာပါ။
ဒါ့အပြင် ဘယ်တော့ဝဋ်ပြန်လည် မလဲ၊ဘယ်တော့များ တခြားသူနောက် ပြန်ပါ သွားမလဲ၊ ကိုယ့်ကိုယ် ဘယ်တော့ ထားသွားမလဲ ဆိုပြီး တစ်ချိန်လုံး စိုးရိမ်သောက ရောက်နေ ရမှာပါ။
ဒါ့အပြင် ကြာလာတဲ့ အခါ သူတို့ကြားမှာ နည်းနည်းလေး ပြဿနာ ရှိလာတာနဲ့ တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်း ညစ်လာ ရမှာပါ။
၃။ဝဋ်လည်ခြင်း။
ဝဋ်ဆိုတာက…တကယ်ကိုလည်ပါတယ်။
ခုခေတ်မှာဝဋ် လည်တာ ပိုတောင် မြန်ပါသေးတယ်။
ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်ကျအောင် ရင်ကွဲအောင် နာကျင်အောင် လုပ်ခဲ့သမျှသူတို့ပြန်ခံစားရမှာပါ။
သူတစ်ပါးမျက်ရည်နဲ့တည်ဆောက် ထားတဲ့ သူတို့တွေရဲ့ပတ်သက်မှုဟာ ဘယ်တော့မှ ပျော်စရာကောင်းလာမှာ မဟုတ်သလို တစ်ချိန်မှာ ကျိန်းသေပေါက် ဝဋ်ပြန်လည်လာ တဲ့အခါ ကျရင် သူတို့ကို ကူညီမယ့်သူ၊သနားမယ့် သူတစ်ယောက် မှတောင် ရှိမှာ မဟုတ် ပါဘူး။
၄။လူတွေရဲ့အထင်အမြင်သေးခြင်းကိုခံရခြင်း။
သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတဲ့သူ၊ဖောက်ပြန်တဲ့ သူတွေဟာ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေ ရှိရှိဘယ်လောက်ဘဲ ပညာ အရည်အချင်း မြင့်မြင့်ဘယ်သူ ကမှသူတို့ိကို
လေးစားတော့မှာ မဟုတ်သလိုဘယ်သူကမှလည်းသူတို့ကို ယုံကြည်တော့မှာ မဟုတ်ပါဘူး။
သူတို့ရဲ့ စည်းစိမ် ဥစ္စာနာမည် ဂုဏ်ကြောင့်သာ အပေါ်ယံ ပေါင်းချင်ပေါင်းမယ်။ဒါပေမဲ့…စိတ်ထဲမှာတော့သူတို့ကို အထင်အမြင် အရမ်းသေးနေမှာ ဖြစ်ပါတယ်။
ဒုက္ခရောက်တဲ့ အချိန်တွေမှာတောင် ကူညီမယ့်သူ တစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး။
၅။နောင်တတရား။
သူတစ်ပါးရဲ့အိမ်ထောင်ကို ဖြိုခွဲတဲ့ သူတွေနဲ့ ဖောက်ပြန်တဲ့ သူတွေဟာနောင်တ တရားနဲ့အဆုံးသတ်ရလေ့ ရှိပါတယ်။
သူတို့တွေဟာ သားသမီးတွေရဲ့ နာကျည်းခြင်းကို ခံရတဲ့ အခါ အရာအားလုံးကို နောင်တရပြီး စစ်မှန်တဲ့ မေတ္တာတရားကို တောင့်တလာတဲ့ အခါမှာ ဘယ်သူမှ သူတို့အနားမှာ ရှိတော့မှာ မဟုတ်ပါဘူး။
အရင်အချိန်တွေအရင်တုန်းက ဖြူစင်ခဲ့တဲ့ အတိတ်တွေကို ဘယ်လောက်ပဲ ပြန်လိုချင်လို ချင်သူ တို့ကိုယ်တိုင်က အမဲစက်ဖြစ်နေ တဲ့ အတွက် ဘယ်တော့မှပြန်ပြီး မဖြူစင်နိုင်တော့ပါဘူး။
မေတ္တာဖြင့်…
အရှင်ဇဝနဉာဏ
No Comments