
written by PP
Credit
Unicode
သင့်ရဲ့အစ်မကို ပြောဖို့မေ့နေခဲ့တဲ့ ကျေးဇူးတင်စကား….အခုပဲပြောလိုက်ပါ
အစ်မတစ်ယောက် ရှိတာဟာ ကံကောင်းခြင်း ဖြစ်သလို၊ အားလည်း ဖြစ်စေ ပါတယ်။ သင့်မှာ အစ်မရှိခြင်းက သင့်အတွက် အရာရာကို ပိုအဆင်ပြေစေပြီး ပျော်ရွှင်ဖွယ် ဘဝကိုလည်း ပိုင်ဆိုင်စေ ပါတယ်။ ဒါကြောင့် သင့်ရဲ့အစ်မကြီးကို အခုလိုမျိုး ကျေးဇူးတင် စကားလေးတွေ ပြော လိုက်ပါ။
(၁) ခက်ခဲတဲ့ အချိန်တွေမှာ အတူတူ ရှိနေပေးလို့ ၊ အားပေးဖေး မပေးလို့ ကျေးဇူးတင် ပါတယ်။ (၂) ရင်ဖွင့်သမျှကို နားထောင်ပေးလို့၊ လျှို့ဝှက်ချက်တွေကို သိမ်းဆည်း ထားပေးလို့ ကျေးဇူး တင်ပါတယ်။
(၃) မွေးလာတဲ့အချိန်ကစပြီး အခုချိန်ထိ အနောက်ကနေ ရပ်တည်ပေးလို့ ကျေးဇူးတင် ပါတယ်။ (၄) ရန်ဖြစ်လိုက် ၊ပြန်ချစ် လိုက်နဲ့ မွေးချင်းတွေ ရှိခြင်းရဲ့အနှစ်သာရကို နားလည်စေခဲ့လို့ ကျေးဇူးတင် ပါတယ်။
(၅) အလှအပနဲ့ တခြား သိသင့်တဲ့ အရာတွေ ကို သိအောင် သင်ပြပေးလို့ ကျေးဇူးတင် ပါတယ်။ (၆) အရာရာကိုဝေမျှပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ (၇) ဘဝတလျှောက်လုံးရယ်မောအောင်လုပ်ပေးခဲ့လို့ ကျေးဇူးတင် ပါတယ်။
(၈) အပေါ်ယံ မဟုတ်ဘဲ ကိုယ့်အတွက် လိုအပ်တဲ့ စစ်မှန်တဲ့ အကြံဉာဏ်တွေ ကိုပဲ ပေးခဲ့လို့ ကျေးဇူးတင် ပါတယ်။ (၁၀) တခါတရံမှာ အပြန်အလှန် အပြစ်တင် တာမျိုး ရှိပေမယ့် တကယ်အပြစ်မမြင်ခဲ့တဲ့အတွက် ကျေးဇူးတင် ပါတယ်။ (၁၁) လိုအပ်တဲ့ အချိန်တိုင်း အဝတ်အစားတွေကို စိတ်ကြိုက် ယူဝတ်ခွင့် ရတဲ့ အတွက် ကျေးဇူးတင် ပါတယ်။
(၁၂) အမေတစ်ယောက် လိုပဲ သွန်သင် လမ်းညွှန်ပေးပြီး အမြဲတမ်း အနားမှာ ရှိပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်။ (၁၃) ချစ်စရာကောင်းတဲ့ အစ်မ တစ်ယောက်ဖြစ်ပေးလို့ ကျေးဇူးတင် ပါတယ်။
written by PP
No Comments