ရထားတဲ့ဘြဲ႕က လုပ္ခ်င္တဲ့ အလုပ္နဲ႔ ကိုက္ညီမႈ မရွိရင္ ဘာဆက္လုပ္သင့္သလဲ - Amawpyay

ရထားတဲ့ဘြဲ႕က လုပ္ခ်င္တဲ့ အလုပ္နဲ႔ ကိုက္ညီမႈ မရွိရင္ ဘာဆက္လုပ္သင့္သလဲ

စိတ္ညစ္ရင္ ဂီတာတီးပါလား ကိုကို
Knowledge

ရထားတဲ့ဘြဲ႕က လုပ္ခ်င္တဲ့ အလုပ္နဲ႔ ကိုက္ညီမႈ မရွိရင္ ဘာဆက္လုပ္သင့္သလဲ

ဒီေန႔ေခတ္ အလုပ္ခြင္ေတြ မွာဆိုရင္ အလုပ္မွာ အသုံးျပဳေနတဲ့ စြမ္းရည္ေတြ အရည္အေသြးေတြ ဟာ ကိုယ္ရရွိ တဲ့ ဘြဲ႕ကေန သင္ယူ လာခဲ့တဲ့ အရာေတြ မဟုတ္ၾက ပါဘူး။ မဟုတ္ၾကတာ မ်ားတယ္ေပါ့ေလ။

ဒါ့အျပင္ အလုပ္ခြင္မွာ ေျပာင္းလဲမႈေတြ ခဏခဏ ျဖစ္ေလ့ ရွိပါတယ္။ အဲဒီေတာ့ အားလုံးဟာ လုပ္ငန္းခြင္ထဲမွာ ေျပာင္းလဲ သြားတဲ့ အသစ္အသစ္ေသာ စြမ္းရည္ေတြကို အၿမဲသင္ ယူေနၾက ရတာပါ။

ရလဒ္အေနနဲ႔ ကေတာ့ အလုပ္ရွင္က မွန္ကန္တဲ့ ပညာေရးကို တန္ဖိုးထား ခဲ့မယ္ ဆိုရင္ သင့္ဘက္ကလည္း ဒီအလုပ္ အေပၚ ဘယ္ေလာက္ စိတ္ပါဝင္စား မႈရွိတယ္၊ အလုပ္ေတြကို ျမန္ျမန္ဆန္ဆန္ တိတိက်က် ဘယ္လို လုပ္ႏိုင္ တယ္၊ ဘာသာ ရပ္အသစ္ေတြကို ဘယ္လို ျမန္ျမန္ ဆည္းပူးႏိုင္တယ္ ဆိုတာ ေဖာ္ျပဖို႔ အေရးႀကီးပါတယ္။

ဒီေတာ့ အလုပ္နဲ႔ ပညာေရး ပတ္သက္ ဆက္ႏႊယ္ေနတဲ့ အခက္အခဲေတြကို ေက်ာ္လႊားႏိုင္ေစ ဖို႔အတြက္ ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္ ။

၁။ မိမိရဲ႕စိတ္ဝင္စားမႈကို ေဖာ္ျပပါ။

အကယ္၍မ်ား သင္ စိတ္ဝင္စားတဲ့ နယ္ပယ္ကေန ဘြဲ႕ရထားတာ မဟုတ္ ခဲ့ဘူး ဆိုရင္ သင့္ရဲ႕ စိတ္ဝင္စားမႈကို ျပႏိုင္တဲ့ အျခားနည္းလမ္းေတြကို ရွာေဖြ ဖို႔လို ပါတယ္။ ဥပမာ – သင္က Marketing အလုပ္ကို စိတ္ဝင္စားတယ္။ ဒါေပမဲ့ Marketing နဲ႔ ပတ္သက္လို႔ ဘာမွ မသိဘူး ဆိုပါေတာ့ ။

ဒီလိုဆိုရင္ Marketing နဲ႔ဆိုင္တဲ့ စာအုပ္ေတြ ဖတ္ပါ။ Online course ေတြက တစ္ဆင့္ ေလ့လာပါ။ Marketing ကြၽမ္းက်င္ ပညာရွင္ေတြ ေရးထားတဲ့ စာေစာင္ေတြကို email က တစ္ဆင့္ ရဖို႔ သက္ဆိုင္ရာ ဝက္ဘ္ဆုိက္ဒ္ေတြမွာ sign up လုပ္ ထားပါ။

၂။ မိမိရဲ႕ အရည္အေသြးကို တည္ေဆာက္ပါ။

သင္မွာ ဘြဲ႕တစ္ခု မရွိေပမဲ့ လည္း အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ အရည္အခ်င္း တစ္ခုခုကို ကြၽမ္းက်င္သည္အထိ ေလ့လာ သင္ယူ ႏိုင္ပါ တယ္။ ဥပမာ – finance ပိုင္းမွာ အလုပ္လိုခ်င္ရင္ financial modeling course လိုမ်ိဳးကို အြန္လိုင္းက တစ္ဆင့္ သင္ယူႏိုင္ ပါတယ္။

Graphic design နဲ႔ပတ္သက္ၿပီး အလုပ္လုပ္ ခ်င္တယ္ ဆိုရင္လည္း ညေနပိုင္ းသင္တန္းေတြ တက္ႏိုင္ပါေသး တယ္။ ဒါမွမဟုတ္ သူငယ္ခ်င္း တစ္ေယာက္ကို အကူအညီေတာင္းၿပီး သူ႔ဆီက သင္ယူမယ္ဆိုရင္လည္း ရတာပါပဲ။ အေရးႀကီးတာ သင္ယူေန ဖို႔ပါ။

၃။ လူမႈကြန္ရက္ကို ခ်ဲ႕ထြင္ပါ။

အလုပ္လုပ္ရာမွာ လူမွန္ ေနရာမွန္ေရာက္ဖို႔လည္း လိုအပ္တယ္ ဆိုတာ သိဖို႔ လိုပါတယ္။ ကိုယ္စိတ္ဝင္စားတဲ့ နယ္ပယ္က သူေတြနဲ႔ စကားမ်ားမ်ားေျပာၾကည့္ တဲ့အခါ

သင့္အေနနဲ႔ အသိပညာဗဟုသုတေတြ ပိုရႏုိင္၊ စုေဆာင္းမိႏိုင္ၿပီး အင္တာဗ်ဴးေတြမွာလည္း ေကာင္းမြန္စြာ ေျပာဆို ဆက္ဆံ ႏိုင္လာ မွာပါ။

ေနာက္ဆုံးေျပာရရင္ေတာ့ အလုပ္ရွင္ေတြက သင္ဟာ အလုပ္အေပၚ ဘယ္ေလာက္စိတ္ဝင္စားမႈရွိသလဲ၊ အလုပ္ကို အခ်ိန္မီ ၿပီးေအာင္ လုပ္ႏိုင္သလား၊ ျမန္ျမန္ဆန္ဆန္ သင္ယူတတ္ေျမာက္လြယ္သလားဆိုတာ သိလိုၾက ပါတယ္။

ပညာတတ္ေျမာက္ေအာင္ သင္ယူဖို႔ ကလည္း အေရးႀကီ းပါတယ္။ ဒါေပမဲ့ သင့္ရဲ႕ဘြဲ႕က အလုပ္နဲ႔ ကိုက္ညီမႈမရွိဘူး ဆိုရင္ေတာ့ အထက္ပါ အခ်က္ေတြက သင္လုပ္ခ်င္တဲ့ အလုပ္ကို ရရွိေအာင္ ႀကိဳးစားတဲ့အခါမွာ အေထာက္အကူ ေပးႏိုင္မွာပါ။

Credit to original writer

Unicode

ရထားတဲ့ဘွဲ့က လုပ်ချင်တဲ့ အလုပ်နဲ့ ကိုက်ညီမှု မရှိရင် ဘာဆက်လုပ်သင့်သလဲ

ဒီနေ့ခေတ် အလုပ်ခွင်တွေ မှာဆိုရင် အလုပ်မှာ အသုံးပြုနေတဲ့ စွမ်းရည်တွေ အရည်အသွေးတွေ ဟာ ကိုယ်ရရှိ တဲ့ ဘွဲ့ကနေ သင်ယူ လာခဲ့တဲ့ အရာတွေ မဟုတ်ကြ ပါဘူး။ မဟုတ်ကြတာ များတယ်ပေါ့လေ။

ဒါ့အပြင် အလုပ်ခွင်မှာ ပြောင်းလဲမှုတွေ ခဏခဏ ဖြစ်လေ့ ရှိပါတယ်။ အဲဒီတော့ အားလုံးဟာ လုပ်ငန်းခွင်ထဲမှာ ပြောင်းလဲ သွားတဲ့ အသစ်အသစ်သော စွမ်းရည်တွေကို အမြဲသင် ယူနေကြ ရတာပါ။

ရလဒ်အနေနဲ့ ကတော့ အလုပ်ရှင်က မှန်ကန်တဲ့ ပညာရေးကို တန်ဖိုးထား ခဲ့မယ် ဆိုရင် သင့်ဘက်ကလည်း ဒီအလုပ် အပေါ် ဘယ်လောက် စိတ်ပါဝင်စား မှုရှိတယ်၊

အလုပ်တွေကို မြန်မြန်ဆန်ဆန် တိတိကျကျ ဘယ်လို လုပ်နိုင် တယ်၊ ဘာသာ ရပ်အသစ်တွေကို ဘယ်လို မြန်မြန် ဆည်းပူးနိုင်တယ် ဆိုတာ ဖော်ပြဖို့ အရေးကြီးပါတယ်။

ဒီတော့ အလုပ်နဲ့ ပညာရေး ပတ်သက် ဆက်နွှယ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်စေ ဖို့အတွက် ဖော်ပြပေးလိုက် ပါတယ်နော် ။

၁။ မိမိရဲ့စိတ်ဝင်စားမှုကို ဖော်ပြပါ။

အကယ်၍များ သင် စိတ်ဝင်စားတဲ့ နယ်ပယ်ကနေ ဘွဲ့ရထားတာ မဟုတ် ခဲ့ဘူး ဆိုရင် သင့်ရဲ့ စိတ်ဝင်စားမှုကို ပြနိုင်တဲ့ အခြားနည်းလမ်းတွေကို ရှာဖွေ ဖို့လို ပါတယ်။ ဥပမာ – သင်က Marketing အလုပ်ကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ Marketing နဲ့ ပတ်သက်လို့ ဘာမှ မသိဘူး ဆိုပါတော့ ။

ဒီလိုဆိုရင် Marketing နဲ့ဆိုင်တဲ့ စာအုပ်တွေ ဖတ်ပါ။ Online course တွေက တစ်ဆင့် လေ့လာပါ။ Marketing ကျွမ်းကျင် ပညာရှင်တွေ ရေးထားတဲ့ စာစောင်တွေကို email က တစ်ဆင့် ရဖို့ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်ဒ်တွေမှာ sign up လုပ် ထားပါ။

၂။ မိမိရဲ့ အရည်အသွေးကို တည်ဆောက်ပါ။

သင်မှာ ဘွဲ့တစ်ခု မရှိပေမဲ့ လည်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရည်အချင်း တစ်ခုခုကို ကျွမ်းကျင်သည်အထိ လေ့လာ သင်ယူ နိုင်ပါ တယ်။ ဥပမာ – finance ပိုင်းမှာ အလုပ်လိုချင်ရင် financial modeling course လိုမျိုးကို အွန်လိုင်းက တစ်ဆင့် သင်ယူနိုင် ပါတယ်။

Graphic design နဲ့ပတ်သက်ပြီး အလုပ်လုပ် ချင်တယ် ဆိုရင်လည်း ညနေပိုင် းသင်တန်းတွေ တက်နိုင်ပါသေး တယ်။ ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက်ကို အကူအညီတောင်းပြီး သူ့ဆီက သင်ယူမယ်ဆိုရင်လည်း ရတာပါပဲ။ အရေးကြီးတာ သင်ယူနေ ဖို့ပါ။

၃။ လူမှုကွန်ရက်ကို ချဲ့ထွင်ပါ။

အလုပ်လုပ်ရာမှာ လူမှန် နေရာမှန်ရောက်ဖို့လည်း လိုအပ်တယ် ဆိုတာ သိဖို့ လိုပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်က သူတွေနဲ့ စကားများများပြောကြည့် တဲ့အခါ သင့်အနေနဲ့ အသိပညာဗဟုသုတတွေ ပိုရနိုင်၊ စုဆောင်းမိနိုင်ပြီး အင်တာဗျူးတွေမှာလည်း ကောင်းမွန်စွာ ပြောဆို ဆက်ဆံ နိုင်လာ မှာပါ။

နောက်ဆုံးပြောရရင်တော့ အလုပ်ရှင်တွေက သင်ဟာ အလုပ်အပေါ် ဘယ်လောက်စိတ်ဝင်စားမှုရှိသလဲ၊ အလုပ်ကို အချိန်မီ ပြီးအောင် လုပ်နိုင်သလား၊ မြန်မြန်ဆန်ဆန် သင်ယူတတ်မြောက်လွယ်သလားဆိုတာ သိလိုကြ ပါတယ်။

ပညာတတ်မြောက်အောင် သင်ယူဖို့ ကလည်း အရေးကြီ းပါတယ်။ ဒါပေမဲ့ သင့်ရဲ့ဘွဲ့က အလုပ်နဲ့ ကိုက်ညီမှုမရှိဘူး ဆိုရင်တော့ အထက်ပါ အချက်တွေက သင်လုပ်ချင်တဲ့ အလုပ်ကို ရရှိအောင် ကြိုးစားတဲ့အခါမှာ အထောက်အကူ ပေးနိုင်မှာပါ။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …