
မီလ်ံနာတစ္ေယာက္ရဲ႕ အရည္အခ်င္းေတြ သင့္မွာရွိေနၿပီလား
သူေဌးဇာတာ ပါတဲ့သူဆိုတာ ေဗဒင္နဲ႔ လကၡဏာ နယ္ပယ္မွာပဲ ၾကားဖူးတဲ့ စကားပါ။ ခ်မ္းသာတဲ့သူ တစ္ေယာက္ ျဖစ္ဖို႔ ဆိုတာ ကိုယ္စြမ္းကိုယ္စကို ဘယ္ေလာက္ အျမင့္ေရာက္ေအာင္ တင္ထားတဲ့ သူလဲဆိုတာနဲ႔ အကဲျဖတ္လို ႔ ရပါတယ္။
မီလ်ံနာလို႔ ေခၚေနၾကတဲ့ သန္းႂကြယ္ သူေဌးေတြ ဆိုတာ သာမန္လူေတြနဲ႔ ကြဲျပားတဲ့ အျမင္ ၊ ျခားနားတဲ့ လုပ္ေဆာင္ခ်က္ေတြ လုပ္တတ္သူ ျဖစ္ပါ တယ္။ သူတစ္ေန႔ မီလ်ံနာ ျဖစ္လာ မလား ဆိုတာ ေဗဒင္ေမးစရာ မလို ပါဘူး။
အခုေျပာတဲ့ ဝိေသသလကၡဏာေတြ သင့္မွာ ရွိေနၿပီဆိုရင္ တစ္ေန႔မွာ သင္လည္း သူႂကြယ္တစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။
(၁) သူမ်ားနဲ႔ မတူတဲ့ စြမ္းရည္ေတြ ရွိတယ္
မီလ်ံနာေတြမွာ ထူးျခားတဲ့ အိုင္ဒီယာ သစ္ေတြ နည္းလမ္းသစ္ေတြ ရွိပါတယ္။ ေန႔တိုင္း လုပ္ေနက် အလုပ္မွာေတာင္ သူတို႔ဟာ ပိုၿပီး ဆန္းသစ္တဲ့ အေတြးနဲ႔ ေပါင္းစပ္ၿပီး အလုပ္ကို လွလွပပ လုပ္တတ္သူေတြပါ။
စိတ္ကို အလုပ္မ်ားမ်ား လုပ္ၿပီး အျမင္က်ယ္က်ယ္ ခ်ဲ႕ျမင္တတ္ တာဟာ မီလ်ံနာ တစ္ေယာက္ရဲ႕ ဉာဥ္တစ္မ်ိဳး ျဖစ္ပါ တယ္။ သူတို႔ဟာ ေရွ႕လာမယ့္ ေရရွည္ပန္းတိုင္ေတြအထိ ႀကိဳေတြးတတ္လို႔ သူတို႔ကို Long-Term Thinkers ေတြလို႔လည္း ေခၚႏိုင္ ပါတယ္။
(၂) အေျပာင္းအလဲကို ႀကိဳဆိုတယ္
အေျပာင္းအလဲေတြကို ေၾကာက္ျခင္းဟာ အခြင့္အေရးေတြ ဖမ္းဆုတ္ဖို႔ သတၱိနည္း တာပါပဲ။ မီလ်ံနာေတြဟာ အေကာင္းျဖစ္ေစ အဆိုးျဖစ္ေစ ျဖစ္ေပၚလာတဲ့ အေျပာင္းအလဲကေန အျမတ္ထုတ္ ႏိုင္စြမ္း ရွိပါတယ္။
အေျပာင္းအလဲကို ႀကိဳဆိုတဲ့ စိတ္ဟာ ကိုယ့္ကိုယ္ကို ယုံၾကည္ စိတ္နဲ႔ ေသခ်ာတဲ့ သေဘာကို ျပေနတာပါ။ ဘာပဲ ျဖစ္လာျဖစ္လာ ကိုယ္ကိုယ္တိုင္ ေျဖရွင္ းႏိုင္တယ္လို႔ သူတို႔မွာ ယုံၾကည္ခ်က္ ရွိေနပါတယ္။
(၃) ခိုင္မာျပတ္သားတယ္
မီလ်ံနာေတြမွာ ထူးျခားတဲ့ Passion ရွိပါတယ္။ စိတ္ထဲမွာ စြဲထင္ေနတဲ့ ပုံရိပ္ ၊ မ်က္လုံးထဲမွာ ျမင္ေနရတဲ့ Mission က သူတို႔ကို မတြန႔္မဆုတ္ ဆုံးျဖတ္ လုပ္ေဆာင္ ႏိုင္စြမ္း ေပး ပါတယ္။
တစ္ခုခုကို ေသခ်ာ ယုံၾကည္ သူဟာ ျပတ္ျပတ္သားသား ဆုံးျဖတ္ လက္ခံ သလိုမ်ိဳး မီလ်ံနာ ျဖစ္မယ့္သူေတြဟာ သူတို႔ယုံၾကည္တဲ့ အရာေနာက္ လိုက္ဖို႔ မေတြေဝ သူေတြ ျဖစ္ဖို႔ လို ပါတယ္။
(၄) အၿမဲတမ္း သင္ယူတယ္
မီလ်ံနာတစ္ေယာက္ ျဖစ္ဖို႔ဆုတာ သတင္း အခ်က္အလက္ သစ္ေတြနဲ႔ ကိုယ့္ရဲ႕ အသိဉာဏ္ကို အၿမဲတမ္း ျဖည့္ဆည္းေနဖို႔ လိုပါတယ္။ သတင္းအခ်က္ အလက္သစ္ေတြဟာ သင္သြားမယ့္ လမ္းေၾကာင္းနဲ႔ သင့္အတြက္ အခြင့္အလမ္းသစ္ေတြကို သဲလြန္ စေပးေန ပါတယ္။
ကိုယ့္ရဲ႕ အေတြးအေခၚကို ထက္သန္ေစမယ့္ စာေတြ ဖတ္တာ ၊ ေအာင္ျမင္ သူေတြနဲ႔ ရင္းရင္းႏွီးႏွီး အႀကံယူ ေဆြးေႏြးတာ ၊ ကိုယ့္ရဲ႕ မိုးကုပ္စက္ဝိုင္းကို ခ်ဲ႕ထြင္ လိုက္တာဟာ သင့္ကို ေအာင္ျမင္တဲ့ မီလ်ံနာတစ္ေယာက္ ျဖစ္လာေစတဲ့ အရည္အေသြးေတြ ပဲ ျဖစ္ပါ တယ္။
Credit
Unicode
မီလျံနာတစ်ယောက်ရဲ့ အရည်အချင်းတွေ သင့်မှာရှိနေပြီလား
သူဌေးဇာတာ ပါတဲ့သူဆိုတာ ဗေဒင်နဲ့ လက္ခဏာ နယ်ပယ်မှာပဲ ကြားဖူးတဲ့ စကားပါ။ ချမ်းသာတဲ့သူ တစ်ယောက် ဖြစ်ဖို့ ဆိုတာ ကိုယ်စွမ်းကိုယ်စကို ဘယ်လောက် အမြင့်ရောက်အောင် တင်ထားတဲ့ သူလဲဆိုတာနဲ့ အကဲဖြတ်လို့ ရပါတယ်။
မီလျံနာလို့ ခေါ်နေကြတဲ့ သန်းကြွယ် သူဌေးတွေ ဆိုတာ သာမန်လူတွေနဲ့ ကွဲပြားတဲ့ အမြင် ၊ ခြားနားတဲ့ လုပ်ဆောင်ချက်တွေ လုပ်တတ်သူ ဖြစ်ပါ တယ်။ သူတစ်နေ့ မီလျံနာ ဖြစ်လာ မလား ဆိုတာ ဗေဒင်မေးစရာ မလို ပါဘူး။
အခုပြောတဲ့ ဝိသေသလက္ခဏာတွေ သင့်မှာ ရှိနေပြီဆိုရင် တစ်နေ့မှာ သင်လည်း သူကြွယ်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။
(၁) သူများနဲ့ မတူတဲ့ စွမ်းရည်တွေ ရှိတယ်
မီလျံနာတွေမှာ ထူးခြားတဲ့ အိုင်ဒီယာ သစ်တွေ နည်းလမ်းသစ်တွေ ရှိပါတယ်။ နေ့တိုင်း လုပ်နေကျ အလုပ်မှာတောင် သူတို့ဟာ ပိုပြီး ဆန်းသစ်တဲ့ အတွေးနဲ့ ပေါင်းစပ်ပြီး အလုပ်ကို လှလှပပ လုပ်တတ်သူတွေပါ။
စိတ်ကို အလုပ်များများ လုပ်ပြီး အမြင်ကျယ်ကျယ် ချဲ့မြင်တတ် တာဟာ မီလျံနာ တစ်ယောက်ရဲ့ ဉာဉ်တစ်မျိုး ဖြစ်ပါ တယ်။ သူတို့ဟာ ရှေ့လာမယ့် ရေရှည်ပန်းတိုင်တွေအထိ ကြိုတွေးတတ်လို့ သူတို့ကို Long-Term Thinkers တွေလို့လည်း ခေါ်နိုင် ပါတယ်။
(၂) အပြောင်းအလဲကို ကြိုဆိုတယ်
အပြောင်းအလဲတွေကို ကြောက်ခြင်းဟာ အခွင့်အရေးတွေ ဖမ်းဆုတ်ဖို့ သတ္တိနည်း တာပါပဲ။ မီလျံနာတွေဟာ အကောင်းဖြစ်စေ အဆိုးဖြစ်စေ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကနေ အမြတ်ထုတ် နိုင်စွမ်း ရှိပါတယ်။
အပြောင်းအလဲကို ကြိုဆိုတဲ့ စိတ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည် စိတ်နဲ့ သေချာတဲ့ သဘောကို ပြနေတာပါ။ ဘာပဲ ဖြစ်လာဖြစ်လာ ကိုယ်ကိုယ်တိုင် ဖြေရှင် းနိုင်တယ်လို့ သူတို့မှာ ယုံကြည်ချက် ရှိနေပါတယ်။
(၃) ခိုင်မာပြတ်သားတယ်
မီလျံနာတွေမှာ ထူးခြားတဲ့ Passion ရှိပါတယ်။ စိတ်ထဲမှာ စွဲထင်နေတဲ့ ပုံရိပ် ၊ မျက်လုံးထဲမှာ မြင်နေရတဲ့ Mission က သူတို့ကို မတွန့်မဆုတ် ဆုံးဖြတ် လုပ်ဆောင် နိုင်စွမ်း ပေး ပါတယ်။
တစ်ခုခုကို သေချာ ယုံကြည် သူဟာ ပြတ်ပြတ်သားသား ဆုံးဖြတ် လက်ခံ သလိုမျိုး မီလျံနာ ဖြစ်မယ့်သူတွေဟာ သူတို့ယုံကြည်တဲ့ အရာနောက် လိုက်ဖို့ မတွေဝေ သူတွေ ဖြစ်ဖို့ လို ပါတယ်။
(၄) အမြဲတမ်း သင်ယူတယ်
မီလျံနာတစ်ယောက် ဖြစ်ဖို့ဆုတာ သတင်း အချက်အလက် သစ်တွေနဲ့ ကိုယ့်ရဲ့ အသိဉာဏ်ကို အမြဲတမ်း ဖြည့်ဆည်းနေဖို့ လိုပါတယ်။ သတင်းအချက် အလက်သစ်တွေဟာ သင်သွားမယ့် လမ်းကြောင်းနဲ့ သင့်အတွက် အခွင့်အလမ်းသစ်တွေကို သဲလွန် စပေးနေ ပါတယ်။
ကိုယ့်ရဲ့ အတွေးအခေါ်ကို ထက်သန်စေမယ့် စာတွေ ဖတ်တာ ၊ အောင်မြင် သူတွေနဲ့ ရင်းရင်းနှီးနှီး အကြံယူ ဆွေးနွေးတာ ၊ ကိုယ့်ရဲ့ မိုးကုပ်စက်ဝိုင်းကို ချဲ့ထွင် လိုက်တာဟာ သင့်ကို အောင်မြင်တဲ့ မီလျံနာတစ်ယောက် ဖြစ်လာစေတဲ့ အရည်အသွေးတွေ ပဲ ဖြစ်ပါ တယ်။
No Comments