ေရဓာတ္ခမ္းေျခာက္ျခင္းေၾကာင့္ ေနာက္ဆက္တြဲ ႀကံဳေတြ႔လာရမယ့္ ဆုိးက်ိဳးမ်ား - Amawpyay

ေရဓာတ္ခမ္းေျခာက္ျခင္းေၾကာင့္ ေနာက္ဆက္တြဲ ႀကံဳေတြ႔လာရမယ့္ ဆုိးက်ိဳးမ်ား

ေရဓာတ္ခမ္းေျခာက္ျခင္းေၾကာင့္ ေနာက္ဆက္တြဲ ႀကံဳေတြ႔လာရမယ့္ ဆုိးက်ိဳးမ်ား
Health

ေရဓာတ္ခမ္းေျခာက္ျခင္းေၾကာင့္ ေနာက္ဆက္တြဲ ႀကံဳေတြ႔လာရမယ့္ ဆုိးက်ိဳးမ်ား

ရာသီဥတုကလည္း အရမ္းကို ပူအိုက္တဲ့ အေနအထားကို ေရာက္ေနတဲ့ အခ်ိန္ဆုိေတာ့ အျပင္သြားတာေတြ သတိထားၿပီး ခႏၶာကိုယ္ရဲ႕ အပူခ်ိန္္ကိုလည္း သတိထားဖို႔

လိုအပ္ ပါတယ္ေနာ္။ ရာသီဥတုပူျပင္းလြန္းတဲ့ အခါ ေခၽြးပိုထြက္ လြယ္ၿပီး ခႏၶာကုိယ္မွာ ႐ွိတဲ့ ေရဓာတ္က ပိုခမ္းေျခာက္ လြယ္ပါ တယ္။

ေႏြရာသီမွာ အဓိက ျဖစ္တတ္တဲ့ ေရဓာတ္ခမ္းေျခာက္ ျခင္းကို အထူးသတိထား ရမွာျဖစ္ၿပီး အခန္႔မသင့္ရင္ အသက္အႏၱာရယ္္ ကိုပါ စိုးရိမ္ရ ပါတယ္ေနာ္။ ဒါေၾကာင့္ ေရဓာတ္ ခမ္းေျခာက္ရင္ ဘာေတြျဖစ္ႏုိင္တယ္ ဆုိတာကို ေဝမွ်ေပး လုိက္ပါတယ္။

ေရဓာတ္ခမ္းေျခာက္ရင္ ဘာေတြျဖစ္လာမလဲ

ပံုမွန္အားျဖင့္ ခႏၶာကိုယ္ရဲ႕ ေရဓာတ္ဟာ ေခၽြးထြက္ျခင္း၊ အသက္႐ႈျခင္း၊ ဆီးသြားျခင္း၊ မ်က္္ရည္၊ တံေတြးစတာေတြကေန ကုန္္ဆံုး တတ္ပါ တယ္။ ဒါေတြကို ပံုမွန္ ေရေသာက္ျခင္း၊ ေဖ်ာ္ရည္္ေတြနဲ႔ အစားအစာေတြဆီကေန ေရဓာတ္ျပန္ ရ႐ွိေစ ပါတယ္။

တကယ္လုိ႔ ခႏၶာကိုယ္မွာ လုိအပ္တဲ့ ေရဓာတ္ အျပည့္အဝကို မေသာက္သံုး ထားဘူး ဆုိရင္ေတာ့ ေရဓာတ္ခမ္းေျခာက္ျခင္းကို ျဖစ္ေပၚေစ မွာပါပဲ။ ေရဓာတ္ ခမ္းေျခာက္တဲ့ အခါ ဖ်ားတာ၊ ဝမ္းသြားတာ၊ ေအာ့အန္တာ၊ ေခၽြးပို ထြက္တာ၊ ဆီးအသြား မ်ားတာေတြ ျဖစ္တတ္ ပါတယ္။

ဘယ္လုိခံစားရမလဲ

ခႏၶာကိုယ္မွာ ေရဓာတ္ခမ္းေျခာက္မႈ ျဖစ္ေပၚေနၿပီ ဆုိရင္ေတာ့ ေရအရမ္းဆာတာ၊ လည္ေခ်ာင္းေတြ ေျခာက္ေသြ႔ေစး ကပ္ေနတာ၊ ဆီးအဝါေရာင္ေတြ သြားတာ၊ ေရျပားေတြ ေျခာက္ေသြ႔ၿပီး ေအးစက္ေနတာ၊ ေခါင္းကိုက္တာနဲ႔ ၾကြက္ သားေတြ နာက်င္ျခင္းကို ခံစား ရမွာ ျဖစ္ပါ တယ္။

ေနာက္္ၿပီး ေရဓာတ္ခမ္းေျခာက္ျခင္း ျပင္းထန္ လာရင္ေတာ့ ဆီးလံုးဝ မသြားတာ သို႔ ဆီး အဝါေရာင္ေတြ အမ်ားႀကီး သြားတာ၊ အသားအေရေတြ အရမ္းေျခာက္ေသြ႔ လာတာ၊ မူးေဝတာ၊

ႏွလံုးခုန္ျမန္တာ၊ အသက္႐ႈျမန္လာတာ၊ မ်က္လံုးေတြ ျပာေဝ လာတာ၊ အိပ္မေပ်ာ္တာ၊ ေနရထိုင္ရ အဆင္မေျပတာ၊ ျဖဴေဖ်ာ့လာတာ ေတြျဖစ္တတ္ ပါတယ္။

ဘယ္လုိကာကြယ္ရမလဲ

ခႏၶာကိုယ္မွာ ေရဓာတ္ ခမ္းေျခာက္ျခင္း မျဖစ္ေပၚေအာင္ ေရကိုဆာမွ မေသာက္ပါနဲ႔ တတ္ႏုိင္ရင္ သတိရတုိင္း ေရေသာက္ပါ။ ေရမဆာေသးဘူး ဆုိၿပီး ေရအရမ္းဆာမွ ေသာက္တာ မ်ိဳးေတြ မလုပ္သင့္ပါဘူး။

တကယ္လုိ႔ အလုပ္ေတြ ႐ႈပ္ေနလုိ႔ ဆုိရင္ ေမ့မသြား ရေအာင္ ေရေသာက္မယ့္ အခ်ိန္ကို နာရီဝက္တစ္ခါ သို႔ တစ္္နာရီ တစ္ခါျဖစ္ျဖစ္ alarm ေပး ထားပါ။ ႐ံုးမွာ အလုပ္မ်ားတဲ့ သူေတြ အေနနဲ႔ ကိုယ့္ရဲ႕ ႐ံုးစားပြဲမွာ ေရဗူးေဆာင္ ထားတာ၊ အျပင္သြားရင္ ေရဗူးေဆာင္ တာမ်ိဳးေတြ လုပ္သင့္ ပါတယ္။

ေနာက္ၿပီး ေရအစား အသီးေဖ်ာ္ရည္ေတြ၊ အရည္႐ႊမ္းတဲ့ အသီးေတြလည္း စားေပးသင့္ ပါတယ္ေနာ္။ ခုလုိ ပူျပင္း လြန္းတဲ့ ရာသီဥတုမွာ ေရမ်ားမ်ားေသာက္ေပး ဖုိ႔ကို မေမ့ ပါနဲ႔။ ဒါမွ ခႏၶာကိုယ္ရဲ႕ ေရဓာတ္ခမ္းေျခာက္ျခင္းကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္္။

Khin

ခရက္ဒစ္

ယူနီကုတ္

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် နောက်ဆက်တွဲ ကြုံတွေ့လာရမယ့် ဆိုးကျိုးများ

ရာသီဥတုကလည်း အရမ်းကို ပူအိုက်တဲ့ အနေအထားကို ရောက်နေတဲ့ အချိန်ဆိုတော့ အပြင်သွားတာတွေ သတိထားပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုလည်း

သတိထားဖို့ လိုအပ် ပါတယ်နော်။ ရာသီဥတုပူပြင်းလွန်းတဲ့ အခါ ချွေးပိုထွက် လွယ်ပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ ရေဓာတ်က ပိုခမ်းခြောက် လွယ်ပါ တယ်။

နွေရာသီမှာ အဓိက ဖြစ်တတ်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်းကို အထူးသတိထား ရမှာဖြစ်ပြီး အခန့်မသင့်ရင် အသက်အန္တာရယ် ကိုပါ စိုးရိမ်ရ ပါတယ်နော်။ ဒါကြောင့် ရေဓာတ် ခမ်းခြောက်ရင် ဘာတွေဖြစ်နိုင်တယ် ဆိုတာကို ဝေမျှပေး လိုက်ပါတယ်။

ရေဓာတ်ခမ်းခြောက်ရင် ဘာတွေဖြစ်လာမလဲ

ပုံမှန်အားဖြင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်ဟာ ချွေးထွက်ခြင်း၊ အသက်ရှုခြင်း၊ ဆီးသွားခြင်း၊ မျက်ရည်၊ တံတွေးစတာတွေကနေ ကုန်ဆုံး တတ်ပါ တယ်။ ဒါတွေကို ပုံမှန် ရေသောက်ခြင်း၊ ဖျော်ရည်တွေနဲ့ အစားအစာတွေဆီကနေ ရေဓာတ်ပြန် ရရှိစေ ပါတယ်။

တကယ်လို့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓာတ် အပြည့်အဝကို မသောက်သုံး ထားဘူး ဆိုရင်တော့ ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေ မှာပါပဲ။ ရေဓာတ် ခမ်းခြောက်တဲ့ အခါ ဖျားတာ၊ ဝမ်းသွားတာ၊ အော့အန်တာ၊ ချွေးပို ထွက်တာ၊ ဆီးအသွား များတာတွေ ဖြစ်တတ် ပါတယ်။

ဘယ်လိုခံစားရမလဲ

ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှု ဖြစ်ပေါ်နေပြီ ဆိုရင်တော့ ရေအရမ်းဆာတာ၊ လည်ချောင်းတွေ ခြောက်သွေ့စေး ကပ်နေတာ၊ ဆီးအဝါရောင်တွေ သွားတာ၊ ရေပြားတွေ ခြောက်သွေ့ပြီး အေးစက်နေတာ၊ ခေါင်းကိုက်တာနဲ့ ကြွက် သားတွေ နာကျင်ခြင်းကို ခံစား ရမှာ ဖြစ်ပါ တယ်။

နောက်ပြီး ရေဓာတ်ခမ်းခြောက်ခြင်း ပြင်းထန် လာရင်တော့ ဆီးလုံးဝ မသွားတာ သို့ ဆီး အဝါရောင်တွေ အများကြီး သွားတာ၊ အသားအရေတွေ အရမ်းခြောက်သွေ့ လာတာ၊ မူးဝေတာ၊

နှလုံးခုန်မြန်တာ၊ အသက်ရှုမြန်လာတာ၊ မျက်လုံးတွေ ပြာဝေ လာတာ၊ အိပ်မပျော်တာ၊ နေရထိုင်ရ အဆင်မပြေတာ၊ ဖြူဖျော့လာတာ တွေဖြစ်တတ် ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ

ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်ခြင်း မဖြစ်ပေါ်အောင် ရေကိုဆာမှ မသောက်ပါနဲ့ တတ်နိုင်ရင် သတိရတိုင်း ရေသောက်ပါ။ ရေမဆာသေးဘူး ဆိုပြီး ရေအရမ်းဆာမှ သောက်တာ မျိုးတွေ မလုပ်သင့်ပါဘူး။

တကယ်လို့ အလုပ်တွေ ရှုပ်နေလို့ ဆိုရင် မေ့မသွား ရအောင် ရေသောက်မယ့် အချိန်ကို နာရီဝက်တစ်ခါ သို့ တစ်နာရီ တစ်ခါဖြစ်ဖြစ် alarm ပေး ထားပါ။ ရုံးမှာ အလုပ်များတဲ့ သူတွေ အနေနဲ့ ကိုယ့်ရဲ့ ရုံးစားပွဲမှာ ရေဗူးဆောင် ထားတာ၊ အပြင်သွားရင် ရေဗူးဆောင် တာမျိုးတွေ လုပ်သင့် ပါတယ်။

နောက်ပြီး ရေအစား အသီးဖျော်ရည်တွေ၊ အရည်ရွှမ်းတဲ့ အသီးတွေလည်း စားပေးသင့် ပါတယ်နော်။ ခုလို ပူပြင်း လွန်းတဲ့ ရာသီဥတုမှာ ရေများများသောက်ပေး ဖို့ကို မမေ့ ပါနဲ့။ ဒါမှ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Khin

No Comments

Leave a Reply

Your email address will not be published.

အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့
Health
အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့

အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့ လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်ရောဂါ စွဲကပ်လာပါတယ်.. အိပ်ယာထချိန် နံက်အစောပိုင်းဆို အတော်လေးမွှန်ပါသည်.. မနားမနေကိုနှာချေပါသည်။ အင်္ဂလိပ်ဆေး.. { စီထရင်း (သိုမဟုတ်) ဘာမီတွန်} သောက်ရင် ပျောက်ပါသည် ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါတော့သည်။ တကယ်မွှန်တဲ့နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ ၃ ထည်လောက် နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊ တရားမှတ်ချိန်ဆို နှာရည်တွေ တောက်တောက် တောက်တောက်နဲ့ အောက်ကိုစီးကျနေလောက်အောင်ကို မွှန်ပါတယ်… အနံဆိုးများတော့ မထွက်သေးပါ။ လွန်ခဲ့တဲ့ ၃ လခန့်က fbပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်လေးတစ်ခု ဖတ်ရပါသည်။ သူ ၁၄ …

အသက္ရွည္လိုပါက (ဂ်င္း) ကို ၿမိဳပါ ” – မွတ္သားဖြယ္ရာ တိဗက္ဆရာေ တာ္ တစ္ပါး၏ နည္းေလးပါ
Health
အသက္ရွည္လိုပါက (ဂ်င္း) ကို ၿမိဳပါ ” – မွတ္သားဖြယ္ရာ တိဗက္ဆရာေ တာ္ တစ္ပါး၏ နည္းေလးပါ

အသက္ရွည္လိုပါက (ဂ်င္း) ကို ၿမိဳပါ ” – မွတ္သားဖြယ္ရာ တိဗက္ဆရာေ တာ္ တစ္ပါး၏ နည္းေလးပါ ျမန္မာနိုင္ငံမွ ဆရာ၀န္ တစ္ဦး တိဗက္ နိုင္ ငံကို အလည္အပတ္ ေရာက္ သြားခဲ့ပါတယ္။ မိတ္ေဆြတစ္ေယာက္၏ ညႊန္ျကားမွဳ ျဖင့္ ေတာင္ ေပၚရြာ ေလးတစ္ ရြာ၏ဘုန္းေတာ္ျကီးေက်ာ င္းတစ္ေက်ာင္းမွာ တည္းခိုခြင့္ ရခဲ့ပါတယ္။ ထို ဘုန္းျကီးေတာ္ျကီး ေက်ာင္း၏ ေက်ာင္းထိုင္ ဆရာေတာ္ လက္ေထာက္ ဆရာေတာ္တို ့မွာ အဂၤလိပ္စကားကို အ ေတာ္အသင့္ေျပာ နိုင္ျကရကား ယင္းဆရာ၀န္ အတြက္လြန္စြာ အဆင္ေျ ပ ေခ်ာေမြ ့လွေပသည္ ဧည့္ခံလိုက္သ ည္မွာလည္း …

Health
ခြေဖနောင့်ကွဲတာကို အချိန်တိုတိုနဲ့ သက်သာသွားစေမယ့် သဘာဝနည်းလမ်းများ

ခြေဖနောင့်ကွဲတာကို အချိန်တိုတိုနဲ့ သက်သာသွားစေမယ့် သဘာဝနည်းလမ်းများ ခြေဖနောင့်ကွဲနေပြီ ဆိုရင် ခန္ဓါကိုယ်မှာ ရေဓါတ်ခန်းခြောက် တယ် ဆိုပြီး လူအများစု ထင်ကြ ပါတယ်။ ဒါပေမယ့် တခြားသော အကြောင်းအရင်းတွေ ကြောင့်လည်း ခြေဖနောင့် ကွဲတတ် ပါတယ်။ ၆။ ကိုယ်အလေး ချိန်များခြင်း ကိုယ်အလေးချိန် များလာတဲ့ အခါ ခြေဖနောင့်မှာ ဖိအားတွေ များလာ ပါတယ်။ အဲဒီအခါ ခြေဖနောင့်မှာ အစိုဓါတ် မရှိတော့ဘဲ ခြေဖနောင့်ကွဲ သွားတာပါ။ ကိုယ်အလေးချိန်ကို ထိန်းသိမ်း လိုက်ရင် ခြေဖနောင့်ကွဲ တာလည်း သက်သာ သွားမှာ ပါ။ ၅။ ဗီတာမင်ဓါတ် ချို့တဲ့ခြင်း ခန္ဓါကိုယ်မှာ ဗီတာမင်၊ သတ္ထုဓါတ်နဲ့ …