
လက္တြဲေဖာ္ေကာင္းမဟုတ္ရင္ မေ႐ြးခ်ယ္ပါနဲ႔
“လက္ထပ္ဖို႔ထိ ျပင္ဆင္ ထားၿပီးမွ ဘာလို႔ လမ္းခြဲၾက တာလဲ” တဲ့ လူေတြက အေပၚယံ အျမင္ေလးနဲ႔ သုံးသပ္ၾက တာသိေတာ့ အဲ့ ဒီလိုေမးခံ ရတိုင္း ကသိကေအာက္လည္းမျဖစ္ေတာ့ ပါဘူး ။
သိကၡာတစ္ခု အတြက္နဲ႔ ဘဝႀကီးကို မ်က္ရည္ေလာက ထဲထိုးႏွစ္ ရေလာက္ေအာင္ အထိ က်မ သတၱိမရွိခဲ့ ဘူးေလ ။
မခ်စ္ဘူး မဟုတ္ဘူး ခ်စ္ခဲ့ တယ္ .. ခ်စ္ခဲ့လို႔ ပဲလူသိ ရွင္ၾကားတြဲ ခဲ့တာ .. လမ္းခြဲ လိုက္ရင္ မိန္းကေလးေတြကပဲ နစ္နာၾက တယ္ ဟုတ္ပါ တယ္ ဒါေပမယ့္ တစ္ဘဝလုံး
ဒူးနဲ႔ မ်က္ရည္သုတ္ေန ရမယ့္ ဒုကၡကို ပိုေၾကာက္ လို႔ ဟယ္ သူတို႔က မယူျဖစ္ၾကေတာ့ ဘူးလား ဆိုတဲ့ ေဝဖန္သံ ကိုပဲ ၿပဳံးၿပဳံးေလး နားေထာင္ေန လိုက္တယ္ ။
ဘယ္ မိန္းကေလး ကမ်ား ဒီေလာက္တြဲ ခဲ့ၿပီးမွ လမ္းခြဲျပတ္ စဲခ်င္ၾက ပါ့မလဲ .. မသက္ဆိုင္ ၾကေတာ့ဘူးဆိုတာ သူတို႔ၾကား ထဲမွာ လုံး၀မျဖစ္ႏိုင္တဲ့ အေျခအေနေတြ ရွိခဲ့လို႔ေန မွာေပါ့ ။ မယူျဖစ္ ၾကေတာ့ ဘူးလား
လမ္းခြဲ လိုက္ၾက ၿပီလား ဘယ္လို ျဖစ္ၾက တာလဲ ဆိုၿပီး အနာ ကိုေရႏႈးေနမယ့္ အစား အလိုက္တသိေလးပဲ အသံတိတ္ေ နေပးၾက ရင္ သိပ္ေကာင္းမွ ာပဲ လို႔ ေတြးမိ တယ္ ။
အိမ္ေထာင္ေရးပါ.. တစ္ဘဝ စာလုံးစာမို႔ တစ္ခုခုေလး အဆင္ မေျပရင္ေတာင္ ျပတ္သ ားစြာ ေနာက္ျပန္လွည့္ခြင့္ ရွိတယ္။ ဒါေပမယ့္ ေနာက္ဆုတ္ ခဲ့ရျခင္း ဟာလည္း
ကိုယ့္ရဲ႕အားနည္းခ်က္ေၾကာင့္ မဟုတ္ဘဲ တစ္ဖက္လူရဲ႕ ခ်ိဳ႕ယြင္း ခ်က္ေၾကာင့္ ျဖစ္ ရမယ္။
ေလာကမွာေလ.. မိန္းမ ကိစၥကို ျပတ္ျပတ္ သားသား မျငင္းဆိုႏိုင္ တဲ့ေယာက္်ား မ်ိဳးဆို အခ်ိန္မေ႐ြး ေက်ာခိုင္းဖို႔ အင္အား ရွိကို ရွိ ရမယ္။ ဒါဟာ မာန မ ဟုတ္ဘူး။ တန္ဖိုးရွိ တဲ့ မိန္းမသား တစ္ေယာက္ရဲ႕ ဘဝနဲ႔ သိကၡာ တရားပဲ။
အဆင့္မတူနဲ႔ လူေတြနဲ႔ ၿပိဳင္လု စရာကို မလို တာ။ ကိုယ္ဟာ ဘယ္လို မိန္းမ မ်ိဳးလဲ ဆိုတာ ကိုယ့္ကို ေ႐ြးခ်ယ္မယ့္ လူကိုယ္တိုင္ ကလည္း သိသင့္ တယ္။ မဟုတ္ ရင္ေတာ့ ေက်ာခိုင္း စြန္႔ပစ္ သင့္ရင္ ေက်ာခိုင္း ရမွာပဲ။
လက္ထပ္ခါ နီးမွ ဘာလို႔ ပ်က္သလဲ ေမးရင္ ေျဖႏိုင္ ပါတယ္..အဲ့ဒီ လူက ကိုယ့္ရဲ႕တဘဝလုံ းကို စိတ္ခ်မ္းသာေအာင္ ထားႏိုင္ မွာ မဟုတ္ လို႔ပါ။ ဒါဆို ဘာလို႔ လက္ထပ္ဖို႔ျပင္ဆင္သလဲ ဆိုရင္ သူ႔အေပၚ ယုံၾကည္ ခဲ့မိလို ပါ လို႔ပဲ ေျပာ လိုက္ ပါ။
Credit
Unicode
လက်တွဲဖော်ကောင်းမဟုတ်ရင် မရွေးချယ်ပါနဲ့
“လက်ထပ်ဖို့ထိ ပြင်ဆင် ထားပြီးမှ ဘာလို့ လမ်းခွဲကြ တာလဲ” တဲ့ လူတွေက အပေါ်ယံ အမြင်လေးနဲ့ သုံးသပ်ကြ တာသိတော့ အဲ့ ဒီလိုမေးခံ ရတိုင်း ကသိကအောက်လည်းမဖြစ်တော့ ပါဘူး ။
သိက္ခာတစ်ခု အတွက်နဲ့ ဘဝကြီးကို မျက်ရည်လောက ထဲထိုးနှစ် ရလောက်အောင် အထိ ကျမ သတ္တိမရှိခဲ့ ဘူးလေ ။
မချစ်ဘူး မဟုတ်ဘူး ချစ်ခဲ့ တယ် .. ချစ်ခဲ့လို့ ပဲလူသိ ရှင်ကြားတွဲ ခဲ့တာ .. လမ်းခွဲ လိုက်ရင် မိန်းကလေးတွေကပဲ နစ်နာကြ တယ် ဟုတ်ပါ တယ် ဒါပေမယ့် တစ်ဘဝလုံး
ဒူးနဲ့ မျက်ရည်သုတ်နေ ရမယ့် ဒုက္ခကို ပိုကြောက် လို့ ဟယ် သူတို့က မယူဖြစ်ကြတော့ ဘူးလား ဆိုတဲ့ ဝေဖန်သံ ကိုပဲ ပြုံးပြုံးလေး နားထောင်နေ လိုက်တယ် ။
ဘယ် မိန်းကလေး ကများ ဒီလောက်တွဲ ခဲ့ပြီးမှ လမ်းခွဲပြတ် စဲချင်ကြ ပါ့မလဲ .. မသက်ဆိုင် ကြတော့ဘူးဆိုတာ သူတို့ကြား ထဲမှာ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိခဲ့လို့နေ မှာပေါ့ ။ မယူဖြစ် ကြတော့ ဘူးလား
လမ်းခွဲ လိုက်ကြ ပြီလား ဘယ်လို ဖြစ်ကြ တာလဲ ဆိုပြီး အနာ ကိုရေနှုးနေမယ့် အစား အလိုက်တသိလေးပဲ အသံတိတ်ေ နပေးကြ ရင် သိပ်ကောင်းမှ ာပဲ လို့ တွေးမိ တယ် ။
အိမ်ထောင်ရေးပါ.. တစ်ဘဝ စာလုံးစာမို့ တစ်ခုခုလေး အဆင် မပြေရင်တောင် ပြတ်သ ားစွာ နောက်ပြန်လှည့်ခွင့် ရှိတယ်။ ဒါပေမယ့် နောက်ဆုတ် ခဲ့ရခြင်း ဟာလည်း
ကိုယ့်ရဲ့အားနည်းချက်ကြောင့် မဟုတ်ဘဲ တစ်ဖက်လူရဲ့ ချို့ယွင်း ချက်ကြောင့် ဖြစ် ရမယ်။
လောကမှာလေ.. မိန်းမ ကိစ္စကို ပြတ်ပြတ် သားသား မငြင်းဆိုနိုင် တဲ့ယောက်ျား မျိုးဆို အချိန်မရွေး ကျောခိုင်းဖို့ အင်အား ရှိကို ရှိ ရမယ်။ ဒါဟာ မာန မ ဟုတ်ဘူး။ တန်ဖိုးရှိ တဲ့ မိန်းမသား တစ်ယောက်ရဲ့ ဘဝနဲ့ သိက္ခာ တရားပဲ။
အဆင့်မတူနဲ့ လူတွေနဲ့ ပြိုင်လု စရာကို မလို တာ။ ကိုယ်ဟာ ဘယ်လို မိန်းမ မျိုးလဲ ဆိုတာ ကိုယ့်ကို ရွေးချယ်မယ့် လူကိုယ်တိုင် ကလည်း သိသင့် တယ်။ မဟုတ် ရင်တော့ ကျောခိုင်း စွန့်ပစ် သင့်ရင် ကျောခိုင်း ရမှာပဲ။
လက်ထပ်ခါ နီးမှ ဘာလို့ ပျက်သလဲ မေးရင် ဖြေနိုင် ပါတယ်..အဲ့ဒီ လူက ကိုယ့်ရဲ့တဘဝလုံ းကို စိတ်ချမ်းသာအောင် ထားနိုင် မှာ မဟုတ် လို့ပါ။ ဒါဆို ဘာလို့ လက်ထပ်ဖို့ပြင်ဆင်သလဲ ဆိုရင် သူ့အပေါ် ယုံကြည် ခဲ့မိလို ပါ လို့ပဲ ပြော လိုက် ပါ။
No Comments