ကိုယ့္ထက္ အသက္ငယ္တဲ့ ခ်စ္သူကို ပိုင္ဆုိင္ထားရင္ ဒီလို ေကာင္းက်ိဳးေတြ ရရွိမယ္ - Amawpyay

ကိုယ့္ထက္ အသက္ငယ္တဲ့ ခ်စ္သူကို ပိုင္ဆုိင္ထားရင္ ဒီလို ေကာင္းက်ိဳးေတြ ရရွိမယ္

ကိုယ့္ထက္ အသက္ငယ္တဲ့ ခ်စ္သူကို ပိုင္ဆုိင္ထားရင္ ဒီလို ေကာင္းက်ိဳးေတြ ရရွိမယ္
အခ်စ္ေရး

ကိုယ့္ထက္ အသက္ငယ္တဲ့ ခ်စ္သူကို ပိုင္ဆုိင္ထားရင္ ဒီလို ေကာင္းက်ိဳးေတြ ရရွိမယ္

ကိုယ့္ထက္ငယ္တဲ့ သူနဲ႔ ခ်စ္သူရည္းစားျဖစ္ေနတဲ့ သူေတြဟာ ပတ္၀န္းက်င္ အသိုင္းအ၀ိုင္းရဲ႕ ေျပာဆိုေ၀ဖန္ျခင္းေတြ ကို ခံရ စၿမဲပါ။ အမွန္ေတာ့ ကုိယ္တြဲေနတဲ့ သူက ဘယ္လို လူမ်ိဳဳးလဲ၊ စိတ္ခ်ယံုၾကည္ရတဲ့သူ ဟုတ္မဟုတ္ ဆိုတာ ကိုယ္သာ အသိဆံုးပါ။

သူ႕အသက္အရြယ္က ကုိယ့္ထက္ငယ္လို႔ ကိုယ္ကခ်ည္း အေလွ်ာ့ေပးေန ရလိမ့္မယ္လို႔ ထင္ေနရင္လည္းမွာ းႏိုင္သလို ကိုယ့္ထက္ အသက္ႀကီးတဲ့ ခ်စ္သူမ်ိဳး ပိုင္ဆုိင္ထ ားလို႔ သူက ခ်ည္း ကုိယ့္ကိုဦးေဆာင္ၿပီး အနာဂတ္ လမ္းမေပၚ ေလွ်ာက္လွမ္းသြားႏို္င္မယ္ ဆိုတာ ကလည္း မွားယြင္းတဲ့ အေတြးအေခၚ အယူအဆပါပဲ။

ဒီေတာ့ ကိုယ့္ထက္ငယ္တဲ့ ခ်စ္သူမ်ိဳး ပိုင္ဆုိင္ ထားတဲ့ သူေတြ အတြက္ ေကာင္းက်ိဳးေလးေတြ ေဖာ္ျပေပးခ်င္ပါတယ္။

၁။ သူ႕ေၾကာင့္ ခြန္အားေတြရွိလာမယ္၊ သြက္သြက္လက္လက္ေနတတ္လာမယ္။

ကိုယ့္ထက္ အသက္ငယ္တဲ့ ခ်စ္သူကို အမီလိုက္ ႏိုင္ဖုိ႔၊ ကိုယ္က အသက္ႀကီး တာမ်ိဳး မသိသာေစဖုိ႔ ကိုယ့္ဘက္က ႀကိဳးစားေနထုိင္ လာမယ္။ ဖက္ရွင္က်က် ပို၀တ္ဆင္ လာႏိုင္ လိမ့္မယ္။

သူနဲ႔ သြားအတူ၊ စားအတူျဖစ္လာသလို အရင္ထက္ ေပါ့ေပါ့ပါးပါး သြက္သြက္ လက္လက္ ျဖစ္လာမယ္။ သူ႕ဆီက ရရွိလာတဲ့ ခြန္အားေတြနဲ႕ ေနာက္ထပ္ အနာဂတ္ အိပ္မက္အသစ္ေတြ မက္လာ ႏိုင္မယ္။ ေပ်ာ္စရာလည္း ပိုေကာင္းလာ ပါလိမ့္မယ္။

၂။ ဖိအားေတြ အရင္ကေလာက္ မခံစားရေတာ့ဘူး။

အရင္တုန္းက ဖိအားမ်ားစြာနဲ႔ ျဖတ္သန္း လာခဲ့ရတဲ့ ကိုယ့္ရဲ႕ေန႔စဥ္ဘ၀ဟာ သူ႔ေၾကာင့္ ေျပာင္းလဲလာလိမ့္မယ္။ ရြယ္တူတန္းတူေတြမွာ ရွိတတ္တဲ့ အေတြးအျမင္ေတြ သူ႕မွာ မရွိပဲ အသစ္အဆန္းေတြ ျမင္ရ ၾကားရလိမ့္မယ္။

၃။ အံ့ၾသစရာေကာင္းတဲ့အရာေတြ သိျမင္ခံစားလာရလိမ့္မယ္။

ကိုယ္မထင္ထားတဲ့ အခ်ိန္၊ ကိုယ္စိတ္ကူး မထားတဲ့ အခ်ိန္မ်ိဳးမွာ သူက ကိုယ့္ကို suprise လုပ္တာမ်ိဳးေတြေၾကာင့္ ပိုေပ်ာ္လာ ရလိမ့္မယ္။

၄။ ကိုယ္ျဖစ္ေစခ်င္ တာကို ေျပာျပရင္ အသာတၾကည္လက္ခံ လိမ့္မယ္။

ကိုယ့္ထက္ငယ္တဲ့ သူျဖစ္တဲ့ အတြက္ ကိုယ္ေပးတဲ့ အႀကံကို သူယူ လိမ့္မယ္။ ကိုယ့္ဘက္က ဆရာႀကီးအထာနဲ႔ ေျပာဆိုတာမ်ိဳး မလုပ္ဖုိ႔ပဲ လိုတယ္။ သူေျပာတာ ကိုလည္း ျပန္နားေထာင္ၿပီး အေကာင္းဆံုးအႀကံေပးႏိုင္ဖုိ႔ပဲ လိုတယ္။

၅။ ပြင့္ပြင့္လင္းလင္း ေနတတ္လာမယ္။

ကိုယ့္ထက္ အသက္ငယ္တဲ့ သူျဖစ္တဲ့ အတြက္ ပြင့္ပြင့္လင္းလင္း ေျပာဆိုဆက္ဆံ တတ္တာ မ်ားမယ္။ ကုိယ္လည္းသူတုိ႔လိုပဲ ဟန္ေဆာင္ေျပာဆို ဆက္ဆံေနရတာ မ်ိဳးေတြထက္ ပိုပြင့္ပြင့္လင္းလင္း ေျပာဆုိတတ္လာမယ္။

၆။ အခ်စ္ေရးျပႆနာ ၊ ဇာတ္လမ္းဆင္တာေတြ နည္းမယ္။

ကိုယ္က သူ႔ထက္ႀကီးတဲ့ အတြက္ အကြက္ႀကိဳျမင္ ၿပီးသားျဖစ္တာေၾကာင့္ေရာ၊ သူတုိ႔ဇာတ္လမ္းဆင္တာကို သိေန တာေၾကာင့္၊ ဒါမွမဟုတ္ ဒါမ်ိဳးေတြ လုပ္ရတာ ၀ါသနာကို မပါလုိ႔ စသျဖင့္ သူတုိ႔ဟာ အကြက္ေတြခင္းၿပီး ဇယားပတ္ရႈပ္တာ မ်ိဳးေတြ ေရွာင္လိမ့္ မယ္။

၇။ ကိုယ့္ဆံုးျဖတ္ခ်က္ကို သူ၀င္စြက္ဖက္မႈ နည္းလိမ့္မယ္။

ဒီအလုပ္မွာ မေပ်ာ္လုိ႔ အလုပ္ထြက္ ခ်င္တာမ်ိဳး သူ့ကို ေျပာျပေပးစရာပဲ လိုတယ္။ သူကလည္း ဒါကိုလံုး၀ မထြက္ ရဘူး။ ဆက္လုပ္လို႔ ေျပာမွာမဟုတ္ဘူး။ ကိုယ့္ရဲ႕ဆံုးျဖတ္ခ်က္ကို သူေလးစားလိမ့္မယ္။ စြက္ဖက္မႈနည္းလိမ့္မယ္။

Credit

Unicode

ကိုယ့်ထက် အသက်ငယ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားရင် ဒီလို ကောင်းကျိုးတွေ ရရှိမယ်

ကိုယ့်ထက်ငယ်တဲ့ သူနဲ့ ချစ်သူရည်းစားဖြစ်နေတဲ့ သူတွေဟာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ ပြောဆိုဝေဖန်ခြင်းတွေ ကို ခံရ စမြဲပါ။ အမှန်တော့ ကိုယ်တွဲနေတဲ့ သူက ဘယ်လို လူမျိုုးလဲ၊ စိတ်ချယုံကြည်ရတဲ့သူ ဟုတ်မဟုတ် ဆိုတာ ကိုယ်သာ အသိဆုံးပါ။

သူ့အသက်အရွယ်က ကိုယ့်ထက်ငယ်လို့ ကိုယ်ကချည်း အလျှော့ပေးနေ ရလိမ့်မယ်လို့ ထင်နေရင်လည်းမှာ းနိုင်သလို ကိုယ့်ထက် အသက်ကြီးတဲ့ ချစ်သူမျိုး ပိုင်ဆိုင်ထ ားလို့ သူက ချည်း ကိုယ့်ကိုဦးဆောင်ပြီး အနာဂတ် လမ်းမပေါ် လျှောက်လှမ်းသွားနိုင်မယ် ဆိုတာ ကလည်း မှားယွင်းတဲ့ အတွေးအခေါ် အယူအဆပါပဲ။

ဒီတော့ ကိုယ့်ထက်ငယ်တဲ့ ချစ်သူမျိုး ပိုင်ဆိုင် ထားတဲ့ သူတွေ အတွက် ကောင်းကျိုးလေးတွေ ဖော်ပြပေးချင်ပါတယ်။

၁။ သူ့ကြောင့် ခွန်အားတွေရှိလာမယ်၊ သွက်သွက်လက်လက်နေတတ်လာမယ်။

ကိုယ့်ထက် အသက်ငယ်တဲ့ ချစ်သူကို အမီလိုက် နိုင်ဖို့၊ ကိုယ်က အသက်ကြီး တာမျိုး မသိသာစေဖို့ ကိုယ့်ဘက်က ကြိုးစားနေထိုင် လာမယ်။ ဖက်ရှင်ကျကျ ပိုဝတ်ဆင် လာနိုင် လိမ့်မယ်။

သူနဲ့ သွားအတူ၊ စားအတူဖြစ်လာသလို အရင်ထက် ပေါ့ပေါ့ပါးပါး သွက်သွက် လက်လက် ဖြစ်လာမယ်။ သူ့ဆီက ရရှိလာတဲ့ ခွန်အားတွေနဲ့ နောက်ထပ် အနာဂတ် အိပ်မက်အသစ်တွေ မက်လာ နိုင်မယ်။ ပျော်စရာလည်း ပိုကောင်းလာ ပါလိမ့်မယ်။

၂။ ဖိအားတွေ အရင်ကလောက် မခံစားရတော့ဘူး။

အရင်တုန်းက ဖိအားများစွာနဲ့ ဖြတ်သန်း လာခဲ့ရတဲ့ ကိုယ့်ရဲ့နေ့စဉ်ဘဝဟာ သူ့ကြောင့် ပြောင်းလဲလာလိမ့်မယ်။ ရွယ်တူတန်းတူတွေမှာ ရှိတတ်တဲ့ အတွေးအမြင်တွေ သူ့မှာ မရှိပဲ အသစ်အဆန်းတွေ မြင်ရ ကြားရလိမ့်မယ်။

၃။ အံ့သြစရာကောင်းတဲ့အရာတွေ သိမြင်ခံစားလာရလိမ့်မယ်။

ကိုယ်မထင်ထားတဲ့ အချိန်၊ ကိုယ်စိတ်ကူး မထားတဲ့ အချိန်မျိုးမှာ သူက ကိုယ့်ကို suprise လုပ်တာမျိုးတွေကြောင့် ပိုပျော်လာ ရလိမ့်မယ်။

၄။ ကိုယ်ဖြစ်စေချင် တာကို ပြောပြရင် အသာတကြည်လက်ခံ လိမ့်မယ်။

ကိုယ့်ထက်ငယ်တဲ့ သူဖြစ်တဲ့ အတွက် ကိုယ်ပေးတဲ့ အကြံကို သူယူ လိမ့်မယ်။ ကိုယ့်ဘက်က ဆရာကြီးအထာနဲ့ ပြောဆိုတာမျိုး မလုပ်ဖို့ပဲ လိုတယ်။ သူပြောတာ ကိုလည်း ပြန်နားထောင်ပြီး အကောင်းဆုံးအကြံပေးနိုင်ဖို့ပဲ လိုတယ်။

၅။ ပွင့်ပွင့်လင်းလင်း နေတတ်လာမယ်။

ကိုယ့်ထက် အသက်ငယ်တဲ့ သူဖြစ်တဲ့ အတွက် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံ တတ်တာ များမယ်။ ကိုယ်လည်းသူတို့လိုပဲ ဟန်ဆောင်ပြောဆို ဆက်ဆံနေရတာ မျိုးတွေထက် ပိုပွင့်ပွင့်လင်းလင်း ပြောဆိုတတ်လာမယ်။

၆။ အချစ်ရေးပြဿနာ ၊ ဇာတ်လမ်းဆင်တာတွေ နည်းမယ်။

ကိုယ်က သူ့ထက်ကြီးတဲ့ အတွက် အကွက်ကြိုမြင် ပြီးသားဖြစ်တာကြောင့်ရော၊ သူတို့ဇာတ်လမ်းဆင်တာကို သိနေ တာကြောင့်၊ ဒါမှမဟုတ် ဒါမျိုးတွေ လုပ်ရတာ ဝါသနာကို မပါလို့ စသဖြင့် သူတို့ဟာ အကွက်တွေခင်းပြီး ဇယားပတ်ရှုပ်တာ မျိုးတွေ ရှောင်လိမ့် မယ်။

၇။ ကိုယ့်ဆုံးဖြတ်ချက်ကို သူဝင်စွက်ဖက်မှု နည်းလိမ့်မယ်။

ဒီအလုပ်မှာ မပျော်လို့ အလုပ်ထွက် ချင်တာမျိုး သူ့ကို ပြောပြပေးစရာပဲ လိုတယ်။ သူကလည်း ဒါကိုလုံး၀ မထွက် ရဘူး။ ဆက်လုပ်လို့ ပြောမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို သူလေးစားလိမ့်မယ်။ စွက်ဖက်မှုနည်းလိမ့်မယ်။

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …