ေၾကာက္စရာ ေကာင္းေသာသူ - Amawpyay

ေၾကာက္စရာ ေကာင္းေသာသူ

ေၾကာက္စရာ ေကာင္းေသာသူ
Knowledge

ေၾကာက္စရာ ေကာင္းေသာသူ

တစ္ခါတေလမွာ လူမုိက္ေတြထက္ လူယုတ္မာေတြက ပုိေၾကာက္စရာ ေကာင္းတယ္။ လူရမ္းကားေတြထက္ ဟန္ေဆာင္ေကာင္း သူေတြက ဘဝနဲ႔ အသက္ ကုိပါ ယူသြား တတ္ၾက တယ္။

ပုံဆုိး ပန္းဆုိး လူေတြထက္ မင္းသားေခါင္းေဆာင္း ထားေသာ ဘီလူးေတြက ရက္စက္ တတ္ၾက တယ္။ စကားၾကမ္းၾကမ္း တမ္းတမ္းေျပာေန သူထက္ အတြင္းေကာက္ၿပီး အျပင္မွာ ခ်ဳိေနသူေတြက လက္တစ္ဆုံး ႏုိက္သြား တတ္ၾက တယ္။

စိတ္တုိတတ္ၿပီး ေျဖာင့္ေျဖာင့္ သြားေန သူထက္ ႏူးညံ့သလုိနဲ႔ ေပ်ာ့ေပ်ာ့အိအိ ခ်ဳိသာေနသူက “ေဒါင္းေယာင္ေဆာင္ေသာ က်ီး” ျဖစ္ေန တတ္တယ္။💞

အေကာင္းေျပာေန သူထက္ အေျပာေကာင္းၿပီး ေျမႇာက္ပင့္ေန တတ္သူက ကုိယ့္အိတ္ ထဲကုိ အကုန္ ႏုိက္သြား တတ္တယ္။ စကားနည္းသူထက္ တစ္ခါတေလမွာ သေဘာက် လာေအာင္ စကားကုိ ရြန္းရြန္းေဝ ေအာင္ ေျပာေန တတ္သူက လိမ္သြား တတ္တယ္။

အေနတည္ၿပီး အျပဳံးနည္း သူထက္ အျပဳံးမ်ားၿပီး သေဘာေကာင္းခ်င္ ေယာင္ေဆာင္ေန တတ္သူက ယုံၾကည္​မႈကုိ တက္နင္း သြားတတ္ တယ္။

ပြင့္လင္းၿပီး စကားကုိ စည္းေဘာင္ လြတ္ေအာင္ ေျပာတတ္သူထက္ ပညာ႐ွိဆန္ဆန္ စကားကုိထိမ္းေျပာပီး သူ႔စိတ္ရင္းကုိ မျမင္ရေအာင္ ဖုံးကြယ္ေန တတ္သူက ေၾကာက္ စရာေကာင္းတယ္။💝

စိတ္တုိလြယ္ၿပီး ရင္ထဲမွာ အမွတ္အေတး မထားတတ္ သူထက္ မေက်နပ္မူွေတြကုိ ထိမ္းခ်ဳပ္ၿပီး ျပဳံးျပေန သူက တစ္ခ်ိန္ခ်ိန္မွာ သင့္ ဘဝနဲ႔ အသက္ကုိ စုတ္ျပတ္ သတ္သြားေအာင္ လုပ္ တတ္တယ္။

ေလာကမွာ ေၾကာက္စရာေကာင္းေသာ လူတုိင္းသည္ စိတ္ရင္းကုိ ထုတ္မျပၾကဘဲ ဟန္ေဆာင္ကာ အခြင့္အေရးကုိ ေစာင့္ေနၿပီး အခြင့္အလမ္း အျဖစ္ အသုံးခ်၍ အတုိးေရာ အရင္းပါ မေက်နပ္သူဆီက ျပန္ေတာင္း တတ္ၾက တယ္။

သူငယ္ခ်င္း မည္သူ႔ကုိမဆုိ စိတ္ဆုိးေအာင္ လုပ္မိ ခဲ့ရင္ေတာင္ စိတ္နာက်င္ သြားေအာင္ေတာ့ မလုပ္မိေစ နဲ႔ေနာ္။💖

Credit

Unicode

ကြောက်စရာ ကောင်းသောသူ

တစ်ခါတလေမှာ လူမိုက်တွေထက် လူယုတ်မာတွေက ပိုကြောက်စရာ ကောင်းတယ်။ လူရမ်းကားတွေထက် ဟန်ဆောင်ကောင်း သူတွေက ဘဝနဲ့ အသက် ကိုပါ ယူသွား တတ်ကြ တယ်။

ပုံဆိုး ပန်းဆိုး လူတွေထက် မင်းသားခေါင်းဆောင်း ထားသော ဘီလူးတွေက ရက်စက် တတ်ကြ တယ်။ စကားကြမ်းကြမ်း တမ်းတမ်းပြောနေ သူထက် အတွင်းကောက်ပြီး အပြင်မှာ ချိုနေသူတွေက လက်တစ်ဆုံး နိုက်သွား တတ်ကြ တယ်။

စိတ်တိုတတ်ပြီး ဖြောင့်ဖြောင့် သွားနေ သူထက် နူးညံ့သလိုနဲ့ ပျော့ပျော့အိအိ ချိုသာနေသူက “ဒေါင်းယောင်ဆောင်သော ကျီး” ဖြစ်နေ တတ်တယ်။💞

အကောင်းပြောနေ သူထက် အပြောကောင်းပြီး မြှောက်ပင့်နေ တတ်သူက ကိုယ့်အိတ် ထဲကို အကုန် နိုက်သွား တတ်တယ်။ စကားနည်းသူထက် တစ်ခါတလေမှာ သဘောကျ လာအောင် စကားကို ရွန်းရွန်းဝေ အောင် ပြောနေ တတ်သူက လိမ်သွား တတ်တယ်။

အနေတည်ပြီး အပြုံးနည်း သူထက် အပြုံးများပြီး သဘောကောင်းချင် ယောင်ဆောင်နေ တတ်သူက ယုံကြည်မှုကို တက်နင်း သွားတတ် တယ်။

ပွင့်လင်းပြီး စကားကို စည်းဘောင် လွတ်အောင် ပြောတတ်သူထက် ပညာရှိဆန်ဆန် စကားကိုထိမ်းပြောပီး သူ့စိတ်ရင်းကို မမြင်ရအောင် ဖုံးကွယ်နေ တတ်သူက ကြောက် စရာကောင်းတယ်။💝

စိတ်တိုလွယ်ပြီး ရင်ထဲမှာ အမှတ်အတေး မထားတတ် သူထက် မကျေနပ်မူှတွေကို ထိမ်းချုပ်ပြီး ပြုံးပြနေ သူက တစ်ချိန်ချိန်မှာ သင့် ဘဝနဲ့ အသက်ကို စုတ်ပြတ် သတ်သွားအောင် လုပ် တတ်တယ်။

လောကမှာ ကြောက်စရာကောင်းသော လူတိုင်းသည် စိတ်ရင်းကို ထုတ်မပြကြဘဲ ဟန်ဆောင်ကာ အခွင့်အရေးကို စောင့်နေပြီး အခွင့်အလမ်း အဖြစ် အသုံးချ၍ အတိုးရော အရင်းပါ မကျေနပ်သူဆီက ပြန်တောင်း တတ်ကြ တယ်။

သူငယ်ချင်း မည်သူ့ကိုမဆို စိတ်ဆိုးအောင် လုပ်မိ ခဲ့ရင်တောင် စိတ်နာကျင် သွားအောင်တော့ မလုပ်မိစေ နဲ့နော်။💖

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …