မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်
Unicodeဖြင့်ဖတ်ရန်
အဖေ သားသမီးတွေကို ဒါကြောင့် ပညာတတ်ဖြစ်စေချင်တာပါ
“အဖေ” “သား ဆယ်တန်းကျတယ်” နွားစာကျွေးနေသော အဖေ ရုတ်တရက် တုံ့သွားသည် ။ မီးဖိုချောင်ထဲ ထမင်းချက်နေသော အမေက ကြားလိမ့်မည် မထင်။ အဖေ စကားတစ်လုံးမှ မပြောပဲ ကျတော့်ကို စူးစိုက်ကြည့်နေ သည်။
ဟိုးမှာတွေ့လား ငါ့သား! ဓား ၂ချောင်းစီ ကျတော့် ကိုညွန်ပြ သည်။ (စကားလမ်းလွဲှလိုက် သည်ဟု ကျတော်ထင်) “လှည်းပေါ်တင် ကွာ အဖေနဲ့လယ်တော ခဏလိုက်ခဲ့ အင်္ကျီထူထူ ယူခဲ့ ”နွားညိုသိုးကြီး ၂ကောင်ကို ဆွဲသွားပြီး အဖေ နွားလှည်း တပ်နေပြီ ။
ကျတော် အဖေ့နောက်မှ ဝင်ထိုင် လိုက်သည်။ (အတွေးထဲ ကျောင်းများထုတ် လိုက်သည်ဟု ထင်ခဲ့)လယ်တောရောက်တော့ အဖေ ကျတော့်ကို ထွန်တုံး ဆင်ပေးပြီး ထွန်ခိုင်း သည်။ ကျတော် အူကြောင်ကြောင်ဖြစ် သွားတယ်။
အဖေ ငါ့ကို တကယ်မျာ းကျောင်းထုတ် လိုက်ပြီလား? ကျတော့်ကို တခါမှ အလုပ် မခိုင်းဘူးခဲ့တဲ့ အဖေက ဒီလို လုပ်တော့ အံ့သြ သွားမိ တာပေါ့ ကျတော် နွားကို ရိုက်လိုက်သည်
လယ်ထဲကို သုံးပတ်လောက် ပတ်မိတဲ့ အချိန် ဖြေဖဝါးတွေက သွေးကျင်ဥ လာတယ်။ နေပူတဲ့ ဒဏ်ကြောင့် ချွေးတလုံးလုံးနဲ့ ပန်ပင်းတဲ့ ဒဏ်ကို မခံစား နိုင်တော့ဘဲ ကျတော် ယိုင်ကျ သွားသည်။
ငါ့သား အဖေတို့ မင်းလို ပညာမသင် ခဲ့ရဘူး ပညာဆိုလို့ ၄တန်းပဲအောင် ခဲ့တာ မင်းကိုကျောင်းထားတယ်ဆိုတာ အဖေတို့လို ပန်းပင်းမှာ ဆိုးလို့ ငါ့သားသမီးတွေ ငါ့လို မဖြစ်ရလေအောင် ဆိုပြီး အဖေတို့မင်းကို ဘော်ဒါဆောင်မှာ ကောင်းကောင်း ထားပြီး စာသင်ခိုင်းခဲ့တာ
အဖေတို့ မင်းဆီက ဘာမှမျော်လင့်ချက် မရှိဘူး ငါ့သားသမီး ငါ့လို ပင်ပင်ပန်းပန်းနဲ့ မလုပ်စားစေချင်လို့နောင်တချိန်မှာ မင်းဘဝလေး သာယာလှပဖို့ (ပြေားရင်းနဲ့ အဖေ့သံက ငိုသံ ပါသလိုလို ခံစားရ)
ကျတော့်နောင်တနဲ့ အတူ မျက်ရည်တေကျ လာခဲ့သည် (စာမကျက်မိ သည်များကို) …ဟိုးအဝေးက အမေ တလုပ်လုပ်နဲ့ ထမင်းထောင်းကို ရွတ်လာ တာမြင်နေမိ သည်။ အဖေ့ကို ထာဝရ စဉ်လေးစားလျက်။
No Comments