
ကြၽန္မကို ကြၽန္မအျဖစ္နဲ႔ပဲ ျမင္ေယာင္ၾကည့္ေပးပါ ။
ဘယ္သူနဲ ႔တူလိုက္တာ ဆိုတဲ့ စကားမ်ိဳးေတြကို ကြၽန္မ ဘယ္တုန္း ကမွ မႏွစ္သက္ ခဲ့ဖူးဘူး ။ ကြၽန္မက ကြၽန္မနဲ႔ပဲ တူခ်င္ ပါတယ္ ။
ဒါေတြေၾကာင့္ ကြၽန္မကို တျခား တစ္ေယာက္ရဲ႕ဘဝေတြနဲ႔ ခိုင္းႏႈိင္ းၿပီးေတာ့ မေျပာ ပါနဲ႔ မဆို ပါနဲ႔ ။
ကြၽန္မကို ဘယ္သူနဲ႔ မႏႈိင္းပဲ ကြၽန္မရဲ႕ ျဖစ္တည္ မႈေလးကို တစ္ႀကိမ္ တစ္ခါပဲ ျဖစ္ျဖစ္ ေမးၾကည့္ေပးပါ ။
ကိုယ့္ထက္ အျမင့္ကိုေရာက္ေန လို႔လဲ မနာလိုျခင္း အလ်င္းမရွိဘူး . . . သူ႔ဘဝေလးျမင့္ေနလပါလားဆိုတဲ့လစိတ္နဲ႔ မုဒိတာ ေလးပြားတယ္ ။
ကိုယ့္ထပ္ နိမ့္က်ေန လို႔လဲ အႏိုင္ယူ လိုျခင္း မရွိဘူး ။ သူ႔့ဘ၀က ကိုယ့္ထက္ နိမ့္က်ေန ပါလား ဆိုတဲ့စိတ္နဲ႔ စာနာသနားတယ္ ကူညီႏိုင္တဲ့ အရာဆို ကူညီေပး လိုက္တယ္ ။
ဖိနင္းလိုစိတ္ အလ်င္း မရွိပါဘူး ။ ကိုယ့္ဘ၀နဲ႔ကိုယ္ ေပ်ာ္တတ္ေအာင္ေနပါတယ္ ။
လူခ်င္းပဲ တူၾကတာေလ စိတ္ဓာတ္ခ်င္း ရည္မွန္းခ်က္ခ်င္း အိပ္မက္ေတြ ခ်င္း မတူညီ ၾကဘူး ။
ဒီ့အတြက္ ကြၽန္မကို သူ႔လိုျဖစ္ရမယ္ ဆိုၿပီး တစ္ယူသန္ႀကီး မဆုံးျဖတ္ ပါနဲ႔ သူက သူေလ ။
ရည္မွန္းခ်က္ ခ်င္းမတူတဲ့ လူႏွစ္ေယာက္က ခရီးလမ္း အကြာအေဝးလဲ မတူညီ တတ္ၾက ဘူးေလ ။ ဒါေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ပန္းတိုင္ေရာက္တာ ခ်င္းလဲ မတူညီ တတ္ၾကဘူး ။
သူကေတာ့ ဒီလို ျဖစ္ေနၿပီ နင္ကေကာ ဘာလုပ္ေနေသး တာလဲ သူ႔လိုက္ လုပ္ပါလား ဆိုတဲ့ စကားေတြက အားေပးစကား မဟုတ္ေတာ့ဘူး ကိုယ့္ကို မယုံၾကည္ရာ နားမလည္ ရာေရာက္တဲ့ စကားေတြပါ ။
သူလဲ သူ႔လမ္း သူေလွ်ာက္ေန တာပဲ ကိုယ္လဲ ကိုယ္ေလွ်ာက္ေန တာပါ ။ ဒီလို မတူညီတဲ့ လမ္းေတြေပၚက လူႏွစ္ေယာက္ကို ယွဥ္ၿပီး ျမင္လိုက္တာေတာ့ ေတာ္ေတာ္ကို ဆိုးတယ္ ။
ဥပမာ – အဆိုေတာ္ျဖစ္ခ်င္တဲ့ ေကာင္မေလးက မိုက္ကိုင္ ၿပီးေဆာ့တယ္ ။
ဆရာ၀န္ျဖစ္ခ်င္တဲ့ ေကာင္မေလးက ေဆးထိုး အိပ္ကိုင္ၿပီး ေဆာ့တယ္ ကေလးခ်င္းပဲ တူတာပါ အေတြးခ်င္းက် မတူၾကေတာ့ ဘူး ။
အဲ့လိုပဲ မိုက္ကိုင္ေနတဲ့ ကေလးမေလး လက္ထဲကို ေဆးထိုးအပ္ ထည့္ေပး လိုက္ အဲ့ကေလးမေလး ဘယ္လို လုပ္ေပ်ာ္ပါေတာ့ မလဲ ။
ကြၽန္မတို႔ေတြက . . .လူခ်င္းပဲ တူၾက တာပါ ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ရွင္သန္ခ်င္ၾက ပုံခ်င္း မတူၾကဘူး ။ ကိုယ့္လမ္းနဲ႔ ကိုယ္ေလွ်ာက္ ပါတယ္ ။
ကူညီေဖးမေပးခ်င္ ပါတယ္ ဆိုရင္ ကြၽန္မကို ကြၽန္မ အျဖစ္နဲ႔ပဲ ျမင္ၾကည့္ေပး ပါ ။
သွ်င္ယြန္း
ယူနီကုတ္
ကျွန်မကို ကျွန်မအဖြစ်နဲ့ပဲ မြင်ယောင်ကြည့်ပေးပါ ။
ဘယ်သူနဲ့တူလိုက်တာ ဆိုတဲ့ စကားမျိုးတွေကို ကျွန်မ ဘယ်တုန်း ကမှ မနှစ်သက် ခဲ့ဖူးဘူး ။ ကျွန်မက ကျွန်မနဲ့ပဲ တူချင် ပါတယ် ။
ဒါတွေကြောင့် ကျွန်မကို တခြား တစ်ယောက်ရဲ့ဘဝတွေနဲ့ ခိုင်းနှိုင် းပြီးတော့ မပြော ပါနဲ့ မဆို ပါနဲ့ ။
ကျွန်မကို ဘယ်သူနဲ့ မနှိုင်းပဲ ကျွန်မရဲ့ ဖြစ်တည် မှုလေးကို တစ်ကြိမ် တစ်ခါပဲ ဖြစ်ဖြစ် မေးကြည့်ပေးပါ ။
ကိုယ့်ထက် အမြင့်ကိုရောက်နေ လို့လဲ မနာလိုခြင်း အလျင်းမရှိဘူး . . . သူ့ဘဝလေးမြင့်နေလပါလားဆိုတဲ့လစိတ်နဲ့ မုဒိတာ လေးပွားတယ် ။
ကိုယ့်ထပ် နိမ့်ကျနေ လို့လဲ အနိုင်ယူ လိုခြင်း မရှိဘူး ။ သူ့ဘဝက ကိုယ့်ထက် နိမ့်ကျနေ ပါလား ဆိုတဲ့စိတ်နဲ့ စာနာသနားတယ် ကူညီနိုင်တဲ့ အရာဆို ကူညီပေး လိုက်တယ် ။
ဖိနင်းလိုစိတ် အလျင်း မရှိပါဘူး ။ ကိုယ့်ဘဝနဲ့ကိုယ် ပျော်တတ်အောင်နေပါတယ် ။
လူချင်းပဲ တူကြတာလေ စိတ်ဓာတ်ချင်း ရည်မှန်းချက်ချင်း အိပ်မက်တွေ ချင်း မတူညီ ကြဘူး ။
ဒီ့အတွက် ကျွန်မကို သူ့လိုဖြစ်ရမယ် ဆိုပြီး တစ်ယူသန်ကြီး မဆုံးဖြတ် ပါနဲ့ သူက သူလေ ။
ရည်မှန်းချက် ချင်းမတူတဲ့ လူနှစ်ယောက်က ခရီးလမ်း အကွာအဝေးလဲ မတူညီ တတ်ကြ ဘူးလေ ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပန်းတိုင်ရောက်တာ ချင်းလဲ မတူညီ တတ်ကြဘူး ။
သူကတော့ ဒီလို ဖြစ်နေပြီ နင်ကကော ဘာလုပ်နေသေး တာလဲ သူ့လိုက် လုပ်ပါလား ဆိုတဲ့ စကားတွေက အားပေးစကား မဟုတ်တော့ဘူး ကိုယ့်ကို မယုံကြည်ရာ နားမလည် ရာရောက်တဲ့ စကားတွေပါ ။
သူလဲ သူ့လမ်း သူလျှောက်နေ တာပဲ ကိုယ်လဲ ကိုယ်လျှောက်နေ တာပါ ။ ဒီလို မတူညီတဲ့ လမ်းတွေပေါ်က လူနှစ်ယောက်ကို ယှဉ်ပြီး မြင်လိုက်တာတော့ တော်တော်ကို ဆိုးတယ် ။
ဥပမာ – အဆိုတော်ဖြစ်ချင်တဲ့ ကောင်မလေးက မိုက်ကိုင် ပြီးဆော့တယ် ။
ဆရာဝန်ဖြစ်ချင်တဲ့ ကောင်မလေးက ဆေးထိုး အိပ်ကိုင်ပြီး ဆော့တယ် ကလေးချင်းပဲ တူတာပါ အတွေးချင်းကျ မတူကြတော့ ဘူး ။
အဲ့လိုပဲ မိုက်ကိုင်နေတဲ့ ကလေးမလေး လက်ထဲကို ဆေးထိုးအပ် ထည့်ပေး လိုက် အဲ့ကလေးမလေး ဘယ်လို လုပ်ပျော်ပါတော့ မလဲ ။
ကျွန်မတို့တွေက . . .လူချင်းပဲ တူကြ တာပါ ။ တစ်ယောက်နဲ့ တစ်ယောက် ရှင်သန်ချင်ကြ ပုံချင်း မတူကြဘူး ။ ကိုယ့်လမ်းနဲ့ ကိုယ်လျှောက် ပါတယ် ။
ကူညီဖေးမပေးချင် ပါတယ် ဆိုရင် ကျွန်မကို ကျွန်မ အဖြစ်နဲ့ပဲ မြင်ကြည့်ပေး ပါ ။
သျှင်ယွန်း
No Comments