ကျွန်တော်သည် ကျွန်တော်၏ အိမ်ထောင်းရေး တစ်ခုကို ဘဝမှာ ရပ်တည်ရှင်သန် နိုင်ဖို့ရာ အဝေးတမြေကို ထွက်ခွာ၍ ဇနီးနဲ့ သားလေးရဲ့ရှေ့ရေး အတွက်
အမေ ဆိုလို ချင်တာက သမီးဟာ သူ၏ မိသားစု အပေါ်မှာ အစစအရာရာ မျှမျှတတ ရှိဖိုလို သလို| သမီးရဲ့ခင်ပွန်းဟာလည်း မိသားစု နှစ်စုကို ညီမျှစွာ အရာရာ သတိထားပြီး လုပ်ကိုင် ဆုံးဖြတ် နိုင်ဖို့ လိုတယ်။
သားမက်ကလည်း မယားရဲ့ မိဘနဲ့ ဆွေမျိုးသားချင်းတွေ အပေါ်မှာ မိမိရဲ့ မိဘကို ချစ်ခင်သလို နောက် မိမိတတ်စွမ်းသ၍ ဖြစ်ပေါ်လာတဲ့ ကိစ္စကြီးငယ် မှန်သမျှကို လုပ်ကိုင် ဆောင်ရွက်ပေးနိုင် ရမယ်။
တကယ်တော့ ချွေးမနဲ့ သားမက်ဆိုတာ မတူညီတဲ့ မိသားစု၂စုကို တူညီအောင် ပေါင်းစီးပေးနိုင်သလို ချစ်ခင် ရင်းနှီးသော မိသားစု ၂စုကိုလည်း သွေးကွဲပြီး ရန်သူသဖွယ်ဖြစ်သွားအောင် လုပ်နိုင်တယ် ဆိုတာ သတိထားပါ သမီးလေး။
အေးဒါကြောင့် သမီးတို့ ၂ယောက်ကို အ ကြောင်းပြုပြီး မိသားစု ၂စုဟာ ထာဝရပျော် သော| ငြိမ်းချမ်းသော မိသားစုဘဝများ ဖန်တီးနိုင် ပါစေလို့ အမေဆုတောင်း လိုက်ပါ တယ်။
ငြိမ်းချမ်းသော မိသားစု ဘဝများထာဝရ တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါ တယ်။
ယူနီကုတ်
ချွေးမကာင်းနဲ့ သားမက်ကောင်းဆိုတာ
ကျွန်တော်သည် ကျွန်တော်၏ အိမ်ထောင်းရေး တစ်ခုကို ဘဝမှာ ရပ်တည်ရှင်သန် နိူင်ဖို့ရာ အဝေးတမြေကို ထွက်ခွာ၍ ဇနီးနဲ့ သားလေးရဲ့ရှေ့ရေး အတွက် စီးပွှားထွက်ပြီး ရှာဖွေသူ တစ်ယောက်ပါ။ ဒီတော့ မိမိရရှိသော ငွေးကြေးလေးတွေကို လစဉ်လတိုင်း သူမဆီသို့ လွှဲပေး ရလေသည်။
ဒီလိုနဲ့ လ အနည်းငယ် ကြာတဲ့အချိန် ယောက္ခမဖြစ်သူက သူ၏သမီးကို ခုလိုလေး ဆုံးမစကား ပြောလေတယ်။ ” ဒီမယ်သမီး သမီးဟာ အရင်ကလို အပျို မဟုတ်တော့ ဘူးနော်။ အိမ်ထောင်ရှင် မိန်းမ တစ်ယောက်ဖြစ်သလို မိခင် တစ်ယောက်လည်း ဖြစ်နေပြီနော်။
အေး ဒီတော့ သမီးကို အကြောင်းပြုပြီး အမေတို့အိမ်မှာ ” သားမက် “ဆိုတဲ့ ခေါင်းစဉ်နဲ့ မေမေတို့ရဲ့ မိသားစု အသိုင်းဝန်း ထဲမှာ ရောက်လာ ခဲ့ပြီ။
ထိုအတူပါပဲ သမီးဟာလည်း “ချွေးမ”ဆိုတဲ့ ခေါင်းစဉ် တစ်ခုနဲ့ တဖက်မိသားစု အသိုင်းဝန်းထဲကို ရောက်သွာ းပြီနော်။
ဒါနဲ့ ပတ်သတ်ပြီး” ချွေးမ “လို့ ဘာကြောင့် ခေါ်ကြတာလဲ? ” သားမက် “လို့ဘာကြောင့် ခေါ်ကြတာလဲ? ဆိုတော့ သမီးကို ဥပမာလေးနဲ့ ပြောပြ မယ်နော်။
” ချွေးမကောင်း ဆိုတာ” ရှေးရှေးက သားတစ်ယောက် ထဲရှိတဲ့ အိမ်တစ်အိမ်မှာ မိဘတွေက သူတို သင့်တော်တဲ့
မိန်းကလေးနဲ့ လက်ထပ်ပေး ချိန်မှ စ၍ မိခင်ဖြစ်သူ လုပ်ရမဲ့ အိမ်မှု ကိစ္စမှန် သမျှကို ဒီ သူသားရဲ့ ဇနီးသည်လေးက ဝိုင်းဝန်း ကူညီ လုပ်ကိုင်ဆောင်ရွက် ပေးတော့ အရင်လို မိခင်ဖြစ်သူမှာ ချွေးမထွက် တော့ပဲ သက်သာစွာ နေထိုင်ရလို့
ဒီဇနီးသည် မိန်းကလေးကို ယောက္ခမက သူ၏ချွေးကို သုပ်ပေးသူ တနည်းပြောရရင် (သူ၏ ချွေးကို မပေးသူ) ဒါကြောင့် သူမကို ချွေးမလို့ အမည်ပေး လိုက်တာ ကစပြီး ခုချိန်ထိ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ “ချွေးမ” ချွေးမ” ဆိုပြီး အမည်ပေါ် လာတာ ပါ။
” သားမက် ဆိုတာ” ရှေးရှေးက အချို့သော သားအရင်းတွေဟာ မိဘစကားကို သိပ်ပြီး နားမထောင်ကြဘူး။ ဟိုမသွားနဲ့ ဆိုသွား တယ်။ဒီဟာ မလုပ်နဲ့ ဆို လုပ်တယ်။
ဒီလိုနဲ့ သူတို့၏ သမီးလေးနဲ့ ပေးစားလိုက် တဲ့ ခင်မွန်းသည်ဟာ ဇနီးသည်ကို တန်ဖိုးထားတော့ သူ၏ အမေ အဖေကိုလည်း လေးစား ကြတယ်။
ရိုသေကြတယ်။ တန်ဖိုးထားကြတယ်။ ဒါကြောင့် ဒီသမီးလေးရဲ့ ယောက်ျားဟာ သားအရင်းထက်မက်စရာ ကောင်းတယ် ဆိုပြီး နောက်တော့ “သားမက်” သားမက်”ဆိုပြီး ယနေ အချိန်ထိ အမည်သွင်၍ ခေါ်ကြတယ် သမီးလေးရဲ့။
အမေ ဆိုလို ချင်တာက သမီးဟာ သူ၏ မိသားစု အပေါ်မှာ အစစအရာရာ မျှမျှတတ ရှိဖိုလို သလို| သမီးရဲ့ခင်ပွန်းဟာလည်း မိသားစု နှစ်စုကို ညီမျှစွာ အရာရာ သတိထားပြီး လုပ်ကိုင် ဆုံးဖြတ် နိူင်ဖို့လိုတယ်။
ဒါမှသာ ချွေးမကောင်း| သားမက်ကောင်း ဖြစ်မယ်။ မဟုတ်ရင် မိသားစု ၂စုအတွက်” ချွေးကျ” နဲ့ “သားမိုက်”တွေ ပဲဖြစ် သွားလိမ့် မယ်။ သမီးလေး။
တကယ်တော့ အိမ်ထောင်ပြုတယ် ဆိုတာ သူနဲ့ ကိုယ် ချစ်နေကြ ယုံနဲ့ ပြီးပြည့်စုံ သော အိမ်ထောင်ရေးတစ်ခု ဖြစ်ပြီလို့ မထင်ပါနဲ့။ ချွေးမကလည်း လင်သားရဲ့ ဆွေမျိုး သားချင်းတွေ အပေါ်မှာ စေတနာ မေတ္တာမှန်နဲ့ ဆွေမျိုးရင်းပမာ ပြောဆို နေထိုင် ဆက်ဆံ နိူင်ရမယ်။
သားမက်ကလည်း မယားရဲ့ မိဘနဲ့ ဆွေမျိုးသားချင်းတွေ အပေါ်မှာ မိမိရဲ့ မိဘကို ချစ်ခင်သလို နောက် မိမိတတ်စွမ်းသ၍ ဖြစ်ပေါ်လာတဲ့ ကိစ္စကြီးငယ် မှန်သမျှကို လုပ်ကိုင် ဆောင်ရွက်ပေးနိူင် ရမယ်။
ဒါမှသာ ချွေးမကောင်း| သားမက်ကောင်း ဆိုတဲ့ နာမည်ကို ပိုင်ဆိုင်ပြီး အသိုင်းဝန်း နှစ်ခုကြားမှာ ထာဝရ ပျော်ရွှင်နေမှာပါ။သမီး။
တကယ်တော့ ချွေးမနဲ့ သားမက်ဆိုတာ မတူညီတဲ့ မိသားစု၂စုကို တူညီအောင် ပေါင်းစီးပေးနိူင်သလို ချစ်ခင် ရင်းနှီးသော မိသားစု ၂စုကိုလည်း သွေးကွဲပြီး ရန်သူသဖွယ်ဖြစ်သွားအောင် လုပ်နိူင်တယ် ဆိုတာ သတိထားပါ သမီးလေး။
အေးဒါကြောင့် သမီးတို့ ၂ယောက်ကို အ ကြောင်းပြုပြီး မိသားစု ၂စုဟာ ထာဝရပျော် သော| ငြိမ်းချမ်းသော မိသားစုဘဝများ ဖန်တီးနိူင် ပါစေလို့ အမေဆုတောင်း လိုက်ပါ တယ်။
ဟုတ်ကဲ့ပါအမေ သမီးတို့၂ယောက် ချွေးမကောင်း| သားမက်ကောင်း ဖြစ်အောင် ကြိုးစား ပါမယ်လို့ ကတိပေး ပါတယ်။
လောကထဲရှိ ချွေးမနဲ့ သားမက် များအားလုံး မိမိရဲ့ ဖြစ်ချင်သော ဆန္ဒနဲ့ အတ္တတွေကို ရှေ့တမ်းမတင်ပဲ မိသားစု ၂စုကို မျှသစွာ ကြည့်တတ်၍ နားလည်မှု များနဲ့အတူ ငြိမ်းချမ်းသော မိသားစု ဘဝများထာဝရ တည်ဆောက်နိူင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါ တယ်။
မေတ္တာဖြင့် Z.C ( ရွှေကုန်းရွာ )
#credit ပြန်လည်မျှဝေးပေးပါသည် ။
No Comments