ဘာလို႕ဆင္းရဲတာလဲ? - Amawpyay

ဘာလို႕ဆင္းရဲတာလဲ?

ဘာလို႕ဆင္းရဲတာလဲ?
Knowledge

ဘာလို႕ဆင္းရဲတာလဲ?

ဆင္းရဲသား တစ္ေယာက္က 🙏ဘုရားရွင္ကိုေမးတယ္ “ဘာျဖစ္လို႔ ကြၽန္ေတာ္မ်ိဳးဟာ မြဲေတ ဆင္းရဲေနရတာလဲဘုရား”

ဘုရားရွင္က ေျပာပါတယ္။ သင္ဟာ” ေပးကမ္းျခင္းနဲ႔ ေပးကမ္း နည္းကို မသိလို႔ ပါပဲ။” ဆင္းရဲသားက ျပန္ေျပာ တယ္ “ကြၽန္ေတာ္ မ်ိဳးမွာ ေပးကမ္းစရာ ဘာမွမွ မရွိတာ”ဆိုေတာ့ ျမတ္စြာဘုရားရွင္က သင္ေပးတယ္။

“သင့္မွာ ရွိေနတာ ေတြ မနည္း ပါဘူး။ မ်က္ႏွာ- အၿပဳံးေတြ ေပးစြမ္း ႏိုင္တယ္။ လန္းဆန္းမႈ၊ တက္ႂကြမႈ၊ ႐ႊင္လန္းမႈေတြ ေပးစြမ္းႏိုင္တယ္။ ပါးစပ္- သူတစ္ပါးကို ခ်ီးမြမ္း စကားေတြ၊ အားေပးစကားေတြ၊ မဂၤလာရွိတဲ့ ေကာင္းမြန္တဲ့ စကားေတြ ေျပာေပးလို႔ ရႏိုင္ တယ္။

ႏွလုံးသား – တစ္ပါးသူကို ရင္ဖြင့္ ျပႏိုင္ တယ္။ စစ္မွန္ျခင္းေတြ၊ ျဖဴစင္႐ိုးသားမႈေတြနဲ႔ ေမတၱာတရားေတြ ေပးစြမ္း ႏိုင္တယ္။ မ်က္လုံး- တစ္ပါးသူကို ေကာင္းမြန္တဲ့ ေစတနာ အျမင္နဲ႔ ျမင္ ၾကည့္လို႔ ရတယ္။ ေႏြးေထြးေဖာ္ေ႐ြတဲ့ အၾကည့္နဲ႔ ေပးစြမ္း ႏိုင္တယ္။

ကိုယ္ခႏၶာ- သူ႔ကို အသုံးခ်ၿပီး သူတစ္ပါးကို ကူညီ ႏိုင္တယ္။ ဒါေၾကာင့္ သင္ဟာ မဆင္းရဲ ပါဘူး။ စိတ္ထဲက ႏွိမ့္က် ဆင္းရဲျခင္းေတြ ကသာလွ်င္ ဆင္းရဲျခင္း အစစ္ ျဖစ္တယ္။

ခ်စ္ျခင္းေမတၱာေတြ ေပးလႊတ္ လိုက္တဲ့ အခါ ခ်စ္ျခင္း ေမတၱာေတြ ျပန္ေရာက္ လာမယ္။ သူတစ္ပါးကို ကူညီ လိုက္တဲ့ အခါ ကူညီမႈေတြက ျပန္ေရာက္ လာမယ္။ ေပ်ာ္႐ႊင္မႈေတြ ေပးလိုက္တဲ့ အခါ ေပ်ာ္႐ႊင္မႈေတြ ကျပန္ေရာက္လာ တတ္တယ္။

ဒါဟာ အက်ိဳးနဲ႔အေၾကာင္း ျဖစ္သလို ေလာကႀကီးရဲ႕ သဘာဝပဲ။ ေပးဆပ္ေလေလ ရရွိ ေလေလ ပါပဲ။ သင္ဒီစာကို ဖတ္ၿပီးတဲ့အခါ သင့္မွာ ေ႐ြးခ်ယ္စရာ (၂) မ်ိဳးရွိပါတယ္။

1️⃣သင္တတ္ ႏိုင္သေလာက္ မွ်ေဝလိုက္တဲ့ အခါ ေလာကႀကီးဟာ ေမတၱာ တရားေတြ တိုးမ်ား လာမယ္။

2️⃣သင္စိတ္မဝင္စား သလို မျမင္ခဲ့ ရဖူးသလို ေနလိုက္ လို႔လဲ ရတယ္။

သင့္ရဲ႕ မွ်ေဝမႈ ေသးေသးေလးဟာ တျခားသူ အေျမာက္အမ်ားကို အျမင္က်ယ္ လာေစ ႏိုင္ပါ တယ္။သင့္ရဲ႕ေလ့လာမႈေၾကာင့္ ေျပာင္းလဲ မႈေတြ ရွိလာမယ္။

သင့္ရဲ႕ခ်စ္ျခင္းေမတၱာေတြကို ႀကီးသ ထက္ႀကီး ထြားၿပီး လူအေျမာက္အမ်ားဆီ ကူးစက္ပ်ံ႕ပြါး ႏိုင္ပါတယ္။ မိတ္ေဆြေရာ ဘယ္အရာကို ေပးခ်င္လဲဆိုတာ
Comment မွာ ေဆြးေႏြးေပး ခဲ့ပါဦး။

ခရက္ဒစ္

ယူနီကုတ္

ဘာလို့ဆင်းရဲတာလဲ?

ဆင်းရဲသား တစ်ယောက်က 🙏ဘုရားရှင်ကိုမေးတယ် “ဘာဖြစ်လို့ ကျွန်တော်မျိုးဟာ မွဲတေ ဆင်းရဲနေရတာလဲဘုရား”

ဘုရားရှင်က ပြောပါတယ်။ သင်ဟာ” ပေးကမ်းခြင်းနဲ့ ပေးကမ်း နည်းကို မသိလို့ ပါပဲ။” ဆင်းရဲသားက ပြန်ပြော တယ် “ကျွန်တော် မျိုးမှာ ပေးကမ်းစရာ ဘာမှမှ မရှိတာ”ဆိုတော့ မြတ်စွာဘုရားရှင်က သင်ပေးတယ်။

“သင့်မှာ ရှိနေတာ တွေ မနည်း ပါဘူး။ မျက်နှာ- အပြုံးတွေ ပေးစွမ်း နိုင်တယ်။ လန်းဆန်းမှု၊ တက်ကြွမှု၊ ရွှင်လန်းမှုတွေ ပေးစွမ်းနိုင်တယ်။ ပါးစပ်- သူတစ်ပါးကို ချီးမွမ်း စကားတွေ၊ အားပေးစကားတွေ၊ မင်္ဂလာရှိတဲ့ ကောင်းမွန်တဲ့ စကားတွေ ပြောပေးလို့ ရနိုင် တယ်။

နှလုံးသား – တစ်ပါးသူကို ရင်ဖွင့် ပြနိုင် တယ်။ စစ်မှန်ခြင်းတွေ၊ ဖြူစင်ရိုးသားမှုတွေနဲ့ မေတ္တာတရားတွေ ပေးစွမ်း နိုင်တယ်။ မျက်လုံး- တစ်ပါးသူကို ကောင်းမွန်တဲ့ စေတနာ အမြင်နဲ့ မြင် ကြည့်လို့ ရတယ်။ နွေးထွေးဖော်ရွေတဲ့ အကြည့်နဲ့ ပေးစွမ်း နိုင်တယ်။

ကိုယ်ခန္ဓာ- သူ့ကို အသုံးချပြီး သူတစ်ပါးကို ကူညီ နိုင်တယ်။ ဒါကြောင့် သင်ဟာ မဆင်းရဲ ပါဘူး။ စိတ်ထဲက နှိမ့်ကျ ဆင်းရဲခြင်းတွေ ကသာလျှင် ဆင်းရဲခြင်း အစစ် ဖြစ်တယ်။

ချစ်ခြင်းမေတ္တာတွေ ပေးလွှတ် လိုက်တဲ့ အခါ ချစ်ခြင်း မေတ္တာတွေ ပြန်ရောက် လာမယ်။ သူတစ်ပါးကို ကူညီ လိုက်တဲ့ အခါ ကူညီမှုတွေက ပြန်ရောက် လာမယ်။ ပျော်ရွှင်မှုတွေ ပေးလိုက်တဲ့ အခါ ပျော်ရွှင်မှုတွေ ကပြန်ရောက်လာ တတ်တယ်။

ဒါဟာ အကျိုးနဲ့အကြောင်း ဖြစ်သလို လောကကြီးရဲ့ သဘာဝပဲ။ ပေးဆပ်လေလေ ရရှိ လေလေ ပါပဲ။ သင်ဒီစာကို ဖတ်ပြီးတဲ့အခါ သင့်မှာ ရွေးချယ်စရာ (၂) မျိုးရှိပါတယ်။

1️⃣သင်တတ် နိုင်သလောက် မျှဝေလိုက်တဲ့ အခါ လောကကြီးဟာ မေတ္တာ တရားတွေ တိုးများ လာမယ်။

2️⃣သင်စိတ်မဝင်စား သလို မမြင်ခဲ့ ရဖူးသလို နေလိုက် လို့လဲ ရတယ်။

သင့်ရဲ့ မျှဝေမှု သေးသေးလေးဟာ တခြားသူ အမြောက်အများကို အမြင်ကျယ် လာစေ နိုင်ပါ တယ်။သင့်ရဲ့လေ့လာမှုကြောင့် ပြောင်းလဲ မှုတွေ ရှိလာမယ်။

သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ကြီးသ ထက်ကြီး ထွားပြီး လူအမြောက်အများဆီ ကူးစက်ပျံ့ပွါး နိုင်ပါတယ်။ မိတ်ဆွေရော ဘယ်အရာကို ပေးချင်လဲဆိုတာ
Comment မှာ ဆွေးနွေးပေး ခဲ့ပါဦး။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …