
မိန္းမတစ္ေယာက္ အိမ္ေထာင္ေရးတစ္ခုကို ဥပကၡာေတြၾကား
အထီးက်န္ မႈေတြၾကား အတိုင္းဝိုင္းရဲ့ အထင္ေသးတဲ့ အၾကည့္ေတြ ၾကား နားလည္မႈ လုံးဝမရွိ တစ္ဖက္သက္ဆန္ လြန္းတဲ့ ဆက္ဆံေရးၾကား (၁၅) ႏွစ္ၾကာ ထိန္းသိမ္း လာခဲ့ပီး ေတာ္႐ုံအေတြး ေတာ္႐ုံစိတ္ ေတာ္႐ုံ အသိေလာက္နဲ႔ ဒီမိန္းမ ဒီအိမ္ေထာင္ေရးကို လက္လႊတ္မွာ မဟုတ္ဘူး ။
လူေတြဟာ အနားမွာ ရွိရင္ တန္ဖိုး မသိၾကဘူး ဆိုတာ အရမ္းမွန္တယ္ ။ မိန္းမ တစ္ေယာက္ အိမ္မွာေနတုန္းက မင္းသမီးေလး အတိုင္း လိုတာ မရရေအာင္ ယူတတ္တဲ့ စိတ္ရွိ မယ္ ေနရာတစ္ကာ ဆတ္ဆတ္ထိမခံ ျဖစ္ေနမယ္ အားလုံးေရွ႕မွာ မာန္မာနဲ႔ ဘယ္သူ႔ ကိုမွေအာက္ မက်ဳိ႕ပဲ ေနရင္ေန ခဲ့မယ္ ။
ေယာက္က်ား တစ္ေယာက္ အတြက္ ဒါေတြ အားလုံးေျပာင္းလဲ လိုက္ပီး မိဘ ေဆြမ်ိဳးအတိုင္းဝိုင္း အေပါင္းသင္းေတြ အားလုံးကို ေက်ာခိုင္းပီး ေပးဆပ္ နိုင္တယ္ ဆိုတာလဲ ေတာ္႐ုံ မိန္းမ တစ္ေယာက္လုပ္နိုင္တဲ့ လုပ္ရပ္ မဟုတ္ပါဘူး ။
အေပါင္းသင္းေတြနဲ႔ အဆက္သြယ္ ဖ်က္ မိုးလင္းမိုးခ်ဳပ္ မိသားစုေပၚ အလုပ္ေပၚ (100%) ေပးဆပ္ရင္း အျပင္ေလာကကို အဆက္သြယ္ဖ်က္ ကိုယ့္ကိုယ္ အတြက္ ဆိုတာေတာင္ ေမ့ခဲ့ဖူးတယ္ ။
အိမ္ေထာင္တစ္ခုမွာ အိမ္ေထာင္ေရးေဖာက္ျပန္မွ ပ်က္စီးတာ မသာယာတာ မဟုတ္ဘူး ။ အဓိကက အျပန္အလွန္ နားလည္မႈ ေဖးမွမႈ ေႏြးေထြးမႈေတြပါ။ ဒီမိန္းမေတာင္းတ တာ ေမၽွာ္လင့္ တာဟာ ေငြေၾကးမ ဟုတ္ဘူး ။
ရွိသင့္ရွိ ထိုက္တဲ့ ဂ႐ုစိုက္မႈ ေႏြးေထြးမႈ အသိမွတ္ျပဳမႈ ဒါေပမဲ့သူရေနတာက ဥပကၡာျပဳမႈတြ ဒါေတြမရရွိရင္ ေငြပုံေပၚမွာ ေနရလဲ ေပးဆပ္တာဟာ အတိုင္းတာ
တစ္ခုထိပဲ အတိုင္းတာ တစ္ခုေရာက္ သြားရင္ မိန္းမရဲ့ စိတ္ထဲမွာ နာသြားရင္ ေပးဆပ္မႈ ဆိုတာ ရပ္တန္ ႔သြားလိမ့္မယ္ ။
အခြင့္အေရးေတြေပး မိသားစုအတြက္ဆိုပီး အႀကိမ္ႀကိမ္ အမ်ိဳးမ်ိဳး ႀကိဳးစားခဲ့တယ္ ။ ေႏြးေထြးမႈေပးဖို႔ ၾကင္နာယုယေပးဖို႔ ဂ႐ုစိုက္ေပးဖို႔ မိသားစု အခ်ိန္ေလးေပးဖို႔ အႀကိမ္ႀကိမ္ ေတာင္းဆို ခဲ့ဖူးတယ္ ။
တစ္ခ်ဳိ႕မိန္းမေတြဟာ အဆုံးထိေပးဆပ္ တတ္တယ္ ။ အဆုံးထိ သည္းခံေပး တတ္တယ္ ။ အဆုံးထိ နားလည္ ခြင့္လႊတ္ေပး တတ္တယ္ ။
ဒါေပမဲ့ …စိတ္ထဲနာလို႔ မရဘူး။ နာသြားရင္ အဆုံးထိ လက္လႊတ္ စြန္႔လႊတ္ တတ္တယ္ ။ စိတ္ပ်က္ရင္လဲ သူမ်ားေတြနဲ႔ မတူေအာင္ ပ်က္တတ္ တယ္ ။
အိမ္ေထာင္ေရး မကြဲခ်င္လို႔ မိသားစု ဆိုတဲ့ ဘဝနဲ႔ တူတူရွိခ်င္လို႔ ကေလးေတြ မိစုံဖစုံနဲ ႔ေနရဖို႔ ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ အခ်ိန္လြန္မွ ဘယ္ေလာက္ပဲ ေႏြးေထြးမႈေတြေပးေပး
ဂ႐ုစိုက္စိုက္ ဘယ္ေလာက္ပဲ နားလည္ေပးမယ္ ေျပာေျပာ ဘယ္ေလာက္ပဲအလိုလိုက္ပီး ေျပာင္းလဲေပးမယ္ ေျပာေျပာ စိတ္ထဲနာသြားရင္ ေနာက္ျပန္မလွည့္တတ္ဘူး ။
သားသမီးေတြကို ခ်စ္တဲ့ စိတ္က ဘယ္အရာမွ ႏွိုင္းယွဥ္လို႔ မရေပမဲ့ သူတို ႔ဘဝ အတြက္ ဒီေယာက္က်ားနဲ႔ ဘဝေရွ႕ဆက္ဖို႔ ကိုယ့္ဘဝကို အေသမခံ နိုင္ေတာ့တဲ့ အခ်ိန္မွာ သားသမီးေတြကို တျခားနည္းနဲ႔ ခ်စ္ပီးဂ႐ုစိုက္ပီး ေပးဆပ္ပီးပဲ ေရွ႕ဆက္သြားဖို႔ပဲ က်န္ေတာ့တယ္ ။
ခရက္ဒစ္
ယူနီကုတ္
မိန်းမတစ်ယောက် အိမ်ထောင်ရေးတစ်ခုကို ဥပက္ခာတွေကြား
အထီးကျန် မှုတွေကြား အတိုင်းဝိုင်းရဲ့ အထင်သေးတဲ့ အကြည့်တွေ ကြား နားလည်မှု လုံးဝမရှိ တစ်ဖက်သက်ဆန် လွန်းတဲ့ ဆက်ဆံရေးကြား (၁၅) နှစ်ကြာ ထိန်းသိမ်း လာခဲ့ပီး တော်ရုံအတွေး တော်ရုံစိတ် တော်ရုံ အသိလောက်နဲ့ ဒီမိန်းမ ဒီအိမ်ထောင်ရေးကို လက်လွှတ်မှာ မဟုတ်ဘူး ။
လူတွေဟာ အနားမှာ ရှိရင် တန်ဖိုး မသိကြဘူး ဆိုတာ အရမ်းမှန်တယ် ။ မိန်းမ တစ်ယောက် အိမ်မှာနေတုန်းက မင်းသမီးလေး အတိုင်း လိုတာ မရရအောင် ယူတတ်တဲ့ စိတ်ရှိ မယ် နေရာတစ်ကာ ဆတ်ဆတ်ထိမခံ ဖြစ်နေမယ် အားလုံးရှေ့မှာ မာန်မာနဲ့ ဘယ်သူ့ ကိုမှအောက် မကျို့ပဲ နေရင်နေ ခဲ့မယ် ။
ယောက်ကျား တစ်ယောက် အတွက် ဒါတွေ အားလုံးပြောင်းလဲ လိုက်ပီး မိဘ ဆွေမျိုးအတိုင်းဝိုင်း အပေါင်းသင်းတွေ အားလုံးကို ကျောခိုင်းပီး ပေးဆပ် နိုင်တယ် ဆိုတာလဲ တော်ရုံ မိန်းမ တစ်ယောက်လုပ်နိုင်တဲ့ လုပ်ရပ် မဟုတ်ပါဘူး ။
အပေါင်းသင်းတွေနဲ့ အဆက်သွယ် ဖျက် မိုးလင်းမိုးချုပ် မိသားစုပေါ် အလုပ်ပေါ် (100%) ပေးဆပ်ရင်း အပြင်လောကကို အဆက်သွယ်ဖျက် ကိုယ့်ကိုယ် အတွက် ဆိုတာတောင် မေ့ခဲ့ဖူးတယ် ။
အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ရေးဖောက်ပြန်မှ ပျက်စီးတာ မသာယာတာ မဟုတ်ဘူး ။ အဓိကက အပြန်အလှန် နားလည်မှု ဖေးမှမှု နွေးထွေးမှုတွေပါ။ ဒီမိန်းမတောင်းတ တာ မျှော်လင့် တာဟာ ငွေကြေးမ ဟုတ်ဘူး ။
ရှိသင့်ရှိ ထိုက်တဲ့ ဂရုစိုက်မှု နွေးထွေးမှု အသိမှတ်ပြုမှု ဒါပေမဲ့သူရနေတာက ဥပက္ခာပြုမှုတွ ဒါတွေမရရှိရင် ငွေပုံပေါ်မှာ နေရလဲ ပေးဆပ်တာဟာ အတိုင်းတာ
တစ်ခုထိပဲ အတိုင်းတာ တစ်ခုရောက် သွားရင် မိန်းမရဲ့ စိတ်ထဲမှာ နာသွားရင် ပေးဆပ်မှု ဆိုတာ ရပ်တန့်သွားလိမ့်မယ် ။
အခွင့်အရေးတွေပေး မိသားစုအတွက်ဆိုပီး အကြိမ်ကြိမ် အမျိုးမျိုး ကြိုးစားခဲ့တယ် ။ နွေးထွေးမှုပေးဖို့ ကြင်နာယုယပေးဖို့ ဂရုစိုက်ပေးဖို့ မိသားစု အချိန်လေးပေးဖို့ အကြိမ်ကြိမ် တောင်းဆို ခဲ့ဖူးတယ် ။
တစ်ချို့မိန်းမတွေဟာ အဆုံးထိပေးဆပ် တတ်တယ် ။ အဆုံးထိ သည်းခံပေး တတ်တယ် ။ အဆုံးထိ နားလည် ခွင့်လွှတ်ပေး တတ်တယ် ။
ဒါပေမဲ့ …စိတ်ထဲနာလို့ မရဘူး။ နာသွားရင် အဆုံးထိ လက်လွှတ် စွန့်လွှတ် တတ်တယ် ။ စိတ်ပျက်ရင်လဲ သူများတွေနဲ့ မတူအောင် ပျက်တတ် တယ် ။
အိမ်ထောင်ရေး မကွဲချင်လို့ မိသားစု ဆိုတဲ့ ဘဝနဲ့ တူတူရှိချင်လို့ ကလေးတွေ မိစုံဖစုံနဲ့နေရဖို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အချိန်လွန်မှ ဘယ်လောက်ပဲ နွေးထွေးမှုတွေပေးပေး
ဂရုစိုက်စိုက် ဘယ်လောက်ပဲ နားလည်ပေးမယ် ပြောပြော ဘယ်လောက်ပဲအလိုလိုက်ပီး ပြောင်းလဲပေးမယ် ပြောပြော စိတ်ထဲနာသွားရင် နောက်ပြန်မလှည့်တတ်ဘူး ။
သားသမီးတွေကို ချစ်တဲ့ စိတ်က ဘယ်အရာမှ နှိုင်းယှဉ်လို့ မရပေမဲ့ သူတို့ဘဝ အတွက် ဒီယောက်ကျားနဲ့ ဘဝရှေ့ဆက်ဖို့ ကိုယ့်ဘဝကို အသေမခံ နိုင်တော့တဲ့ အချိန်မှာ သားသမီးတွေကို တခြားနည်းနဲ့ ချစ်ပီးဂရုစိုက်ပီး ပေးဆပ်ပီးပဲ ရှေ့ဆက်သွားဖို့ပဲ ကျန်တော့တယ် ။
No Comments