
“သူငယ္ခ်င္းေတြ ဆိုေပမဲ့ အျပန္အလွန္ ေစာင့္ထိန္း ရမယ့္ စည္းမ်ဥ္းမ်ား”
သူငယ္ခ်င္းေတြ ဆိုတာ ဘဝမွာ မိသားစုၿပီးရင္ ဒုတိယ လို႔ေတာင္ ေျပာလို႔ ရပါတယ္။ သူငယ္ခ်င္းဆိုတာက ဒုတိယ မိသားစုပဲ ျဖစ္ပါတယ္။
မိသားစုဝင္ အခ်င္းခ်င္း အျပန္အလွန္ ေလးစားေပး ရမယ့္ စည္းေလးေတြ ရွိသလို သူငယ္ခ်င္းေတြမွာလည္း ေစာင့္ထိန္း ရမွာေတြ ရွိ ပါတယ္။
(၁) ကိုယ္ေရး ကိုယ္တာေတြကို တစ္ျခားသူေတြကို မေျပာရဘူး
သူငယ္ခ်င္း ဆိုတာမ်ိဳးက တစ္ေယာက္အေၾကာင္းကို တစ္ေယာက္အေၾကာင္း ေသခ်ာသိတဲ့ သူေတြ ျဖစ္ပါတယ္။ ဒါက သူငယ္ခ်င္းေတြ ျဖစ္တာေၾကာင့္ သူ႔ရဲ႕ ကိုယ္ေရးကိုယ္တာ ကိုယ့္ရဲ႕ကိုယ္ေရးကိုယ္တာေတြကို အျပန္အလွန္ သိၾကတာ ျဖစ္ပါတယ္။
ဒါကို ကိုယ့္သူငယ္ခ်င္းရဲ႕ ကိုယ္ေရးကိုယ္တာကို တစ္ျခားသူ တစ္ေယာက္ကို ဘာအေၾကာင္းနဲ႔မွ လြယ္လြယ္ ထုတ္မေျပာသင့္ ပါဘူး။ ကိုယ္ေရး ကိုယ္တာ မ်ိဳးက မေျပာျပသင့္တဲ့ အရာ တစ္ခုျဖစ္ၿပီး ေစာင့္ထိန္းရမယ့္ စည္းတစ္ခု ျဖစ္ပါတယ္။
(၂) ဒုကၡေရာက္တဲ့ အခ်ိန္မွာ ပစ္မထားရဘူး
သူငယ္ခ်င္း ဆိုတာ မ်ိဳးက မိသားစု တစ္ခုလိုပါပဲ။ မိသားစု ဆိုတာ မ်ိဳးက တစ္ေယာက္ အခက္အခဲ ျဖစ္ရင္ တစ္ျခား တစ္ေယာက္ ကပါ ကူညီေျဖရွင္းဖို႔ ဝတၱရား ရွိတတ္ ပါတယ္။
ဒီလိုပဲ သူငယ္ခ်င္း ဆိုတာ တစ္ေယာက္ေပ်ာ္ရတဲ့အခါ တစ္ျခားတစ္ေယာက္ကို သတိရတတ္သလို ဒုကၡေရာက္လို႔ အခက္အခဲ ျဖစ္တဲ့ အခါမွာလည္း ကိုယ္တတ္ႏိုင္သေလာက္ ကူညီေပးဖို႔ လိုအပ္ပါတယ္။
ဒုကၡေရာက္တဲ့ အခ်ိန္မွာ မသိခ်င္ေယာင္ေဆာင္ ေနတတ္ရင္ သင့္သူငယ္ခ်င္း အစစ္အမွန္ မဟုတ္ပါဘူး။
(၃) လူေရွ႕မွာ အရွက္မခြဲရဘူး
သူငယ္ခ်င္းေတြ ဆိုတာ မ်ိဳးက တစ္ေယာက္အေၾကာင္း တစ္ေယာက္ သိၾကပါ တယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အားနည္းခ်က္ အားသာခ်က္ေတြ သိၾက သလို အလြဲေလးေတြ ပိန္းတဲ့ အခ်က္ေတြ လည္း သိၾကပါတယ္။
သူငယ္ခ်င္းအခ်င္းခ်င္းေရွ႕မွာ ဟာသလုပ္ၿပီး ေျပာင္ၾကေနာက္ ၾကတာ ေပ်ာ္စရာေကာင္းတယ္ ဆိုေပမဲ့ အတြင္းသိ အဆင္းသိ ရင္းႏွီးတာ မဟုတ္တဲ့ အေပါင္းအသင္းေတြနဲ႔ တစ္ျခား သူေတြေရွ႕မွာေတာ့ ဟာသလုပ္ၿပီး မေျပာသင့္ ပါဘူး။
ဒါက သူငယ္ခ်င္း အခ်င္းခ်င္းကို ေလွာင္တဲ့ သေဘာ အထိ သက္ေရာက္သြားေစ ႏိုင္ပါတယ္။
(၄) သိမ္ငယ္ေအာင္ မလုပ္ရဘူး
လူတိုင္းမွာ အားနည္းခ်က္ ရွိပါတယ္။ အလြဲေတြ လည္း ရွိပါတယ္။ ဒါက သူငယ္ခ်င္းေတြ ၾကားမွာေတာ့ အေပ်ာ္သေဘာနဲ႔ ခ်စ္ခင္တဲ့ သေဘာနဲ႔ စေနာက္ တတ္ၾက ပါတယ္။
ဒါေပမဲ့ မၾကာခဏ ဆိုရင္ေတာ့ ဒါက စ ေနာက္တာ မဟုတ္ပဲ တမင္ ေလွာင္ေနတာနဲ႔ ဆင္တူပါတယ္။ ရည္႐ြယ္သည္ျဖစ္ေစ မရည္႐ြယ္ သည္ျဖစ္ေစ သူမ်ားရဲ႕ အားနည္းခ်က္ ျဖစ္တဲ့အရာ သို႔ မႀကိဳက္တဲ့ အရာေတြကို အမ်ားေရွ႕ စေနာက္ၿပီး သိမ္ငယ္ေအာင္ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ မလုပ္သင့္ပါဘူး။
(၅) လွ်ိဳ႕ဝွက္သင့္တာကို လွ်ိဳ႕ဝွက္ေပးရမယ္
လူတိုင္းမွာ ကိုယ္ေရးကိုယ္တာ ရွိပါတယ္။ ကိုယ္ေရးကိုယ္တာ ကိုမွ တစ္ျခား သူကို မသိေစခ်င္တာမ်ိဳး ရွိပါတယ္။ အေၾကာင္းအရာ ႀကီးမား တာလည္း ျဖစ္ႏိုင္သလို ေသးတာလည္း ျဖစ္ႏိုင္ ပါတယ္။
ဘာပဲျဖစ္ပါေစ ကိုယ္က ဘယ္အရာမွ လက္လြတ္စပယ္ ထုတ္မေျပာ သင့္သလို သူ႔အတြက္ လွ်ိဳ႕ဝွက္သင့္တယ္ ထင္တာေတြကိုလည္း ကိုယ္ပဲ သိၿပီး တစ္ျခားသူေတြ မသိေအာင္ သတိထားသင့္ပါတယ္။ ဒါမွသာ သင္က သူငယ္ခ်င္းေကာင္း ပီသတဲ့ သူတစ္ေယာက္ ျဖစ္မွာပါ။
အားလုံးပဲ သူငယ္ခ်င္းအခ်င္းခ်င္း မလိုအပ္ပဲ စိတ္နာတာမ်ိဳး မျဖစ္ရေအာင္ စည္းေလးေတြ ထိန္းၿပီး ခ်စ္ခင္မႈ သက္တမ္းကို အရွည္ဆြဲ ဆန႔္ႏိုင္ၾက ပါေစေနာ္..။
CRD-Aunty May
Unicode
“သူငယ်ချင်းတွေ ဆိုပေမဲ့ အပြန်အလှန် စောင့်ထိန်း ရမယ့် စည်းမျဉ်းများ”
သူငယ်ချင်းတွေ ဆိုတာ ဘဝမှာ မိသားစုပြီးရင် ဒုတိယ လို့တောင် ပြောလို့ ရပါတယ်။ သူငယ်ချင်းဆိုတာက ဒုတိယ မိသားစုပဲ ဖြစ်ပါတယ်။
မိသားစုဝင် အချင်းချင်း အပြန်အလှန် လေးစားပေး ရမယ့် စည်းလေးတွေ ရှိသလို သူငယ်ချင်းတွေမှာလည်း စောင့်ထိန်း ရမှာတွေ ရှိ ပါတယ်။
(၁) ကိုယ်ရေး ကိုယ်တာတွေကို တစ်ခြားသူတွေကို မပြောရဘူး
သူငယ်ချင်း ဆိုတာမျိုးက တစ်ယောက်အကြောင်းကို တစ်ယောက်အကြောင်း သေချာသိတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါက သူငယ်ချင်းတွေ ဖြစ်တာကြောင့် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတွေကို အပြန်အလှန် သိကြတာ ဖြစ်ပါတယ်။
ဒါကို ကိုယ့်သူငယ်ချင်းရဲ့ ကိုယ်ရေးကိုယ်တာကို တစ်ခြားသူ တစ်ယောက်ကို ဘာအကြောင်းနဲ့မှ လွယ်လွယ် ထုတ်မပြောသင့် ပါဘူး။ ကိုယ်ရေး ကိုယ်တာ မျိုးက မပြောပြသင့်တဲ့ အရာ တစ်ခုဖြစ်ပြီး စောင့်ထိန်းရမယ့် စည်းတစ်ခု ဖြစ်ပါတယ်။
(၂) ဒုက္ခရောက်တဲ့ အချိန်မှာ ပစ်မထားရဘူး
သူငယ်ချင်း ဆိုတာ မျိုးက မိသားစု တစ်ခုလိုပါပဲ။ မိသားစု ဆိုတာ မျိုးက တစ်ယောက် အခက်အခဲ ဖြစ်ရင် တစ်ခြား တစ်ယောက် ကပါ ကူညီဖြေရှင်းဖို့ ဝတ္တရား ရှိတတ် ပါတယ်။
ဒီလိုပဲ သူငယ်ချင်း ဆိုတာ တစ်ယောက်ပျော်ရတဲ့အခါ တစ်ခြားတစ်ယောက်ကို သတိရတတ်သလို ဒုက္ခရောက်လို့ အခက်အခဲ ဖြစ်တဲ့ အခါမှာလည်း ကိုယ်တတ်နိုင်သလောက် ကူညီပေးဖို့ လိုအပ်ပါတယ်။
ဒုက္ခရောက်တဲ့ အချိန်မှာ မသိချင်ယောင်ဆောင် နေတတ်ရင် သင့်သူငယ်ချင်း အစစ်အမှန် မဟုတ်ပါဘူး။
(၃) လူရှေ့မှာ အရှက်မခွဲရဘူး
သူငယ်ချင်းတွေ ဆိုတာ မျိုးက တစ်ယောက်အကြောင်း တစ်ယောက် သိကြပါ တယ်။ တစ်ယောက်နဲ့ တစ်ယောက် အားနည်းချက် အားသာချက်တွေ သိကြ သလို အလွဲလေးတွေ ပိန်းတဲ့ အချက်တွေ လည်း သိကြပါတယ်။
သူငယ်ချင်းအချင်းချင်းရှေ့မှာ ဟာသလုပ်ပြီး ပြောင်ကြနောက် ကြတာ ပျော်စရာကောင်းတယ် ဆိုပေမဲ့ အတွင်းသိ အဆင်းသိ ရင်းနှီးတာ မဟုတ်တဲ့ အပေါင်းအသင်းတွေနဲ့ တစ်ခြား သူတွေရှေ့မှာတော့ ဟာသလုပ်ပြီး မပြောသင့် ပါဘူး။
ဒါက သူငယ်ချင်း အချင်းချင်းကို လှောင်တဲ့ သဘော အထိ သက်ရောက်သွားစေ နိုင်ပါတယ်။
(၄) သိမ်ငယ်အောင် မလုပ်ရဘူး
လူတိုင်းမှာ အားနည်းချက် ရှိပါတယ်။ အလွဲတွေ လည်း ရှိပါတယ်။ ဒါက သူငယ်ချင်းတွေ ကြားမှာတော့ အပျော်သဘောနဲ့ ချစ်ခင်တဲ့ သဘောနဲ့ စနောက် တတ်ကြ ပါတယ်။
ဒါပေမဲ့ မကြာခဏ ဆိုရင်တော့ ဒါက စ နောက်တာ မဟုတ်ပဲ တမင် လှောင်နေတာနဲ့ ဆင်တူပါတယ်။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ် သည်ဖြစ်စေ သူများရဲ့ အားနည်းချက် ဖြစ်တဲ့အရာ သို့ မကြိုက်တဲ့ အရာတွေကို အများရှေ့ စနောက်ပြီး သိမ်ငယ်အောင် စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်သင့်ပါဘူး။
(၅) လျှို့ဝှက်သင့်တာကို လျှို့ဝှက်ပေးရမယ်
လူတိုင်းမှာ ကိုယ်ရေးကိုယ်တာ ရှိပါတယ်။ ကိုယ်ရေးကိုယ်တာ ကိုမှ တစ်ခြား သူကို မသိစေချင်တာမျိုး ရှိပါတယ်။ အကြောင်းအရာ ကြီးမား တာလည်း ဖြစ်နိုင်သလို သေးတာလည်း ဖြစ်နိုင် ပါတယ်။
ဘာပဲဖြစ်ပါစေ ကိုယ်က ဘယ်အရာမှ လက်လွတ်စပယ် ထုတ်မပြော သင့်သလို သူ့အတွက် လျှို့ဝှက်သင့်တယ် ထင်တာတွေကိုလည်း ကိုယ်ပဲ သိပြီး တစ်ခြားသူတွေ မသိအောင် သတိထားသင့်ပါတယ်။ ဒါမှသာ သင်က သူငယ်ချင်းကောင်း ပီသတဲ့ သူတစ်ယောက် ဖြစ်မှာပါ။
အားလုံးပဲ သူငယ်ချင်းအချင်းချင်း မလိုအပ်ပဲ စိတ်နာတာမျိုး မဖြစ်ရအောင် စည်းလေးတွေ ထိန်းပြီး ချစ်ခင်မှု သက်တမ်းကို အရှည်ဆွဲ ဆန့်နိုင်ကြ ပါစေနော်..။
No Comments