
” စိတ္ထားေကာင္းတဲ့ မိန္းကေလး ဖတ္ဖို႔”
စိတ္ထားေကာင္းတဲ့ မိန္းကေလးေတြက အခ်စ္ကံေခၾကတာ မ်ားပါတယ္။ သင္က စိတ္ထားေကာင္းေတာ့ သင္ခ်စ္ခဲ့ သူေတြကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံ တယ္။
ဒါေပမဲ့ သူတို႔ကက်ေတာ့ သင့္အေပၚ ဘာလို႔ မေကာင္းရ တာလဲ။ ဒါေပမဲ့ ကမၻာႀကီးမွာ ဆိုးတဲ့ေယာက္်ားေတြ ခ်ည္းပဲ ရွိတာ မဟုတ္ပါဘူး။ သင့္ရဲ႕ ေဝဒနာေတြ ေလ်ာ့ပါး သက္သာေစဖို႔ ဒီအခ်က္ေလးေတြကို သိထားဖို႔ လိုပါ တယ္။
၁။ သင့္မွာ ျပႆႆ နာရွိေနတာ မဟုတ္ဘူး
အခ်စ္ကံေခတဲ့ အတြက္ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ မေပ်ာက္ ပါနဲ႕။ ေ႐ြးခ်ယ္မႈ မွားခဲ့ တာက လြဲလို႔ သင္ဘာအမ်ားမွ မလုပ္ခဲ့ ပါဘူး။ သူ သင့္ကို ထားမသြားခင္ တုန္းကလိုပဲ သင္ဟာ လွေနတုန္း၊ ထက္ျမက္ေနတုန္းပါ။ အဲဒီေတာ့ ကိုယ့္ကိုကိုယ္ သံသယ မျဖစ္ပါနဲ႕။
၂။ လူတိုင္း အသည္းကြဲဖူးတယ္
အသည္းကြဲတဲ့ ေဝဒနာကို သင္မခံစား ခ်င္လို႔ မရဘူး။ အဲဒီေတာ့ ခံစားစရာ ရွိတာ ခံစား လိုက္ပါ။ လူတိုင္း အသည္းခြဲ ခံရဖူး တယ္။ သင့္ကို အသည္းခြဲ သြားသူလည္း တစ္ေန႕ အသည္းခြဲ ခံရမွာပဲ။
၃။ ေယာက္်ားတိုင္း အဲဒီလို မဟုတ္ဘူး
သင္ေတြ႕တဲ့ ေယာက္်ားတိုင္းက သင့္ကို အသည္းခြဲမယ့္သူေတြလို႔ မထင္ပါနဲ႕။ တခ်ိဳ႕ေယာက္်ားေတြက သင့္ရဲ႕ ရည္းစားေဟာင္းေတြနဲ႕ လုံးဝမတူပါဘူး။
၄။ တစ္ေန႕က်ရင္ ေပ်ာ္႐ႊင္ရမွာပါ
သင္တကယ္ လိုခ်င္တဲ့ ခ်စ္သူမ်ိဳး ရသြား ခ်ိန္မွာေတာ့ အတိတ္ကို သင္လြမ္းေန တာ့မွာ မဟုတ္ပါဘူး။ သူတို႔ေတြေၾကာင့္သာ ကိုယ့္အေပၚ တကယ္ေကာင္း မယ့္သူကို သင္ရွာ နိုင္ခဲ့ တာေပါ့။
၅။ ေနာက္တစ္ခါ အျဖစ္မခံပါနဲ႕
ကိုယ့္အေပၚ ေကာင္းတာ တစ္ခ်က္တည္းနဲ႕ ေသခ်ာမစူးစမ္းဘဲ ခ်စ္သူ မထား ပါနဲ႕။ မ်က္စိဖြင့္ နားစြင့္ထားၿပီး ေသခ်ာ အကဲခတ္ပါ။
၆။ အရမ္းမေကာင္းနဲ႕
ကိုယ့္အေပၚ အမွိုက္သရိုက္လို ဆက္ဆံေန တဲ့သူကို ဒုတိယ အခြင့္အေရးေတြ၊ တတိယ အခြင့္အေရးေတြ ေပးမေနပါနဲ႕။ အဲဒီလို လူမ်ိဳးကို သင့္ဘဝထဲက ေမာင္းထုတ္လိုက္ပါ။
၇။ ေနာက္တစ္ခါခ်စ္ဖို႔ မေၾကာက္ပါနဲ႕
ကိုယ့္ဘဝ အေဖာ္မြန္ကို ရွာေတြ႕တဲ့ အခါ သင့္ခံစားခ်က္ေတြ အားလုံး ေျပာင္းလဲ သြားပါလိမ့္မယ္။ အသည္းခြဲခံရမွာကို သင္ေၾကာက္႐ြံ႕ေနရေတာ့ မွာ မဟုတ္ဘူး။ သူက သင့္ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံပါလိမ့္မယ္။
၈။ အဆုံးသတ္မဟုတ္ဘူး
ေယာက္်ားတစ္ေယာက္ သင့္ကို ပစ္သြားခ်ိန္မွာ သင့္ကို ခ်ဥ္းကပ္ဖို႔ ေစာင့္ေနသူက အၿမဲရွိေနမွာပါပဲ။ ငကန္းေသရင္ ငေစြလာမယ္ဆိုတဲ့ စကားအတိုင္း သင့္ရဲ႕ အေတြ႕အႀကဳံအရ ပိုေကာင္းတဲ့သူကို သင္ ေ႐ြးခ်ယ္တတ္သြားမွာပါ။
၉။ ခဏေလာက္ တစ္ကိုယ္တည္းေနၾကည့္လို႔ရပါတယ္
လုံးဝႀကီး လက္ေလွ်ာ့ လိုက္တာ မ်ိဳးေတာ့ မလုပ္ ပါနဲ႕။ ပန္းသီးတစ္လုံး မေကာင္းတာနဲ႕ တစ္ခိုင္လုံး ပစ္စရာမွ မလိုတာ။ သင္လို မိန္းကေလးမ်ိဳးနဲ႕ ဒိတ္လုပ္ခ်င္တဲ့ ေယာက္်ားေကာင္းေတြ ရွိေန ပါေသးတယ္။
Credit#T.L
Unicode
” စိတ်ထားကောင်းတဲ့ မိန်းကလေး ဖတ်ဖို့”
စိတ်ထားကောင်းတဲ့ မိန်းကလေးတွေက အချစ်ကံခေကြတာ များပါတယ်။ သင်က စိတ်ထားကောင်းတော့ သင်ချစ်ခဲ့ သူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံ တယ်။
ဒါပေမဲ့ သူတို့ကကျတော့ သင့်အပေါ် ဘာလို့ မကောင်းရ တာလဲ။ ဒါပေမဲ့ ကမ္ဘာကြီးမှာ ဆိုးတဲ့ယောက်ျားတွေ ချည်းပဲ ရှိတာ မဟုတ်ပါဘူး။ သင့်ရဲ့ ဝေဒနာတွေ လျော့ပါး သက်သာစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါ တယ်။
၁။ သင့်မှာ ပြဿဿ နာရှိနေတာ မဟုတ်ဘူး
အချစ်ကံခေတဲ့ အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု မပျောက် ပါနဲ့။ ရွေးချယ်မှု မှားခဲ့ တာက လွဲလို့ သင်ဘာအများမှ မလုပ်ခဲ့ ပါဘူး။ သူ သင့်ကို ထားမသွားခင် တုန်းကလိုပဲ သင်ဟာ လှနေတုန်း၊ ထက်မြက်နေတုန်းပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် သံသယ မဖြစ်ပါနဲ့။
၂။ လူတိုင်း အသည်းကွဲဖူးတယ်
အသည်းကွဲတဲ့ ဝေဒနာကို သင်မခံစား ချင်လို့ မရဘူး။ အဲဒီတော့ ခံစားစရာ ရှိတာ ခံစား လိုက်ပါ။ လူတိုင်း အသည်းခွဲ ခံရဖူး တယ်။ သင့်ကို အသည်းခွဲ သွားသူလည်း တစ်နေ့ အသည်းခွဲ ခံရမှာပဲ။
၃။ ယောက်ျားတိုင်း အဲဒီလို မဟုတ်ဘူး
သင်တွေ့တဲ့ ယောက်ျားတိုင်းက သင့်ကို အသည်းခွဲမယ့်သူတွေလို့ မထင်ပါနဲ့။ တချို့ယောက်ျားတွေက သင့်ရဲ့ ရည်းစားဟောင်းတွေနဲ့ လုံးဝမတူပါဘူး။
၄။ တစ်နေ့ကျရင် ပျော်ရွှင်ရမှာပါ
သင်တကယ် လိုချင်တဲ့ ချစ်သူမျိုး ရသွား ချိန်မှာတော့ အတိတ်ကို သင်လွမ်းနေ တာ့မှာ မဟုတ်ပါဘူး။ သူတို့တွေကြောင့်သာ ကိုယ့်အပေါ် တကယ်ကောင်း မယ့်သူကို သင်ရှာ နိုင်ခဲ့ တာပေါ့။
၅။ နောက်တစ်ခါ အဖြစ်မခံပါနဲ့
ကိုယ့်အပေါ် ကောင်းတာ တစ်ချက်တည်းနဲ့ သေချာမစူးစမ်းဘဲ ချစ်သူ မထား ပါနဲ့။ မျက်စိဖွင့် နားစွင့်ထားပြီး သေချာ အကဲခတ်ပါ။
၆။ အရမ်းမကောင်းနဲ့
ကိုယ့်အပေါ် အမှိုက်သရိုက်လို ဆက်ဆံနေ တဲ့သူကို ဒုတိယ အခွင့်အရေးတွေ၊ တတိယ အခွင့်အရေးတွေ ပေးမနေပါနဲ့။ အဲဒီလို လူမျိုးကို သင့်ဘဝထဲက မောင်းထုတ်လိုက်ပါ။
၇။ နောက်တစ်ခါချစ်ဖို့ မကြောက်ပါနဲ့
ကိုယ့်ဘဝ အဖော်မွန်ကို ရှာတွေ့တဲ့ အခါ သင့်ခံစားချက်တွေ အားလုံး ပြောင်းလဲ သွားပါလိမ့်မယ်။ အသည်းခွဲခံရမှာကို သင်ကြောက်ရွံ့နေရတော့ မှာ မဟုတ်ဘူး။ သူက သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါလိမ့်မယ်။
၈။ အဆုံးသတ်မဟုတ်ဘူး
ယောက်ျားတစ်ယောက် သင့်ကို ပစ်သွားချိန်မှာ သင့်ကို ချဉ်းကပ်ဖို့ စောင့်နေသူက အမြဲရှိနေမှာပါပဲ။ ငကန်းသေရင် ငစွေလာမယ်ဆိုတဲ့ စကားအတိုင်း သင့်ရဲ့ အတွေ့အကြုံအရ ပိုကောင်းတဲ့သူကို သင် ရွေးချယ်တတ်သွားမှာပါ။
၉။ ခဏလောက် တစ်ကိုယ်တည်းနေကြည့်လို့ရပါတယ်
လုံးဝကြီး လက်လျှော့ လိုက်တာ မျိုးတော့ မလုပ် ပါနဲ့။ ပန်းသီးတစ်လုံး မကောင်းတာနဲ့ တစ်ခိုင်လုံး ပစ်စရာမှ မလိုတာ။ သင်လို မိန်းကလေးမျိုးနဲ့ ဒိတ်လုပ်ချင်တဲ့ ယောက်ျားကောင်းတွေ ရှိနေ ပါသေးတယ်။
Credit#T.L
No Comments