
မသိမသာနဲ႕ ငါတို႕ အိုမင္းလာခဲ႕ျပီ
အခ်ိန္ သြားေနတယ္ အသက္အရြယ္ ေျပာင္းေနတယ္။ ကေလးအရြယ္ ကေန ဆယ္ေက်ာ္သက္ အရြယ္က အပူအပင္မဲ့ ေပ်ာ္စရာ အရြယ္ေပါ့။ ဆယ္ေက်ာ္သက္ ကေန လူငယ္လူရြယ္ အရြယ္က ဘာလုပ္လုပ္ စိတ္အား ထက္သန္ တယ္။
လူရြယ္ကေန လူလတ္ပိုင္း အရြယ္ေရာက္ေတာ့ စိတ္ပ်က္ လက္မိူင္ခ် ရတာေတြ မ်ားလာ ခဲ့တယ္။ ဘဝဆိုတာ ႐ုပ္ရွင္ ရိုက္သလို ပါပဲ။ ျဖတ္ေလၽွာက္ ဘဝ ကေန အရံသ႐ုပ္ေဆာင္ ငါတို ႔ျဖစ္လာ တယ္။ အရံကေန ေခါင္းေဆာင္ သ႐ုပ္ေဆာင္ ျဖစ္လာတယ္။
အတိုက္အခိုက္ အထိုးအႏွက္ၾကားမွာ သင္ခန္းစာယူၿပီး အခက္အခဲၾကားမွာ အေတြ႕အၾကဳံကို ငါတို ႔ယူခဲ့ တယ္။ မသိမသာနဲ႔ ငါတို႔ ရင့္က်က္ လာခဲ့ တယ္၊ တည္ၿငိမ္ လာခဲ့ တယ္။
အရာေတာ္ေတာ္ မ်ားမ်ား ကိုလည္း သေဘာေပါက္ နားလည္ လာခဲ့ တယ္။ လူ႔စိတ္ လူ႔မေႏွာကိုလည္း သိလာ ခဲ့တယ္။ စစခ်င္းမွာ ရွိတဲ့ မခံခ်င္စိတ္ ေဒါသေတြက ေနာက္ပိုင္းမွာ ၿငိမ္သက္ လာတယ္။
စစခ်င္းမွာ ၾကည့္မရတဲ့ အရာေတြက ေနာက္ပိုင္းမွာ ထားလိုက္ေတာ့ လို႔ ျဖစ္သြား တယ္။ ဒီဘဝခရီး လမ္းက ေျပာင္းလဲမႈ ျမန္ဆန္ေန တယ္။
မသိမသာနဲ႔ ငါတို႔ အိုမင္း လာခဲ့ၿပီ။ မိဘေတြ ျဖစ္ကုန္ ၾကၿပီ။ ဦးဦးေဒၚေဒၚေတြ ျဖစ္ကုန္ ၾကၿပီ။ အမွားလုပ္မိရင္ တာဝန္ယူ ရၿပီ။ မိသားစု ရွိလာေတာ့ တာဝန္ကို ထမ္းပိုး ရၿပီ။ အရင္ကလို အေဖတို႔ အေမတို႔ လုပ္လိုက္မယ္ ဆိုတာမ်ိဳး မရေတာ့ ဘူး။
မသိမသာနဲ႔ ငါတို႔ အိုမင္း လာခဲ့ၿပီ။ ခႏၶာကိုယ္ ပုံေျပာင္းစျပဳ လာၿပီ။ ဗိုက္ပူ လာၿပီ။ အက်င့္စရိုက္ေတာင္မွ တည္တည္ၿငိမ္ၿငိမ္ ျဖစ္လာ ခဲ့ၿပီ။
အိမ္ကို ပိုပို သံေယာဇဥ္ ရွိလာ ခဲ့ၿပီ။ ဘုရားတရား ရိပ္ကို ပိုတပ္မက္ လာခဲ့ၿပီ။ က်န္းမာေရးကို ပထမလို႔ ထားတတ္ လာခဲ့ၿပီ။ ေငြေၾကးဥစၥာ အေပၚ အျမင္ တျဖည္းျဖည္းေပါ့ လာခဲ့ၿပီ။
မသိမသာနဲ႔ ငါတို႔ အိုမင္း လာခဲ့ၿပီ။ ေမာတဲ့အခါ နားသင့္ ရင္နားပါ ခႏၶာကိုယ္က အဓိကပါ။ ႏြမ္းတဲ့အခါ အိပ္သင့္ ရင္အိပ္ပါ အိပ္ေရးေတြ အပ်က္မခံ နဲ႔ေတာ့။ ဆာတဲ့ အခါ စားသင့္ ရင္စားပါ ေခၽြတာ မေနနဲ႔ေတာ့။ တစ္သက္တာက တိုလြန္း ပါတယ္ မ်က္စိတစ္မွိတ္တြင္းမွာ ေက်ာ္ျဖတ္ ကုန္ၾက တာပါပဲ။
ေကာင္းတဲ့အရာကို ေနာက္ဆုံး သိမ္းမထား ပါနဲ႔။ သိမ္းရင္း သိမ္းရင္း ကိုယ့္အတြက္ မဟုတ္ဘူး ျဖစ္သြား လိမ့္မယ္။
မသိမသာနဲ႔ ငါတို႔ အိုမင္းလာခဲ့ၿပီ။
Credit
Unicode
မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ
အချိန် သွားနေတယ် အသက်အရွယ် ပြောင်းနေတယ်။ ကလေးအရွယ် ကနေ ဆယ်ကျော်သက် အရွယ်က အပူအပင်မဲ့ ပျော်စရာ အရွယ်ပေါ့။ ဆယ်ကျော်သက် ကနေ လူငယ်လူရွယ် အရွယ်က ဘာလုပ်လုပ် စိတ်အား ထက်သန် တယ်။
လူရွယ်ကနေ လူလတ်ပိုင်း အရွယ်ရောက်တော့ စိတ်ပျက် လက်မိူင်ချ ရတာတွေ များလာ ခဲ့တယ်။ ဘဝဆိုတာ ရုပ်ရှင် ရိုက်သလို ပါပဲ။ ဖြတ်လျှောက် ဘဝ ကနေ အရံသရုပ်ဆောင် ငါတို့ဖြစ်လာ တယ်။ အရံကနေ ခေါင်းဆောင် သရုပ်ဆောင် ဖြစ်လာတယ်။
အတိုက်အခိုက် အထိုးအနှက်ကြားမှာ သင်ခန်းစာယူပြီး အခက်အခဲကြားမှာ အတွေ့အကြုံကို ငါတို့ယူခဲ့ တယ်။ မသိမသာနဲ့ ငါတို့ ရင့်ကျက် လာခဲ့ တယ်၊ တည်ငြိမ် လာခဲ့ တယ်။
အရာတော်တော် များများ ကိုလည်း သဘောပေါက် နားလည် လာခဲ့ တယ်။ လူ့စိတ် လူ့မနှောကိုလည်း သိလာ ခဲ့တယ်။ စစချင်းမှာ ရှိတဲ့ မခံချင်စိတ် ဒေါသတွေက နောက်ပိုင်းမှာ ငြိမ်သက် လာတယ်။
စစချင်းမှာ ကြည့်မရတဲ့ အရာတွေက နောက်ပိုင်းမှာ ထားလိုက်တော့ လို့ ဖြစ်သွား တယ်။ ဒီဘဝခရီး လမ်းက ပြောင်းလဲမှု မြန်ဆန်နေ တယ်။
မသိမသာနဲ့ ငါတို့ အိုမင်း လာခဲ့ပြီ။ မိဘတွေ ဖြစ်ကုန် ကြပြီ။ ဦးဦးဒေါ်ဒေါ်တွေ ဖြစ်ကုန် ကြပြီ။ အမှားလုပ်မိရင် တာဝန်ယူ ရပြီ။ မိသားစု ရှိလာတော့ တာဝန်ကို ထမ်းပိုး ရပြီ။ အရင်ကလို အဖေတို့ အမေတို့ လုပ်လိုက်မယ် ဆိုတာမျိုး မရတော့ ဘူး။
မသိမသာနဲ့ ငါတို့ အိုမင်း လာခဲ့ပြီ။ ခန္ဓာကိုယ် ပုံပြောင်းစပြု လာပြီ။ ဗိုက်ပူ လာပြီ။ အကျင့်စရိုက်တောင်မှ တည်တည်ငြိမ်ငြိမ် ဖြစ်လာ ခဲ့ပြီ။
အိမ်ကို ပိုပို သံယောဇဉ် ရှိလာ ခဲ့ပြီ။ ဘုရားတရား ရိပ်ကို ပိုတပ်မက် လာခဲ့ပြီ။ ကျန်းမာရေးကို ပထမလို့ ထားတတ် လာခဲ့ပြီ။ ငွေကြေးဥစ္စာ အပေါ် အမြင် တဖြည်းဖြည်းပေါ့ လာခဲ့ပြီ။
မသိမသာနဲ့ ငါတို့ အိုမင်း လာခဲ့ပြီ။ မောတဲ့အခါ နားသင့် ရင်နားပါ ခန္ဓာကိုယ်က အဓိကပါ။ နွမ်းတဲ့အခါ အိပ်သင့် ရင်အိပ်ပါ အိပ်ရေးတွေ အပျက်မခံ နဲ့တော့။
ဆာတဲ့ အခါ စားသင့် ရင်စားပါ ချွေတာ မနေနဲ့တော့။ တစ်သက်တာက တိုလွန်း ပါတယ် မျက်စိတစ်မှိတ်တွင်းမှာ ကျော်ဖြတ် ကုန်ကြ တာပါပဲ။
ကောင်းတဲ့အရာကို နောက်ဆုံး သိမ်းမထား ပါနဲ့။ သိမ်းရင်း သိမ်းရင်း ကိုယ့်အတွက် မဟုတ်ဘူး ဖြစ်သွား လိမ့်မယ်။
မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။
No Comments