
“သင့္ကို အျမန္ဆုံး ဆင္းရဲေစႏိုင္တဲ့ အမူအက်င့္ (၅)မ်ိဳး”
ခ်မ္းသာမယ့္ နည္းလမ္းဆိုတာ ရွိသလို၊ ဆင္းရဲမယ့္ နည္းလမ္းေတြ လည္း ရွိပါတယ္။
ခ်မ္းသာမယ့္ နည္းလမ္းကို မသိေသး သူေတြက ဆင္းရဲေစမယ့္ နည္းလမ္းေတြကို ရေအာင္ေရွာင္ရွားလိုက္တာနဲ႔ ခ်မ္းသာမယ့္ နည္းလမ္းကို တစ္ဖက္ကေန ျပန္လည္ က်င့္သုံးရာ ေရာက္ေစ မွာပါ။
အခုေဖာ္ျပေပးမွာ ကေတာ့ သင့္ကို အျမန္ဆုံး ဆင္းရဲေစႏိုင္တဲ့ အမူအက်င့္(၁၀)မ်ိဳး ျဖစ္ပါတယ္။ ေရွာင္ရွားၾကပါ။
(၁) ကိုယ္ရွာႏိုင္တာထက္ ပိုသုံးရင္
တစ္ခ်ိဳ႕ေတြက အသုံးနဲ႔ အျဖဳန္း မကြဲၾက ပါဘူး။ တစ္ခ်ိဳ႕ ေငြသုံး အလြန္ၾကမ္ းပါတယ္။ ဒီလူေတြဟာ ေသခ်ာေပါက္ မခ်မ္းသာၾက ဘူးဆိုတာ သတိခ်ပ္ေစခ်င္ ပါတယ္။
တစ္ခ်ိဳ႕ေတြက ကိုယ္ရွာတာ ကိုယ္သုံးဖို႔ပဲ ဆိုၿပီး သေဘာထားကာ အရမ္းကာေရာ ေလွ်ာက္သုံးတတ္ၾကပါတယ္။ ရွာႏိုင္ သေလာက္ အခ်ိန္ေတာ့ သုံးရဦး မွာပါဘဲ။ မရွာႏိုင္ေတာ့ ရင္ေတာ့ ဆင္းရဲျခင္း ဆိုတဲ့ဒဏ္ကို ခံစားရမွာပါ
(၂) မလိုအပ္ေသာေနရာေတြမွာ ေငြအသုံးျပဳျခင္း
မအပ္စပ္ေသာ အရာဆိုတာက တစ္ခါတေလ ဂုဏ္ပကာသန တစ္ခုအတြက္ ေငြေၾကးကို ဒလေဟာသုံးတာမ်ိဳးပါ။
ဥပမာအေနနဲ႔ ျမင္သာေအာင္ေျပာရရင္ သုံးႏွစ္ေလာက္ ေနလို႔ျဖစ္ေနတဲ့ အိမ္ကို သူမ်ားဆီကေန အေႂကြးခံၿပီး ျပန္ဖ်က္ေဆာက္ တာတို႔ ဘာတို႔ေပါ့။ အေႂကြးအတြက္ အတိုးက ဆပ္ေနရလို႔ အေႂကြးႏြံနစ္ေနပါတယ္။
တစ္ခါတေလ ဘတ္စ္ကားေလာက္နဲ႔ သြားလို႔ရတဲ့ခရီးကို ရႈိးပဲ့တယ္ဆိုၿပီး တကၠစီပဲ စီးတဲ့အက်င့္မ်ိဳးေပါ့။ တစ္ခ်ိဳ႕ကက်ေတာ့ ေရခဲေသတၱာ တစ္ခုရွိေနရက္နဲ႔ ေနာက္ထပ္ ေရခဲေသတၱာတစ္လုံး ထပ္ဝယ္တာမ်ိဳး ရွိတတ္ ပါတယ္။
အလြန္ေဈးႀကီးတဲ့ အစားအစာေတြ ကိုပဲ ေန႔စဥ္လိုလို စားေနတာ မ်ိဳးေပါ့။ တစ္ခ်ိဳ႕က ေငြကုန္ေၾကးက်မ်ားမွ ဂုဏ္ရွိတာလို႔ ထင္တဲ့ သူေတြလည္း ရွိပါတယ္။
(၃) တစ္ေယာက္ကိုမွ မကူညီဖူးျခင္း
ဒါကလည္း လူမႈေရးဘက္ ကေန ၾကည့္မယ္ဆိုရင္ မျဖစ္သင့္တဲ့ ကိစၥပါ။ သင္ဟာ ဘယ္သူ႔ကိုမွ ေလာက္ေလာက္ လားလား မကူညီဖူးဘူး၊ အားလုံးကို အေပၚစီးကေန ဆက္ဆံခဲ့ ဖူးသူ၊ အကူအညီလာေတာင္းသူ မွန္သမွ်ကို
ခပ္ပ်က္ပ်က္ ခပ္႐ိုင္း႐ိုင္းေျပာၿပီး ေမာင္းထုတ္တတ္သူ ဆိုရင္ သင္ ဒုကၡေရာက္ေနခ်ိန္မွာ တစ္ေယာက္ေယာက္က သင့္ကို လာၿပီး ကူညီမယ္လို႔ မေမွ်ာ္လင့္ ပါနဲ႔။ ဒီေတာ့ လူေလာကမွာ ေနထိုင္မယ္ ဆိုရင္ ကိုင္းကြၽန္းမွီ၊ ကြၽန္းကိုင္းမွီ စိတ္ဓာတ္ ထားရမွာ ပါ။
(၄) အေႂကြးထူျခင္း….
လူတစ္ေယာက္ကို ဆင္းရဲတြင္းထဲမွာ ၾကာရွည္နစ္ေစတဲ့ အရာကေတာ့ အေႂကြးပါဘဲ။ လက္ရွိ အရပ္ထဲမွာ ေငြတိုးေခ်းစား သူေတြနဲ႔ သာ ေငြေၾကးကိစၥ အလုပ္လုပ္ပါက အေတာ္ေလး ေၾကာက္စရာေကာင္းတာကို ေတြ႕ရ ပါတယ္။ တစ္ခ်ိဳ႕က လုံးဝမျဖစ္သင့္ တဲ့ အတိုးႏႈန္းနဲ႔ ေငြတိုးေခ်းစားေန တာေတြလည္း ရွိပါတယ္။
တစ္လလွ်င္ ေငြက်ပ္တစ္သိန္းမွာ အတိုးႏႈန္း (၂၅)%ကေန အနိမ့္ဆုံး (၁၀)%အထိ ရွိပါတယ္။ ေငြပမာဏမ်ားေလ အတိုးေပၚအတိုးဆင့္ၿပီး ဆင္းရဲတြင္းနစ္ေလပါဘဲ။
ေငြကို အတိုးနဲ႔ယူသုံးတာက လက္တေလာ အဆင္ေျပႏိုင္ေပမယ့္ ေရရွည္မွာ အဆင္မေျပႏိုင္ဘူးဆိုတာ ေကာင္းေကာင္း သေဘာေပါက္ဖို႔ လိုပါတယ္။
(၅) ေလာင္းကစားနဲ႔ အေပ်ာ္အပါးမက္ျခင္း….
တစ္ခ်ိဳ႕ေတြက ေငြစေၾကးစေလး ႐ႊင္လာၿပီဆိုရင္ တစ္ထိုင္တည္းနဲ႔ ပိုက္ဆံ ဂဏန္းငါးလုံးေလာက္ အသာေလး ကုန္ႏိုင္တဲ့ ဘီယာဆိုင္တို႔၊ ေကတီဗြီတို႔၊ မာဆက္တို႔ကို မ်က္ေစာင္း ထိုးခ်င္ၾက ပါတယ္။
တစ္ခ်ိဳ႕က ဒီလိုမဟုတ္ပဲ ေငြေမ်ာ ေငြနဲ႔လိုက္-ဆိုၿပီး ေလာင္းကစားကို ဝါသနာထုံၾကပါတယ္။ ေလာင္းကစားဆိုတာ ဘယ္တုန္းကမွ လူကို သုခတရားေတြ ေပးစြမ္းတာမ်ိဳး မရွိပါဘူး။
တစ္ခ်ိဳ႕အက်ိဳးေပးတယ္ ဆိုတာ ေလာေလာဆယ္ ကံလိုက္ေန လို႔ပါ။ ေလာင္းကစား သမားေတြ အမ်ားစုကို ၾကည့္လိုက္ပါ … ဘယ္သူက လူေမြး လူေရာင္ ေျပာင္လို႔လဲ။
ဒီလိုပဲ တစ္ခ်ိဳ႕က ေငြ႐ႊင္ၿပီဆိုရင္ မိန္းမဘက္ကို လွည့္တတ္ ၾကပါ တယ္။ အေပ်ာ္အပါးဘက္ကို လွည့္တတ္ၾကပါတယ္။ အဲဒီလို မိန္းမဆိုတာ ေငြက ဘယ္ခလုတ္ကို ႏွိပ္ရင္ထြက္တယ္ ဆိုတာ သိၿပီးသား မိန္းမလည္ေတြက မ်ားပါတယ္။
ေနာက္ ေရာဂါဘယ ကူးစက္မႈရွိ၊ မရွိကလည္း စိတ္မခ်ရပါဘူး။ သင့္အတြက္ ဆင္းရဲတြင္းနက္ေစမယ့္ အမူအက်င့္ေတြမို႔ ေရွာင္ရွားဖို႔ လိုပါတယ္။
Credit – Shwemom
Unicode
“သင့်ကို အမြန်ဆုံး ဆင်းရဲစေနိုင်တဲ့ အမူအကျင့် (၅)မျိုး”
ချမ်းသာမယ့် နည်းလမ်းဆိုတာ ရှိသလို၊ ဆင်းရဲမယ့် နည်းလမ်းတွေ လည်း ရှိပါတယ်။
ချမ်းသာမယ့် နည်းလမ်းကို မသိသေး သူတွေက ဆင်းရဲစေမယ့် နည်းလမ်းတွေကို ရအောင်ရှောင်ရှားလိုက်တာနဲ့ ချမ်းသာမယ့် နည်းလမ်းကို တစ်ဖက်ကနေ ပြန်လည် ကျင့်သုံးရာ ရောက်စေ မှာပါ။
အခုဖော်ပြပေးမှာ ကတော့ သင့်ကို အမြန်ဆုံး ဆင်းရဲစေနိုင်တဲ့ အမူအကျင့်(၁၀)မျိုး ဖြစ်ပါတယ်။ ရှောင်ရှားကြပါ။
(၁) ကိုယ်ရှာနိုင်တာထက် ပိုသုံးရင်
တစ်ချို့တွေက အသုံးနဲ့ အဖြုန်း မကွဲကြ ပါဘူး။ တစ်ချို့ ငွေသုံး အလွန်ကြမ် းပါတယ်။ ဒီလူတွေဟာ သေချာပေါက် မချမ်းသာကြ ဘူးဆိုတာ သတိချပ်စေချင် ပါတယ်။
တစ်ချို့တွေက ကိုယ်ရှာတာ ကိုယ်သုံးဖို့ပဲ ဆိုပြီး သဘောထားကာ အရမ်းကာရော လျှောက်သုံးတတ်ကြပါတယ်။ ရှာနိုင် သလောက် အချိန်တော့ သုံးရဦး မှာပါဘဲ။ မရှာနိုင်တော့ ရင်တော့ ဆင်းရဲခြင်း ဆိုတဲ့ဒဏ်ကို ခံစားရမှာပါ
(၂) မလိုအပ်သောနေရာတွေမှာ ငွေအသုံးပြုခြင်း
မအပ်စပ်သော အရာဆိုတာက တစ်ခါတလေ ဂုဏ်ပကာသန တစ်ခုအတွက် ငွေကြေးကို ဒလဟောသုံးတာမျိုးပါ။
ဥပမာအနေနဲ့ မြင်သာအောင်ပြောရရင် သုံးနှစ်လောက် နေလို့ဖြစ်နေတဲ့ အိမ်ကို သူများဆီကနေ အကြွေးခံပြီး ပြန်ဖျက်ဆောက် တာတို့ ဘာတို့ပေါ့။ အကြွေးအတွက် အတိုးက ဆပ်နေရလို့ အကြွေးနွံနစ်နေပါတယ်။
တစ်ခါတလေ ဘတ်စ်ကားလောက်နဲ့ သွားလို့ရတဲ့ခရီးကို ရှိုးပဲ့တယ်ဆိုပြီး တက္ကစီပဲ စီးတဲ့အကျင့်မျိုးပေါ့။ တစ်ချို့ကကျတော့ ရေခဲသေတ္တာ တစ်ခုရှိနေရက်နဲ့ နောက်ထပ် ရေခဲသေတ္တာတစ်လုံး ထပ်ဝယ်တာမျိုး ရှိတတ် ပါတယ်။
အလွန်ဈေးကြီးတဲ့ အစားအစာတွေ ကိုပဲ နေ့စဉ်လိုလို စားနေတာ မျိုးပေါ့။ တစ်ချို့က ငွေကုန်ကြေးကျများမှ ဂုဏ်ရှိတာလို့ ထင်တဲ့ သူတွေလည်း ရှိပါတယ်။
(၃) တစ်ယောက်ကိုမှ မကူညီဖူးခြင်း
ဒါကလည်း လူမှုရေးဘက် ကနေ ကြည့်မယ်ဆိုရင် မဖြစ်သင့်တဲ့ ကိစ္စပါ။ သင်ဟာ ဘယ်သူ့ကိုမှ လောက်လောက် လားလား မကူညီဖူးဘူး၊ အားလုံးကို အပေါ်စီးကနေ ဆက်ဆံခဲ့ ဖူးသူ၊ အကူအညီလာတောင်းသူ မှန်သမျှကို
ခပ်ပျက်ပျက် ခပ်ရိုင်းရိုင်းပြောပြီး မောင်းထုတ်တတ်သူ ဆိုရင် သင် ဒုက္ခရောက်နေချိန်မှာ တစ်ယောက်ယောက်က သင့်ကို လာပြီး ကူညီမယ်လို့ မမျှော်လင့် ပါနဲ့။ ဒီတော့ လူလောကမှာ နေထိုင်မယ် ဆိုရင် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ စိတ်ဓာတ် ထားရမှာ ပါ။
(၄) အကြွေးထူခြင်း….
လူတစ်ယောက်ကို ဆင်းရဲတွင်းထဲမှာ ကြာရှည်နစ်စေတဲ့ အရာကတော့ အကြွေးပါဘဲ။ လက်ရှိ အရပ်ထဲမှာ ငွေတိုးချေးစား သူတွေနဲ့ သာ ငွေကြေးကိစ္စ အလုပ်လုပ်ပါက အတော်လေး ကြောက်စရာကောင်းတာကို တွေ့ရ ပါတယ်။ တစ်ချို့က လုံးဝမဖြစ်သင့် တဲ့ အတိုးနှုန်းနဲ့ ငွေတိုးချေးစားနေ တာတွေလည်း ရှိပါတယ်။
တစ်လလျှင် ငွေကျပ်တစ်သိန်းမှာ အတိုးနှုန်း (၂၅)%ကနေ အနိမ့်ဆုံး (၁၀)%အထိ ရှိပါတယ်။ ငွေပမာဏများလေ အတိုးပေါ်အတိုးဆင့်ပြီး ဆင်းရဲတွင်းနစ်လေပါဘဲ။
ငွေကို အတိုးနဲ့ယူသုံးတာက လက်တလော အဆင်ပြေနိုင်ပေမယ့် ရေရှည်မှာ အဆင်မပြေနိုင်ဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ဖို့ လိုပါတယ်။
(၅) လောင်းကစားနဲ့ အပျော်အပါးမက်ခြင်း….
တစ်ချို့တွေက ငွေစကြေးစလေး ရွှင်လာပြီဆိုရင် တစ်ထိုင်တည်းနဲ့ ပိုက်ဆံ ဂဏန်းငါးလုံးလောက် အသာလေး ကုန်နိုင်တဲ့ ဘီယာဆိုင်တို့၊ ကေတီဗွီတို့၊ မာဆက်တို့ကို မျက်စောင်း ထိုးချင်ကြ ပါတယ်။
တစ်ချို့က ဒီလိုမဟုတ်ပဲ ငွေမျော ငွေနဲ့လိုက်-ဆိုပြီး လောင်းကစားကို ဝါသနာထုံကြပါတယ်။ လောင်းကစားဆိုတာ ဘယ်တုန်းကမှ လူကို သုခတရားတွေ ပေးစွမ်းတာမျိုး မရှိပါဘူး။
တစ်ချို့အကျိုးပေးတယ် ဆိုတာ လောလောဆယ် ကံလိုက်နေ လို့ပါ။ လောင်းကစား သမားတွေ အများစုကို ကြည့်လိုက်ပါ … ဘယ်သူက လူမွေး လူရောင် ပြောင်လို့လဲ။
ဒီလိုပဲ တစ်ချို့က ငွေရွှင်ပြီဆိုရင် မိန်းမဘက်ကို လှည့်တတ် ကြပါ တယ်။ အပျော်အပါးဘက်ကို လှည့်တတ်ကြပါတယ်။ အဲဒီလို မိန်းမဆိုတာ ငွေက ဘယ်ခလုတ်ကို နှိပ်ရင်ထွက်တယ် ဆိုတာ သိပြီးသား မိန်းမလည်တွေက များပါတယ်။
နောက် ရောဂါဘယ ကူးစက်မှုရှိ၊ မရှိကလည်း စိတ်မချရပါဘူး။ သင့်အတွက် ဆင်းရဲတွင်းနက်စေမယ့် အမူအကျင့်တွေမို့ ရှောင်ရှားဖို့ လိုပါတယ်။
No Comments