
ေသဆံုးခါနီး အစြဲက သင္သြားလိုရာ လမ္းရဲ႕ ေရြးခ်ယ္မႈ့ပါ
ေသခါနီးကာလ ဂိတ္ဝင္ ခါနီးမွာ ၾကံစည္ ေျပာဆို ျပဳလုပ္တ့ဲ ကံကို ‘အာသႏၷကံ အနီးကပ္အလုပ္’ လို႕ ေခၚတယ္ ေသခါနီးမွ ကပ္ျပီးျပဳ တ့ဲ ေကာင္းမႈ မေကာင္းမႈ ကံေတြကို ေခၚ တယ္။
ေသဆုံးခါနီး ကာလ ဆိုတာ ကိုယ္အား ႏႈတ္ အားေတြ ေလ်ာ့ပါးေနတ့ဲ အတြက္ ကာယကံမႈ ဝစီကံမႈထက္ မေနာကံမႈကိုသာ အမ်ားဆုံး လုပ္နိုင္ခြင့္ ရွိေတာ့တယ္ ဆိုတာ ကိုလဲ သတိျပဳၾက ရမယ္။
မေနာကံအလုပ္ စိတ္ထဲက ႏွလုံးသြင္း ဆင္ျခင္မႈ ကိုသာ အမ်ားဆုံး အားထား မွီခို ရေပလိမ့္ မယ္ ဒါ့ေၾကာင့္ ေသခါနီး ဆိုတာ မ်ားမ်ားၾကီး အလုပ္ မလုပ္နိုင္ေတာ့ ဘူး လုပ္သေလာက္ ဟာကေလး တိတိက်က် မိမိရရရွိဖို႕ အေရးၾကီးတယ္။
ဒါကိုသိလို႕ ဘုန္းၾကီး ခုလို အေလးအနက္ ေျပာေပးေနရျခင္း ျဖစ္တယ္ တစ္သက္လုံး ကုသိုလ္ေကာင္းမႈေတြ ဘယ္ေလာက္ပဲ လုပ္ ထားထား ေသကာနီး ဂိတ္ဝခါမွ အေယာနိေသာ မနသိကာရ ေခၚတ့ဲ ။
မသင့္မတင့္တ့ဲ အာရုံကေလး စိတ္ကူးကေလး တစ္ခ်က္ဝင္သြားမိရင္ ေနာက္ဘဝအဆိုးအေကာင္းကို သူကပဲ ဦးစြာအဆုံးအျဖတ္ ေပးသြား တတ္တယ္။
တစ္သက္လုံး လုပ္ထားတ့ဲ ကုသိုလ္ေတြက လုပ္ျပီး ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္ေနရင္ ေသကာနီး စိတ္ကူးထဲမွာ ဝင္မလာ နိုင္ဘူး။
အကိ်ဳးေပးစရာ ရွိလ်ွင္လဲ ေနာက္မွ အကိ်ဳးေပးမွာ ေလာေလာ ဆယ္ေတာ့ ေသခါနီးမွ ကပ္ျပီး ဝင္လာတ့ဲ အဆိုးကေလးက အကိ်ဳးေပး သြား တတ္တယ္။
ဘုရားရွင္ လက္ထက္ေတာ္က သကၤန္းလွဴဖူးတ့ဲ ဒကာ တစ္ေယာက္ ေသကာ နီးေတာ့ မိမိျပဳလုပ္ခ့ဲတ့ဲ ဒုစရိုက္မႈေတြက ေရွ႕တန္းဝင္လာလို႕ ငရဲ နိမိတ္ေတြ ဝင္လာ တယ္။
ငရဲအိုးေတြ ငရဲထိန္းေတြ ငရဲမီးေတြ ဒီအာရုံနိမိတ္ေတြဆိုတာ ကိုယ္သြားရမယ့္ ေရာက္ရမယ့္ ဘဝအတြက္ ၾကိဳတင္ထင္လာျမဲ ျဖစ္တယ္။
အဲဒီ သကၤန္းဒကာဟာ ကံေကာင္းေထာက္မခ်င္ေတာ့ မိမိလုပ္ခ့ဲတ့ဲ သကၤန္းအလွဴကို ေမ့ေမ့ေပ်ာက္ေပ်ာက္ ေနခ့ဲတာ တကတဲ ငရဲမီးလ်ွံေတြကို ျမင္ရမွ ‘ဟာ ငါလွဴခ့ဲတ့ဲ သကၤန္းေရာင္နဲ႕ တူလိုက္တာ’ဆိုျပီး သကၤန္းလွဴခ့ဲတာ ေျပးျပီး သတိရလိုက္တယ္။
အဲသလို လ်ွပ္တစ္ျပက္ေလာက္ သတိရလိုက္တယ္ ဆိုရင္ပဲ ငရဲနိမိးေတြ ခ်က္ခ်င္းေပ်ာက္ျပီး ဥယ်ာဥ္ဗိမာန္ စေသာ နတ္ျဖစ္ရမယ့္ နိမိတ္ေတြ ေပၚလာတယ္။
ငရဲက်မယ့္သူဟာ မိမိက သၤန္းအလွဴကို လက္မတင္ ကေလး သတိရတာႏွင့္ တစ္ျပိဳင္နက္ နတ္ျပည္ေရာက္သြား ရဖူးတာ ရွိတယ္ သိပ္အေရးၾကီး တ့ဲ အခ်က္ေတြ ေလးေလးစားစား မွတ္ ၾက။
ဒါ့ေၾကာင့္ မိမိျပဳလုပ္ ခ့ဲတ့ဲ ကုသိုလ္ကို ျပန္လည္ျပီး အထပ္ထပ္ ဆင္ျခင္ရမယ္ ဆိုျပီး သီလာႏုႆတိ စာဂါႏုႆတိ စသည္ျဖင့္ ေဟာေတာ္မႈ ထားတယ္။
ခရက္ဒစ္
ယူနီကုတ္
သေဆုံးခါနီး အစွဲက သင်သွားလိုရာ လမ်းရဲ့ ရွေးချယ်မှု့ပါ
သေခါနီးကာလ ဂိတ်ဝင် ခါနီးမှာ ကြံစည် ပြောဆို ပြုလုပ်တဲ့ ကံကို ‘အာသန္နကံ အနီးကပ်အလုပ်’ လို့ ခေါ်တယ် သေခါနီးမှ ကပ်ပြီးပြု တဲ့ ကောင်းမှု မကောင်းမှု ကံတွေကို ခေါ် တယ်။
သေဆုံးခါနီး ကာလ ဆိုတာ ကိုယ်အား နှုတ် အားတွေ လျော့ပါးနေတဲ့ အတွက် ကာယကံမှု ဝစီကံမှုထက် မနောကံမှုကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့တယ် ဆိုတာ ကိုလဲ သတိပြုကြ ရမယ်။
မနောကံအလုပ် စိတ်ထဲက နှလုံးသွင်း ဆင်ခြင်မှု ကိုသာ အများဆုံး အားထား မှီခို ရပေလိမ့် မယ် ဒါ့ကြောင့် သေခါနီး ဆိုတာ များများကြီး အလုပ် မလုပ်နိုင်တော့ ဘူး လုပ်သလောက် ဟာကလေး တိတိကျကျ မိမိရရရှိဖို့ အရေးကြီးတယ်။
ဒါကိုသိလို့ ဘုန်းကြီး ခုလို အလေးအနက် ပြောပေးနေရခြင်း ဖြစ်တယ် တစ်သက်လုံး ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်ပဲ လုပ် ထားထား သေကာနီး ဂိတ်ဝခါမှ အယောနိသော မနသိကာရ ခေါ်တဲ့ ။
မသင့်မတင့်တဲ့ အာရုံကလေး စိတ်ကူးကလေး တစ်ချက်ဝင်သွားမိရင် နောက်ဘဝအဆိုးအကောင်းကို သူကပဲ ဦးစွာအဆုံးအဖြတ် ပေးသွား တတ်တယ်။
တစ်သက်လုံး လုပ်ထားတဲ့ ကုသိုလ်တွေက လုပ်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်နေရင် သေကာနီး စိတ်ကူးထဲမှာ ဝင်မလာ နိုင်ဘူး။
အကျိုးပေးစရာ ရှိလျှင်လဲ နောက်မှ အကျိုးပေးမှာ လောလော ဆယ်တော့ သေခါနီးမှ ကပ်ပြီး ဝင်လာတဲ့ အဆိုးကလေးက အကျိုးပေး သွား တတ်တယ်။
ဘုရားရှင် လက်ထက်တော်က သင်္ကန်းလှူဖူးတဲ့ ဒကာ တစ်ယောက် သေကာ နီးတော့ မိမိပြုလုပ်ခဲ့တဲ့ ဒုစရိုက်မှုတွေက ရှေ့တန်းဝင်လာလို့ ငရဲ နိမိတ်တွေ ဝင်လာ တယ်။
ငရဲအိုးတွေ ငရဲထိန်းတွေ ငရဲမီးတွေ ဒီအာရုံနိမိတ်တွေဆိုတာ ကိုယ်သွားရမယ့် ရောက်ရမယ့် ဘဝအတွက် ကြိုတင်ထင်လာမြဲ ဖြစ်တယ်။
အဲဒီ သင်္ကန်းဒကာဟာ ကံကောင်းထောက်မချင်တော့ မိမိလုပ်ခဲ့တဲ့ သင်္ကန်းအလှူကို မေ့မေ့ပျောက်ပျောက် နေခဲ့တာ တကတဲ ငရဲမီးလျှံတွေကို မြင်ရမှ ‘ဟာ ငါလှူခဲ့တဲ့ သင်္ကန်းရောင်နဲ့ တူလိုက်တာ’ဆိုပြီး သင်္ကန်းလှူခဲ့တာ ပြေးပြီး သတိရလိုက်တယ်။
အဲသလို လျှပ်တစ်ပြက်လောက် သတိရလိုက်တယ် ဆိုရင်ပဲ ငရဲနိမိးတွေ ချက်ချင်းပျောက်ပြီး ဥယျာဉ်ဗိမာန် စသော နတ်ဖြစ်ရမယ့် နိမိတ်တွေ ပေါ်လာတယ်။
ငရဲကျမယ့်သူဟာ မိမိက င်္သန်းအလှူကို လက်မတင် ကလေး သတိရတာနှင့် တစ်ပြိုင်နက် နတ်ပြည်ရောက်သွား ရဖူးတာ ရှိတယ် သိပ်အရေးကြီး တဲ့ အချက်တွေ လေးလေးစားစား မှတ် ကြ။
ဒါ့ကြောင့် မိမိပြုလုပ် ခဲ့တဲ့ ကုသိုလ်ကို ပြန်လည်ပြီး အထပ်ထပ် ဆင်ခြင်ရမယ် ဆိုပြီး သီလာနုဿတိ စာဂါနုဿတိ စသည်ဖြင့် ဟောတော်မှု ထားတယ်။
No Comments