
အေမကို တန္ဖိုးထားၿပီး ဂရုစိုက္သူေတြပဲ ျပဳလုပ္ေပးတတ္တဲ့ အရာမ်ား
အေမဆိုတာ ကမာၻေပၚမွာ ႏွစ္ေယာက္ မရွိႏိုင္တဲ့ ကိုယ့္အေပၚ ခ်စ္ျမတ္ႏုိး သူေတြ ျဖစ္ပါတယ္။ အေမတိုင္းက ေကာင္းမြန္ တယ္လို႔ မဆိုလုိ ခ်င္ေပမယ့္ အေမေတြ အမ်ားစု ကေတာ့ သားသမီးေတြ အတြက္ဆို ဘာမဆို ျပဳလုပ္ ရဲၾက ပါတယ္။
သူမ ခက္ခဲမႈထက္ သားသမီးေတြ ခက္ခဲမွာကို စိုးရိမ္ၾက သူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ မိခင္ေမတၱာကို အတိုင္းအဆမဲ့ ႀကီးမား လြန္းေၾကာင္းကို ေျပာဆို ခဲ့ၾကတာ ျဖစ္ပါတယ္။
ဒီလိုမ်ိဳး မိခင္ေမတၱာကို သိၾကတဲ့ သားသမီးေတြ ရွိၾကသလို မသိ နားမလည္တဲ့ သားသမီးေတြ လည္း ရွိလို႔ ေနပါတယ္။ မိခင္ေမတၱာကို သိနားလည္ၿပီး တန္ဖိုးထား ဂရုစိုက္ တတ္ၾကတဲ့ သားသမီးေတြကေတာ့ အခုလို အခ်က္ေတြကို ျပဳလုပ္ေလ့ ရွိၾက ပါတယ္။
(၁) နားလည္ေပးတယ္
မိဘနဲ႔ သားသမီးဆိုတာ ေခတ္ကာလ မတူတာေၾကာင့္ အေတြးအျမင္ေတြ မတူတာမ်ိဳး ရွိပါ တယ္။ ေခတ္ပညာတတ္ သားသမီးေတြကေတာ့ ေခတ္ေၾကာင့္ အခုလို ျဖစ္တာကို နားလည္ ၾကပါတယ္။
ဒါေၾကာင့္ အျမင္မတူတဲ့ ေျပာဆိုမႈေတြ ရွင္းျပသလို နားလည္ေပး တတ္ၾက ပါတယ္။ ဘယ္လိုပဲ ျဖစ္ပါေစ မိဘေတြက သားသမီးေတြကို စိုးရိမ္လို႔ ျပဳလုပ္တာ ျဖစ္တာကို နားလည္ေပး တတ္ၾက ပါတယ္။
(၂) မုန္႔ဝယ္ေကၽြးတယ္
အေမေတြက အိမ္မွာ အေနမ်ားတဲ့ အတြက္ လူငယ္ေတြ စားေလ့ ရွိတဲ့ စားစရာေတြ ကိုလည္း စားေလ့ မရွိပါဘူး။
အေမကို ခ်စ္တဲ့ သူေတြ ကေတာ့ အျပင္မွာ ကိုယ္စားျဖစ္တဲ့ အခါ အေမနဲ႔ အတူ အိမ္မွာ စားဖို႔ ဝယ္လာတတ္ၾကပါတယ္။ အေမျဖစ္သူကိုလည္း လူငယ္ေတြလို စားၾကည့္ေစခ်င္တာကလည္း ခ်စ္တတ္တဲ့ သားသမီးေတြရဲ႕ စိတ္ပဲ ျဖစ္ပါတယ္။
(၃) ဝင္ေငြကို အပ္ျဖစ္တယ္
မိဘေတြက အဆင္ေျပရင္ ေျပသလို မေျပတဲ့ အခါလည္း သားသမီးေတြကို အတတ္ႏိုင္ဆံုး ႀကိဳးစားၿပီး လိုအပ္တာေတြကို ျဖည့္ဆည္းေပးဖို႔ ျပဳလုပ္ တတ္ၾက ပါတယ္။
အရြယ္ေရာက္သည္ အထိ သားသမီးေတြကို ပ်ိဳးေထာင္ေပး တတ္ရံုမက ကိုယ့္ေျခေထာက္ကိုယ္ ရပ္တည္ႏိုင္ေအာင္ မတူညီတဲ့ ပံုစံ အမ်ိဳးမ်ိဳးနဲ႔ ပံ့ပိုးေပး တတ္ ပါတယ္။
ဒီလို ေမတၱာနဲ႔ ဂရုစိုက္ မႈကို နားလည္တဲ့သားသမီးေတြ ကေတာ့ ဝင္ေငြ ရရွိလာတဲ့ အခါမွာ တစ္လွည့္ျပန္ၿပီး ဂရုစိုက္ေပး ခ်င္တတ္ၾကတာေၾကာင့္ ကိုယ့္ဝင္ေငြနဲ႔ မိဘကို ျပန္လည္ေပးအပ္ေလ့ ရွိပါတယ္။
(၄) အေမအတြက္ စဥ္းစားတယ္
မ်ားေသာအားျဖင့္ အေမျဖစ္ သူေတြက အိမ္ရဲ႕ ေဝယ်ာဝစၥ မွန္္သမွ်ကို ျပဳလုပ္ၾက ပါတယ္။ က်န္တဲ့အခ်ိန္ေတြမွာ တီဗီၾကည့္ တာနဲ႔ ေခတၱ အနား ယူတာေတြကို အိမ္မွာပဲ အဓိက ျပဳလုပ္ တတ္ၾက ပါတယ္။
ဒါေၾကာင့္ အေမ အိမ္အလုပ္ေတြ လုပ္တဲ့အခါ သက္သာေအာင္ ဆိုတာ မ်ိဳးကိုပါ ထည့္သြင္းစဥ္းစားေပးသလို အိမ္အလုပ္လုပ္တဲ့အခါ သက္သာေစမယ့္ ပစၥည္းေတြကိုလည္း ဝယ္ေပးေလ့ ရွိပါတယ္။
(၅) အေမ အနားယူႏိုင္ေအာင္ စီစဥ္တယ္
အေမျဖစ္သူေတြရဲ႕ ဘဝက မိသားစု ျဖစ္ပါတယ္။ ကိုယ္ ဘာျဖစ္ခ်င္တယ္ ဘာလုပ္ခ်င္တယ္ဆိုတာထက္ ကိုယ့္လုပ္သမွ် အားလံုးက သားသမီး အတြက္ မိသားစု အတြက္ပဲ စဥ္းစား တာက အေမေတြပဲ ျဖစ္ပါတယ္။
ဒါကို သိတဲ့ သားသမီးေတြက တစ္ခါတစ္ေလမွာ ေပ်ာ္ပြဲစားထြက္ တာမ်ိဳး အိမ္မွာ ခ်က္မစားပဲ တစ္ခါတစ္ေလ ဝယ္စား တာမ်ိဳးေတြ ျပဳလုပ္တတ္္ သလို ပိတ္ရက္မွာ ကိုယ္က ဝင္ကူညီေပး တာမ်ိဳးေတြ ျပဳလုပ္ၾကပါတယ္။
(၆) အမွတ္တရေတြ ဖန္တီးေပးတယ္
လူတိုင္းက တစ္ေန႔ တစ္ခ်ိန္မွာ ေသဆံုး တတ္တာက သဘာဝ တစ္ခုပါ။ ဘယ္ေန႔ ေသဆံုုးမယ္ မေသခ်ာတဲ့ ဘဝမွာ သိတတ္တဲ့ သားသမီးေတြကေတာ့ မိခင္ျဖစ္ သူကို ေပ်ာ္ရႊင္ေစ ခ်င္တတ္ၾက ပါတယ္။
အေမျဖစ္သူ ေပ်ာ္ရႊင္ေစဖို႔နဲ႔ အေမနဲ႔ အမွတ္တရ ေတြ ရွိဖို႔ ေပ်ာ္စရာေတြ အမွတ္တရေတြ ဖန္တီးတတ္ပါတယ္။
(၇) က်န္းမာေရးကို ဂရုစိုက္တယ္
မိဘေတြက တျဖည္းျဖည္း အသက္ႀကီးလာတဲ့ အေလ်ာက္ က်န္းမာေရးကို ပိုၿပီး ဂရုစိုက္ဖို႔ လိုအပ္လာပါတယ္။
ငယ္စဥ္ ဘဝ ကတည္းက အရြယ္ေရာက္တဲ့ အထိ သားသမီးေတြရဲ႕ က်န္းမာေရးကို ဂရုစိုက္ေပးတတ္တာ မိဘ ဆိုတာကို သိနားလည္တဲ့ သားသမီးေတြက အရြယ္ေရာက္ ခ်ိန္မွာ မိဘေတြရဲ႕ က်န္းမာေရးကို ဂရုတစိုက္ ၾကည့္ၿပီး ေစာင့္ေရွာက္ေလ့ ရွိၾကပါတယ္။
(၈) အခ်ိန္ေပးဖို႔ ႀကိဳးစားတယ္
ငယ္စဥ္ကေလးဘဝကေန အရြယ္ေရာက္တဲ့အထိ မိဘေတြက သားသမီးေတြကို အခ်ိန္ေပးၿပီး က်န္းမာေရးနဲ႔ တစ္ျခား လိုအပ္ခ်က္ေတြကိုပါ တတ္ႏိုင္သလို ျဖည့္ဆည္း ခဲ့ၾက ပါတယ္။
ဒါေၾကာင့္လည္း သိတတ္တဲ့ သားသမီးေတြက အရြယ္ေရာက္ တဲ့အခါ မိဘေတြ အထီးက်န္ တာမ်ိဳး မျဖစ္ေစဖို႔ တလွည့္ျပန္ၿပီး အခ်ိန္ေပးၿပီး စကားေျပာ တာေတြ ဂရုစိုက္မႈေတြနဲ႔ လိုအပ္ တာေတြကို ျဖည့္ဆည္းတာမ်ိဳးေတြ ျပဳလုပ္ တတ္ၾကပ ါတယ္။
အားလံုးပဲ အေမေတြကို ဘယ္ေလာက္ ျပန္ၿပီး ခ်စ္ေပးခဲ့ၿပီးၿပီလဲ။
ခရက္ဒစ္
ယူနီကုတ္
အမေကို တန်ဖိုးထားပြီး ဂရုစိုက်သူတွေပဲ ပြုလုပ်ပေးတတ်တဲ့ အရာများ
အမေဆိုတာ ကမ္ဘာပေါ်မှာ နှစ်ယောက် မရှိနိုင်တဲ့ ကိုယ့်အပေါ် ချစ်မြတ်နိုး သူတွေ ဖြစ်ပါတယ်။ အမေတိုင်းက ကောင်းမွန် တယ်လို့ မဆိုလို ချင်ပေမယ့် အမေတွေ အများစု ကတော့ သားသမီးတွေ အတွက်ဆို ဘာမဆို ပြုလုပ် ရဲကြ ပါတယ်။
သူမ ခက်ခဲမှုထက် သားသမီးတွေ ခက်ခဲမှာကို စိုးရိမ်ကြ သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မိခင်မေတ္တာကို အတိုင်းအဆမဲ့ ကြီးမား လွန်းကြောင်းကို ပြောဆို ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလိုမျိုး မိခင်မေတ္တာကို သိကြတဲ့ သားသမီးတွေ ရှိကြသလို မသိ နားမလည်တဲ့ သားသမီးတွေ လည်း ရှိလို့ နေပါတယ်။ မိခင်မေတ္တာကို သိနားလည်ပြီး တန်ဖိုးထား ဂရုစိုက် တတ်ကြတဲ့ သားသမီးတွေကတော့ အခုလို အချက်တွေကို ပြုလုပ်လေ့ ရှိကြ ပါတယ်။
(၁) နားလည်ပေးတယ်
မိဘနဲ့ သားသမီးဆိုတာ ခေတ်ကာလ မတူတာကြောင့် အတွေးအမြင်တွေ မတူတာမျိုး ရှိပါ တယ်။ ခေတ်ပညာတတ် သားသမီးတွေကတော့ ခေတ်ကြောင့် အခုလို ဖြစ်တာကို နားလည် ကြပါတယ်။
ဒါကြောင့် အမြင်မတူတဲ့ ပြောဆိုမှုတွေ ရှင်းပြသလို နားလည်ပေး တတ်ကြ ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ မိဘတွေက သားသမီးတွေကို စိုးရိမ်လို့ ပြုလုပ်တာ ဖြစ်တာကို နားလည်ပေး တတ်ကြ ပါတယ်။
(၂) မုန့်ဝယ်ကျွေးတယ်
အမေတွေက အိမ်မှာ အနေများတဲ့ အတွက် လူငယ်တွေ စားလေ့ ရှိတဲ့ စားစရာတွေ ကိုလည်း စားလေ့ မရှိပါဘူး။
အမေကို ချစ်တဲ့ သူတွေ ကတော့ အပြင်မှာ ကိုယ်စားဖြစ်တဲ့ အခါ အမေနဲ့ အတူ အိမ်မှာ စားဖို့ ဝယ်လာတတ်ကြပါတယ်။ အမေဖြစ်သူကိုလည်း လူငယ်တွေလို စားကြည့်စေချင်တာကလည်း ချစ်တတ်တဲ့ သားသမီးတွေရဲ့ စိတ်ပဲ ဖြစ်ပါတယ်။
(၃) ဝင်ငွေကို အပ်ဖြစ်တယ်
မိဘတွေက အဆင်ပြေရင် ပြေသလို မပြေတဲ့ အခါလည်း သားသမီးတွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ ပြုလုပ် တတ်ကြ ပါတယ်။
အရွယ်ရောက်သည် အထိ သားသမီးတွေကို ပျိုးထောင်ပေး တတ်ရုံမက ကိုယ့်ခြေထောက်ကိုယ် ရပ်တည်နိုင်အောင် မတူညီတဲ့ ပုံစံ အမျိုးမျိုးနဲ့ ပံ့ပိုးပေး တတ် ပါတယ်။
ဒီလို မေတ္တာနဲ့ ဂရုစိုက် မှုကို နားလည်တဲ့သားသမီးတွေ ကတော့ ဝင်ငွေ ရရှိလာတဲ့ အခါမှာ တစ်လှည့်ပြန်ပြီး ဂရုစိုက်ပေး ချင်တတ်ကြတာကြောင့် ကိုယ့်ဝင်ငွေနဲ့ မိဘကို ပြန်လည်ပေးအပ်လေ့ ရှိပါတယ်။
(၄) အမေအတွက် စဉ်းစားတယ်
များသောအားဖြင့် အမေဖြစ် သူတွေက အိမ်ရဲ့ ဝေယျာဝစ္စ မှန်သမျှကို ပြုလုပ်ကြ ပါတယ်။ ကျန်တဲ့အချိန်တွေမှာ တီဗီကြည့် တာနဲ့ ခေတ္တ အနား ယူတာတွေကို အိမ်မှာပဲ အဓိက ပြုလုပ် တတ်ကြ ပါတယ်။
ဒါကြောင့် အမေ အိမ်အလုပ်တွေ လုပ်တဲ့အခါ သက်သာအောင် ဆိုတာ မျိုးကိုပါ ထည့်သွင်းစဉ်းစားပေးသလို အိမ်အလုပ်လုပ်တဲ့အခါ သက်သာစေမယ့် ပစ္စည်းတွေကိုလည်း ဝယ်ပေးလေ့ ရှိပါတယ်။
(၅) အမေ အနားယူနိုင်အောင် စီစဉ်တယ်
အမေဖြစ်သူတွေရဲ့ ဘဝက မိသားစု ဖြစ်ပါတယ်။ ကိုယ် ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာထက် ကိုယ့်လုပ်သမျှ အားလုံးက သားသမီး အတွက် မိသားစု အတွက်ပဲ စဉ်းစား တာက အမေတွေပဲ ဖြစ်ပါတယ်။
ဒါကို သိတဲ့ သားသမီးတွေက တစ်ခါတစ်လေမှာ ပျော်ပွဲစားထွက် တာမျိုး အိမ်မှာ ချက်မစားပဲ တစ်ခါတစ်လေ ဝယ်စား တာမျိုးတွေ ပြုလုပ်တတ် သလို ပိတ်ရက်မှာ ကိုယ်က ဝင်ကူညီပေး တာမျိုးတွေ ပြုလုပ်ကြပါတယ်။
(၆) အမှတ်တရတွေ ဖန်တီးပေးတယ်
လူတိုင်းက တစ်နေ့ တစ်ချိန်မှာ သေဆုံး တတ်တာက သဘာဝ တစ်ခုပါ။ ဘယ်နေ့ သေဆုံးမယ် မသေချာတဲ့ ဘဝမှာ သိတတ်တဲ့ သားသမီးတွေကတော့ မိခင်ဖြစ် သူကို ပျော်ရွှင်စေ ချင်တတ်ကြ ပါတယ်။
အမေဖြစ်သူ ပျော်ရွှင်စေဖို့နဲ့ အမေနဲ့ အမှတ်တရ တွေ ရှိဖို့ ပျော်စရာတွေ အမှတ်တရတွေ ဖန်တီးတတ်ပါတယ်။
(၇) ကျန်းမာရေးကို ဂရုစိုက်တယ်
မိဘတွေက တဖြည်းဖြည်း အသက်ကြီးလာတဲ့ အလျောက် ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာပါတယ်။
ငယ်စဉ် ဘဝ ကတည်းက အရွယ်ရောက်တဲ့ အထိ သားသမီးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးတတ်တာ မိဘ ဆိုတာကို သိနားလည်တဲ့ သားသမီးတွေက အရွယ်ရောက် ချိန်မှာ မိဘတွေရဲ့ ကျန်းမာရေးကို ဂရုတစိုက် ကြည့်ပြီး စောင့်ရှောက်လေ့ ရှိကြပါတယ်။
(၈) အချိန်ပေးဖို့ ကြိုးစားတယ်
ငယ်စဉ်ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ မိဘတွေက သားသမီးတွေကို အချိန်ပေးပြီး ကျန်းမာရေးနဲ့ တစ်ခြား လိုအပ်ချက်တွေကိုပါ တတ်နိုင်သလို ဖြည့်ဆည်း ခဲ့ကြ ပါတယ်။
ဒါကြောင့်လည်း သိတတ်တဲ့ သားသမီးတွေက အရွယ်ရောက် တဲ့အခါ မိဘတွေ အထီးကျန် တာမျိုး မဖြစ်စေဖို့ တလှည့်ပြန်ပြီး အချိန်ပေးပြီး စကားပြော တာတွေ ဂရုစိုက်မှုတွေနဲ့ လိုအပ် တာတွေကို ဖြည့်ဆည်းတာမျိုးတွေ ပြုလုပ် တတ်ကြပ ါတယ်။
အားလုံးပဲ အမေတွေကို ဘယ်လောက် ပြန်ပြီး ချစ်ပေးခဲ့ပြီးပြီလဲ။
No Comments