
သင့္တန္ဖိုးကို ဘယ္သူႏွင့္မွ တန္းမညိွပါနဲ႔
ဟန္ေဆာင္ေကာင္းမွ လူေလးစား ခံေနရ ေခတ္မွာ အရွိကို အရွိအတိုင္းေန တတ္တဲ့ သင္ဟာ အရာမဝင္တဲ့ သူတစ္ေယာက္ ျဖစ္ခ်င္ျဖစ္ေန နိုင္တယ္။
အေျပာေကာင္းမွ လူ အထင္ႀကီး ခံေနရတဲ့ ေခတ္မွာ အမွန္ကို အမွန္အတိုင္ းေျပာတတ္တဲ့ သင္ဟာ လူ႔ကန္႔လန္ ႔တစ္ေယာက္ ျဖစ္ခ်င္ ျ ဖစ္ေနနိုင္ တယ္။
ေပးနိုင္ ကမ္းနိုင္မွ မ်က္ႏွာေကာင္ းရေနတဲ့ ေခတ္မွာ ဝမ႐ွိ ဘဲ ဝိမလုပ္တတ္တဲ့ သင္ဟာ အပယ္ခံ တစ္ေယာက္ ျဖစ္ခ်င္ ျဖစ္ေနနိုင္ တယ္။
ကပၹား ရပ္ဖားလုပ္မွ ေနရာေကာင္း ရေနတဲ့ ေခတ္မွာ ကိုယ့္လမ္း ကိုယ္ေဖာက္ဖို ႔ၾကိဳးစား ေနတဲ့ သင္ဟာ လူရယ္ခ်င္ စရာ ျဖစ္ခ်င္ ျဖစ္ေနနိုင္ တယ္။
သူတစ္ပါးကို နင္းခြနိုင္မွ အထက္ကို ေရာက္နိုင္တဲ့ ေခတ္မွာ ကိုယ့္ထက္ နိမ့္က် သူေတြကို တတ္နိုင္ သေလာက္တြဲ ယူခ်င္ ေနတဲ့ သင္ဟာ လူႏုံလူအ တစ္ေယာက္ ျဖစ္ခ်င္ ျဖစ္ေနနိုင္ တယ္။
သူတစ္ပါးကို တြန္းတိုက္ ၿပီးမွ ေအာင္ျမင္ နိုင္တဲ့ ေခတ္မွာ လိပ္ျပာ သန္႔သန္႔နဲ႔ အသက္ရွင္ေနထိုင္ နိုင္ေအာင္ ႀကိဳးစားေနတဲ့ သင္ဟာ လူေတြနဲ႔ အံမဝင္ သူတစ္ေယာက္ ျဖစ္ခ်င္ ျဖစ္ေနနိုင္ တယ္။
ဒါေပမယ့္ လူရာမဝင္ လို႔လည္း အားငယ္ မေနပါနဲ႔။ ဖယ္က်ဥ္ခံေန ရလို႔လည္း သိမ္ငယ္ မေနပါနဲ႔။ အေလွာင္အေျပာင္ ခံေနရလို ႔လည္း ေဒါသထြက္ မေန ပါနဲ႔။
ကဲ့ရဲ့ခံေန ရလို႔လည္း စိတ္ဓာတ္ က်မေနနဲ႔။ မထီမဲ့ျမင္ အျပဳခံေန ရလို႔လည္း ဝမ္းနည္း မေနပါနဲ႔။ မသမာသူေတြရဲ့ စည္းအျပင္ဘက္ ကို ေရာက္ေန လို႔လည္း ပူပန္ မေနပါနဲ႔။
သင္ ငယ္ငယ္တုန္းက အရမ္းႀကိဳက္ႏွစ္ သက္ ခဲ့ၾကတဲ့ စင္ဒရဲလား ပုံျပင္ေလးကို မွတ္မိဦးမယ္
ထင္ပါတယ္။
စိတ္ထား ယုတ္မာတဲ့ မိေထြးနဲ႔ ညီအစ္မေတြ ၾကားမွာ ဝိုင္းဝန္း လက္ညိဳး အထိုးခံၿပီးႀကီးျပင္း လာရတဲ့ စင္ဒရဲလားေလးဟာ ေနာင္တစ္ခ်ိန္ မွာေတာ့ ေပ်ာ္ရႊင္စရာေတြနဲ႔ ဇာတ္သိမ္းခဲ့ ရပါတယ္။
ဒါက ပုံျပင္ထဲမွာ ပဲေလ အျပင္ေလာက မွာေတာ့ ဒီေလာက္ ကံမေကာင္း နိုင္ဘူးလို့ ေစာဒက မတက္လိုက္ ပါနဲ႔။ သင့္ကံၾကမၼာ ဆိုတာ သင့္လက္ထဲမွာ ရွိတဲ့ သင္ပိုင္ဆိုင္တဲ့ အဖိုးတန္ ရတနာ တစ္ခုပါ။
သင္ေကာင္းရင္ သင့္ကံလည္း ေကာင္းေနမွာ ျဖစ္သလို သင္ဆိုးရင္ေတာ့ သင့္ကံလည္း ဆိုးေန ပါလိမ့္ မယ္။ လက္ရွိ အေျခအေနမွာ မေအာင္ျမင္ျခင္း၊ဆုံးရွုံးျခင္း၊ အႏွိမ္ခံရျခင္းေတြ အတြက္ စိတ္ပ်က္ေန စရာမလို ပါဘူး။
ဘယ္သူ႔ကိုမွ ဘယ္အရာကို မွ အျပစ္တင္ေန ဖို႔လည္း မလိုပါဘူး။ “သူေကာင္းဖို႔ မလိုပါ။ ကိုယ္ေကာင္းဖို ႔သာလို ပါတယ္” ဆိုတဲ့ စကားေလး အတိုင္းပါပဲ။
သင္က သူတစ္ပါး အေပၚ ေကာင္းေန ပါလၽွက္နဲ႔ တစ္ဖက္သားက သင့္အေပၚ မေကာင္း တာေတြနဲ႔ၾကဳံရတဲ့ အခါ ဒီစကားေလးကို သတိရ လိုက္ပါ။
သူ မေကာင္းတာက သူ႔ရဲ့တာဝန္ပါ။ သင္ ေကာင္းဖို့ကေတာ့ သင့္ရဲ့တာဝန္ပဲေပါ့။ သူ မေကာင္းလို့သင္လည္းတုံ႔ျပန္ၿပီး မေကာင္း တာေတြျပန္ လုပ္မယ္ ဆိုရင္ သင္လည္း သူနဲ႔ အဆင့္တူ၊ မေကာင္းတဲ့ လူျဖစ္သြားမွ ာပါပဲ။
အေရးႀကီးဆုံး ကေတာ့ ေလာကမွာ ကိုယ့္တာဝန္ ကိုယ္ေက်ပြန္ေအာင္ ထမ္းေဆာင္ တတ္ဖို ႔လိုပါ တယ္။ ေလာကမွာ တာဝန္ေက်ပြန္ တဲ့ သူဟာ ေသတာ ေတာင္မွ ေနာင္တနဲ ႔မေသရ တတ္ပါဘူး။
အားလံုးကို ခ်စ္ခင္လွ်က္
Crd original writer
Unicode
သင့်တန်ဖိုးကို ဘယ်သူနှင့်မှ တန်းမညှိပါနဲ့
ဟန်ဆောင်ကောင်းမှ လူလေးစား ခံနေရ ခေတ်မှာ အရှိကို အရှိအတိုင်းနေ တတ်တဲ့ သင်ဟာ အရာမဝင်တဲ့ သူတစ်ယောက် ဖြစ်ချင်ဖြစ်နေ နိုင်တယ်။
အပြောကောင်းမှ လူ အထင်ကြီး ခံနေရတဲ့ ခေတ်မှာ အမှန်ကို အမှန်အတိုင် းပြောတတ်တဲ့ သင်ဟာ လူ့ကန့်လန့်တစ်ယောက် ဖြစ်ချင် ြ ဖစ်နေနိုင် တယ်။
ပေးနိုင် ကမ်းနိုင်မှ မျက်နှာကောင် းရနေတဲ့ ခေတ်မှာ ဝမရှိ ဘဲ ဝိမလုပ်တတ်တဲ့ သင်ဟာ အပယ်ခံ တစ်ယောက် ဖြစ်ချင် ဖြစ်နေနိုင် တယ်။
ကပ္ဖား ရပ်ဖားလုပ်မှ နေရာကောင်း ရနေတဲ့ ခေတ်မှာ ကိုယ့်လမ်း ကိုယ်ဖောက်ဖို့ကြိုးစား နေတဲ့ သင်ဟာ လူရယ်ချင် စရာ ဖြစ်ချင် ဖြစ်နေနိုင် တယ်။
သူတစ်ပါးကို နင်းခွနိုင်မှ အထက်ကို ရောက်နိုင်တဲ့ ခေတ်မှာ ကိုယ့်ထက် နိမ့်ကျ သူတွေကို တတ်နိုင် သလောက်တွဲ ယူချင် နေတဲ့ သင်ဟာ လူနုံလူအ တစ်ယောက် ဖြစ်ချင် ဖြစ်နေနိုင် တယ်။
သူတစ်ပါးကို တွန်းတိုက် ပြီးမှ အောင်မြင် နိုင်တဲ့ ခေတ်မှာ လိပ်ပြာ သန့်သန့်နဲ့ အသက်ရှင်နေထိုင် နိုင်အောင် ကြိုးစားနေတဲ့ သင်ဟာ လူတွေနဲ့ အံမဝင် သူတစ်ယောက် ဖြစ်ချင် ဖြစ်နေနိုင် တယ်။
ဒါပေမယ့် လူရာမဝင် လို့လည်း အားငယ် မနေပါနဲ့။ ဖယ်ကျဉ်ခံနေ ရလို့လည်း သိမ်ငယ် မနေပါနဲ့။ အလှောင်အပြောင် ခံနေရလို့လည်း ဒေါသထွက် မနေ ပါနဲ့။
ကဲ့ရဲ့ခံနေ ရလို့လည်း စိတ်ဓာတ် ကျမနေနဲ့။ မထီမဲ့မြင် အပြုခံနေ ရလို့လည်း ဝမ်းနည်း မနေပါနဲ့။ မသမာသူတွေရဲ့ စည်းအပြင်ဘက် ကို ရောက်နေ လို့လည်း ပူပန် မနေပါနဲ့။
သင် ငယ်ငယ်တုန်းက အရမ်းကြိုက်နှစ် သက် ခဲ့ကြတဲ့ စင်ဒရဲလား ပုံပြင်လေးကို မှတ်မိဦးမယ်
ထင်ပါတယ်။
စိတ်ထား ယုတ်မာတဲ့ မိထွေးနဲ့ ညီအစ်မတွေ ကြားမှာ ဝိုင်းဝန်း လက်ညိုး အထိုးခံပြီးကြီးပြင်း လာရတဲ့ စင်ဒရဲလားလေးဟာ နောင်တစ်ချိန် မှာတော့ ပျော်ရွှင်စရာတွေနဲ့ ဇာတ်သိမ်းခဲ့ ရပါတယ်။
ဒါက ပုံပြင်ထဲမှာ ပဲလေ အပြင်လောက မှာတော့ ဒီလောက် ကံမကောင်း နိုင်ဘူးလို့ စောဒက မတက်လိုက် ပါနဲ့။ သင့်ကံကြမ္မာ ဆိုတာ သင့်လက်ထဲမှာ ရှိတဲ့ သင်ပိုင်ဆိုင်တဲ့ အဖိုးတန် ရတနာ တစ်ခုပါ။
သင်ကောင်းရင် သင့်ကံလည်း ကောင်းနေမှာ ဖြစ်သလို သင်ဆိုးရင်တော့ သင့်ကံလည်း ဆိုးနေ ပါလိမ့် မယ်။ လက်ရှိ အခြေအနေမှာ မအောင်မြင်ခြင်း၊ဆုံးရှုံးခြင်း၊ အနှိမ်ခံရခြင်းတွေ အတွက် စိတ်ပျက်နေ စရာမလို ပါဘူး။
ဘယ်သူ့ကိုမှ ဘယ်အရာကို မှ အပြစ်တင်နေ ဖို့လည်း မလိုပါဘူး။ “သူကောင်းဖို့ မလိုပါ။ ကိုယ်ကောင်းဖို့သာလို ပါတယ်” ဆိုတဲ့ စကားလေး အတိုင်းပါပဲ။
သင်က သူတစ်ပါး အပေါ် ကောင်းနေ ပါလျှက်နဲ့ တစ်ဖက်သားက သင့်အပေါ် မကောင်း တာတွေနဲ့ကြုံရတဲ့ အခါ ဒီစကားလေးကို သတိရ လိုက်ပါ။
သူ မကောင်းတာက သူ့ရဲ့တာဝန်ပါ။ သင် ကောင်းဖို့ကတော့ သင့်ရဲ့တာဝန်ပဲပေါ့။ သူ မကောင်းလို့သင်လည်းတုံ့ပြန်ပြီး မကောင်း တာတွေပြန် လုပ်မယ် ဆိုရင် သင်လည်း သူနဲ့ အဆင့်တူ၊ မကောင်းတဲ့ လူဖြစ်သွားမှ ာပါပဲ။
အရေးကြီးဆုံး ကတော့ လောကမှာ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင် တတ်ဖို့လိုပါ တယ်။ လောကမှာ တာဝန်ကျေပွန် တဲ့ သူဟာ သေတာ တောင်မှ နောင်တနဲ့မသေရ တတ်ပါဘူး။
အားလုံးကို ချစ်ခင်လျှက်
Crd original writer
No Comments