
“ဟုတ်ကဲ့”
Credit..မူရင်းရေးသူ
Unicode
“ဘယ်သူ့ကိုမှ သင့်စကားအကုန်မပြောလိုက်ပါနဲ့”
မင်းကတော့ ယုံကြည်လွန်းလို့ မင်းမိသားစု အကြောင်းတွေ မင်းအလုပ် အကြောင်းတွေ မင်းရဲ့ပြဿနာတွေ မင်းရဲ့ထင်မြင်ယူဆ ချက်တွေ ဘာရယ် မဟုတ်ဘူး
လွတ်လပ်စွာ ရင်းနှီးစွာ ပွင့်လင်းစွာနဲ့ ပြောဆို ရင်ဖွင့် လိုက်တာပဲ ။ ဒါပေမယ့် သူတို့က မင်းဆီ ကနေ ပွင့်လင်းမှုတွေ ခံယူချက်တွေ အမြင်တွေ ကို နားထောင်ရင်း., သူတို့ စိတ်ထဲမှာ မင်းကို တဖြေးဖြေး ပုံဖော် လာကြ တာ ဒါကို မင်း မသိ လိုက်ဘူး။
မင်းရဲ့အောက်ဖဲတွေကို တဖြေးဖြေး ရိပ်မိ လာကြ တာကို မင်း မသိ လိုက်ဘူး။ မင်းကတော့ ပုံမှန်ပဲ ဆက်ပြောနေတယ် ။ တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီး တစ်ရက် တစ်နှစ်ပြီး တစ်နှစ်ကြာ လာတဲ့ အခါ
သူတို့စိတ်အမြင်မှာ မင်းဟာ တံဆိပ်တစ်ခု ကပ်ထားတဲ့
လူသားတစ်ယောက် ဖြစ်လာတယ် အဲဒီ တံဆိပ်က….မင်းဟာ အရည်အချင်း ထင်သလောက် မရှိဘူး။မင်းဟာ ငွေမက်တယ် မင်းဟာ ထင်သလောက် စိတ်ထား မကောင်းဘူး။ မင်းဟာ စိတ်မမှန်ဘူး မင်းက ငပေါ တစ်ယောက်ဖြစ်တယ်
မင်းက အရူး တစ်ယောက်ဖြစ်တယ် မင်းက သိပ်အထင်ကြီး စရာ မကောင်းဘူး။ မင်းဟာ တရားမရှိဘူး မင်းဟာ ပါးစပ်မ လုံဘူး စသည်စ သည်ဖြင့် သူတို့ထင်ရာ မြင်ရာ တွေးမိရာ တံဆိပ် တစ်ခုကို ကပ်လိုက် ကြတယ်။
နောက်ပိုင်း မှာတော့ သူတို့ကပ်ထားတဲ့ အဲဒီ တံဆိပ်ကို ကြည့်ပြီး။ မင်းကို သူတို့က ရာသက်ပန် အဲဒီ အတိုင်း ဆက်ဆံ သွားကြတော့ တယ် မင်းကို မြင်တာနဲ့ အဲဒီ တံဆိပ်ကို သူတို့မျက်လုံးထဲ တန်းမြင်ကြတော့ တာပါ။
အဲဒါ ဘာလဲ သိလား စကားကို အကုန်ပြော ခဲ့လို ရင်တွေ အကုန်ဖွင့် ခဲ့မိလို့ “လူရင်းလုပ်ပြီး ” ဘာမှ မဖြစ်လောက် ပါဘူးလေ ဆိုပြီး အရာရာကို ဖွင့်ပြော ခဲ့လို့
“ဟုတ်ကဲ့”
“လက်ဆောင်လေး တစ်ခုပေး လိုက်ချင် ပါတယ်.” ဘယ်သူ့ ကိုမှ စကားကို အကုန် မပြောပါနဲ့ မင်းကို ဘယ်သူ ကမှ ရိုက်မစစ် ပါဘူး ဘယ်သူကမှ ကြိုးတုပ် မမေး ပါဘူး
လူရင်းထိုးတဲ့ ဓားက ပိုနက်တယ် ဆိုတာ သတိ ထားစေ လိုပါ တယ်။
No Comments